အဆင့်မြင့်မြို့တော် စီမံကိန်း စက်တင်ဘာလတွင် ပြန်လည်စတင်မည် - Property News in Myanmar from iMyanmarHouse.com
1218 Views

အဆင့်မြင့်မြို့တော် စီမံကိန်း စက်တင်ဘာလတွင် ပြန်လည်စတင်မည်

စီမံကိန်း တာဝန်ရှိသူများမှ စာရင်းချုပ်လုပ်ငန်းများကို လုပ်ကိုင်နေသောကြောင့်အဆင့်မြင့်မြို့တော်
တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ကိုင်မှုအား ခေတ္တရပ်ဆိုင်းထားရာမှ စက်တင်ဘာလ(၁၃)ရက်နေ့မှစတင်ကာစီမံကိန်းဧရိယာ
အတွင်းပါဝင်သည့် ကျေးရွာများ၏ လယ်မြေများအား လာရောက်အပ်နှံခြင်းနှင့်စတင်၍စီမံကိန်းကြီးအား ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌ၏ စကားကို ကိုးကား၍ ဒေသခံ ကိုမြတ်ဆွေက ပြောသည်။

“သူတို့တစ်တွေအနေနဲ့ စက်တင်ဘာလထဲမှာ ပြန်စလုပ်မယ်။ အားလုံးအဆင်ပြေသွားပါပြီး။ ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့ကလည်း ဒီစီမံကိန်းကြီး ဖြစ်မြောက်ဖို့အတွက်ပဲ ရှိတာပါ။ ဘာလို့လဲဆိုတော့ ဒီစီမံကိန်းကြီးက ကျွန်တော်တို့ ဒေသခံတွေရဲ့ဘ၀ကို မြင့်မားစေနိုင်တဲ့
အတွက်ပါ။

အခုပြန်အပ်ဖို့ကျန်တဲ့လယ်ယာတွေကိုလည်း ဒေသခံတွေအများစုအပ်ကြမှာပါ”ဟု ကိုမြတ်ဆွေက ပြောသည်။
အဆိုပါ တံတားဦးအဆင့်မြင့်မြို့တော် စီမံကိန်းကြီးအား ကတို့ဆိပ်ကျေးရွာ အုပ်စု၊ ခေါင်းကွဲကျေးရွာ အုပ်စု၊ လက်ဆောင်ယူ ကျေးရွာအုပ်စုနှင့် ငါးရာပြ ကျေးရွာအုပ်စုဟူ၍ ကျေးရွာအုပ်စု လေးအုပ်စု အတွင်းရှိ ဧက (၂၂၀၀) အတွက် တစ်ဧကလျှင် သိန်း (၁၀၀) နှုန်းဖြင့်နစ်နာကြေး ပေးချေထားပြီး သုံးဧက အပ်နှံပါက စီမံကိန်းကြီးဧရိယာအတွင်းတွင် ပေ (၄၀) ပေ (၆၀) အကွက်တစ်ကွက် ထပ်မံရရှိမည့် စနစ်ဖြင့် ပေးချေမှု ပြုလုပ်ခဲ့သည်။

ယခု စက်တင်ဘာလ (၁၃) ရက်နေ့တွင်လည်း မူလဈေးအတိုင်းဖြင့်လယ်မြေများအား ပေးချေသွားမည်ဖြစ်ပြီး
အပ်ရန် ကျန်မြေမှာ (၂၇၀၀) ဧကခန့် ကျန်နေသေးသည်။

“ဒေသခံတွေအနေနဲ့ကတော့ အများစုကအပ်ကြမှာပါ။ ဒါပေမဲ့ အခုကလယ်မြေတွေက တချို့မြေတွေက ပွဲစားတွေ လက်ထဲမှာ ရှိနေပါသေးတယ်။ သူတို့ကတော့ ဘာလုပ်မယ် မသိသေးဘူး။ ဒေသခံ တောင်သူတွေကတော့ ဒီစီမံကိန်းကြီး ဖြစ်မြောက်စေချင်နေတဲ့အတွက် အပ်ကြမှာပါ” ဟုဒေသခံ လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုမြတ်ဆွေက ပြောသည်။

အဆင့်မြင့်မြို့တော်စီမံကိန်းကြီးအား အကောင်အထည်ဖော်မှု ကြန့်ကြာနေသည့်အတွက် ဇွန်လ (၂၅) ရက်နေ့တွင် အဆိုပါမြို့တော်စီမံကိန်းအနီးတွင် အင်အား (၁၅၀) ခန့်ဖြင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် ခဲ့ကြသေးသည်။

တံတားဦး အဆင့်မြင့်မြို့တော်စီမံကိန်းကြီးသည် ဧက (၅၀၀၀) အကျယ်ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး၊ ဟိုတယ်ဇုန်အပြင်အိမ်ရာစီမံကိန်းများ၊ ဈေး၊ ကျောင်း၊
ဆေးရုံနှင့်မြို့တော်တစ်ခုတွင်ရှိသင့်သည့်အရာများအားလုံးပါဝင်သွားမည် ဖြစ်သည်။

Credit; Messenger News Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service