ခပ်သွက်သွက်လေး တစ်ကျော့ပြန် လာ တော့မလား - Property News in Myanmar from iMyanmarHouse.com
2808 Views

ခပ်သွက်သွက်လေး တစ်ကျော့ပြန် လာ တော့မလား

နေပြည်တော်သားတို့အတွက်မင်္ဂလာသတင်းလေးတွေ ကြားသိရသလောက်ပြောပြပါ့မယ်။
စောစောရက်တွေကအရှေ့ခြမ်းစစ်ဖြစ်၊အနောက်ခြမ်းရေနစ်၊အလယ်ခြမ်း ရန်ဖြစ်စတဲ့နိုင်ငံရေးနဲ့ သဘာဝဘေး ရာသီဥတုဟာ အခု ပြန်လည်သာယာစပြုလာပါပြီ။

အဲဒီရက်မတိုင်မှီရန်ကုန်မန္တလေးနဲ့  အခြားမြို့
ကြီးများရဲ့ မြေဈေးရပ်တန့်မှုဒဏ်ကို နေပြည်တော် လည်း ၅၀%လောက် ဂယက် ရိုက်ခံလိုက်ရပါတယ်။
၎လနီးပါး ရောင်းအားထက်ဝက်လောက်ပြုတ်ကျခဲ့ရပါတယ်။

ဒါပေမယ့် ကံကောင်းတာက နေပြည်တော်
မြေကွက်တွေကအခြားမြို့တွေထက်လည်းကျယ် ၊ကွန်ကရစ်လမ်းတွေလည်း လမ်းကြိုလမ်းကြားမကျန်ခင်း၊
ဈေးနှုံးတွေကလည်းအနိမ့်ဈေး တွေဖြစ် နေတော့
အောက်ဈေးလေးနဲ့ နေရာကွက်ကြား ကြိတ်ဆွဲ နေခဲ့ကြတာပါ။

အခြားမြို့ကြီးတွေလိုတော့ လုပ်ငန်းရပ်တန့် မသွားကြပါဘူး။စရိတ်ကာအခြေအနေနဲ့ လည်ပါတ် နေနိုင်ကြပါတယ်။ဝယ်တဲ့သူအများစုဟာ နေဖို့ ရည်ရွယ်ပြီးဝယ်နေကြသူတွေပါ။ရင်းနှီးမြှုပ်နှံထားပြီး
မြတ်ရင်ပြန်ရောင်းမယ့်သူကအနည်းငယ်လောက်ပဲပါခဲ့ပါ တယ်။

အခု နေရာစုံ အရောင်းအဝယ်လေးတွေ ခပ်သွက်သွက် ပြန်ဖြစ်လာတာ တွေ့ရပါတယ်။
လတ်တလော ချပေးလိုက်တဲ့ ပုဗ္ဗ ဘူတာအနီး၊ ဈေးအနီးက ၆၀ ၈၀ နဲ့ ၈၀ ၈၀ မြေကွက် အသစ်တွေအရောင်း
သွက်ပါတယ်။ ပေ၁၅၀ လမ်း ပေ၈၀လမ်းအားလုံးကွန်ကရစ် ၂၄ပေ အကျယ် ခင်းပြီးသွားတော့ ပေ၆၀ ကြားလမ်း
တွေကိုပါ ကွန်ကရစ် ဆက်ခင်းပေးနေပါတယ်။

လမ်းအားလုံးအတွက် အခွင့် အရေးအတူတူရကြတာပါ။ပုဗ္ဗhotel zone
က စံချိန်Hotel ဘေးမှာ မန္တလေးကနာမည်ကြီး ဧရာဝတီ ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အခြား ကျောင်းတွေ
ရောက်လာပါတော့မယ်။မြို့နယ် ကောင်စီရုံးရှေ့မှာလည်း Wet Market တစ်ခု ဖွင့်ပါတော့မယ်။ ချင်းတွင်းလမ်းမဘေးကဝန်ထမ်းအိမ်ယာတွေမှလည်း ဝန်ထမ်းတွေရောက်လာပါတော့မယ်။

Cable TV Lineတွေလည်း ပုဗ္ဗရှိအိမ်တိုင်းလိုလို
တပ်ဆင်ခွင့်ရတော့မှာဖြစ်ပြီး မိမိအိမ်ကနေ ရုံးတက်ချင်တဲ့ဝန်ထမ်းများအတွက်လည်း အခမဲ့ ဖယ်ရီ တွေပြေးဆွဲပေးပါတော့မယ်။
မကြာမှီကျောင်းသားတွေ ဈေးဝယ်တွေနဲ့ အတန်အသင့်စည်ကားလာပါတော့မယ်။တပ်ပုဗ္ဗလည်း အရောင်းအဝယ်သွက်ပါတယ်။ဆေးရုံ လည်းဖွင့် ပြီး လမ်းတွေစခင်းလာတော့ တပ်ပုဗ္ဗက အခြေအနေအဆိုးကြီး သိပ်မဖြစ် နိုင်တော့ပါဘူး။

လုပ်နေတဲ့ပုဗ္ဗ ဒေသဖွံဖြိုးစည်ကားရေး စီမံကိန်းတွေကြောင့် တပ်ပုဗ္ဗနဲ့အရပ်ပုဗ္ဗ၂ခုလုံးက အိမ်ရှင်တွေ
အကျိုးဆောင်တွေ လက်ရှိအခြေအနေထက် သာယာလာပါတော့မည်။

