တစ်ခါတုန်းက အဖြစ်လေးတွေ (၂၃) - Property Knowledge in Myanmar from iMyanmarHouse.com
443 Views

တစ်ခါတုန်းက အဖြစ်လေးတွေ (၂၃)

Knowledge | Posted by Shwe Zin Win

[Unicode]

 

“ကျောင်းဖွင့်ချိန်တို့ရောက်ပြန်ပြီ”

 

အလုပ်သွားတော့ လမ်းမှာ ကျောင်းတတ်ဖို့သွားကြတဲ့ ကလေးတွေတွေ့ရတော့ တစ်ခါတုန်းက အဖြစ်လေးတွေကို သွားပြီးသတိရလိုက်တယ်။

ကျွန်တော်တို့ငယ်ငယ်က အမကကျောင်းကို မြောင်မြို့တောင်ရပ်မှာရှိတဲ့ အမကကျောင်းမှာ တတ်ရတယ်။ ပထမတုန်းက တောင်ရပ်အမကကျောင်းက ပဲ့ရွှေဂူဘုရားနဲ့ ဝက်မစွပ်ကျောင်းကြားက ရေမြောင်းကြီးရဲ့ ချောက်နှုတ်ခမ်းထိပ်မှာ ဖွင့်ထားတယ်။ဝက်မစွပ်ရေကန်ရဲ့ ခြေရင်းနားမှာပေါ့။ဝက်မစွပ်ကျောင်းဆိုတာ ဘုန်းကြီးကျောင်းပါ။

အညာက တခြားနေရာတွေမှာတော့ မသိပါ၊ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော်တို့မြို့မှာတော့ ကျောင်းဖွင့်ချိန်ရောက်လာပြီဆိုရင် မိဖတွေက ဒေသအစားအစာတွေဖြစ်တဲ့ အကြော်တွေ အချိုမုန့်တွေ အပြည့်ထည့်ထားတဲ့ လင်ဗန်း(လင်ပန်း)ကြီးခေါင်းပေါ်ရွက်လို့ ကျောင်းလိုက်အပ်ပေးကြပါတယ်။

‘ကျွန်မရဲ့သားမောင်ဘယ်သူ ကျောင်းလာအပ်တာပါ’ဆိုရင် ဆရာဆရာမတွေက မုန့်ပွဲ အချိုပွဲတွေလက်ခံယူပြီး ကျောင်းအပ်လက်ခံလိုက်တယ်လို့ ထင်ပါတယ်။ကျောင်းအပ်ခအနေနဲ့ အဲဒီတုန်းက ငွေကြေးပေးရတာ ကျွန်တော်ကပဲ ကလေးအရွယ်မို့လို့လားမသိပါ မမြင်မိပါဘူး။ပေးချင်လည်း ပေးရမှာပေါ့။

အခန်းကျယ်တန်းလျားကြီးထဲမှာ ကကြီးခခွေးတန်းကို အရှေ့ဘက်ထိပ်ဆုံးမှာ မြေပြင်ထက် နည်းနည်းမြင့်တဲ့ စင်ပေါ်မှာ သင်ရပါတယ်။ကျန်တဲ့အတန်းတွေကတော့ မြေပြင်မှာခုံတန်းရှည်တွေချထားပြီး တစ်တန်း၊နှစ်တန်း၊ သုံးတန်းဆိုပြီး ထောက်တိုင်နဲ့ နံရံအကန့်တစ်ခုစီထားပြီး အတန်းခွဲထားပေးတယ်။အဲဒီနံရံအကန့်တွေက ရွှေ့လို့ပြောင်းလို့ရတဲ့ အရှင်တွေပေါ့။

