ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် လုပ်ငန်းပုံရိပ်မထိခိုက်စေရန် လုပ်ငန်းစတင်လုပ်ကိုင်ကတည်းက စနစ်တကျလုပ်ဆောင်သင့် - - Property News in Myanmar from iMyanmarHouse.com
852 Views

ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် လုပ်ငန်းပုံရိပ်မထိခိုက်စေရန် လုပ်ငန်းစတင်လုပ်ကိုင်ကတည်းက စနစ်တကျလုပ်ဆောင်သင့် -

တိုက်ခန်း၊ ကွန်ဒိုဝယ်ယူသူတို့ အနေဖြင့် အဓိက သိရှိသည်မှာ ဆောက်လုပ်ရေး ကုမ္ပဏီကိုသာ ဖြစ် သဖြင့် ကုမ္ပဏီများက မိမိတို့လုပ်ငန်း ပုံရိပ် မထိခိုက်စေရန်လုပ်ငန်း စတင် လုပ်ဆောင်ကတည်းက စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ် ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း ရှင်များနှင့် အိမ်ခြံမြေကျွမ်းကျင်သူ များက ပြောသည်။

”ဆောက်မယ့်မြေမှာ ကုမ္ပဏီ တစ်ခုက ဆိုင်းဘုတ်ထောင်ထားမယ် ဆိုရင် ဝယ်သူတွေက မြေရှင်က ဘယ် သူ၊ ဘယ်လိုစံချိန်စံညွှန်းနဲ့ ဆောက် မယ် ဆိုတာ မသိဘဲ ကုမ္ပဏီကိုပဲ သိကြတယ်။ ပြဿနာ ဖြစ်လာလို့ ရှိရင် ကြီးကြပ်တဲ့ ပုဂ္ဂိုလ်တွေကလည်း တာဝန်ယူသင့်တယ်။ BCC ကျပြီး လူနေတဲ့ တိုက်တွေလည်း နောက် ပိုင်း အက်ကွဲတာတွေ၊ မြေကျွံတာ တွေ ဖြစ်လာတယ်။ ဈေးကွက်တင် မဟုတ်ဘူး။ ပြည်သူလူထုပါ ထိခိုက် ပါတယ်။ တိုက်တွေ ဆောင်းလာ တာတွေအထိ ဖြစ်လာတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်း အမှုဆောင် ဦးမောင် မောင်က ပြောသည်။

တိုက်ခန်း၊ ကွန်ဒိုများကို တည် ဆောက်ရောင်းဝယ်ရာတွင် မြေနှင့် အခန်းပိုင်ဆိုင်မှုဆိုင်ရာ အရှုပ်အရှင်း များ၊ ကန်ထရိုက်တာ၊ မြေရှင်နှင့် ကြိုပွိုင့်အခန်း ဝယ်ယူထားသူများ အကြား ဖြစ်ပွားလျက်ရှိသည့် အရှုပ် အရှင်း ပြဿနာများကြောင့် အိမ်ခြံ မြေ ဈေးကွက်တွင် ဝယ်သူများ၏ ယုံကြည်မှု ကျဆင်းလာရခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ သတင်း ရရှိသည်။

”ပိုင်ဆိုင်မှုကလည်း Clear မဖြစ်တာများပြီး အခန်းတစ်ခန်းကို သူကနေ သူ၊ သူကနေ အခြားတစ်ဦး ကို ပုံစံအမျိုးမျိုးနဲ့ လှည့်ပတ်တာတွေ၊ မဟုတ်တာတွေ လုပ်တာလည်း တော်တော်များများ တွေ့လာရ တယ်။ ဒါတွေက လုံးဝမဖြစ်သင့် တဲ့ ကိစ္စတွေဖြစ်ပြီး ဝယ်သူတွေရဲ့ ယုံကြည်မှုကိုလည်း ကျဆင်းစေ တယ်။ customer တွေကလည်း အထင်သေးလာကျတဲ့ ကိစ္စရပ်တွေ ဖြစ်လာတယ်”ဟု ၎င်းက ပြော သည်။

