ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရပ်ဆိုင်းပြီးဖြစ်သော ရန်ကုန်မြို့သစ် စီမံကိန်းအား အမြန်အကောင်အထည် ဖော်ပေးရန်အဆို ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်က ပြန်လည်တင်သွင်း - Property News in Myanmar from iMyanmarHouse.com
933 Views

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရပ်ဆိုင်းပြီးဖြစ်သော ရန်ကုန်မြို့သစ် စီမံကိန်းအား အမြန်အကောင်အထည် ဖော်ပေးရန်အဆို ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်က ပြန်လည်တင်သွင်း

ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်မှုများနှင့်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သည့် ရန်ကုန်မြို့သစ် စီမံကိန်းအား အမြန်အကောင်အထည် ဖော်ပေးရန်အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်
ဦးမြင့်လွင်က ဇွန် ၁၁ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

“ရန်ကုန်မြို့ အနောက်ဘက်ဖြစ်သော လှိုင်မြစ်တစ်ဖက်ကမ်းတွင်ရှိသည့် ကြည့်မြင်တိုင်၊ တွံတေး၊ ဆိပ်ကြီးခနောင်တို့မှ မြေဧက ၃၀၀၀၀ ခန့်၊ မြေအမျိုးအစား
အမျိုးမျိုး ပါဝင်လျက်ရှိပါတယ်။ အဆိုပါနေရာရှိ လယ်မြေများကို မြို့မြေများအဖြစ် ပြောင်းလဲပြီး ရန်ကုန်မြို့သစ် စီမံကိန်းပြုလုပ်မည်ဟု ကြားသိရသည့်အတွက်
ဒေသရှိတောင်သူ လယ်သမားများ၊ အလုပ်သမားများ၊ လက်လုပ်လက်စားများ ၀မ်းသာနေကြပါတယ်။ လယ်မြေအများစုမှာ ရေနစ်မြုပ်နေသည့်အပြင်
လယ်မြေများအောက်တွင် ရေငန်ဝင်သည့်အတွက် တစ်နှစ်လျှင် စပါးတစ်သီးသာ စိုက်နိုင်ပြီး စပါးအထွက်လည်း စံချိန်မမီသဖြင့် လယ်သမားဘ၀ ၀င်ငွေနည်းပြီး
နိမ့်ကျနေပါတယ်။
အခုရန်ကုန်မြို့သစ် စီမံကိန်း ပေါ်ပေါက်လာတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းလည်း များစွာပေါ်ပေါက် လာမှာဖြစ်ပါတယ်။
ရန်ကုန်မြို့သစ် စီမံကိန်းမှာ လူဦးရေလေးသိန်းခန့် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်မည် ဖြစ်တာကြောင့် စီမံကိန်းမဖြစ်မနေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဒေသခံပြည်သူများ မျှော်လင့်နေပါတယ်” ဟု ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်
ဦးမြင့်လွင်က အဆိုတင်သွင်းခဲ့သည်။

ယင်းသို့ အဆိုတင်သွင်းခဲ့ခြင်းအပေါ် တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က “မြို့သစ်တွေ ပေါ်လာတာတော့
ကျွန်တော်တို့ လက်ခံပါတယ်။ မနေ့က မြို့တော်ဝန် တင်ပြသွားတဲ့ ‘မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ အစီရင်ခံစာမှာ’ ပါနေတာနဲ့
ရန်ကုန်မြို့သစ် စီမံကိန်းဆိုတာနဲ့က ဆက်စပ်နေတာကို သွားတွေ့ရပါတယ်။

မြို့တော်ဝန် တင်ပြသွားတဲ့ အစိုးရအဖွဲ့က တင်တဲ့ကိစ္စကို အကောင်အထည်
ဖော်မယ်ဆိုရင် ဒီကိစ္စက ပါသွားမယ့် သဘောဖြစ်နေပါတယ်။ ဒီအစီရင်ခံစာအပေါ်မှာ ဆွေးနွေးပြီးတဲ့အခါကျတော့မှ ဒါကိုစဉ်းစားမယ်ဆိုရင် ပိုမိုသင့်တော်တယ်
လို့ ထင်ပါတယ်” ဟု တင်ပြခဲ့သည်။

