ကြယ်စင်မြို့တော်မှ တိုက်ခန်းများဝယ်အားကောင်း၍ ပြင်သစ်ကုမ္ပဏီတစ်ခုကို ငှားရမ်းတည်ဆောက် - Property News in Myanmar from iMyanmarHouse.com
1376 Views

ကြယ်စင်မြို့တော်မှ တိုက်ခန်းများဝယ်အားကောင်း၍ ပြင်သစ်ကုမ္ပဏီတစ်ခုကို ငှားရမ်းတည်ဆောက်

ရိုးမကုမ္ပဏီများအုပ်စုမှ တည်ဆောက်လျက်ရှိသော ကြယ်စင်မြို့တော်(Star City) မှ တိုက်ခန်းများ ၀ယ်လိုအားများနေခြင်းကြောင့် ဇုန်ဘီတည်ဆောက် ရန် ပြင်သစ်နိုင်ငံမှ ကုမ္ပဏီတစ်ခုကို ကန်ဒေါ်လာ ၁၀၀ သန်းဖြင့် ငှားရမ်းတည်ဆောက်နေကြောင်း အဆိုပါကုမ္ပဏီမှ သတင်းထုတ် ပြန်သည်။

ပြင်သစ်နိုင်ငံမှ ဆောက် လုပ်ရေးကုမ္ပဏီဖြင့် တည်ဆောက်ခြင်းကြောင့် နည်းပညာသစ်များအ သုံးပြုတည်ဆောက်နေ၍ ပြည်တွင်းနည်းများဖြင့် တည်ဆောက် ခြင်းထက် သုံးဆခန့်ပိုမိုမြန်ဆန် မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ မစ္စတာပီတာကပြောသည်။

Star City အိမ်ရာစီမံကိန်း ၏ ဇုန်အေမှ အခန်းများအားလုံး ရောင်းချပြီးဖြစ်ကာ A3 တည်ဆောက်ခြင်းမှာ ၂၀၁၄ နိုဝင်ဘာလအပြီးသတ်တည်ဆောက်မည် ဖြစ်ပြီး A4 မှာ ၂၀၁၅ မတ်လတွင် အပြီးသတ်တည်ဆောက်နိုင်မည် ဖြစ်သည်။

‘‘ရန်ကုန်မြို့တော်မှာ အရည်အသွေးပြည့်ဝတဲ့ အိမ်ရာကို အလိုရှိနေကြတဲ့ အိမ်ဝယ်သူများနဲ့ ရင်းနှီးမြှုပ်နှံသူများရဲ့အားပေးမှု ကြောင့် အချိန်တိုအတွင်းမှာပဲ အခုဆိုရင် ဇုန်ဘီရှိ အခန်းပေါင်း ၁,၀၄၃ မှာ ၉၀ ရာခိုင်နှုန်း ခန့် ကို ရောင်းချပြီးပါပြီ။ ကြယ်စင် အိမ်ရာရဲ့ ဇုန်အေနှင့် ဇုန်ဘီဟာ ဆိုရင် ဒီနိုင်ငံရဲ့ အကောင်းဆုံးနဲ့ အပြီးပြည့်စုံဆုံး လူမှုဝန်းကျင်ကို ပေးစွမ်းမယ့် အိမ်ရာစီမံကိန်းများ ထဲမှတစ်ခုရဲ့ အစပဲဖြစ်ပါတယ်’’ ဟု Yoma Strategic ၏ အိမ်ရာ လုပ်ငန်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ Mr.Elmar A.Busch က ဆိုသည်။

ဇုန်ဘီ၏ ပထမဆုံးအဆောက်အအုံမှာပင် စတင်တည်ဆောက် ဆဲဖြစ်သော်လည်း ဇုန်ဘီတွင် ပါဝင်သော အဆောက်အအုံအား လုံး၏ အခန်းများမှာ ၉၀ ရာခိုင်နှုန်းရောင်းချပြီးဖြစ်သည်။ ယင်းဇုန်ဘီတွင် အခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်မည်ဖြစ်ပြီး လက်ရှိတွင် ရောင်းချရန် အခန်း ၁၀၀ ကျော်သာ ကျန်တော့သည်ဟုဆိုသည်။

အခန်းဈေးနှုန်းများမှာ အ ထပ်နှင့်နေရာအနေအထားအရ အနည်းဆုံး ကျပ်သိန်းပေါင်း ၁,၂၀၀ မှ အများဆုံးကျပ်သိန်း ပေါင်း ၄,၄၀၀ ထိရှိသည်။

ရန်ကုန်မြို့ သန်လျင်မြို့ နယ်ရှိ ၁၃၅ ဧကကျယ်ဝန်းသော မြေနေရာတွင် တည်ဆောက် လျက်ရှိသော ကြယ်စင်မြို့တော်သည် အခြားမည်သည့်အိမ်ရာ စီမံကိန်းများနှင့်မျှ မတူထူးခြား သည့် အဆင့်မြင့်အိမ်ရာစီမံကိန်း တစ်ခုဖြစ်သည်ဟု တာဝန်ရှိသူ များကဆိုသည်။ ဇုန်ဘီသည် ၂၀၁၃ ခုနှစ် ဧပြီတွင် စတင်ပြီး ၂၀၁၆ ခုနှစ် ပထမလေးလပတ် အတွင်း ပြီးစီးအောင်ဆောက် လုပ်မည်ဟု ရည်မှန်းထားသော အိမ်ရာစီမံကိန်း၏ ဒုတိယအဆင့် ဖြစ်သည်။

Credit: 7 Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service