မြ၀တီစက်မှုဇုန်ကို လာမည့် ၂၀၁၇ တွင် ဖွင့်လှစ်သွားမည် - Property News in Myanmar from iMyanmarHouse.com
1003 Views

မြ၀တီစက်မှုဇုန်ကို လာမည့် ၂၀၁၇ တွင် ဖွင့်လှစ်သွားမည်

ကရင်ပြည်နယ် မြ၀တီမြို့ရှိ မြ၀တီစက်မှုဇုန်ကို ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
ကရင်ပြည်နယ်စက်မှုဝန်ကြီး ဦးစောကြည်လင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ပြည်နယ်အစိုးရကတော့ ဘယ်တော့ပြီး အောင် ဆောက်ဆိုပြီး မပြောပါဘူး။၂၀၁၆၊ ၂၀၁၇
လောက်ဆိုရင်တော့ တော်တော် များများ အဆင်သင့်ဖြစ်လာမှာပါ။ တည်ဆောက်ဆဲလည်း
ရှိမှာပဲ။ စက်ရုံလည်ပတ်နိုင်တဲ့အနေအထားလည်း ဖြစ်ရင် ဖြစ်သွားနိုင်တယ်"ဟု ၎င်းက
ပြောသည်။ ကရင်ပြည်နယ်တွင် စက်မှုဇုန်အဖြစ် ဘားအံစက်မှုဇုန်၊ မြ၀တီစက်မှုဇုန်နှင့်
ဘုရားသုံးဆူစက်မှုဇုန်တို့ကို အကောင်အထည်ဖော်သွားမည် ဖြစ်ကာ လက်ရှိတွင် ဘားအံ
စက်မှုဇုန်တွင် စက်ရုံအချို့ တည်ဆောက်ပြီးစီးကာ စတင်လည်ပတ်နေပြီဖြစ်သည်။

လက်ရှိတွင်ဒုတိယမြောက်အကောင် အထည်ဖော် နေသော မြ၀တီစက်မှုဇုန်သည် မြ၀တီမြို့နှင့် သင်္ဃန်း
ညီနောင်အကြားရှိ မြေ ဧက ၂၀၁ ဧကတွင် တည်ရှိပြီး အဆိုပါစက်မှု ဇုန်ကို ညီနောင်ဦးကုမ္ပဏီက
အကောင်အထည်ဖော် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး အဆိုပါနေရာရှိ မြေလွတ်မြေရိုင်းနှင့်
သစ်တောမြေများကို ပယ်ဖျက်ကာ ၂၀၁၃ ခုနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က
နှစ်ရှည်ငှားရမ်းကာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ညီနောင်ဦးကုမ္ပဏီက မြ၀တီစက်မှုဇုန်အတွင်း လိုအပ်သည့် လမ်း၊ တံတား၊ မီးတိုင်နှင့် ရေပေးဝေရေးကိစ္စများကို
ဆောင်ရွက်ခဲ့ပြီး ၉၀ ရာခိုင်နှုန်းပြီးစီးနေ ပြီဖြစ်ကာ စက်ရုံများတည်ဆောက်ရန် မြေနေရာအတွက်
အကွက်များချထားပေးပြီး စက်မှုလုပ်ငန်းရှင်များကို လျှောက်လွှာခေါ်ယူကာ ရောင်းချပေးလျက်ရှိ
သည်။ ထိုသို့ လုပ်ငန်းရှင်များကို ခွင့်ပြု ရာတွင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းကို
ဖန်တီးပေးနိုင်မည့် လုပ်ငန်းများကိုသာ လက်ခံသွားမည်ဖြစ်သည်။ "အစိုးရအဖွဲ့ကတော့
ထိန်းချုပ်ပေးရပါတယ်။

လာလျှောက်တဲ့သူတွေအတွက် မြေဈေး တအားတက်မှာစိုးလို့
ဝင်ထိန်းပေးတာရှိပါတယ်။ အစိုးရအဖွဲ့က စက်မှုဇုန်ကြီးကြပ်မှုကော်မတီကို ဖွဲ့ပေးတယ်။
မြေက တစ်ဧကကို ဘယ်လောက်ပဲ ရှိသင့်တယ်ဆိုပြီး ၀င်ထိန်းပေးပါတယ်။ ငွေရေးကြေးရေး
ကိစ္စတော့ အစိုးရအဖွဲ့က ဘာမှ ၀င်ရောက်စွက်ဖက်တာ မရှိပါဘူး" ဟု ဦးစောကြည်လင်းက
ပြောသည်။