သို့သော် ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လက်ခံ မခံ မဲခွဲ ဆုံးဖြတ်ရာ အတိုက်အခံပါတီမှ ကိုယ်စားလှယ်အချို့သာ မဆွေးနွေးရန်
ကန့်ကွက်ပြီး ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် အများစုက ထောက်ခံခြင်းကြောင့် အဆိုကို ဆက်လက်ဆွေးနွေးရန် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “ဒီမြို့သစ် စီမံကိန်းက ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ ရုပ်သိမ်းပြီးသားလေ။ ရုပ်သိမ်းပြီးသားကို အခုလွှတ်တော် ကိုယ်စားလှယ်အနေ နဲ့ ပြန်တင်တာပေါ့လေ။ နားလှည့်ပါးရိုက်တာပေါ့။ မြို့သစ်စီမံကိန်း
တင်ပြတုန်းက အန်တီအစိုးရအဖွဲ့ကို မေးခွန်းတွေမေးခဲ့တယ်။ မဖြေနိုင်တဲ့ မေးခွန်းတွေ ဖြစ်နေလို့ မဖြေခဲ့ဘဲ ဒီစီမံကိန်းကို ရုပ်သိမ်းခဲ့တယ်။ အခုသက်ဆိုင်ရာ
မြို့နယ်ကိုယ်စားလှယ်တွေက ပြန်တင်တဲ့ အခါကျတော့ အန်တီက ၀င်ရောက်ပြီးတော့ ကန့်ကွက်ဆွေးနွေး လို့ပဲရတယ်။ လွှတ်တော်နည်းဥပဒေအရ
ဝင်ရောက်ဆွေးနွေးလို့ပဲရမယ်။ အစိုးရအဖွဲ့က အန်တီမေးခွန်းတွေကို ဖြေဆိုရန် မလိုတော့ဘူးဆိုပြီးတော့ပဲ ဒီအခက်အခဲကို ကျော်လွှားသွားတာပေါ့။ မြို့သစ်
စီမံကိန်းနေရာမှာ မြေပိုင်ဆိုင်တဲ့ သူတွေက ဘယ်သူတွေလဲ။ အများပြည်သူ ပြောနေကြတယ်။ ဂျာနယ်တွေမှာပါတယ်။ ဒီနေရာဟာ အုပ်ချုပ်သူ အကြီးအကဲရဲ့
နီးစပ်သူတွေ၊ သတင်းကြိုရထားတဲ့ သူတွေက ပိုင်ပြီးတော့ ဒီနေရာကမြေဧက ၃၀၀၀၀ ကိုသိမ်းထားပြီးတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တိုင်းပြည်ကို
ရောင်းစားတဲ့ အကြံဆိုတာက မှန်သလို ဖြစ်နေတာပေါ့။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကျရင် မဖြစ်ဖြစ်အောင် ဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ်ပြာ၊ ဥာဏ်ဝါ သုံးပြီးလုပ်တယ်။
အန်တီတို့ ပြည်သူလူထုအတွက် တကယ် လိုအပ်တဲ့ ကိစ္စတွေကို တင်ပြတဲ့ အခါကျတော့ ပြည်ထောင်စု အစိုးရအဖွဲ့က လုပ်သင့်ပါတယ် ဆိုပြီးတော့
တာဝန်တွေကို ရှောင်လွှဲသွားတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တော်တော်စိတ်ကုန်တယ်” ဟု လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာများကို
ပြောကြားသည်။

ရန်ကုန်မြို့သစ် စီမံကိန်း ကြည့်မြင်တိုင်၊ တွံတေး၊ ဆိပ်ကြီးခနောင်တိုတို့ရှိ ခန့်မှန်းမြေ ဧက ၃၀၀၀၀ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအား
တာဝန်ပေးကာ အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၄ ခုနှစ်သြဂုတ်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
အစည်းအဝေးတွင် တင်ပြခဲ့သည်။

ယင်းကိစ္စအပေါ် ပွင့်လင်းမြင်သာမှု မရှိကြောင်း အဘက်ဘက်မှ ဝေဖန်မှုများစွာရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏ သမက်ဖြစ်သူ ပါဝင်
ပတ်သက်သည်ဟုဆိုသည့် တရုတ်လူမျိုး ရှောက်စန်းပိုင် ကုမ္ပဏီက ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတစ်ဝိုက် မြေဧကထောင်နှင့်ချီ၍ ကြိုတင်ဝယ်ယူ ထားမှုများ
ရှိကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၄ ခုနှစ် စက်တင်ဘာအတွင်း ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
အစည်းအဝေးအရ စီမံကိန်းအား ထပ်မံလေ့လာ သုံးသပ်ရန် လိုအပ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်ရုပ်သိမ်းကြောင်း တင်ပြခဲ့၍
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ရပ်ဆိုင်းရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

Credit: Eleven Media

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service