အခုရန်ကုန်လို မြို့ကျောင်းတွေမှာဆိုရင် တစ်ခန်းကို တစ်တန်းသင်ရတာမျိုးမဟုတ်ပါဘူး။ အခန်းရှည်ကြီးထဲမှာ အကန့်တွေနဲ့ ခွဲထားပြီး သင်ရတော့ အတန်းတစ်တန်းက စာအော်ဆိုပြီဆိုရင် ကိုယ့်အတန်းက ဆိုနေသလို ကြားနေရတယ်။ ကိုယ့်အတန်းက ဆိုရင်လည်း အခြားအတန်းတွေက ကြားနေရတာပေါ့။ အတန်းတိုင်း စာဆိုကြတဲ့အချိန်တွေ တိုက်ဆိုင်သွားရင်တော့ သောသောကို ညံကုန်တော့တာပါပဲ။

ကျွန်တော်ကျောင်းစတက်တော့ အဲဒီကျောင်းလေးမှာတက်ခဲ့ရတယ်။ကျောင်းရှေ့မျက်နှာသာ မြေပြင်က ကျောင်းအနေအထားနဲ့ဆိုရင် အကျယ်အပြန့် မဆိုးဘူးလို့ ပြောရမှာပါ။အဲဒီကွင်းပြင်မှာ ဆောင်ချမ်းပင်သုံးပင်က ကျောင်းအလျားအတိုင်း ဟိုဘက်ထိပ်၊ဒီဘက်ထိပ် တစ်ပင်စီနဲ့ အလယ်မှာတစ်ပင်ရှိနေခဲ့တယ်။ခြောက်သွေ့တဲ့ အချိန် အဲဒီမြေပြင်ဟာ တလင်းဖြစ်နေတော့ တချို့တောင်သူတွေ ကောက်ပဲသီးနှံတွေ လာပြီးလှမ်းကြတာ မြင်ခဲ့ဖူးပါတယ်။

ဆရာဆရာမတွေ သုံးလေးဦးရှိခဲ့ပေမယ့် ငယ်သေးတော့ အဲဒီတုန်းက သင်ခဲ့ရတဲ့ ဆရာတွေထဲက ဆရာမကြင်ကြင်တစ်ယောက်ပဲ မှတ်မိတော့တယ်။

ကျောင်နေရာက အရပ်အနေ သင့်လှတယ်မဟုတ်ပါဘူး။ရေကြီးရင် ရေဝင်ရပ်နဲ့နီးလို့ ကျောင်းခြေရင်းက မြောင်းတွေထိရေဝင်ပါတယ်။ကျောင်းသားကျောင်းသူတွေအတွက် အိမ်သာရှိတယ်လို့ မတွေ့မိဘူး။

အီးပါချင်ရင် ကျောင်းရဲ့ နောက်ကျောဘက်မှာရှိတဲ့ မြောင်းထဲဆင်းပြီး နာနတ်ရိုင်းပင် အကွယ်နေရာတွေမှာ ပါကြရတယ်။နာနတ်ရိုင်းတွေဆိုတာ သူ့အရွက်ရဲ့ထိပ်မှာ ချွန်ထက်လှတဲ့ဆူးတစ်ချောင်းရှိနေတယ်။ အဲဒီအပင်တွေက ကျောင်းရဲ့နောက်ဘက် မြောင်းရဲ့ဟိုဘက်ဒီဘက်မှာ ပေါက်နေတာအများအပြားပါပဲ။

ဒီအပင်တွေက အလေ့ကျနေရာတော်တော်များများမှာ ပေါက်နေပေမယ့် အန္တရာယ်ရှိနိုင်မှန်းသိတော့ ကလေးတွေဖြစ်တဲ့ ကျွန်တော်တို့က သဘာဝအသိနဲ့ ရှောင်ခဲ့ကြတယ်။ဒါပေမဲ့ အပင်ထိပ်က အရွက်နုကို ဆွဲဖြုတ်ကာ လှေလေးတွေလိုလုပ်ပြီး ရေစီးမှာမျောအောင် မျှောချကြပါသေးတယ်။