ဇမ္ဗူသီရိကတော့ ကျောက်ပွဲကို အားခဲ ခဲ့ပေမယ် လွဲချက်ကနာ ဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ကျောက်ပွဲမှာ ကျောက်သမားအချို့
မြေကွက်အတော်များများကြည့်ထားပေမယ့် ကျောက်တွေဈေးကောင်းမရလို့ ငြီး ပြန် သွာပါတယ် ။ဘာမြေကွက်မှ ဝယ်သံမကြားရပါဘူး။ဒီမှာအခြေချမယ့် ဝန်ထမ်းတစ်ချို့သာ ရွှေကြာပင် ၂၀၀ -၃၀၀ တန်လေးတွေ ကွက်တိကွက်ကြား ဝယ်ကြတာတွေ့ရပါတယ်။

ရွှေစည်တော် နဲ့ဂေါက်ကွင်းကြား အသစ်ဖေါ်ထုတ်လိုက်တဲ့ ၁၀၀ပါတ်လည် တွေကတော့ view ကောင်း ပြီး သပြေကုန်းထက်ဈေးချိုလို့ မြေပြင်ပေါ်မှာ နေရာသတ်မှတ်
မပေးနိုင်သေးခင် မြေပုံပေါ်မှာ ပဲ အားလုံးရောင်းလိုက် ရကြောင်းသိရပါတယ်။

နေပြည်တော်သမိုင်းတစ်လျှောက်မှာတော့ မြေပေါ်မရောက်ပဲ ကုန်သွားတဲ့မြေကွက်အဖြစ် မှတ်တမ်းတင်ရမ လို လို ပါ။
ဇမ္ဗူသီရိ အတွက် အထူးခြားဆုံး ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံသံရုံး ဖွင့်ဖို့ ၆ထပ် Condo တစ်ခု လုံး ကို ငှားလိုက်တယ်လို့ကြားသိရပါတယ်။

အခြားနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ဂျပန် ၊ကနေဒါ သံရုံးတွေလည်း လာရောက်ဆွေးနွေး နေကြောင်း မိတ်ဆွေအချို့ထံမှ ကြားသိရပါတယ်။
နေပြည်တော်စကတည်းက ရန်ကုန်မှာနေခဲ့တဲ့ သံရုံး တွေ နေပြည်တော်မှာလာဖွင့်တော့မယ်ဆိုတာ ကြားသိရတော့ နေပြည်တော်သူဲံ့ နေပြည်တော်သား တွေ အနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ် ။

ဒက္ခိဏလည်းအိမ်ပါပြီးဈေးချိုတဲ့မြေကွက်တွေအတော်လေးရှားစပြုလာပါပြီ။ လေကြောင်းလိုင်းနဲ့ နိုင်ငံတော်ဧည့်ဂေဟာ
ဝန်ထမ်းတွေငှားနေကြလို့ ငှားစရာအိမ် နည်းနည်းရှာချင်လာပါပြီ။ မနှစ်က ၂၀၀ -၂၅၀ ကြားဝယ်လို့ရတဲ့ ၈၀ပါတ်လည် မြေလွတ်တွေ ဟာ
အခု ၂၅၀-၃၀၀ကြားလောက်မှ ရပါတော့မယ်။

ဒက္ခိဏ SME စက်မှုဇုန်မှာ ယခင်နှစ်က ဓာတ်ငွေ့စက်ရုံအပါ စက်ရုံအနည်းငယ်သာရှိခဲ့ပေမယ့်
လက်ရှိအချိန်မှာစက်ရုံကြီးတွေဝင်ရောက်စပြုလာပါပြီ။တရုတ်နိုင်ငံက ဆိုင်ကယ် စက်ရုံ ကြီးတစ်ခုလုပ်ငန်းစနေပါပြီ။နေပြည်တော်သားတွေ
အလုပ်ရပါတော့မယ်။ဘိလပ်မြေစက်ရုံအုပ်စုကြီး၁ခုကလည်း ၁၅ဧကလောက် ငွေချက်ချင်းသွင်းပြီးယူသွားပါတယ်။

ကွန်ကရစ်ဓာတ်တိုင်ထုတ်မယ့် ကုမ္ပဏီကြီးတွေလည်း မြေကွက်တွေ ယူထားကြောင်းကြားသိရပါတယ် ။စက်မှုဇုံအနီး ရွှေအင်ကြင်းက ၇၀/၈၀တန်တွေ
အကုန်ပြောင်သွားပါပြီ ။ ၁၀၀ကျော်မှ ဝယ်လို့ ရပါတော့မယ်။ဒက္ခိဏသားနဲ့လယ်ဝေးသားတွေ လည်း အလုပ်အကိုင်တွေရလို့အဆင်ပြေကြပါတော့မည်။

ဒက္ခိဏဈေးက ဈေးသည်တွေလည်း ရောင်းပန်းသာလို့ဝယ်ပန်းပွင့်ကြပါတော့မည်။ဒက္ခိဏကားဂိတ်လည်း
စီးသူမပြတ် လည်ပါတ်ပါတော့မည်။

ကြမ်းခင်းဈေးပင်မရှိသေးတဲ့ နေပြည်တော်မြေကွက်အများစုကတော့ ဘာဝဘေးကင်းလွတ်စွာ ၊နေထိုင်မှုလုံခြုံစိတ်ချစွာ
သွားလာရေး လွယ်ကူစွာ ဖြင့် အတက်အကျ အနိမ့်အမြင့် သိပ်မရှိလှပဲပုံမှန်ရောင်းဝယ် နေရင်းနဲ့ ရွေးကောက်ပွဲအလွန် သာယာသောရာသီဥတုသို့ ပုံမှန်ချီတက်နေတာ တွေ့မြင်ရပါကြောင်း။ ။

Credit: Ko Gyi Kyaw

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service