မြစ်သားမြို့ နယ်တွင် လယ်မြေများ ကို မြေကွက်များရိုက်၍ ရောင်းချခြင်းများရှိနေ - Property News in Myanmar from iMyanmarHouse.com
1061 Views

မြစ်သားမြို့ နယ်တွင် လယ်မြေများ ကို မြေကွက်များရိုက်၍ ရောင်းချခြင်းများရှိနေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊
မြစ်သားမြို့နယ်အတွင်းရှိ လမ်းခွကျေးရွာ အုပ်စု၊ ဈေးကုန်းကျေးရွာတွင် လယ်မြေများကို မြေကွက် များရိုက်၍ ရောင်းချလာသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက တားမြစ်ထားသော်လည်း ဆက်လက်ပြီး အရောင်းအ၀ယ်များ ပြုလုပ်နေကြောင်း ဒေသခံလယ်
စိုက်တောင်သူများက ယခုလလယ်ပိုင်းက ပြောသည်။

လယ်မြေများကို မြေကွက်များရိုက်၍ ရောင်းချလာသဖြင့် အရောင်းအ၀ယ်မပြုလုပ်ရန် တားမြစ်ထားသည့် ဆိုင်းဘုတ်များ စိုက်ထူ သော်လည်း၊ အရောင်းအ၀ယ်များ ပြုလုပ်နေကြောင်း လမ်းခွကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်စိုးကပြောသည်။ "လယ်မြေတွေကို အရောင်းအ၀ယ် မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။
အခု မြို့နယ်ကလည်း တားမြစ်မိန့်တွေ ထုတ်ထားပါတယ်။ ဒါပေမဲ့ အခုထိတော့ အရောင်းအ၀ယ်လုပ်နေကြတယ်။ တားမြစ်ဆိုင်းဘုတ် တွေလည်း စိုက်ထူထားပါတယ်။ ပြီးတော့ လယ်၊ ယာမြေ ဥပဒေတွေလည်း ရှိတဲ့အတွက် တားမြစ် ထားတာပါ" ဟု ၎င်းက ပြော သည်။

လယ်မြေများကို အကွက်များရိုက်၍ လယ်ပိုင်ရှင်များက ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ရောင်းချလာခဲ့ရာ ယခုအခါတွင် အကွက်ပေါင်း ၄၂ ကွက်အထိ ရှိလာကြောင်း၊ လယ်မြေများကို တခြားနည်းဖြင့် အသုံးချပြုလုပ်လိုလျှင် လယ်ယာမြေဥပဒေအရ တားမြစ်နိုင်ကြောင်း ဦးတင်စိုးကပြောသည်။
"ဥပဒေနဲ့မညီညွတ်တဲ့အတွက် အရောင်း အ၀ယ်မပြုလုပ်ဖို့ တားမြစ်ပေမယ့် အရောင်း အ၀ယ်ကတော့ လုပ်နေကြတာပဲ။ ရောင်းတဲ့ လယ်ပိုင်ရှင်တွေကိုလည်း တားမြစ်ထားတာပဲ။ လာဝယ်တဲ့သူတွေကမြို့ခံတွေမဟုတ် ပါဘူး။ အခုလိုအကွက်ရိုက်ပြီးရောင်းချလို့ တခြားတောင်သူတွေကလည်း တိုင်တဲ့စာတွေ
ထွက်ထားပါတယ်" ဟု ၎င်းကပြောသည်။ အဆိုပါ လယ်မြေများပေါ်တွင် အဓိက အားဖြင့် စပါးစိုက်ပျိုးကြကြောင်း၊ မြေကွက်များရိုက်၍ ရောင်းချလာသည်မှာ ယခုအခါတွင် ဧက ပေါင်း ၁၀ ဧကကျော်ရှိလာကြောင်း၊ ပေ ၄၀ x ၆၀ ရှိသော မြေကွက်တစ်ကွက်ကို ကျပ် ၂၅ သိန်းမှ ကျပ်သိန်း ၄၀ အတွင်းဈေးရှိကြောင်း၊
မြေကွက်များရိုက်၍ရောင်းချလာသဖြင့် လယ်စိုက်တောင်သူများ ရေသွယ်ယူရာတွင် အခက်အခဲများဖြင့်ကြုံတွေ့လာကြောင်း ဒေသခံလယ်စိုက်တောင်သူတစ်ဦး ကပြောသည်။

"လယ်မြေက လယ်မြေအတိုင်းပဲ ရှိသင့် ပါတယ်။ အခုလိုခြံတွေခတ်တော့ လယ်စိုက်ရင် ရေသွယ်တန်းဖို့ အခက်အခဲတော်တော် လေးရောက်ပါတယ်။ အောက်က လယ်တွေ လည်း ရေရဖို့ခက်ခဲကုန်တယ်။ ရေမြောင်း တွေကို ပိတ်ပစ်တော့ ပိုဆိုးတာပေါ့။ အဆောက် အအုံတွေ ဆောက်လုပ်လာရင် လယ်စိုက်တောင်သူတွေ ပိုပြီးဒုက္ခရောက် နိုင်ပါတယ်" ဟု ၎င်းကပြောသည်။

လမ်းခွကျေးရွာကျေးရွာအုပ်စုတွင် အိမ်ထောင်စုပေါင်း ၁,၀၀၀ ကျော်ရှိပြီး စိုက်ပျိုးမြေ ဧက ၂,၆၀၀ ခန့်ရှိကာ ပလပ်မြေဧက ပေါင်း ၅၈ ဧက ရှိကြောင်း သိရသည်။

Credit : Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service