ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဥပဒေကို ယခုလအတွင်း လွှတ်တော်တင်မည် - Property News in Myanmar from iMyanmarHouse.com
951 Views

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဥပဒေကို ယခုလအတွင်း လွှတ်တော်တင်မည်

မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဥပဒေသစ် ထွက်ရှိနိုင်
ရန်ကြိုးပမ်းနေရာ ယခုလအတွင်း လွှတ်တော် သို့ တင်ပြသွားမည်ဟု ဟိုတယ်နှင့်ခရီးသွား
လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကမြန်မာတိုင်း(မ်)ကို စက်တင်ဘာလ
နောက်ဆုံးပတ်က ပြောသည်။

"အခြေခံအဆောက်အအုံ ဖွံ့ဖြိုးဖို့လုပ် ဆောင်လိုတယ်။ အရင်အခြေအနေတွေအရ ကမ္ဘာက
မြန်မာနိုင်ငံကိုသိတာက အဆိုးဘက်က သိနေတာများခဲ့တယ်။ အဲဒါကိုအမြင်
ပြောင်းလဲပေးဖို့လိုတယ်။ ပိုပြီး မြန်မာကိုကမ္ဘာက သိလာအောင်လုပ်ရပါတယ်။အခုကြိုးပမ်းနေဆဲ ထွက်လာမယ့် ဥပဒေအသစ်ကတော့ ပြောရမယ်ဆိုရင် အခုကတော့နိုင်ငံတကာနဲ့ လည်း ထိတွေ့ဆက်ဆံနေတဲ့အခါမှာ နိုင်ငံ တကာ ခရီးသွားဥပဒေနဲ့ကိုက်ညီပြီး ပညာ ရှင်တွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့အချက်လက် တွေ အကုန်လုံးပြန်
ထည့်တယ်။ ဒီစီးပွားရေးလုပ်ငန်းတစ်ခုတည်း မဟုတ်တော့ဘူး။ ယဉ် ကျေးမှုအမွေအနှစ်များ
ထိန်းသိမ်းရန်နဲ့သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရမယ်ဆိုတဲ့အချက်တွေပါပါလာပြီ"ဟု၎င်းကပြောသည်။

၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးသွားလာရေးဥပဒေတွင် ဟိုတယ်တည်းခိုရိပ်သာလုပ်ငန်း၊
ဧည့်လမ်းညွှန်လုပ်ငန်း၊ခရီးသွားလုပ် ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများကို ပုဂ္ဂလိက ကဏ္ဍကို
စတင်လုပ်ကိုင်ခွင့် ချထားပေးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ၀န်ကြီးဌာနစတင်ဖွဲ့ကာ ဟိုတယ်နှင့်
ခရီးသွားလာရေးဥပဒေဟု ပြင်ဆင်ခဲ့ကြသလို ဟိုတယ်တည်ဆောက်ခွင့်အတွက် ကြိုတင်
ခွင့်ပြုချက်လျှောက်ထားရမည်ဆိုသည့် အခန်းကဏ္ဍ ပါဝင်လာခဲ့သည်။

ယခုအခါတွင် မြန်မာ့ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်လျက် နိုင်ငံတကာနှင့်အညီရင်ပေါင်တန်းနိုင်ရန် ကြိုးပမ်းလျက်ရှိရာ စီးပွားရေးကဏ္ဍတစ်ခု တည်းမဟုတ်ဘဲ သဘာဝ
ပတ်ဝန်းကျင် ထိန်း သိမ်းရေးကဏ္ဍအပါအ၀င် ယဉ်ကျေးမှုအမွေ အနှစ် ထိန်းသိမ်းရန် စသည့်
တခြားသော ကဏ္ဍများကိုလည်း ထည့်သွင်းရေးဆွဲလျက် ရှိနေသည်။