ကျောင်းဆောက်ထားတဲ့မြေက ကျွန်တော်တို့အရပ်အခေါ် ဖွတ်ချီးမြေပေါ်မှာ ဆောက်ထားတယ်။ ဖွတ်ချီးမြေက သနပ်ခါးသွေးထားရင်ဖြစ်နေတဲ့ အရောင်လိုပါပဲ။ဝါသလိုလို ဖြူသလို အရောင်ပါ။မိုးရွာချိန်ရောက်ရင် ဖွတ်ချီးမြေတွေ ပေါ်ဖြတ်သွားရတဲ့သူတိုင်း ဒုက္ခရောက်ရပါတယ်။မိုးရေနဲ့ ဖွတ်ချီးမြေတို့တွေ့ပြီး စီးပိုင်နေပါတယ်။ လျှောက်တဲ့သူတိုင်း သတိထားရင်းနဲ့ကို ချော်လဲတတ်ပါတယ်။

ကျောင်းတက်ဖို့ ကျွန်တော်တို့အိမ်ကနေ သဲလမ်းကျောင်းအတိုင်း အရှေ့ဘက်ကို တည့်တည့်သွားလိုက်ရင် ပဲ့ရွှေဂူဘုရားနဲ့ ဝက်မစွပ်ကျောင်းကြားက ဝက်မစွပ်ကန်ပေါင်ရိုးပေါ်ကို ရောက်ပါတယ်။အဲဒီကန်ပေါင်ရိုး ပေါ်ကနေဆင်းမှ ကျောင်းကိုရောက်ပါတယ်။ကန်ပေါင်ရိုးကနေဆင်းတဲ့ အဆင်းနေရာရှိပေမယ့် လှေကားထစ် အနေနဲ့ရှိတာ မဟုတ်ပါဘူး။ပြောင်ချောပေါ်ကနေ ဒီလိုပဲ အဆင်းအတက်လုပ်ရတယ်။တချို့ကာလသားကြီးတွေ ကန်ပေါင်ရိုးပေါ်အတိုင်း လှည်းကိုမောင်းလာပြီး အဲဒီနေရာကနေ ဆင်းတဲ့သူက အရဲကိုးပြီးဆင်းတာလည်း တွေ့ခဲ့ရဖူးပါတယ်။

ခြောက်သွေးတဲ့ ကာလမှာ အဲဒီနေရာကနေ အဆင်းအတက်လုပ်ရတာ မပြောသာပေမယ့်၊မိုးစွတ်၊ရေစွတ် ကာလရောက်ရင်တော့ သိပ်မမြင့်လှတဲ့ အဲဒီအဆင်းအတက်လေးဟာ ကျွန်တော်တို့အရွယ် ကျောင်းသားတွေကို အလွန်ပဲ ဒုက္ခပေးလှပါတယ်။

အသွားမှာ ဖိနပ်စီးသွားရင်လည်း ဖိနပ်အောက်ခြေမှာ ရွှံ့တွေဟာအထပ်လိုက် ကပ်ပါလာသလို၊ကျောင်းက အပြန်မှာဆိုရင် ဖိနပ်ကိုချွတ် ဘယ်တစ်ဖက် ညာတစ်ဖက် လက်မောင်းမှာလျှို လက်ချောင်းခြေချောင်းလေး တွေနဲ့ ကန်ပေါင်ရွှံ့သားကို ကုတ်ပြီးတက်မှ အပေါ်ရောက်ပါတယ်။ ပေရေနေတဲ့ လက်နဲ့ခြေထောက်တွေကို ကန်ထဲရေဝင်တဲ့ဘက် အနိမ့်ပိုင်းမှာသွားပြီး ကန်ရေနဲ့ဆေးရတယ်။

