မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု ၂ ရာခိုင်နှုန်း ကျဆင်း - Property News in Myanmar from iMyanmarHouse.com
1111 Views

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု ၂ ရာခိုင်နှုန်း ကျဆင်း

ရွေးကောက်ပွဲကျင်းပရန်တစ်လကျော်အလိုတွင် မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု ၂ ရာ ခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ကမ္ဘာ့ဘဏ်အကြီးတန်းစီးပွားရေး ပညာရှင် Mr. Habib Rab က ပြောကြားသည်။

ပြည်တွင်း၌ ဇူလိုင်က စ၍ ကြုံတွေ့ခဲ့သော ရေဘေးအန္တ ရာယ်ကြောင့်စိုက်ပျိုးရေးကဏ္ဍတွင်ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များက ရွေးကောက်ပွဲအပေါ်
စောင့် ကြည့်နေချိန်၌ မြန်မာ့ စီးပွားရေး အခြေအနေကို ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်၍ သတိ ပေးလိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်သည် ယခုနှစ် ဧပြီတွင် မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကြိုတင်တွက် ဆရာ၌ စီးပွားရေး တိုးတက်မှုနှုန်း သည် ၈ ဒသမ ၅ ရာခိုင်နှုန်းရှိမည် ဟု ခန့်မှန်းထားသည်။

သို့သော်ဇူလိုင်တွင် ရေဘေးအန္တရာယ်ကြုံ တွေ့ခဲ့ရပြီး နိုဝင်ဘာတွင် ရွေး ကောက်ပွဲကျင်းပရန်ရှိနေသဖြင့် ရင်းနှီးမြှုပ်နှံမှု အဝင်နည်းခြင်း ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုသည် ၆ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း Mr.Habib Rab က ရန်ကုန်၆မိုင်ခွဲရှိကမ္ဘာ့ဘဏ်ရုံးချုပ်တွင် ပြုလုပ်သော
မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

‘‘နိုင်ငံတိုင်းမှာ ရွေးကောက် ပွဲရှိရင် ရင်းနှီးမြှုပ်နှံမှုက နည်းလေ့ရှိတယ်။ ရွေးကောက်ပွဲပြီးသွားရင် တော့ ပြန်ပြီး
မြင့်တက်လာနိုင် တယ်’’ဟု ကမ္ဘာ့ဘဏ်မှ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အကြီးတန်းအရာ ရှိ Mr.Jason Pellmar က ပြော ကြားသည်။

ရွေးကောက်ပွဲနှင့် ရေဘေး အန္တရာယ်ကြောင့် ထုတ်ကုန်လုပ် ငန်းများနှင့် စက်မှုလုပ်ငန်းများ ဝင်ရောက်မှု နှေးသွားစေခြင်းက လည်း စီးပွားရေးကျဆင်းမှု ဖြစ် စေကြောင်း Mr.Habib Rab က ပြောသည်။

မြန်မာ့ စီးပွားရေးသည် ခရက်ဒစ်ညွှန်းကိန်း သတ်မှတ်မှုစနစ်နှင့် စတော့ဈေးကွက် မရှိသေးသော်လည်း ယခုနှစ်တွင် ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်း အစိုးရ၏စီးပွားရေးအကြံပေးပညာရှင် ဒေါက်တာအောင်
ထွန်းသက်ကNCBCသတင်းနှင့်အင်တာဗျူးတွင် ပြောကြားထားသည်။

ယခင်ဘဏ္ဍာနှစ်တွင် စီးပွား ရေးပြုပြင်ပြောင်းလဲမှုများက စား သုံးသူနှင့် ရင်းနှီးမြှုပ်နှံသူတို့ကို ယုံကြည်မှုရှိအောင် ပံ့ပိုးနိုင်သည့် အတွက် စီးပွားရေးတိုးတက်မှုမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။

မြန်မာ့စီးပွားရေး စောင့် ကြည့် အစီရင်ခံစာတွင် ယခုဘဏ္ဍာနှစ်၌ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၁ ဒသမ ၃ ရာခိုင်နှုန်း ထိမြင့်တက်လာသည်ဟု ဖော်ပြ ထားသည်။

ရေကြီးရေလျှံမှုနှင့် မြန်မာငွေတန်ဖိုး ကျဆင်းမှုတို့ ကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်လာသည်ဟု အစီရင်ခံစာက ဆိုထားသည်။

ငွေကြေးဖောင်းပွ မှုတွင် စားသုံးကုန်၊ လူသုံးကုန် များအတွက် သုံးစွဲမှုသည် ၆၈ ရာ ခိုင်နှုန်းခန့် ပါဝင်နေသည်ဟု သိရ သည်။

ငွေကြေးဖောင်းပွမှုနှုန်းမြင့် တက်လာခြင်းသည် ပြည်ပမှတင် သွင်းသောစားသောက်ကုန်များ နှင့်လူသုံးကုန်အချို့ကို ဝယ်ယူအ သုံးပြုမှုများလာခြင်းကြောင့်ဟု ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် များက ထောက်ပြသည်။

အဓိကစားသောက်ကုန်ဆန်မှာ ဈေးနှုန်းသိသိသာသာမြင့်တက်မှုမရှိသော်လည်းစားသောက်မှုပုံစံပြောင်းလဲမှုကြောင့် ပြည်ပမှတင်သွင်း သောစားသောက်ကုန်များကို ပိုမို စားသုံးလာသဖြင့် ငွေကြေးဖောင်းပွမှုဖြစ်ရသည်ဟုဆိုသည်။

ပြည်တွင်း၌ မြန်မာကျပ်ငွေ တန်ဖိုးသည် တစ်နှစ်အတွင်း အ မေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါ က ၁၅ ရာခိုင်နှုန်းခန့်ကျဆင်းလာ သည်။

အစိုးရက ငွေကြေးဖောင်းပွမှုကိုထိန်းရန် ငွေလဲနှုန်း ပြောင်းလဲ မြင့်တက်လာခြင်းကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း Mr.Habib က ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service