ကန်ထရိုက်တိုက်တွေ အရောင်းအ၀ယ်နှေးချိန်မှာ မိမိအိမ်ကို အကြီးစားပြင်ဆင်ခွင့်လျှောက်ဖို့ အခွင့်အခါကောင်း - Property News in Myanmar from iMyanmarHouse.com
1518 Views

ကန်ထရိုက်တိုက်တွေ အရောင်းအ၀ယ်နှေးချိန်မှာ မိမိအိမ်ကို အကြီးစားပြင်ဆင်ခွင့်လျှောက်ဖို့ အခွင့်အခါကောင်း

အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကွန်ဒို၊ လယ်မြေတွေ အရောင်းအ၀ယ် အေးနေပေမယ့် ပုံမှန်ချီတက်နေတာကတော့ တိုက်ခန်း၊ ကွန်ဒိုတွေ ဆောက်လုပ်နေခြင်းပါပဲ။
ကြိုပွိုင့် တိုက်ခန်းတွေ အလုအယက် ၀ယ်ယူကြစဉ်က ကန်ထရိုက်တာနဲ့ လိုင်စင်ရအင်ဂျင်နီယာေ
တ်ာတော်များများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု့ဌာနနဲ့ အင်ဂျင်နီယာဌာန တို့မှာ တက်လိုက်ဆင်းလိုက်နဲ့ တွေ့နေရပါတယ်။

နောက်မဆုတ်နဲ့ ရှေ့တိုးပါ ကန်ထရိုက်တာ

မိမိဖွင့်လှစ်ထားသော ဆောက်လုပ်ရေးကုမ္ပဏီရုံးခန်းကြီးထဲမှာ အေးအေးဆေးဆေး ထိုင်မနေနိုင်ကြ။ အိမ်ဆောက်ရန် မြေပုံကူးဖို့ကိစ္စ၊ ဆောက်လုပ်ခွင့်ပြုမိန့်ရဖို့အတွက် ကြိုးစားအားထုတ်ကြရသည်။ မြေကွက်ဈေးတွေ ယခုတလော
အေးသွားတယ်ဆိုပေမယ့် ၂၀၁၄ခုနှစ် ကုန်ခါနီးမှာ ခွင့်ပြုချက်တင်ထားခဲ့တဲ့ တိုက်ခန်းနဲ့ကွန်ဒိုတွေက ကြိုပွိုင့်နှင့် ရောင်းထားပြီးပြီလေ။
၂၀၁၅ခုနှစ်မှာသတ်မှတ်ကာလအတိုင်းအပြီးဆောက်နိုင်မှ နောက်ထပ်ရမည့်ကြိုပွိုင့်ယူထားသူများကလာပေးကြမှာလေ။
ရှေ့မတိုးနိုင်ရင်တော့ နောက်ထပ်ရမည့် ကြိုပွိုင့်ငွေတွေက ရဖို့မျှော်လို့မရ။ ဒီတော့ ရှေ့တိုးမှသာ ဖြစ်တော့မည့် ကိန်းဆိုက်နေသည့်
ကာလဖြစ်နေတယ်။

အကြီးစားပြင်ဆင်ဖို့ အချိန်အခါကောင်းကာလ

လက်ရှိကာလတွင် ကန်ထရိုက်တာလုပ်ငန်းများ နှေးကွေးချိန်တွင် ပြည်သူများအနေဖြင့် မိမိတို့၏ အဆောက်အအုံများ အကြီးပြင်ဆင်ရန်နှင့်
အိမ်ဖျက်မိန့်များရယူလိုပါကကန်ထရိုက်တာနှင့်ပွဲစားများအားအားကိုးနေစရာမလိုပဲမိမိတို့ကိုယ်တိုင် မြို့နယ်စည်ပင်အုပ်ချုပ်ရေးရုံးများနတွင်
လျှောက်ထားနိုင်ကြောင်း သိရှိရပါတယ်။ ရုံးမှာတင်ပြရမယ့် အထောက်အထားတွေကိုလဲ ကြိုတင်သိရှိနိုင်ရန် ဖော်ပြလိုက်ပါတယ်။