စာသင်ရတာ မခက်ပေမယ့် ကျောင်းသွားရတာခက်တဲ့ အနေအထားပါ။အဲဒီကျောင်းမှာ တစ်နှစ်လားပဲ တက်လိုက်ရပါတယ်။နောက်တော့အဲဒီနေရာကနေ ကျောင်းကို မြို့ရဲ့ အနောက်ဘက်မကျတကျနေရာ၊ ဈေးရှေ့လမ်းကြီးနဲ့ သင်္ချိုင်းကုန်းသွားတဲ့လမ်း ဆုံတဲ့နေရာမှာ ပြောင်းဆောက်ခဲ့တယ်။ ကျောင်းကအရှေ့ဘက် ဈေးကိုသွားတဲ့ တောင်မြောက်လမ်းကို မျက်နှာမူထားပါတယ်။

အနောက်ဘက်မှာ လယ်ကွင်းတွေရှိပြီး ကျောင်းရဲ့မြောက်ဖက်မှာ ဝက်မစွပ်ကန်ထက် သေးတဲ့ တစ်ဖက်ဆည်ကန်တစ်ကန် ရှိနေပြန်ပါတယ်။

ကျောင်းဟောင်းနေရာထက် ပြောင်းပြီးဆောက်ခဲ့တဲ့ ကျောင်းသစ်နေရာက ခြေခင်းလက်ခင်းသာတဲ့နေရာဖြစ်လို့ အတော်ကိုကောင်းလှပါတယ်။ကျွန်တော်တို့တက်ခဲ့ရစဉ်တုန်းကတော့ ခြံစည်းရိုးမခတ်ထားတော့ ကျောင်းကြီးပိတ်ထားတဲ့ အချိန်ရောက်ရင် ဝက်ခြံများလားထင်ရလောက်အောင် ပျက်စီးတတ်ပါတယ်။ ဝါးကပ်ထရံတွေဖြစ်တာမို့ ချိုးဖဲ့ခံထားရတတ်ပါတယ်။

ရန်ကုန်ကိုရောက်ပြီးတဲ့နောက် အညာကို အချိန်အတော်ကြမှာ ပြန်ရောက်တော့ ကျွန်တော်နေခဲ့တဲ့ ကျောင်းကလေးဟာ ခြံနဲ့ဝင်းနဲ့ အုတ်နံရံနဲ့ သပ်ရပ်ခံ့ညားနေခဲ့ပါပြီ။

ကျွန်တော်တို့ ကျောင်းတက်ခဲ့စဉ်က ဆရာကြီးဦးပြေဌေး၊ဆရာကြီးဦးအောင်ဘီ၊ဆရာကြီးဦးတင်ဌေး၊ ဆရာမညိုညိုနဲ့ ဆရာမကြင်ကြင်တို့က ဒီကျောင်းလေးရဲ့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေ အနေနဲ့ ရှိခဲ့ပါတယ်။

ရွေ့လျားခြင်းသဘောတွေအရ ဘယ်သူတွေရှိသေးလို့ ဘယ်သူတွေထွက်သွားကြပြီလည်း မသိတော့ပါ။ အသစ်တွေနဲ့ အစားထိုး ပြောင်းလဲကုန်ကြမှာပါပဲ။

ဒီကျောင်းဖွင့်ရာသီမှာ ကျွန်တော်ငယ်ငယ်ကတက်ခဲ့တဲ့ ကျောင်းကလေးလဲ အခုတော့ ဘယ်လိုရှိနေမလဲ။ ဒီကျောင်းလေးမှာတက်ရင်းနဲ့ ငယ်ဘဝရဲ့ အမှတ်တရလေးတွေလည်း တစ်ခါတုန်းက အဖြစ်လေးတွေအနေနဲ့ ပြောရဦးမယ်ထင်ပါတယ်။

အခုတော့ ကျွန်တော်တို့မြို့နယ်လေးက အခြေအနေတွေ မကောင်းလှ၊ ပညာသင်ကြရမယ့် ကလေးတွေ အခုလိုကျောင်းဖွင့်ရာသီမှာ ကျောင်းမှတက်နိုင်ပါလေစ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၂၃)

