မိမိတို့၏ပိုင်ဆိုင်မှုအတွက် ဥပဒေအရ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရရှိစေရန်ရည်ရွယ်၍ ကျေးရွာများက လိုလားလျှင် ညွှန်ကြားချက်နှင့် အညီ မြေငှားဂရန်များ ထုတ်ပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
574 Views

မိမိတို့၏ပိုင်ဆိုင်မှုအတွက် ဥပဒေအရ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရရှိစေရန်ရည်ရွယ်၍ ကျေးရွာများက လိုလားလျှင် ညွှန်ကြားချက်နှင့် အညီ မြေငှားဂရန်များ ထုတ်ပေးသွားမည်

မကွေးမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ပိုင်ဆိုင်မှုအတွက် ဥပဒေအရ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများရစေရန်ရည်ရွယ်၍ အခြေအနေ အချိန်အခါ သင့်၍ ကျေးရွာများကလိုလားမှုရှိလျှင် ညွှန်ကြားချက်နှင့်အညီ မြေငှားဂရန်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက် ညနေ ၃ နာရီက ဒဟတ်ကန်ကျေးရွာ သာသနာ့ဝိပုလကာရီကျောင်းတိုက်တွင် ကျင်းပသော ကျေးရွာမြေငှားဂရန် ထုတ်ပေးခြင်းအခမ်းအနား၌ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ပြောကြားခဲ့သည်။
''ကျေးရွာမှာနေထိုင်သူတွေရဲ့ အိမ်တွေကို ပိုင်ဆိုင်မှု ဂရန်လုပ်ပေးခြင်းဖြင့် ပိုင်ဆိုင်မှုနယ်နိမိတ် အတိုင်းအတာ တိတိကျကျသိမယ်။ မိမိတို့နေထိုင်တဲ့အိမ်ဝိုင်းဟာ သားစဉ် မြေးဆက် လွှဲပြောင်းလို့ရ၊ ရောင်းချလို့လည်းရတယ်။

ဒို့မြေဒို့ ပိုင်တယ်၊ ဘယ်သူမှ ကျူးလို့မရဘူး၊ ကျော်လို့မရဘူးဆိုတဲ့ အသိနဲ့ ဥပဒေဆိုင်ရာအရ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိမှာပဲ ဖြစ်ပါတယ်။ မကွေးမြို့နယ်အတွင်း ကျေးရွာ ၁၄၆ ရွာအနက် ဒဟတ်ကန်ရွာမှာ ပထမဆုံးစမ်းသပ်ပြီး ကျေးရွာမြေငှားဂရန်တွေ ထုတ်ပေးတဲ့အခါမှာ အောင်မြင်မှုရှိတာကို တွေ့ရပါတယ်။ ဒီရွာလိုပဲ ပြဿနာအရှုပ်အရှင်းနည်းမယ်။ နောက်ဆက်တွဲ ပြဿနာမရှိဘူးဆိုရင် တစ်ရွာပြီးတစ်ရွာ ပေးသွားမယ့်အစီအစဉ် ရှိပါတယ်။ အခြေအနေ အချိန်ခါ
သင့်ရင် ကျေးရွာများကလည်းလိုလားရင် ညွှန်ကြားချက်နဲ့ အညီ မြေငှားဂရန်တွေ ထုတ်ပေးသွားမှာပါ'' ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ပြောသည်။

ဒဟတ်ကန်ကျေးရွာအတွင်း မူလမြေကွက် ၁၄၅ ကွက်တွင် ယာမြေပေါ်ရှိ အခြားနည်းဖြင့် အသုံးချခွင့်လျှောက်ထားသည့် အကွက်၊ ကားလမ်းဘေး လမ်းဧရိယာနှင့် မလွတ်သည့် အကွက်နှစ်ကွက်၊ ဂရန်ထုတ်ပေး၍မရသော ဝ ဒသမ ဝ၂ ဧက၊ ပေ (၂ဝ x ၄ဝ ) မပြည့်သောအကွက်နှစ်ကွက်၊ ပိုင်ဆိုင်မှုအငြင်းပွားသည့် အကွက်သုံးကွက်၊ လူမနေ ဆက်သွယ်၍မရသည့် အကွက်နှစ်ကွက်မှလွဲ၍ ကျန်မြေ ၁၃၅ ကွက်အား တာဝန်ရှိသူများမှ ၁ဝ နှစ် သက်တမ်းရှိ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး မြို့ပြပုံစံအတိုင်း အကွက်ရိုက်ပေးခြင်းမဟုတ်ဘဲ ကျေးရွာဒေသခံများက မူလပိုင်ဆိုင်သည့်မြေကို တိုင်းတာကာ ပိုင်ဆိုင်မှုအကျယ်အဝန်း အရှိအတိုင်းကို အထက်မြန်မာပြည် မြေနှင့်အခွန်
ဥပဒေပုဒ်မ ၅၁ (က) အရလည်းကောင်း၊ အောက်မြန်မာ
ပြည် မြေနှင့်အခွန်ဥပဒေပုဒ်မ ၂၉ အရလည်းကောင်း ကျေးရွာမြေငှားဂရန်များ ထုတ်ပေးခြင်းဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြေငှားဂရန်ချထားပေးမှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးဖြစ်သူ မဖြိုးဖြိုးဝင်းက ''အစ်မခံစားချက်ကို ပြောပါဆိုရင်တော့ ပျော်တာပေါ့။ အရင်က ယာစရိတ်လိုလို့ ချေးရင် ငါးကျပ်တိုး၊ တစ်ဆယ်တိုးချေးလို့လွယ်တာမဟုတ်ဘူး။ ဂရန်ထုတ်မပေးခင်တုန်းက ဝိုင်းဈေးက သိပ်မရှိဘူး။ ဂရန်ထုတ်ပေးမယ်ကြားကတည်းက ဈေးတွေကောင်းလာတာ။ ခုတကယ်ထုတ်ပေးတော့ ဈေးကောင်းပိုရပြီပေါ့။ ခုဆိုရင် ပေ (၈ဝx၆ဝ) တစ်ကွက်ကို သိန်း ၈ဝ လောက် တန်ကုန်
ပြီ။ ယာစရိတ်လိုရင် ငွေချေးဖို့ အာမခံချက်ကောင်းကောင်း ရပြီပေါ့'' ဟု ပြောသည်။

ဒဟတ်ကန်ကျေးရွာ ဒေသခံများအတွက် ကျေးရွာမြေငှားဂရန်များအား မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်မောင်၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် တာဝန်ရှိသူများက စာရွက်စာတမ်းဖိုး ကုန်ကျစရာမလို၊ မြို့တစ်ခေါက်မှ လာစရာမလိုဘဲ လက်ဝယ်အရောက် လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအနေဖြင့် မြေငှားဂရန်ရရှိပြီးဖြစ်၍ စည်ပင်သာယာနယ် နိမိတ်အတွင်း သွတ်သွင်းခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် မြို့ရပ်ကွက် ပြင်ဆင်ဖွဲ့စည်းသည့်အခါ မြို့ရပ်ကွက်အတွင်း ထည့်သွင်းခြင်းများ၊ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းတို့ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service