ရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ရာများအတွက် တန်ဖိုးသင့်အိမ်ရာများ ပြန်လည်ဆောက်လုပ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1179 Views

ရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ရာများအတွက် တန်ဖိုးသင့်အိမ်ရာများ ပြန်လည်ဆောက်လုပ်ပေးမည်

ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုမှုများကြောင့် အိမ်ခြေများစွာ
ပျက်စီးဆုံးရှုံးခဲ့ရသည့်ဒေသများ၌တန်ဖိုးသင့်
လုံးချင်းအိမ်များ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ဒေသကြီး၁၄ခုအနက် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် ရေကြီး နစ်မြုပ်မှုများကြောင့်
လူနေအိမ်ခြေ မြောက်မြားစွာ ပျက်စီးခဲ့သည်။ ပျက် စီးမှုအများဆုံး ဒေသများမှာ ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်နှင
့် တမူးခရိုင်တို့ ဖြစ်ပြီး မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ ရသော ပြည်နယ်မှာ ချင်းပြည်နယ် ဖြစ်သည်။

ယင်းဒေသများမှ လူနေ အိမ်များလုံးဝ ပျက်စီးသွားခြင်းဖြစ်ရာ ထိုသို့ သဘာဝရေဘေးဒဏ်ခံခဲ့ ရသော ပြည်သူများအတွက်
တန်ဖိုးသင့်လုံးချင်းအိမ်များကို ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

”အရင်ဦးဆုံး ကျွန်တော်တို့ ဆောက်လုပ်မှာက ဟားခါးမှာပါ။ အဲဒီမှာက မြေပြိုတာဆိုတော့ ပျက်စီး မှုပိုများတယ်။
ပြိုကျတဲ့ နေရာတွေက မြေမကောင်းတာကြောင့်တခြားနေရာတွေမှာ အစားထိုး ပြန်ဆောက် ပေးမှာပါ။
အခုလည်း ဘူမိဗေဒ ပညာရှင်တွေ စစ်ဆေးနေပါတယ်” ဟု မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနမ
ှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့်တန်ဖိုးသင့်လုံးချင်းအိမ်ရာများ ဆောက်လုပ်ပေးရာတွင် ထိုလုံးချင်းအိမ်တစ်အိမ်ချင်းစီသည်
အကျယ်အဝန်းအားဖြင့်၁၈ ပေထ ပေ၂ဝရှိပြီးမိသားစုငါးဦးနှင့်အထက် နေထိုင်နိုင် ကြောင်း၊ ၄င်းအိမ် တည်ဆောက် ထားသည့်
မြေကွက်မှာ စတုရန်းပေ၆၄ဝရှိမည် ဖြစ်ကြောင်း၊ အိမ်မှာပျဉ်ထောင်သွပ်မိုးအိမ်ဖြစ်ကာအိပ်ခန်း နှစ်ခန်းပါဝင်
လျက် တန်ဖိုး အားဖြင့် ကျပ် ၄၄ ဒသမ ၄ သိန်း တန်ဖိုး ရှိကြောင်း၊မိသားစုသုံးဦး နေထိုင်နိုင် သောအိပ်ခန်းနှစ်ခန်းပါ
စတုရန်းပေ ၅၄ဝ ကျယ်သည့် အိမ်တစ်လုံး၏ တန်ဖိုးမှာ ကျပ် ၃၇ ဒသမ ၄ သိန်းခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ကတော့ သစ် တွေကူညီပေးသွားမှာပါ။အစိုးရ အနေနဲ့ကလည်းအားလုံးကို ပြန်လည်ထူထောင်ပေးဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။
အဲဒါကြောင့်ပူးပေါင်းကူညီပေးမယ့် စေတနာရှင်လုပ်ငန်းရှင်တွေကိုလည်းဖိတ်ခေါ်ပါတယ်”ဟု မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ
ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းတန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊အလှူရှင်များကို ပြန်လည်ထူထောင်ရေး လုပ်ငန်း များ
ပူးပေါင်းဆောင်ရွက်ရန် တစ်ဦးချင်းဖြစ်စေ၊အဖွဲ့အစည်းလိုက်ဖြစ် စေပါဝင်ကူညီဆောင်ရွက်ပေးရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

”ဒီလို အိမ်ပြန်ဆောက်ပေးမယ် ဆိုရင်တော့ ကောင်တာပေါ့။ အလ ကား ပေးမှာလား၊ အရစ်ကျ ပြန်ဆပ် ရမှာလား၊
အခုအထိအလုပ်အကိုင်မရှိသေးတော့ကိုယ့်အိမ်ကိုယ် ပြန် ဆောက်ဖို့လည်း မဖြစ်နိုင်ဘူး။ မကြုံ စဖူး ကြုံခဲ့ရတဲ့ ဒီသဘာဝဘေးက
ကျွန်မတို့ရဲ့ စားဝတ်နေရေးကိုပါ ခက်ခဲစေတယ်”ဟုစစ်ကိုင်းဒေသကြီး၊တမူးခရိုင်တွင် ရောင်းဝယ် လုပ်ကိုင်စားသောက်နေရင်း
ဆိုးရွာသည့် ရေကြီးမှုကြောင့် ဒုက္ခရောက်ခဲ့ ရသည့် ဒေါ်ညိုက ပြောသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လွန်ခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတို့၌ ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများ ကြောင့် အိမ်ခြေများ
ရေနစ်မြုပ်ခြင်း၊ မျောပါခြင်းတို့ ဖြစ်ပွားခဲ့ပြီး မြန်မာ နိုင်ငံတစ်ဝန်းရှိ ရေဘေးဒဏ်ခံဒေသ အသီးသီးမှ အိမ်ထောင်စုပေါင်း ၄၁၉,၂၄၈ စု
ရေဘေးသင့်ခံရကာ အိမ်ရာပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း သည်။

Credit; The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service