 

“ေက်ာင္းဖြင့္ခ်ိန္တို႔ေရာက္ျပန္ၿပီ”

 

အလုပ္သြားေတာ့ လမ္းမွာ ေက်ာင္းတတ္ဖို႔သြားၾကတဲ့ ကေလးေတြေတြ႕ရေတာ့ တစ္ခါတုန္းက အျဖစ္ေလးေတြကို သြားၿပီးသတိရလိုက္တယ္။

ကြၽန္ေတာ္တို႔ငယ္ငယ္က အမကေက်ာင္းကို ေျမာင္ၿမိဳ႕ေတာင္ရပ္မွာ႐ွိတဲ့ အမကေက်ာင္းမွာ တတ္ရတယ္။ ပထမတုန္းက ေတာင္ရပ္အမကေက်ာင္းက ပဲ့ေ႐ႊဂူဘုရားနဲ႔ ဝက္မစြပ္ေက်ာင္းၾကားက ေရေျမာင္းႀကီးရဲ႕ ေခ်ာက္ႏႈတ္ခမ္းထိပ္မွာ ဖြင့္ထားတယ္။ဝက္မစြပ္ေရကန္ရဲ႕ ေျခရင္းနားမွာေပါ့။ဝက္မစြပ္ေက်ာင္းဆိုတာ ဘုန္းႀကီးေက်ာင္းပါ။

အညာက တျခားေနရာေတြမွာေတာ့ မသိပါ၊ကြၽန္ေတာ္တို႔ ငယ္ငယ္က ကြၽန္ေတာ္တို႔ၿမိဳ႕မွာေတာ့ ေက်ာင္းဖြင့္ခ်ိန္ေရာက္လာၿပီဆိုရင္ မိဖေတြက ေဒသအစားအစာေတြျဖစ္တဲ့ အေၾကာ္ေတြ အခ်ိဳမုန္႔ေတြ အျပည့္ထည့္ထားတဲ့ လင္ဗန္း(လင္ပန္း)ႀကီးေခါင္းေပၚ႐ြက္လို႔ ေက်ာင္းလိုက္အပ္ေပးၾကပါတယ္။

‘ကြၽန္မရဲ႕သားေမာင္ဘယ္သူ ေက်ာင္းလာအပ္တာပါ’ဆိုရင္ ဆရာဆရာမေတြက မုန္႔ပြဲ အခ်ိဳပြဲေတြလက္ခံယူၿပီး ေက်ာင္းအပ္လက္ခံလိုက္တယ္လို႔ ထင္ပါတယ္။ေက်ာင္းအပ္ခအေနနဲ႔ အဲဒီတုန္းက ေငြေၾကးေပးရတာ ကြၽန္ေတာ္ကပဲ ကေလးအ႐ြယ္မို႔လို႔လားမသိပါ မျမင္မိပါဘူး။ေပးခ်င္လည္း ေပးရမွာေပါ့။

အခန္းက်ယ္တန္းလ်ားႀကီးထဲမွာ ကႀကီးခေခြးတန္းကို အေ႐ွ႕ဘက္ထိပ္ဆုံးမွာ ေျမျပင္ထက္ နည္းနည္းျမင့္တဲ့ စင္ေပၚမွာ သင္ရပါတယ္။က်န္တဲ့အတန္းေတြကေတာ့ ေျမျပင္မွာခုံတန္း႐ွည္ေတြခ်ထားၿပီး တစ္တန္း၊ႏွစ္တန္း၊ သုံးတန္းဆိုၿပီး ေထာက္တိုင္နဲ႔ နံရံအကန္႔တစ္ခုစီထားၿပီး အတန္းခြဲထားေပးတယ္။အဲဒီနံရံအကန္႔ေတြက ေ႐ႊ႕လို႔ေျပာင္းလို႔ရတဲ့ အ႐ွင္ေတြေပါ့။

