BOT စနစ်ဖြင့် ငှားသော မြေကွက်များပေါ်တွင် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ခွင့်ပြုခြင်းမှာ ပိုင်ဆိုင်မှုပြသနာများကို ပိုရှုပ်စေနိုင် - Property News in Myanmar from iMyanmarHouse.com
2663 Views

BOT စနစ်ဖြင့် ငှားသော မြေကွက်များပေါ်တွင် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ခွင့်ပြုခြင်းမှာ ပိုင်ဆိုင်မှုပြသနာများကို ပိုရှုပ်စေနိုင်

နိုင်ငံပိုင်၊ တပ်မတော်ပိုင်၊ စည်ပင်သာယာရေး ကော်မတီပိုင် မြေနေရာများပေါ်တွင်
ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ အိမ်ရာစီမံကိန်းများ တည်ဆောက်နေခြင်းသည် ပိုင်ဆိုင်မှုဆိုင်ရာ ပြသနာများကို ပိုမိုရှုပ်ထွေးစေနိုင်ကြောင်းရန်ကုန်မြို့တော်စည်ပင်
သာယာရေး ကော်မတီမှ ကော်မတီဝင် (၇) ဦးခင်လှိုင် (ဇောတိက)က The Trade Times ကိုပြောကြားခဲ့သည်။

" ပြည်သူပိုင်မြေမှာ BOTနဲ့ချပေးမယ်ဆိုရင် ပြည်သူ့အတွက် အကျိုးပြုမယ့် နေရာဆိုရင် လက်ခံလို့ရပေမယ့် BOT နဲ့ချတဲ့မြေမှာ အိမ်ရာဆောက်လုပ်လို့ကိုမရဘူး။ အချိန်ပြည့်ရင် ပြည်သူကိုပြန်အပ်ရမယ်။ ဒါပုံမှန်ပဲ။ အခုပုံစံအရဆိုရင်အဲ့ဒီမြေမှာလူတွေလည်းနေတဲ့အတွက်
ပြည်သူကို ဘယ်လိုပြန်ပေးမှာလဲ။ ပြောချင်တာတော့ လုပ်တဲ့သူတွေ အဆုံးဖြစ်မှာပဲ။ ၀ယ်သူအနေနဲ့ အဆုံးရှုံးမခံနိုင်ရင် သက်ဆိုင်ရာ ကုမ္ပဏီကနေ refund ပြန်ထုတ်လိုက်ပေါ့"ဟု ၄င်းက ပြောပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တည်ဆောက်လွှဲပြောင်း (Build and Transfer BT) စနစ်၊ တည်ဆောက်- ငှားရမ်း-လွှဲပြောင်း (Build, Lease and Transfer-BLT) စနစ်၊ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးမှုများပြားနေသည့် တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်း (Build, Operate and Transfer-BOT) စနစ်၊ တည်ဆောက်-ပိုင်ဆိုင်-လုပ်ဆောင် (Build, Own and Operate-BOO) စနစ်၊ တည်ဆောက်-ပိုင်ဆိုင်-လုပ်ဆောင်-လွှဲပြောင်း (Build,Own, Opertate and Transfer - BOOT) စနစ်၊ တည်ဆောက်-လုပ်ကိုင်-မျှဝေ-လွှဲပြောင်း (Build, Operate, Share and Transfer-BOST) စနစ်၊ တည်ဆောက်-ပိုင်ဆိုင်-လုပ်ဆောင်-မျှဝေ-လွှဲပြောင်း (Build,Own, Opertate, Share and Transfer- BOOST) စနစ်ဆိုပြီး စနစ်(၇)မျိုးဖြင့်လုပ်ကိုင်နေပြီးအစိုးရပိုင်မြေနေရာများပေါ်တွင် လုပ်ကိုင်ရခြင်း ဖြစ်သည့်အတွက် တိကျသေချာသည့် စည်းမျဉ်းစည်းကမ်းများဖြင့် ကန့်သတ်ချက် အများအပြား ထည့်သွင်းကာတည်ဆောက်မှုစာချုပ်ချုပ်ဆိုကြခြင်းလည်း
ဖြစ်သည်။

"ဟိုတယ်၊ ဆေးရုံတွေက လုပ်လို့ရတယ်။ သူ့စနစ်က နှစ်ပြည့်ရင် ပြန်အပ်ရမှာ။ Residental တွေ၊ အိမ်ရာစီမံကိန်းတွေအတွက်၊ BOT မှာလုံးဝ လက်ခံလို့မရပါဘူး။ MIC ဘက်က ချပေးလို့ လက်ခံတယ်ဆိုရင်တော့ နည်းဥပဒေတစ်ခုက ထပ်လိုနေသေးတယ်"ဟု ၄င်းက ပြောပါသည်။

အခြေခံအဆောက်အဦးများ တိုးတက်စေရန်အတွက် နိုင်ငံတကာတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပူးပေါင်းကာ လွှဲပြောင်းလုပ်ကိုင်သည့် စနစ် (၇) မျိုးဖြင့် လုပ်ကိုင်လေ့ရှိကြသော်လည်း မြန်မာနိုင်ငံတွင်မူ BOT (Build, Opertate and Transfer) စနစ်တစ်မျိုးဖြင့်သာ လုပ်ကိုင်ဆောင်ရွက်မှု များပြားပြီး ကနဦး နှစ် (၅၀)၊ ထပ်တိုး (၁၀) နှစ် (၂) ကြိမ် စုစုပေါင်း နှစ် (၇၀) ငှားရမ်းသည့်စာချုပ်များဖြင့်တည်ဆောက်
လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ယခုလက်တလောတွင် BOT စနစ်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာများပေါ်တွင် တည်ဆောက်လုပ်ကိုင်နေသည့် ကုမ္ပဏီ (၅) ခု၏ အိမ်ရာစီမံကိန်းအပါအဝင် စီမံကိန်းကြီးများမှာ အများပြည်သူ၏ ကန့်ကွက်မှုများဖြင့် ကြုံတွေ့နေရသည့်အတွက် ယင်းစီမံကိန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နှစ်ဆန်းပိုင်းမှ စတင်ပြီး လုပ်ငန်းများ ရပ်တန့်ထားရန် ညွှန်ကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးပိုင် မြေနေရာများပေါ်တွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများကဟိုတယ်များ၊အိမ်ရာစီမံကိန်းများ၊ ဈေးဝယ်စင်တာများ၊ အဆင့်မြင့် ရုံးခန်းများပါဝင်သည့် Mix use developement များကို BOT စနစ်ဖြင့် တည်ဆောက်ရန် အဆိုပြုလွှာတင်သွင်းရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီများမှာလည်း ယမန်နှစ်က စတင်ပြီး အများပြည်သူအတွက်အခန်းများကို စတင်ရောင်းချခဲ့ပါသည်။

"မြေယာပိုင်ဆိုင်မှု ပြသနာတွေ နေရာတော်တော်များများမှာ
ဖြစ်နေတယ်။ ပညာရှင်မတိုင်ပင်ဘဲ လုပ်ခဲ့တဲ့အတွက် ဖြစ်လာတဲ့ အကျိုးဆက်တွေ အများကြီး ရှိလာမှာပါ"မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က
ပြောသည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service