ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ လိုင်စင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အစည်းသို့ လွှဲပြောင်းပေး သွားမည် - Property News in Myanmar from iMyanmarHouse.com
914 Views

ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ လိုင်စင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အစည်းသို့ လွှဲပြောင်းပေး သွားမည်

ဟိုတယ်လုပ်ငန်းများ လုပ်ပိုင်ခွင့်နှင့် ခရီးသွားလာရေးနှင့် ဧည့်လမ်းညွှန် ဆိုင်ရာ လုပ်ပိုင်ခွင့် လိုင်စင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့အစည်းများသို့ လွှဲပြောင်းပေး သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဒုတိယ ၀န်ကြီး ဒေါက်တာ တင်ရွှေက ပြောသည်။ ယမန်နေ့က Sky Star ဟိုတယ်တွင် ကျင်းပသော ဟိုတယ်နှင့် ခရီးသွားလာရေး ဆိုင်ရာ ဥပဒေမူကြမ်းကို တွေ့ဆုံ ဆွေးနွေးပွဲတွင် အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။ ““တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့် တွေကို ပိုမိုပြီးတော့ ရရှိအောင် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အရ တိုင်းဒေသကြီး ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်ထောင်စုနဲ့အတူ ဖွံ့ဖြိုးတိုးတက် စေရမယ်လို့ ရည်ညွှန်ထားတဲ့အတွက် ဒီအချက်ကို ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်””ဟု ၎င်းက ပြောသည်။

ယခု လက်ရှိ အချိန်တွင် ခုတင်အလုံး ရေ (၅၀)အောက်သာရှိသော ဟိုတယ်နှင့် တည်းခိုခန်းများ တည်ဆောက်ခွင့်များကိုသာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ လုပ်ပိုင်ခွင့် ပေးထားခြင်း ဖြစ်ပြီး ခုတင် အရေအတွက်ကို ထည့်သွင်းခြင်း မပြုတော့ဘဲ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ လုပ်ငန်း လိုင်စင်များကို လွှဲပြောင်းပေးသွားမည် ဖြစ်သည်။ ယင်းကဲ့သို့ လွှဲပြောင်းပေး လိုက်သော်လည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုပါဝင်သော ဟိုတယ်များ မပါဝင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ လုပ်ပိုင်ခွင့်များကို ဥပဒေမူကြမ်း အတည်ပြုပြီးမှသာ လွှဲပြောင်းပေးမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ယခင် ဥပဒေပါ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးရမည် ဖြစ်ကြောင်းနှင့် အဆိုပါလုပ် ပိုင်ခွင့်များကို ယခုလွှတ်တော် သက်တမ်း အတွင်းပြီးစီးစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ငွေက ဆိုသည်။


လုပ်ပိုင်ခွင့်များကို ပြည်နယ်နှင့် တိုင်း ဒေသကြီးရှိ အစိုးရအဖွဲ့များသို့ ချမှတ်ပေး လိုက်သော်လည်း ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အစိုးရအဖွဲ့အစည်း တစ်ခုတည်းသာ မဟုတ်ဘဲ ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များ ပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service