တရုတ်နိုင်ငံအိမ်ခြံမြေလုပ်ငန်းရင်းနှီးမြုပ်နှံမှုနှေးကွေးလာပြီး ရောင်းချခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကျဆင်းလာမှု - Property News in Myanmar from iMyanmarHouse.com
816 Views

တရုတ်နိုင်ငံအိမ်ခြံမြေလုပ်ငန်းရင်းနှီးမြုပ်နှံမှုနှေးကွေးလာပြီး ရောင်းချခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကျဆင်းလာမှု

၂၀၁၄ခုနှစ်၊ ပထမကိုးလအတွင်း တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းမျာ ရင်းနှီးမြုပ်နှံမှုဟာ ကျဆင်းလာပြီး အိမ်ခြံမြေအရောင်းအ၀ယ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဒလိမ့်ကောက်ကွေးကျလာတဲ့အတွက် တရုတ်နိုင်ငံရဲ့ စီးပွားရေးကိုလည်း ခြောက်နှစ်အတွင်းအနိမ့်ဆုံးကို ကျဆင်းသွားစေခဲ့ပါတယ်။ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှုလျော့နည်းလာတာဟာ ဘိလပ်မေ့ကနေ ပရိဘောဂလုပ်ငန်းတွေအထိ လုပ်ငန်းကဏ္ဍပေါင်း ၄၀ ရဲ့ တိုးတက်မှုကိုပါ ထိခိုက်စေခဲ့ပါတယ်။

တရုတ်အမျိုးသား စာရင်းအင်းဗျူရိုရဲ့ အဆိုအရ အဲဒီလုပ်ငန်းတွေဟာ ၁၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ သိရပါတယ်။

အိမ်ခြံမြေ ရောင်းချမှုအပေါ်အခွန်ရငွေဟာ ၈ ဒသမ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းသစ်တွေလည်း ၉ ဒသမ ၃ ရာခိုင်နှုန်းနည်းသွားပါတယ်။ အိမ်ခြံမြေ၀ယ်ယူဖို့ ထုတ်ချေးပေးတဲ့ငွေလည်း ၄ ဒသမ ၃ ရာခိုင်နှုန်း နည်းသွားပါတယ်။ အိမ်ခြံမြေ၀ယ်ယူဖို့ ထုတ်ချေးပေးတဲ့ငွေလည်း ၄ ဒသမ ၉ ရာခိုင်နှုန်းလျော့သွားပါတယ်။

စာရင်းဇယားအရ ကမ္ဘာ့ဒုတိယအကြီးဆုံးနှုန်းဟာ ၂၀၁၄ ခုနှစ်ပထမ ကိုးလအတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် ၇ဒသမ၃ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့တဲ့အတွက် ကမ္ဘာ့ငွေကြေးအကျပ်အတည်းဖြစ်ပြီးနောက်ပိုင်း အဆိုးဆုံးဖြစ်ပါတယ်။

ဟောင်ကောင်ရှိ UBS မှ လေ့လာဆန်းစစ်သူ Wang Tao “ တရုတ်နိုင်ငံရဲ့ စီးပွားရေးမှာ အားအနည်းဆုံးကဏ္ဍကတော့ အိမ်ခြံမြေလုပ်ငန်းပဲဖြစ်ပါတယ်” လို့ထောက်ပြထားပါတယ်။ သူကဆက်လက်ပြီး “အစိုးရကလောလောဆယ် ထိန်းချုပ်မှုတချို့ကို ဖြေလျော့ပေးပြီးနောက် အိမ်ခြံမြေအရောင်းက စတုထ္ထသုံးလပတ်မှာ အနည်းငယ်ပြန်တက်လာတယ်။ ဒါပေမဲ့ အကြီးစားဆောက်လုပ်ရေးလုပ်ငန်းမျိုးတွေမှာ တိုးတက်မှုသိပ်မတွေ့ရဘူး။ဒီတော့ စီးပွားရေးက နှေးကွေးနေဦးမှာပဲ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ နောက်ပိုင်းအစိုးရက အိမ်ခြံမြေအပေါင်ခံချေးငွေအပေါ် အတိုးနှုန်းကောက်ခံမှုကို လျော့ချပေးတဲ့အပြင် အိမ်အရစ်ကျ ၀ယ်ယူသူတွေ လက်ငင်းပေးသွင်းရမယ့် ငွေကြေးပမာဏကိုလည်း ၂၀၀၈-၂၀၀၉ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းနောက်ပိုင်း ပထမဆုံးအကြိမ်လျော့ပေးခဲ့ပါတယ်။ ဒီဆောင်ရွက်ချက် တွေဟာ အိမ်ခြံမြေဈေးကွက်ကျဆင်းနေမှုကြောင့် မိမိရဲ့စီးပွားရေးတိုးတက်မှုကို ကာကွယ်ဖို့အကြီးမားဆုံးခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့လေ့လာဆန်းစစ်သူတွေက အဲဒီလှုပ်ရှားမှုဟာ အိမ်ခြံမြေဈေးနှုန်းတွေကျဆင်းနေမှုကို ရပ်တန့်သွားစေမယ်လို့ ပြောဖို့အချိန်စောလွန်းသေးတယ်လို့ ထောက်ပြထားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံရဲ့ မြို့ကြီးတိုင်းမှာ အိမ်ခြံမြေဈေးနှုန်းတွေက စံချိန်တင်ထိုးကျနေလို့ပဲ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာမရောင်းရတဲ့အိမ်တွေအများအပြားကျန်ရှိနေသလို ဘဏ်တွေကလည်း ချေးငွေတွေ တိုးချဲ့ထုတ်ချေးဖို့ အခက်အခဲတွေ့နေပါတယ်။