အခုရန္ကုန္လို ၿမိဳ႕ေက်ာင္းေတြမွာဆိုရင္ တစ္ခန္းကို တစ္တန္းသင္ရတာမ်ိဳးမဟုတ္ပါဘူး။ အခန္း႐ွည္ႀကီးထဲမွာ အကန္႔ေတြနဲ႔ ခြဲထားၿပီး သင္ရေတာ့ အတန္းတစ္တန္းက စာေအာ္ဆိုၿပီဆိုရင္ ကိုယ့္အတန္းက ဆိုေနသလို ၾကားေနရတယ္။ ကိုယ့္အတန္းက ဆိုရင္လည္း အျခားအတန္းေတြက ၾကားေနရတာေပါ့။ အတန္းတိုင္း စာဆိုၾကတဲ့အခ်ိန္ေတြ တိုက္ဆိုင္သြားရင္ေတာ့ ေသာေသာကို ညံကုန္ေတာ့တာပါပဲ။

ကြၽန္ေတာ္ေက်ာင္းစတက္ေတာ့ အဲဒီေက်ာင္းေလးမွာတက္ခဲ့ရတယ္။ေက်ာင္းေ႐ွ႕မ်က္ႏွာသာ ေျမျပင္က ေက်ာင္းအေနအထားနဲ႔ဆိုရင္ အက်ယ္အျပန္႔ မဆိုးဘူးလို႔ ေျပာရမွာပါ။အဲဒီကြင္းျပင္မွာ ေဆာင္ခ်မ္းပင္သုံးပင္က ေက်ာင္းအလ်ားအတိုင္း ဟိုဘက္ထိပ္၊ဒီဘက္ထိပ္ တစ္ပင္စီနဲ႔ အလယ္မွာတစ္ပင္႐ွိေနခဲ့တယ္။ေျခာက္ေသြ႕တဲ့ အခ်ိန္ အဲဒီေျမျပင္ဟာ တလင္းျဖစ္ေနေတာ့ တခ်ိဳ႕ေတာင္သူေတြ ေကာက္ပဲသီးႏွံေတြ လာၿပီးလွမ္းၾကတာ ျမင္ခဲ့ဖူးပါတယ္။

ဆရာဆရာမေတြ သုံးေလးဦး႐ွိခဲ့ေပမယ့္ ငယ္ေသးေတာ့ အဲဒီတုန္းက သင္ခဲ့ရတဲ့ ဆရာေတြထဲက ဆရာမၾကင္ၾကင္တစ္ေယာက္ပဲ မွတ္မိေတာ့တယ္။

ေက်ာင္ေနရာက အရပ္အေန သင့္လွတယ္မဟုတ္ပါဘူး။ေရႀကီးရင္ ေရဝင္ရပ္နဲ႔နီးလို႔ ေက်ာင္းေျခရင္းက ေျမာင္းေတြထိေရဝင္ပါတယ္။ေက်ာင္းသားေက်ာင္းသူေတြအတြက္ အိမ္သာ႐ွိတယ္လို႔ မေတြ႕မိဘူး။

အီးပါခ်င္ရင္ ေက်ာင္းရဲ႕ ေနာက္ေက်ာဘက္မွာ႐ွိတဲ့ ေျမာင္းထဲဆင္းၿပီး နာနတ္႐ိုင္းပင္ အကြယ္ေနရာေတြမွာ ပါၾကရတယ္။နာနတ္႐ိုင္းေတြဆိုတာ သူ႕အ႐ြက္ရဲ႕ထိပ္မွာ ခြၽန္ထက္လွတဲ့ဆူးတစ္ေခ်ာင္း႐ွိေနတယ္။ အဲဒီအပင္ေတြက ေက်ာင္းရဲ႕ေနာက္ဘက္ ေျမာင္းရဲ႕ဟိုဘက္ဒီဘက္မွာ ေပါက္ေနတာအမ်ားအျပားပါပဲ။