မိမိနေအိမ် အကြီးစားပြင်ဆင်လိုပါက လိုအပ်သည့် အထောက်အထား

မြေပိုင်ဆိုင်မှု့ အထောက်အထားမိတ္တူမှန်၊ ပြင်ဆင်လိုသည့် အဆောက်အအုံဓါတ်ပုံ၊ ပြင်ဆင်လိုက်သည့် အစိတ်အပိုင်း ဓါတ်ပုံ၊ လက်ရှိအဆောက်အအုံနှင့် ပြင်ဆင်မည့် အဆောက်အအုံပုံစံ (သုံးခု)၊ပြင်ဆင်မည့် အစိတ်အပိုင်းများအား အနီရောင်ခြယ်ပေးရန်၊
မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှုးရုံး၏ သဘောထားမှတ်ချက်၊ သက်ဆိုင်ရာရပ်ကွက်၊ အာဏာပိုင်အဖွဲ့အစည်း၏ သဘောထားမှတ်ချက်၊ အိမ်ငှားဖြစ်ပါက အိမ်ရှင်၏ သဘောထားမှတ်ချက်၊ အိမ်ရှင်၊ အိမ်ငှား ပြသနာရှိပါက မြို့နယ်ငှားရမ်းခ ကြီးကြပ်ရေးဝန်၏ သဘောထားမှတ်ချက်၊ လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူများ လိုအပ်ပါတယ်။

အဆောက်အအုံ ဖျက်မိန့်တင်ပြလိုပါက လိုအပ်သည့် အထောက်အထား

အဆောက်အအုံဖျက်သိမ်းခြင်း လျှောက်လွှာလျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ A4တစ်မျက်နှာတည်း ဖော်ပြရန်၊ သက် ဆိုင်ရာဌာနမှသုံးနှစ်အတွင်း ထုတ်ထားသော ရုံးထုတ်မြေပုံနှင့် မြေရာဇ၀င်မိတ္တူ၊ မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးရန်၊စည်ပင်သာယာကြွေးကျန်မရှိကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ အဆိုပြုအဆောက်အအုံဖျက်သိမ်းရာတွင် ဘေးကပ်လျှက်ရှိသော အဆောက်အအုံပျက်ဆီးမှု့
မရှိစေရန် ဖျက်သိမ်းပေးပါမည့်အကြောင်း မြေပိုင်ရှင်နှင့် လိုင်စင်ရအင်ဂျင်နီယာတို့၏ ၀န်ခံကတိပြုစာချုပ်၊ အဆောက်အအုံအားကြိုတင်ဖျက်သိမ်းခြင်းအတွက် ဖြစ်ပေါ်လာမည့်ကိစ္စအားလုံးတာဝန်ယူကြောင်း လျှောက်ထားသူ၏
ဝန်ခံကတိပြုစာချုပ်၊ဖျက်သိမ်းရမည့်အဆောက်အအုံဟောင်းတွင်အိမ်ငှားရှိလျှင်အိမ်ရှင်၊အိမ်ငှားပြသနာမရှိကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း၊ ဖျက်သိမ်းမည့်
အဆောက်အအုံ၏ ဓါတ်ပုံနှင့် ဘေးနှစ်ဖက်ရှိ အဆောက်အအုံ၏ဓါတ်ပုံစသည်တို့ ပြည့်စုံစွာတင်ပြလျှောက်ထားမှသာလွယ်ကူလျှင်မြန်စွာအမြန်ဆုံးဆောင်ရွက်ပေးနိုင်
မည် ဖြစ်ကြောင်း သိရပါတယ်။

အဆောက်အအုံအကြီးစား ပြင်ဆင်ခြင်းနှင့် ဖျက်မိန့်တင်ပြရာတွင်ဆောင်ရွက်ရန် စည်းကမ်းများအကြောင်းကို လေ့လာအတုယူနိုင်ရန် (၆.၄.၂၀၁၅) နေ့ထုတ် ” မြို့တော် သတင်း” မှာပါတဲ့ ဗဟန်းမြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုးံမှာ ဆိုင်းဘုတ်ကို ပူးတွဲဖေါ်ပြလိုက်ပါတယ်။

Credit: အကျိုးဆောင်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service