အဆိုပါဥပဒေကိုရေးဆွဲရာတွင် နိုင်ငံ တကာ ပညာရှင်များ၊ လုပ်ငန်းရှင်ပုဂ္ဂလိက အသင်းအဖွဲ့များ၊ တိုင်းဒေသကြီး
အစိုးရအဖွဲ့ များနှင့် အပြန်အလှန်ဆွေးနွေးလုပ်ဆောင် ခဲ့ပြီး ရေးဆွဲထားသည့်ဥပဒေကိုသက်ဆိုင်ရာဌာနသို့ တင်ပြထားပြီး ဖြစ်ကာ သက်ဆိုင် ရာဌာနမှ ဥပဒေအကြံပေးများနှင့်ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပြီး မကြာခင်ပြီးစီးမည် ဖြစ်သည်။

ဥပဒေကို အစိုးရသို့တင်ပြပြီးဖြစ်၍ ယခုလ တွင် လွှတ်တော်သို့ ဆက်တင်သွင်းရန် စီစဉ်
ထားကြောင်း ဦးဌေးအောင်က ပြောသည်။ လာမည့် ရွေးကောက်ပွဲကာလတွင်ကမ္ဘာလှည့်
ခရီးသွားများပိုမိုများပြားမည်ဟုမျှော် လင့်ထားပြီး အဆင်ပြေစွာသွားရောက်လေ့လာနိုင်ရေး
အတွက် စီစဉ်လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။

"နိုင်ငံတကာက မြန်မာ့ရွေးကောက်ပွဲအခင်းအကျင်းကို စိတ်ဝင်စားကြတယ်။ဒီတော့ခရီးသွားတွေစိတ်ဝင်စားတဲ့ ရွေး ကောက်ပွဲအခြေအနေတွေကို သိရှိလေ့လာ နိုင်အောင်
သွားလာမှုအခက်အခဲမရှိအဆင် ပြေအောင် ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်။ သူတို့သွားချင်တဲ့နေရာတွေကို အဆင်ပြေပြေသွားနိုင်အောင် ကျွန်တော်တို့အနေနဲ့ ဆိုင်ရာဆိုင်ရာဌာနတွေကို ကြိုတင်ချိတ်ဆက်လုပ် ဆောင်ရတာတွေရှိမယ်။ အကြောင်းကြားရတာတွေရှိမယ်။

တခြားဆောင်ရွက်စရာတွေလည်းရှိမယ်။ ဒီအပိုင်းကို အဆင်ပြေအောင်ဆောင်ရွက်နိုင်ဖို့ ကဏ္ဍအဆင့်ဆင့်လိုက် လုပ် ဆောင်သွားမှာဖြစ်ပါတယ်"ဟု ဦးဌေးအောင်က
ပြောသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက် ရန် မျှော်မှန်းထားသည့် ကမ္ဘာလှည့်ခရီးသည်
ငါးသန်းပြည့်မီဖွယ်ရှိသည်ဟု ၎င်းက ခန့်မှန်း ပြောကြားသည်။

"တခြားနိုင်ငံတွေကို မမီမှာ
ပူစရာမလိုတော့ပါဘူး။ မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်း တကယ်ကိုရေရှည်သွားမယ်။ အာရှကိုထိုး
ဖောက်နိုင်တာကတော့ ထိုးဖောက်နိုင်ပါ တယ်။
အထူးသဖြင့် ဗီယက်နမ် ခုနစ်သန်းကျော်၊
လာအိုသုံးသန်းကျော်၊ကမ္ဘောဒီးယားလေးသန်းခွဲပဲ
ပြောနေသေးတယ်။ မြန်မာ့ခရီးသွားအတွက်တကယ်မှန်းတာကတော့ ငါးသန်းလောက်ပေါ့။ မျှော်မှန်းချက်ပြည့်ဖို့ အတွက် ဖြစ်နိုင်တယ်။ ၄ဒသမ ၅ သန်း လောက်တော့ဖြစ်သွားနိုင်တယ်"ဟု ၎င်းက ပြောသည်။

Credit: Myanmartimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service