စက်မှုဇုန်ထဲတွင် လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း လုပ်ဆောင်ကြမည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်း၊
လူသုံးကုန်ပစ္စည်း လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ ထီး စက်ရုံ၊ ဖိနပ်ချုပ်လုပ်ငန်း၊ ဘက်ထရီ
လုပ်ငန်း၊ ပလတ်စတစ်လုပ်ငန်းများ လုပ်ကိုင် ရန် တင်ပြထားပြီး အများစုမှာ အထည်ချုပ်
စက်ရုံများနှင့် လူသုံးကုန်ပစ္စည်းစက်ရုံများ လုပ်ကိုင်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြ၀တီစက်မှုဇုန်အတွင်း စက်ရုံများ အကောင်အထည်ဖော်ရန် မြေကွက်ပေါင်း ၄၅၀
ချထားပြီးဖြစ်ကာ လုပ်ငန်းပေါင်း ၁၅ ခုကျော် အကောင်အထည်ဖော်မည်ဖြစ် သော်လည်း
လက်ရှိတွင် ဖိနပ်ချုပ်စက်ရုံ၊ ပရိဘောဂစက်ရုံ၊ မော်တော်ကားအပိုပစ္စည်း များထုတ်လုပ်သည့်
စက်ရုံ၊ သွပ်ပြားစက်ရုံ များကို အကောင်အထည်ဖော်လျက်ရှိကြောင်း အဆိုပါစီမံကိန်းကို
အကောင်အထည်ဖော်လျက်ရှိသော ညီနောင်ဦးကုမ္ပဏီ မှ စီမံကိန်းဒါရိုက်တာ ဦးကျော်တင့်က
ပြော သည်။

ယခုအကောင်အထည်ဖော်နေသည့် မြ၀တီစက်မှုဇုန်သည် ထိုင်းနိုင်ငံနယ်စပ်နှင့်
ခုနစ်မိုင်သာ ကွာဝေးသောကြောင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ နယ်စပ်နှင့် အနည်းဆုံး
၁၀ မိုင် အကွာအဝေးရှိမှသာ ပြည်ပရင်းနှီးမြှုပ်နှံမှုကို လက်ခံ၍ရသောကြောင့် ထိုင်းနိုင်ငံမှ
ရင်းနှီးမြှုပ်နှံမှုများ အဆိုပါစီမံကိန်းတွင် ၀င်ရောက်လာရန် Regional Industry Zone မှ စီးပွားရေး
ဇုန် အဖြစ် ပြောင်းလဲခဲ့ကြောင်း ဦးစောကြည်လင်းက ပြောသည်။ "ဒီစက်မှုဇုန်က ထိုင်းနယ်စပ်
နဲ့ဆိုရင် ခုနစ်မိုင်ပဲ ဝေးတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပြည်ပနိုင်ငံနဲ
့ ၁၀ မိုင်ဝေးတဲ့ နေရာမှာရှိမှ ပြည်ပရင်းနှီး မြှုပ်နှံသူတွေ ၀င်လာလို့ရမယ်။ မဟုတ်ရင် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုကို မပေးဘူး။ အဲဒီဥပဒေရှိတဲ့အတွက် ဒီအတိုင်းဆိုရင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဝင်
လာလို့ မရဘူး။ ဒါကြောင့် MIC ရဲ့ အကြံပေးချက်အရ ပြောင်းလိုက်ရတာပါ။ ဒါမှ ထိုင်းလုပ်ငန်းရှင်
တွေဝင်လာလို့ အဆင်ပြေမယ်"ဟု ၎င်းက ပြောသည်။

မြ၀တီစက်မှုဇုန်အတွင်း ထိုင်းကရင်းနှီးမြှုပ်နှံမှုများ များစွာဝင်လာနေပြီး အများစုမှာ ပြည်တွင်းရှိ
တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ကြောင်း ဦးစောကြည်လင်းက
ပြောသည်။ "တော်တော်များများက ဒေသခံတွေနဲ့ နိုင်ငံခြားသားတွေ ပူးပေါင်းလုပ်ကိုင်တာ
များပါတယ်။ နိုင်ငံခြားသားတစ်ဦးတည်း ရင်းနှီးမြှုပ်နှံတာကတော့ မရှိသလောက်ပါပဲ။
အထူးသဖြင့် မြ၀တီကစက်မှုလုပ်ငန်း ရှင်တွေနဲ့ ထိုင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီး လုပ်ကြတာ
တွေ့ရပါတယ်"ဟု ၎င်းက ပြောသည်။

မြ၀တီစက်မှုဇုန်အတွင်းရှိ စက်ရုံများ လည်ပတ်ရာတွင်
အသုံးပြုမည့်လျှပ်စစ်မီး ကို လုံလောက်စွာရရှိရန် ထိုင်းနိုင်ငံမှ ရယူ သွားမည်ဖြစ်ပြီး ထိုင်းက
ရရှိမည့် လျှပ်စစ်မီး သည် စက်မှုဇုန်အတွင်းရှိ စက်ရုံများလည်ပတ်ရန် လုံလောက်မှုရှိကြောင်း
ဦးစောကြည်လင်းက ပြောသည်။

Credit : mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service