မန်းအိမ်ခြံမြေ စံနှုန်းသတ်မှတ်ချက် စက်တင်ဘာလတွင် ဆွေးနွေးမည် - Property News in Myanmar from iMyanmarHouse.com
872 Views

မန်းအိမ်ခြံမြေ စံနှုန်းသတ်မှတ်ချက် စက်တင်ဘာလတွင် ဆွေးနွေးမည်

မန္တလေးမြို့တွင် အိမ်ခြံမြေ ရောင်းဝယ်မှု ပြုလုပ်ရာတွင် အခွန်ဆောင်ရန် အတွက် သတ်မှတ် ပေးထားသည့် အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ အကျိုးတော်ဆောင်များဖြင့် စက်တင်ဘာလ တတိယပတ်အတွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်များကို ဇူလိုင်လထဲက ပြန်လည် စိစစ်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ယင်းသို့ စိစစ်ရခြင်းသည် အပြင်ပေါက်ဈေးထက် စံနှုန်း သတ်မှတ်ထားသည့် ပေါက်ဈေးက ပိုများနေကြောင်း အကျိုးတော်ဆောင်များ၏ တင်ပြထားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

''အစက စက်တင်ဘာ ပထမပတ်ထဲမှာ ဆွေးနွေးဖို့ရာ လုပ်ထားတာ။ တိုင်းဦးစီးမူးက နေပြည်တော်မှာ နော်ဝေနိုင်ငံက အဖွဲ့နဲ့ တွေ့ဆုံပွဲ သွားတာဆိုတော့ ရက်ရွှေ့လိုက်တယ်။ သူ့ကို အိမ်ခြံမြေစံနှုန်းနဲ့ ပတ်သက်လို့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေနဲ့ အမြန်ဆုံး ဆွေးနွေးဖို့ ပြောထားတယ်။

သူဒီသီတင်းပတ်ထဲမှာ ပြန်ရောက်မှာ ဆိုတော့ နောက်သီတင်းပတ်လောက်မှာ စတင်ဆွေးနွေးနိုင်မယ်'' ဟု မန္တလေးတိုင်း ဒေသကြီး ဘဏ္ဌာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။

ယင်းသို့ အိမ်ခြံမြေ သတ်မှတ်စံနှုန်းများ ပေါက်ဈေးထက် များပြားနေသောကြောင့် အခွန်ရှောင်မှုများ ဖြစ်ပေါ်နိုင်ပြီး အိမ်ခြံမြေ ဈေးကွက်အားလည်း ထိခိုက်နိုင်ကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေ ပွဲစားများထံမှ သိရသည်။

''အခွန်ကို လျော့ပေးတယ် လို့သာပြောတာ စံနှုန်း သတ်သက် မှတ်ချက်ကို ရောင်းသူ ၀ယ်သူတွေ မခံစားရဘူး။ မန္တလေးက ရန်ကုန်ထက် သတ်မှတ်ချက်တွေ မြင့်နေတဲ့အတွက် မြေဈေးကြီးတယ်ဆိုပြီး ဖြစ်နေတယ်။ တကယ်ဆိုရင် သတ်မှတ်ချက်တွေကို လျော့ပေးရမယ်။ အဲဒီလို လျော့ရင် အရောင်းအ၀ယ်တွေလည်း လိုက်လာနိုင်တယ်။

နိုင်ငံတစ်နိုင်ငံမှာ အိမ်ခြံမြေ ဈေးအပေါ် မူတည်ပြီး စီးပွားရေးက ပြောင်းလဲတယ် ဆိုတာကို သိသင့်တယ်'' ဟု ရိုင်ရယ်ထွန်း သစ္စာအိမ်ခြံမြေ အကျိုးတော်ဆောင် လုပ်ငန်းမှ ဦးတင်မောင်က ပြောသည်။ ထို့အပြင် ယခုလက်ရှိ မန္တလေးမြို့၏ အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအ၀ယ် အေးနေသော်လည်း ဈေးလျော့ ရောင်းချသူ မရှိသေးကြောင်း အိမ်ခြံမြေ အကျိုးတော်ဆောင် လုပ်ငန်းရှင်များထံက သိရသည်။

''လက်ရှိမှာ ရွေးကောက်ပွဲနဲ့ရော၊ စီးပွားရေး အဆင်မပြေမှုတွေကြောင့်ရော အိမ်ခြံမြေ ရောင်းဝယ်မှုက မရှိသလောက်ပဲ။ အရင်က မြို့သစ်ထဲမှာ တစ်ရက်ကို နှစ်ကွက်၊ သုံးကွက် အရောင်းအ၀ယ် ဖြစ်နေတာ။ ခုဆိုတစ်ရက်ကို တစ်ကွက်နှုန်း အရောင်းအ၀ယ်တောင် မဖြစ်ချင်ဘူး။ အရောင်းအ၀ယ်က အေးပေမယ်လို့ ဈေးကတော့ လျော့ရောင်းတယ် ဆိုတာ ရှားတယ်။

ငွေလိုလို့ လျော့ရောင်တဲ့ သူတော့ ရှိကြပါတယ်'' ဟု ရွှေမန္တလေး အိမ်ခြံမြေ အကျိုးတော်ဆောင် လုပ်ငန်းမှ ဦးနေလင်းအောင်က ပြောသည်။

အိမ်ခြံမြေ ရောင်းဝယ်မှုတွင် အခွန်တံဆိပ်ခေါင်း ငါးရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်ထောင်အောက် သုံးရာခိုင်နှုန်း အခွန်ဆောင်ရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service