ရှန်ဟိုင်းမှာ အခြေချတဲ့ Northeast အာမခံလုပ်ငန်းမှ လေ့လာဆန်းစစ်သူ Du Changchun က အိမ်ခြံမြေပေါ်လစီသစ်တွေကို လွန်ခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်မှာ ချမှတ်ပြဋ္ဌာန်းနိုင်ခဲ့တဲ့အတွက်လာမယ့်ဘဏ္ဍာရေးကာလအတွင်း အိမ်ခြံမြေဈေးနှုန်းထိုးကျနေမှုကို ပြန်ပြီးမြှင့်တင်နိုင်ဖို့ မဖြစ်နိုင်သေးဘူး လို့ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ပဉ္စမမြောက်အကြီးဆုံးဆောက်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ တရုတ်နိုင်ငံပင်လယ်ရပ်ခြားမြေနဲ့ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီလိမိတက်ကလည်း မိမိရဲ့တတိယလေးလပတ်အတွင်း အမြတ်ငွေဟာ လွန်ခဲ့တဲ့တစ်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး “အစိုးရကတင်းကျပ်တဲ့ စည်းမျဉ်းတွေဖြေလျော့ပေးတဲ့အတွက် အိမ်ရောင်းချမှုနဲ့ ဈေးနှုန်းတွေကောင်းလာတဲ့ တိုးတက်မှုကိုတွေ့ရှိရပေမယ့် မြေဈေးကွက်ကတော့ အလွန်ငြိမ်ချက်သားကောင်းနေပါတယ်” လို့ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အကြီးဆုံးဘိလပ်မြေကုမ္ပဏီကြီးဖြစ်တဲ့ Ahhui Conch Cement Co.ဆိုရင်လွန်ခဲ့တဲ့တစ်နှစ်ခွဲအတွင်း အိမ်ခြံမြေဈေးကွက်ကျဆင်းလာမှုကြောင့်ဘိလပ်မြေရောင်းချမှုကနေရရှိတဲ့ အမြတ်ငွေဟာအနည်းဆုံးကိုကျဆင်းခဲ့ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်း ငွေလည်ပတ်မှုကျပ်တည်းလာပြီး အကြွေးတင်လာတဲ့အတွက် ဆောက်လုပ်ပြီးအိမ်တွေကို ဈေးလျော့ချပြီး ရောင်းချလာခဲ့ရပါတယ်။ မြေကွက်တွေ ၀ယ်ယူမှုကိုလည်း ရပ်ဆိုင်းထားရပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းအများအပြားဟာ ကြွေးတွေနဲ့ နစ်နေကြပါတယ်။ ဟောင်ကောင်အခြေစိုက် Kim Eng အာမခံလုပ်ငန်းမှ လေ့လာဆန်းစစ်သူ Karen Kwan က “တရုတ်ဆောက်လုပ်ရေး လုပ်ငန်းရှင်အများအပြားဟာ မြေကွက်တွေလျော့ပြီးဝယ်ကာ လုပ်ငန်းကို ဖြည်းဖြည်းပဲဆောက်လုပ်လာကြပါတယ်။ သူတို့ဟာ အချိန်ကောင်းရောက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ တရုတ်နိုင်ငံရဲ့ငွေကြေးစနစ်အပြောင်းအလဲတစ်ခုမပြုလုပ်ဘဲ ရောက်လာနိုင်မှာမဟုတ်ဘူး” လို့ ထောက်ပြထားကြောင်းပါခင်ဗျား။

မောင်ပုဆိုးကြမ်း မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service