ရပ်တန့်နေသည့် ရန်ကုန်မြို့၏ မြေအသုံးချမှုဇုန် Zoning plan ကိုပြန်လည်ရေးဆွဲတော့မည် - Property News in Myanmar from iMyanmarHouse.com
1010 Views

ရပ်တန့်နေသည့် ရန်ကုန်မြို့၏ မြေအသုံးချမှုဇုန် Zoning plan ကိုပြန်လည်ရေးဆွဲတော့မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ၊ ၀န်ကြီးဌာနများ၊ မြို့ပြစီမံကိန်း ပညာရှင်များရေးဆွဲပြီးအကြောင်း အမျိုးမျိုးဖြင့် ရပ်တန့်နေသည့် ရန်ကုန်မြို့၏ မြို့မြေအသုံးချမှုဇုန် Zoning plan ကို ပြန်လည်ရေးဆွဲတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထံမှ သတင်းရရှိသည်။

ရန်ကုန်မြို့တော် မြေအသုံးချမှု အတွက် တိကျသေချာသည့် မြို့နယ် အလိုက် ပါဝင်သည့် Zoning
Plan များပေါ်ထွတ်လာခြင်း မရှိသေးသသည့် အချိန်ကာလတွင် လုပ်ကိုင်ခဲ့သည့် ရွှေတိဂုံဝန်းကျင်
ရှိ စီမံကိန်းလုပ်ငန်းကြီးများ မှာ ဝေဖန်ခံနေရသည့် အပြင် လုပ်ငန်းများ ရပ်ဆိုင်းထားရန် မြန်မာနိုင်ငံ
ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဘက်မှ ညွှန်ကြားလာသဖြင့် ရင်းနှီးမြုပ်နှံသူများနှင့် ယင်းစီမံကိန်းများနှင့်
ပက်သက်ဆက်နွယ်သူများ နစ်နာမှုများ အများအပြား ဖြစ်ပေါ်လာခဲ့သည်။

““ ရွှေတိဂုံနားက စီမံကိန်းတွေကိစ္စက Zoning plan မရှိသေးတာကြောင့်လည်းပါတယ်၊ စီမံကိန်းလုပ်
ငန်းတွေကိုချပေးတုံးကလည်း ပညာရှင်တွေနဲ့ မတိုင်မင်ခဲ့ဘူး၊ အခုတော့ ရပ်တန့်နေတဲ့ Zoning Plan
ကို ပြန်လုပ်ဖို့တော့ ပြောလာပါပြီ "" ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကြံပေး
မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်မှ ဇွန်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့်
Yangon without Traffic jam ပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့၏ မြို့မြေအသုံးချမှု ဇုန် Zoning plan ရေးဆွဲရေးအတွက် ပြန်လည်ရေးဆွဲကြမည်
ဖြစ်ပြီး ဥပဒေတစ်ရပ်အဖြစ် တိတိကျကျ ပေါ်ထွတ်လာစေ၇န် အတွက်လည်း လိုအပ်နေ
သည့် အတွက် မြို့ပြစီမံကိန်းပညာရှင်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများမှ ကြိုးပမ်းဆောင်ရွက်
လျက်ရှိနေသည်။

၂၀၁၃ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်ရေးဆွဲခဲ့သည့် Zoning plan မှာ ၂၀၁၅ ဇွန်လ လယ်အထိ မြို့နယ်
ပေါင်း ၃၃ မြို့နယ်အနက် ၁၅ မြို့နယ်အတွက်သာ ရေးဆွဲမှု ပြီးစီးထားသည့် အနေအထားကြောင့်
လည်း ကျန်ရှိသည့် မြို့နယ် ၁၈ မြို့နယ်အတွက် အင်တိုက်အားတိုက်ဖြင့် အမြန်ဆုံးရေးဆွဲရန်လို
အပ်ကြောင်း မြို့မြေ အသုံချမှုဇုန် ရေးဆွဲေ၇းတွင် ပါဝင်သူများထံမှ သတင်းရရှိသည်။
ရန်ကုန်မြို့တော်၏ မြို့ပြမြေ အသုံးချမှုဇုန် ( Zoning plan )တွင် မြို့ပြမြေအသုံးချမှု၊ စီမံခန့်ခွဲမှု၊
အဆောက်အအုံ အမြင့်သတ်မှတ်ချက်များ ကိုဇုန်အလိုက်ခွဲခြားရေးဆွဲထားပြီး မြို့ပြကို ဟန်ချက်ညီ
ညီ ဖွံ့ဖြိုးတိုးတက်စေ၇န် အတွက်လည်း ဥပဒေ နှင့်နည်းဥပဒေ များပါဝင်လာမည့် ဥပဒေကြမ်းတစ်
ခုဖြစ်သည်။

၂၀၁၃ ခုနှစ်မှ စတင်ရေးဆွဲခဲပသည့် Zoning plan ရေးဆွဲနိုင်ရန် အတွက်ည်း YCDC ၊ ဆောက်လုပ်
ရေးဝန်ကြီးဌာန၊ သိပံနှင့်နည်းပညာဝန်ကြီးဌာန ၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်
ရေးအဖွဲ၊ မြန်မာနိုင်ငံဗိသုကာ အသင်း နှင့်JICA မှ ပညာရှင်များ ပူးပေါင်းပါဝင်သည့် အဖွဲ့ဖြင့် နိုင်ငံ
တကာတွင် ကျင့်သုံးခဲ့သည့် နည်းလမ်းများအတိုင်း လေ့လာကာ ရန်ကုန်မြို့တော်နှင့် ကိုက်ညီသည့်
အချက်အလက်များ ဖြစ်အောင် ညှိနှိုင်းရေးဆွဲခြဲ့ကခြင်းဖြစ်သည်။

'' မြို့မြေအသုံးချမှုဇုန်ကတော့ ဆက်ပြီးလုပ်ဖို့လိုတယ်၊ မဟုတ်ရင် စမ်းတစ်ဝါးဝါးနဲ့ လုပ်နေရင် ရွှေ
တိဂုံနားက စီမံကိန်းတွေလို ကန့်ကွက်ခံရတာတွေဖြစ်လာနိုင်တယ်၊ တိကျတဲ့ ဥပဒေပြဌာန်ချက်ဖြစ်
တဲ့ zoning plan တို့ zoning law တို့ရှိလာရင် ဒါလိုမျိုးကိစ္စတွေ ဖြစ်မလာနိုင်ပါဘူး "" ဟု စိန်ပြည့်လျှံ
ဆောက်လုပ်ရေးကုမ္မဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်အောင်က ဆိုသည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service