ဒီအပင္ေတြက အေလ့က်ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေပါက္ေနေပမယ့္ အႏၲရာယ္႐ွိႏိုင္မွန္းသိေတာ့ ကေလးေတြျဖစ္တဲ့ ကြၽန္ေတာ္တို႔က သဘာဝအသိနဲ႔ ေ႐ွာင္ခဲ့ၾကတယ္။ဒါေပမဲ့ အပင္ထိပ္က အ႐ြက္ႏုကို ဆြဲျဖဳတ္ကာ ေလွေလးေတြလိုလုပ္ၿပီး ေရစီးမွာေမ်ာေအာင္ ေမွ်ာခ်ၾကပါေသးတယ္။

ေက်ာင္းေဆာက္ထားတဲ့ေျမက ကြၽန္ေတာ္တို႔အရပ္အေခၚ ဖြတ္ခ်ီးေျမေပၚမွာ ေဆာက္ထားတယ္။ ဖြတ္ခ်ီးေျမက သနပ္ခါးေသြးထားရင္ျဖစ္ေနတဲ့ အေရာင္လိုပါပဲ။ဝါသလိုလို ျဖဴသလို အေရာင္ပါ။မိုး႐ြာခ်ိန္ေရာက္ရင္ ဖြတ္ခ်ီးေျမေတြ ေပၚျဖတ္သြားရတဲ့သူတိုင္း ဒုကၡေရာက္ရပါတယ္။မိုးေရနဲ႔ ဖြတ္ခ်ီးေျမတို႔ေတြ႕ၿပီး စီးပိုင္ေနပါတယ္။ ေလွ်ာက္တဲ့သူတိုင္း သတိထားရင္းနဲ႔ကို ေခ်ာ္လဲတတ္ပါတယ္။

ေက်ာင္းတက္ဖို႔ ကြၽန္ေတာ္တို႔အိမ္ကေန သဲလမ္းေက်ာင္းအတိုင္း အေ႐ွ႕ဘက္ကို တည့္တည့္သြားလိုက္ရင္ ပဲ့ေ႐ႊဂူဘုရားနဲ႔ ဝက္မစြပ္ေက်ာင္းၾကားက ဝက္မစြပ္ကန္ေပါင္႐ိုးေပၚကို ေရာက္ပါတယ္။အဲဒီကန္ေပါင္႐ိုး ေပၚကေနဆင္းမွ ေက်ာင္းကိုေရာက္ပါတယ္။ကန္ေပါင္႐ိုးကေနဆင္းတဲ့ အဆင္းေနရာ႐ွိေပမယ့္ ေလွကားထစ္ အေနနဲ႔႐ွိတာ မဟုတ္ပါဘူး။ေျပာင္ေခ်ာေပၚကေန ဒီလိုပဲ အဆင္းအတက္လုပ္ရတယ္။တခ်ိဳ႕ကာလသားႀကီးေတြ ကန္ေပါင္႐ိုးေပၚအတိုင္း လွည္းကိုေမာင္းလာၿပီး အဲဒီေနရာကေန ဆင္းတဲ့သူက အရဲကိုးၿပီးဆင္းတာလည္း ေတြ႕ခဲ့ရဖူးပါတယ္။

ေျခာက္ေသြးတဲ့ ကာလမွာ အဲဒီေနရာကေန အဆင္းအတက္လုပ္ရတာ မေျပာသာေပမယ့္၊မိုးစြတ္၊ေရစြတ္ ကာလေရာက္ရင္ေတာ့ သိပ္မျမင့္လွတဲ့ အဲဒီအဆင္းအတက္ေလးဟာ ကြၽန္ေတာ္တို႔အ႐ြယ္ ေက်ာင္းသားေတြကို အလြန္ပဲ ဒုကၡေပးလွပါတယ္။

