မန္တလေးမြို့တွင် ကျပ်သိန်း ၁,၀၀၀ အောက်အိမ်ခြံမြေများသာ အရောင်းအ၀ယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
706 Views

မန္တလေးမြို့တွင် ကျပ်သိန်း ၁,၀၀၀ အောက်အိမ်ခြံမြေများသာ အရောင်းအ၀ယ်ဖြစ်

လက်ရှိမှာ အရောင်းအ၀ယ်ပုံမှန်လည်ပတ် ခြင်းမရှိတဲ့ အိမ်ခြံမြေဈေးကွက်မှာ ကျပ်သိန်း ၁,၀၀၀ အောက်ဈေးနှုန်းရှိတဲ့ အိမ်ခြံမြေတွေသာ အများဆုံးအလုပ်ဖြစ်နေကြောင်း ဈေးကွက် သတင်းတွေအရ သိရပါတယ်။

ငွေကြေးရင်းနှီးမြှုပ်နှံမှုမှာ အမြင့်ပိုင်း ကို တတ်နိုင်တဲ့သူတွေအနေနဲ့ လတ်တလော ဈေးကွက် အနေအထားအရ အလုပ်လုပ်ဖို့ စိတ်ဝင်စားမှုနည်းပါးနေဆဲဖြစ်ပြီး နေထိုင်ဖို့အတွက် မဖြစ်မနေ ၀ယ်ယူဖို့ လိုအပ်နေသူတွေနဲ့ ကျပ်သိန်း ၁,၀၀၀ အောက် ဈေးနှုန်းတွေသာ အလုပ်ဖြစ်တာ များကြောင်း မြို့သစ် အိမ်မြေအကျိုးဆောင်တွေဆီက သိရပါတယ်။

ကျပ်သိန်း ၁,၀၀၀ အောက်ဈေးနှုန်းလို့ ဆိုရာမှာ အခြေကျပြီးဖြစ်တဲ့ မြို့သစ်အရှေ့တောင်ဘက် ဖျားက ဧရိယာတွေနဲ့ မြို့တွင်းမှာဆိုရင်လည်း အတွင်းပိုင်းကျတဲ့ အပိုင်းတွေကို အမှန်တကယ် နေထိုင်ဖို့ လိုအပ်သူတွေက စိတ်ဝင်စားကြကြောင်း သိရပါတယ်။ ဒီနေရာမှာ မြေဈေးကွက်
အရောင်းအ၀ယ်ပြန်လည်သွက်လက်လာခဲ့ရင် အခုပြောခဲ့တဲ့ မြို့သစ်က အတွင်းပိုင်းကျတဲ့ မြေနေရာတွေဟာ မြို့တွင်းက အတွင်းပိုင်းကျတဲ့ မြေနေရာတွေထက် အရောင်းအ၀ယ် ပိုသွက်နိုင်တယ်လို့လည်း အကျိုးဆောင်အများစုက ပြောပါတယ်။

အခုအခါမှာ ကျပ်သိန်း ၁,၀၀၀ အောက် ဈေးခေါ်နေတဲ့ မြို့ကွက်သစ်ဧရိယာတွေ က မြေဈေးနှုန်းတွေဟာ ဈေးကွက်အရောင်းအ၀ယ် သွက်ချိန်က နှုန်းထားတွေနဲ့ နှိုင်းယှဉ်ရင် ဈေးချရောင်းလာတဲ့ နှုန်းထားတွေဖြစ်ကြောင်းလည်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။ ဒါပေမဲ့ အဓိကလမ်းမတွေပေါ်တင်ပြီး အကွက်အကွင်းကောင်းတဲ့ နေရာတွေဆိုရင်တော့ ဈေးနှုန်းမာနေဆဲဖြစ်ပြီး ကျပ်သိန်းသောင်း ဂဏန်းပတ်ချာလည် ဈေးခေါ်တဲ့ မြို့တွင်း နေရာကောင်းတွေကတော့ အရောင်းအ၀ယ်များစွာ နှေးကွေးနေကြောင်း သိရပါတယ်။

အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတချို့အတွက် နေစရိတ်နဲ့ မြေဈေးနှုန်းတွေက ကြီးမြင့်နေလို့ မြို့ အရှေ့ဖျားက တချို့ဧရိယာတွေမှာ ပိုင်ဆိုင် မှုအထောက်အထား မခိုင်မာ ဘဲနဲ့တောင် ဆယ်ဂဏန်းဈေးနှုန်းတန်းနဲ့ ပေကျဉ်း မြေကွက်တွေကို စွန့်စား ၀ယ်ယူ သူတွေရှိနေကြောင်း သိရပါတယ်။ ဒီအနေအထားမှာ အတွင်းပိုင်းကျပေမယ့် တရားဝင်မြေကွက် ဖြစ်တဲ့ ကျပ်သိန်း ၁,၀၀၀ တန်းမြေကွက် တွေဟာ နေထိုင်ဖို့သာမက တစ်ချိန်မှာ ပြန်ရောင်းချင်ရင်လည်း ဈေးကွက်ဝင်တာ ကြောင့် လူလတ်တန်းစားအတွက် စိတ်ဝင် စားစရာဖြစ်နေတယ်လို့ အကျိုးဆောင် တချို့က ဆိုပါတယ်။

Credit : Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service