၂၀၁၅ မကျော်ခင်အထိ ကြိုပွိုင့် အခန်းများဝယ်ယူခြင်းကို ရှောင်ရှားသင့် - Property News in Myanmar from iMyanmarHouse.com
643 Views

၂၀၁၅ မကျော်ခင်အထိ ကြိုပွိုင့် အခန်းများဝယ်ယူခြင်းကို ရှောင်ရှားသင့်

ယခုအခါတွင်လည်း ရွေးကောက်ပွဲနီးပြီဖြစ်သည့်အတွက်လည်းယခုလက်ရှိ မြန်မာအိမ်ခြံမြေဈေးကွက်သည် စောင့်ကြည့်ကာလတွင်ရှိနေသည့်အတွက်အရောင်းအဝယ်ပါးလျက်ရှိသည်။ ယင်းမှာလည်း နိုင်ငံရေး အခြေ အနေတည်ငြိမ်မှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အောင်မြင်မှုရရှိမည်ဖြစ်သည်။

အဘယ့် ကြောင့်ဆိုသော နိုင်ငံရေးအခြေအနေသည် နိုင်ငံအတွင်း ကိစ္စအဝဝကို ပြောင်းလဲစေနိုင်သည့် တိုက်ရိုက် အချိုးကျသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထို့ကြောင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလိုအပ်ပါက နိုင်ငံရေးအ ခြေအနေတည်ငြိမ်ရန်လည်း အထူးလိုအပ်ပေသည်။
လက်ရှိ မြန်မာနိုင်ငံသည်လည်း နိုင်ငံအုပ်ချုပ်ရေးယန္တယားတစ်ခုသို့ ပြောင်းလဲကျင့်သုံးလာသည်မှာ နှစ်အနည်း ငယ်သာရှိသေးသည်။

ရွေးကောက်ပွဲမှာလည်း နီးကပ်နေပြီလည်းဖြစ်သည်။ ထို့အတွက်လည်း ပြည်တွင်း ဈေးကွက်စီးပွားရေးတစ်ရပ်လုံး ငြိမ်သက်နေခြင်းဖြစ်သည်။ ယခုလပိုင်းအတွင်း ထူးခြားလာသည်မှာအထက် မြင့်အဆောက်အဦးတည်ဆောက်ခြင်းနှင့် ကန်ထရိုက်တာများခြေရှုပ်လာခြင်းပင်ဖြစ်သည်။ ရန်ကုန်မြို့ စည်ပင် သာယာနယ်နိမိတ်အတွင်း ခြံပိုင်ရှင်၊ မြေပိုင်ရှင်များကိုကန်ထရိုက်တာများမှအကျိုးတူပူးပေါင်း၍ကန်ထရိုက်တိုက်များ ဆောက်လုပ်ရန် ရေလာမြောင်ပေးပြုလုပ်မှုများ၊ကန်ထရိုက်တိုက်များဆောက်လုပ်ရန် မြေနေရာဝယ် ယူမှုများ ပိုမိုများပြားလာခဲ့ကြောင်း ကြားနေရသည်။

ထိုနည်းအတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီတွင်လည်းအထပ်မြင့်တည်ဆောက်ခွင့်လျှောက်ထားမှုများမြင့်တက်လာခဲ့သလို တည်ဆောက်နေသော အထပ်မြင့် အဆောက်အဦးများမှာလည်း များသထက်များလာခဲ့သည်။ ယင်းနောက်ကွယ်မှအကြောင်းအရင်းမှ ရွေးကောက်ပွဲပင်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲတွင်မည်သို့မည်ပုံလာမည်ကို မသိ၍ကန်ထရိုက်တာများမှာယခုကျန်သေးသည့်အချိန်အတွင်း တည်ဆောက်ခွင့်များကိုလျှောက်ထားခြင်းဖြစ်ကာ စည်ပင်မှလည်းတည် ဆောက်ခွင့်ချထားပေးလျက်ရှိသည်။ အသေအချာ စိစစ်ပြီး ချထားပေးခြင်း ရှိ၊မရှိကိုမှု သတိပြုရမည်လည်းဖြစ် သည်။

“မြို့တော်စည်ပင်ကလည်း နောက်တပ်မယ့် မြို့တော်ဝန်နဲ့ ဘယ်လိုဘယ်ပုံ စခန်းသွားရမယ်ဆိုတာ မသိတော့ ကန်ထရိုက်တိုက်ဆောက်လုပ်မှုလုပ်ငန်းတွေကိုဖြေလျော့ပေးပြီး ဆောက်ခွင့်ပေးတာတွေတွေ့လာရ တယ်။ အခုတစ်ချို့ အဆောက်အဦးဒီဇိုင်းတွေဆို Photoshop နဲ့ပြင်ပြီးတင်တာတွေ့လာရတယ်။ ဒီလိုပုံစံနဲ့ပဲ အထပ်မြင့် အဆောက်အအုံတည်ဆောက်ခွင့်ကို လျှောက်ပြီး ဆောက်လုပ်ဖို့စီစဉ်နေကြတာတွေ့နေရတယ်” ဟု ကန်ထရိက်တာတစ်ဦးကလက်ရှိကန်ထရိုက်တာလောကနှင့် ၂၀၁၅ရွေးကောက်ပွဲနီး မြန်မာအိမ်ခြံမြေ ဈေးကွက်ကို သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ နည်းမျိုးများဖြင့် ကန်ထရိုက်တိုက်များကို တည်ဆောက်လာမှုများကြောင့် ပြည်တွင်းကန်ထရိုက် တိုက်ဝယ်ယူလိုသူများအနေဖြင့်အထူးသတိပြုရမည်လည်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အဆောက်အဦး တည်ဆောက်ခွင့်ကို အသေချာ စိစစ်ခြင်းမရှိဘဲ ချထားပေးသည်များရှိခဲ့ပါကခိုင်ခန့်မှုနှင့် ရေရှည်နေထိုင်နိုင်ရန်ခိုင်ခန့်မှုမရှိပါကဝယ်ပြီးမှ နောင်တရစရာများကြုံလာစရာရှိသည်။

ပုံမှန်အားဖြင့် ကန်ထရိုက်တိုက်တစ်လုံး တည်ဆောက်ချိန်သည် အများဆုံး တစ်နှစ်ဟုဆိုကြလျှင် ၂၀၁၅ ရွေးကောက်ပွဲအပြီး နောက်တက်လာမည့် အစိုး ရ၏ မှုဝါဒအပြောင်းအလဲများရှိလာနိုင်သည့်အတွက်ကြောင့် ယခင်ချထားပေးသည့် ကန်ထရိုက်တိုက်များတွင် မပြီးပြတ်သေးသည့် တိုက်များရှိလာပါက အာမခံချက်မရှိနိုင်ပေ။

ထို့အတွက်ကြောင့် ပြည်တွင်းရှိကန်ထရိုက်တိုက်ဝယ်ယူမည့်သူများ အနေဖြင့် လက်ရှိကာလအနေအထားများကြောင့် ကြိုပွိုင့်တိုက်ခန်းများဝယ်ယူရန်ထက်အသင့်နေတိုက်ခန်းများကို ပိုမိုဝယ်ယူသင့်ပေသည်။

ယင်းအသင့်နေတိုက်ခန်းများမှာ ကြိုပွိုင့် အခန်းများ ထက်ဈေးနှုန်းသက်သာလေသည်။ ထိုသို့မှ မဟုတ်လျှင် ကြိုပွိုင့်တိုက်ခန်းကိုသာမဖြစ်မနေဝယ်ယူရမည်ဆိုပါက စာချုပ်ပါအချက်အလက်များကိုအထူးဂရုပြုသုံးသပ်သင့်ပေသည်။

ထို့အပြင် ရွေးကောက်ပွဲအလွန်အိမ်ခြံမြေ ဈေးကွက်အနေအထားတွင်လည်း ခြံမြေထက် ကန်ထရိုက်တိုက်ခန်း များမှာ ပိုမိုဈေးမြင့်တက်လာနိုင်ပေသည်။ “ ကျွန်တော်အထင် ၂၀၁၅ရွေးကောက်ပွဲအလွန်မှာ မြေဈေး မတတ် နိုင်ဘူး။ ကျလာနိုင်တယ်။ ဘာဖြစ်လို့ လဲဆို တော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့အနေနဲ့ အစိုးရကဖြေလျှော့မှု နည်းမျိုးစုံနဲ့ ဖြေလျော့ပေးလိမ့်မယ်။

အဓိကကတော့ကန်ထရိုက်တိုက်တည်ဆောက်ခွင့် တွေပေါ့။ ကန်ထရိုက်တိုက် တည်ဆောက်မှုများလာရင် ကန်ထရိုက်တိုက်ခန်းတွေများလာမယ်။ အရင်က အိမ်တစ်လုံးမှာ မိသားစုနှစ်သာနေနိုင်ပေမဲ့ အခုကန်ထရိုက်တွေကြောင့် အဲ့မြေကွက်မှာပဲ မိသားစုရှစ်စုကနေ ဆယ့်နှစ်စုထိနေနိုင်နေပြီ၊ ဒီလိုဆိုရင် မြို့တွင်းလိုနေရာမှာတင် ဈေးအရမ်းကြီးတဲ့ မြေကို မဝယ်တော့ဘဲ တိုက်ခန်းတွေကိုပိုမိုဝယ်ယူလာကြလိမ့်မယ်။
အဲ့အချိန်ရောက် မြေကွက်ကဝယ်လိုအား လျော့လာတဲ့အတွက် ဈေးကျလာနိုင်တယ်”ဟုမြို့ ပြအင်ဂျင်နီယာတစ်ဦးကဆိုခဲ့သည်။ ယင်းအချက်အလက်မှာလည်း ဖြစ်နိုင်ချေ များသည်။

အကယ်၍ မြေဈေးကစားသူနည်းပါးသွားလျှင် မြန်မာနိုင်ငံအတွင်း မြေဈေးနှုန်းကျဆင်းခြင်းကို ၂၀၁၀ နှောင်းပိုင်း ပထမဦးဆုံအချိန်တွေ့မြင်လာဖွယ်လည်းရှိလေသည်။ သို့သော် ယခုအချိန်တွင်မှု မြန်မာနိုင်ငံ အိမ် ခြံမြေဈေးနှုန်း ဝယ်လိုအား၊ရောင်းလိုအားနှင့်တိုက်ရိုက်အချိုးမကျဘဲ ဈေးကစားသူ၊စီမံကိန်းနှင့်အိမ်ခြံမြေသိုလှောင်သူတို့ကြောင့်သာ ပြည်တွင်း အိမ်ခြံမြေဈေးနှုန်းများ အတက်၊အကျ ကြမ်းလျက်ရှိနေသည်။

ထို့အပြင် နိုင်ငံရေး ရေပြင်မတည်ငြိမ်သေးသည့်အချိန်တွင် ကြိုပွိုင့်အခန်းများ ဝယ်ယူခြင်းမှာ အရဲစွန့်ရာကျလှသည်။
အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသော ကြိုပွိုင့်တိုက်ခန်းများဖြင့်လင့်ကစား ဝယ်ယူသူအနေနဲ့ အသေအချာ စိစစ်ရွေးချယ်သင့်ပေသည်။ မိမိနေအိမ်အဖြစ် ရည်ရွယ်ထားသည့် တိုက်ခန်းအတွက် စိုးရိမ်ပူပန်မှု မရှိစေရန်အချက်အလက်များကိုစိစစ်၍ ရွေးချယ်ဝယ်ယူသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။


လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service