ရန်ကုန် အိမ်ခြံမြေဈေး စံနှုန်းသတ်မှတ်ချက် ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
984 Views

ရန်ကုန် အိမ်ခြံမြေဈေး စံနှုန်းသတ်မှတ်ချက် ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅ ဘဏ္ဍာနှစ်အတွက် မြေဈေးနှင့်တိုက်ခန်းဈေး စံနှုန်းသတ်မှတ်ချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။ ``ဒီဈေးနှုန်းတွေက လက်ရှိအချိန်နဲ့လည်း အမှန်တကယ်ကိုက်ညီမှုရှိသလို မျှတမှုလည်း ရှိတဲ့အတွက် တရားဝင်သတ်မှတ်ချက်ကို ထုတ်ပြန်ပေးခဲ့တာဖြစ်တယ်´´ဟု ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ ထုတ်ပြန်ရာတွင် မြို့နယ်အလိုက် ဂရန်မြေတစ်စတုရန်းပေအလိုက် သတ်မှတ်ပေးခြင်းဖြစ်ပြီး၊ တိုက်ခန်းများမှာလည်း အထပ်အမြင့်အနိမ့်ပေါ် မူတည်၍ တစ်စတုရန်းပေ ဈေးနှုန်းများကို သတ်မှတ်ပေးခြင်း ဖြစ်သည်။
သတ်မှတ်ချက်တွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ဂရန်မြေတစ်စတုရန်းပေလျှင် အနည်းဆုံး (၁၄၀၀၀၀)ကျပ်မှ အများဆုံး(၂၄၀၀၀၀)ကျပ်ရှိပြီး၊ လမ်းအနေအထားပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်ပြင်ပရှိ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒဂုံဆိပ်ကမ်း၊ ဒလ စသည့်မြို့နယ်များတွင် တစ်စတုရန်းပေလျှင် အနည်းဆုံး (၄၆၀၀)ကျပ်မှ အများဆုံး ကျပ်(၉၀၀၀)၀န်းကျင် သတ်မှတ်ထားပြီး၊ တောင်ဥက္ကလာပ၊ တာမွေ စသည့်မြို့နယ်များတွင် အများဆုံး (၁၁၀၀၀၀)ကျပ်ဝန်းကျင်ဟု သတ်မှတ်ထားသည်။

``ဒီစံနှုန်းတွေသတ်မှတ်ဖို့အတွက် အိမ်ခြံမြေအသင်းကို အကူအညီတောင်းပြီး ဖြစ်နိုင်တဲ့ဈေးကို တင်ပြပြီးသွားပြီ။ အခုထုတ်ပြန်တဲ့စာရင်းကို မကြည့်ရသေးတော့ အတိအကျ ပြောလို့မရဘူး´´ဟု အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခုနှစ်အတွက် မြေဈေးနှုန်း သတ်မှတ်ရာတွင် မြို့နယ် (၄၄)မြို့နယ်၏ မြေဈေးစံနှုန်းများ သတ်မှတ်ခြင်းဖြစ်ပြီး၊ ထိုသတ်မှတ်ချက်တွင် လမ်းအနေအထား၊ မြေအကျယ်အ၀န်းပေါ် မူတည်၍ စံနှုန်းမှာ ကွာဟမှုများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။ တိုက်ခန်းများရောင်းဝယ်ခြင်းအပေါ် စည်းကြပ်ရန် အဆိုပြုစံနှုန်းများမှာ မြောက်ဥက္ကလာပ၊ သာကေတ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် တစ်စတုရန်းပေလျှင် မြေညီထပ်မှာ (၃၀၀၀၀)ကျပ် ၀န်းကျင်ဖြစ်ပြီး၊ (၇)လွှာမှာ (၁၄၀၀၀)၀န်းကျင်ဖြစ်ကြောင်း သိရသည်။

ယင်းပြင် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နှင့် ဒဂုံမြို့နယ်များတွင် တစ်စတုရန်းပေလျှင် မြေညီထပ် (၁၂၀၀၀၀)ကျပ် ၀န်းကျင်၊ အမြင့်ဆုံး (၇)လွှာမှာ (၃၇၀၀၀)၀န်းကျင် ဖြစ်သည်။

Credit: Messenger News Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service