အသြားမွာ ဖိနပ္စီးသြားရင္လည္း ဖိနပ္ေအာက္ေျခမွာ ႐ႊံ႕ေတြဟာအထပ္လိုက္ ကပ္ပါလာသလို၊ေက်ာင္းက အျပန္မွာဆိုရင္ ဖိနပ္ကိုခြၽတ္ ဘယ္တစ္ဖက္ ညာတစ္ဖက္ လက္ေမာင္းမွာလွ်ိဳ လက္ေခ်ာင္းေျခေခ်ာင္းေလး ေတြနဲ႔ ကန္ေပါင္႐ႊံ႕သားကို ကုတ္ၿပီးတက္မွ အေပၚေရာက္ပါတယ္။ ေပေရေနတဲ့ လက္နဲ႔ေျခေထာက္ေတြကို ကန္ထဲေရဝင္တဲ့ဘက္ အနိမ့္ပိုင္းမွာသြားၿပီး ကန္ေရနဲ႔ေဆးရတယ္။

စာသင္ရတာ မခက္ေပမယ့္ ေက်ာင္းသြားရတာခက္တဲ့ အေနအထားပါ။အဲဒီေက်ာင္းမွာ တစ္ႏွစ္လားပဲ တက္လိုက္ရပါတယ္။ေနာက္ေတာ့အဲဒီေနရာကေန ေက်ာင္းကို ၿမိဳ႕ရဲ႕ အေနာက္ဘက္မက်တက်ေနရာ၊ ေဈးေ႐ွ႕လမ္းႀကီးနဲ႔ သခ်ႋဳင္းကုန္းသြားတဲ့လမ္း ဆုံတဲ့ေနရာမွာ ေျပာင္းေဆာက္ခဲ့တယ္။ ေက်ာင္းကအေ႐ွ႕ဘက္ ေဈးကိုသြားတဲ့ ေတာင္ေျမာက္လမ္းကို မ်က္ႏွာမူထားပါတယ္။

အေနာက္ဘက္မွာ လယ္ကြင္းေတြ႐ွိၿပီး ေက်ာင္းရဲ႕ေျမာက္ဖက္မွာ ဝက္မစြပ္ကန္ထက္ ေသးတဲ့ တစ္ဖက္ဆည္ကန္တစ္ကန္ ႐ွိေနျပန္ပါတယ္။

ေက်ာင္းေဟာင္းေနရာထက္ ေျပာင္းၿပီးေဆာက္ခဲ့တဲ့ ေက်ာင္းသစ္ေနရာက ေျခခင္းလက္ခင္းသာတဲ့ေနရာျဖစ္လို႔ အေတာ္ကိုေကာင္းလွပါတယ္။ကြၽန္ေတာ္တို႔တက္ခဲ့ရစဥ္တုန္းကေတာ့ ျခံစည္း႐ိုးမခတ္ထားေတာ့ ေက်ာင္းႀကီးပိတ္ထားတဲ့ အခ်ိန္ေရာက္ရင္ ဝက္ျခံမ်ားလားထင္ရေလာက္ေအာင္ ပ်က္စီးတတ္ပါတယ္။ ဝါးကပ္ထရံေတြျဖစ္တာမို႔ ခ်ိဳးဖဲ့ခံထားရတတ္ပါတယ္။

ရန္ကုန္ကိုေရာက္ၿပီးတဲ့ေနာက္ အညာကို အခ်ိန္အေတာ္ၾကမွာ ျပန္ေရာက္ေတာ့ ကြၽန္ေတာ္ေနခဲ့တဲ့ ေက်ာင္းကေလးဟာ ျခံနဲ႔ဝင္းနဲ႔ အုတ္နံရံနဲ႔ သပ္ရပ္ခံ့ညားေနခဲ့ပါၿပီ။

ကြၽန္ေတာ္တို႔ ေက်ာင္းတက္ခဲ့စဥ္က ဆရာႀကီးဦးေျပေဌး၊ဆရာႀကီးