တောင်သူလယ်သမားများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိရေးသည် အရေးကြီးသဖြင့် အလေးအနက်ထား ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယက တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
1103 Views

တောင်သူလယ်သမားများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိရေးသည် အရေးကြီးသဖြင့် အလေးအနက်ထား ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယက တိုက်တွန်း

တောင်သူလယ်သမားများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိရေးသည် အရေးကြီးသဖြင့် အလေးအနက်ထား ဆောင်ရွက်ကြရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တိုက်တွန်း ပြောကြားသည်။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပြီးစီးမှု နှင့် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကို ဇွန် ၃၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများက ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ရှင်းလင်းမှုများအပြီး ၀န်ကြီးဌာနများ၏ အကောင်အထည်ဖော်မှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ ဒုတိယ၀န်ကြီးများကလည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပေါ် ထပ်မံရှင်းလင်းမှုများ ပြုလုပ်မှုအပြီးတွင် လွှတ်တော်နာယကက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေရာမှာ ခုနကတင်ပြသွားတဲ့ကိစ္စမှာ ပုံစံ (၇) ကိစ္စဟာ ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန်အရေးကြီးပါတယ်။ သစ်တောကျူးမြေ၊ သစ်တောမြေ၊ စားကျက်မြေ၊ စုစုပေါင်း ၁ ဒသမ ၅ သန်း ရှိတယ်ပြောပါတယ်။ လုပ်ကွက်ငယ်နဲ့ပြောမယ်ဆိုရင် လူသုံးသိန်း အလုပ်လုပ်နေတာဖြစ်ပါတယ်။ မှီခိုတဲ့သူက လူသုံးသန်းရှိပါတယ်။ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ ဒီကိစ္စဟာ ပြောမယ်ဆိုလို့ရှိရင်တော့ အားလုံးက ၀င်ရောက်ဖြေရှင်းမယ်ဆိုလို့ရှိရင် အများကြီး ချောမွေ့အဆင်ပြေနိုင်မယ့်ကိစ္စ ဖြစ်တဲ့အတွက် အဲဒီတစ်ခုကျန်နေခြင်းဟာ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဆောင်ရွက်နေမှုကို နည်းနည်းလေး ဘေးကနေပြီးတော့ ၀ိုင်းပြီးတော့ ပြောဆိုစရာတွေ ဖြစ်နေပါတယ်။ ဘေးကပြောတာ အရေးမကြီးပါဘူး။ လက်တွေ့ခံစားနေရတဲ့ လယ်သမားတွေအတွက် အများကြီး အရေးကြီးပါ တယ်။ ဒါကြောင့်မို့ ဒီကိစ္စတွေကိုလည်း အလေးအနက်ထား ဆောင်ရွက်ဖို့လိုမယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက“သစ်တောကျူးစားကျက်ကျူးတွေကို ပယ်ဖျက်ပြီးတဲ့အခါမှာလည်း လယ်ယာမြေ ဖြစ်လာတဲ့အခါမှာ ပုံစံ (၇) ထုတ်ပြီးလို့ရှိရင် တရားဝင်ဥပဒေနဲ့အညီ ထုတ်ချေးနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ သစ်တောကျူး၊ စားကျက်ကျူးတွေကို ပြန်ကြည့်မယ်ဆိုရင် သစ်တောကျူးတွေအနေနဲ့ ဒီနေ့ စိုက်ပျိုးနေတာဟာ ၁ ဒသမ ၁ သန်းလောက်ရှိပါတယ်။ နောက်တစ်ခါ စားကျက်ကျူးအနေနဲ့ စိုက်ပျိုးနေတာ လေးသိန်းခြောက်သောင်းလောက်ရှိပါတယ်။ စုစုပေါင်း သစ်တောကျူး စားကျက်ကျူး ဒီနေ့ သီးနှံစိုက်နေတာဟာ ၂ ဒသမ ၅၈ သန်းလောက် ဖြစ်ပါတယ်။ ဒီဟာတွေကို ကျွန်တော်တို့ တရားဝင်လယ်ယာမြေဥပဒေနဲ့ အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ပယ်ဖျက် ပြီးလို့ရှိရင် ကျွန်တော်တို့ ချေးငွေတွေဟာ ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားမှာရှိပါတယ်”ဟု ပြောကြားချက်အပေါ် ထိုသို့ ပယ်ဖျက်ရန်အတွက် လယ်သမားများ (သို့မဟုတ်) ၀န်ကြီးဌာန မည်သူက လုပ်ဆောင်ရမည်ကို သူရဦးရွှေမန်းက ဒုတိယ၀န်ကြီးအား မေးမြန်းသည်။

ထိုသို့ မေးမြန်းမှုအား ဒုတိယ၀န်ကြီးက လယ်သမားများအနေဖြင့် အဆိုပါမြေမှ ပယ်ဖျက်ရန်အတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စု လယ်/စီမှ ဆင့်ကဲဆင့်ကဲ လျှောက်ထားရပြီး ပြည်ထောင်စုအဆင့် ရောက်ရှိပါက ဒုတိယသမ္မတဦးစီး၍ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအရ ပယ်ဖျက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ဒါကြောင့်မို့လို့ ဒုတိယသမ္မတကြီး ကိုယ်တိုင်ဦးစီးဆောင်ရွက်တဲ့ အဖွဲ့ကနေပြီးတော့ အချိန်သတ်မှတ်ပြီး ဆောင်ရွက်မယ်ဆိုရင် အားလုံးအတွက် အဆင်ပြေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အတွင်းရေးမှူးလည်းပါတဲ့အတွက် ဒါကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးမှသာလျှင် အားလုံးအတွက် အဆင်ပြေမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် ပြောကြားလိုပါတယ်”ဟု ဦးရွှေမန်းကပြောကြားသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service