တိုက်ခန်း၊ ကွန်ဒိုများကို အကျိုး တူ ဆောက်လုပ်ရာတွင် မြေရှင်နှင့် ကန်ထရိုက်တာများအကြား အရှုပ် အရှင်းများ အများအပြား ဖြစ်ပေါ် နေသကဲ့သို့ ငွေကြေးအင်အား တောင့်တင်းမှု နည်းပါးကာ ကြိုပွိုင့် စနစ်ဖြင့် ရောင်းချရမည့် ငွေကြေးများ ကို မျှော်ကိုးကာ ဆောက်လုပ်မှုများ အများအပြား ရှိနေခြင်းကြောင့် ယခု ကဲ့သို့ အရောင်းအဝယ် ရုတ်တရက် အေးသွားသည့် အချိန်တွင် ယင်း ကန်ထရိုက်တာအများစုမှာ ဆောက် လုပ်ဆဲ တိုက်ခန်းကွန်ဒိုများကို အပြီး သတ် ဆောက်လုပ်နိုင်ရန်နှင့် လုပ်ငန်း များလည်ပတ်ရန်အတွက် တိုက်ခန်း များကို အပေါင်ထားကာ အချင်းချင်း ငွေလှည့်သည့် ဖြစ်စဉ်များ၊ အခန်း တစ်ခန်းကို ဝယ်ယူသူ သုံး၊ လေးဦး အား ရောင်းချထားသည့် ပြဿနာ များအပြင် မြေရှင်များထံမှ ရယူထား သည့် မြေပိုင်ဆိုင်မှု အထောက် အထားများကိုပါ ပေါင်နှံသည့် ဖြစ်စဉ် ဖြစ်ရပ်များကြောင့် တရားစွဲဆိုမှုများ အများအပြား ပေါ်ထွက်လာသလို တစ်ဖက်တွင်လည်း တိုက်ခန်း၊ ကွန်ဒို ဝယ်ယူသူများအကြားတွင်လည်း ဆောက်လုပ်သည့် ကန်ထရိုက်တာ များ၊ Developer များအပေါ် ယုံကြည်မှုကျဆင်းလာစေခဲ့သည်။

မြေပိုင်ဆိုင်မှု အခိုင်အမာ (ဂရန်) ပြသနိုင်ခြင်းမရှိသည့် မြေကွက်များ ကို စည်ပင်သာယာရေးကော်မတီမှ အမြင့်ဆုံး သုံးထပ်သာ ဆောက်လုပ် ရန် ခွင့်ပြုပေးထားသော်လည်း ကန်ထရိုက်တာများနှင့် မြေရှင်များ က နားလည်မှု ရယူကာ penthouse များ ထည့်သွင်း၍ တည် ဆောက်ခြင်း၊ ယင်း penthouse အခန်းများကို အလုံခန်းများအဖြစ် ပြောင်းလဲကာ အများပြည်သူတို့ကို တိုက်ခန်းအသွင်ဖြင့် ရောင်းချခြင်း စသည့် ဖြစ်စဉ်များ ရန်ကုန်မြို့အနှံ့ တွင် အများအပြား ဖြစ်ပေါ်နေသဖြင့် မူလ စည်ပင်သာယာက သတ်မှတ် ထားသည့် အထပ်မြင့်အထိကိုသာ ခွင့်ပြုပေးသည့် စနစ်ဖြင့် ထိန်းချုပ် ရန် လိုအပ်လျက်ရှိသည်။

”မြေရှင်က ခွင့်ပြုမိန့် လျှောက်ဖို့ ဂရန်ကို ကန်ထရိုက်ရဲ့လက်ထဲ အပ် ထားတာကို ပေါင်ထားတာတို့၊ မြေ ရှင်ရမယ့် အခန်းကို တစ်ဖက်လှည့်နဲ့ ရောင်းတာတို့၊ ဆက်မဆောက်ချင် သေးလို့ အချိန်ဆွဲတာတို့၊ အတိုးနဲ့ လှည့်ပြီး အခန်းတွေကို ပေါင်ထား တာတို့ အများကြီး ဖြစ်နေတယ်။ အပြန်အလှန် တရားစွဲဆိုမှုတွေ၊ တရားမမှုနဲ့ ဆွဲထားတွေလည်း အများ ကြီးရှိနေလို့ ဝယ်မယ့်သူတွေက အခန်းဝယ်ဖို့နဲ့ တော်တော်စဉ်းစား လာရတဲ့ အခြေအနေကို ရောက်နေ ပြီ”ဟု High Way Star အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာဦးမောင်အောင် က ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service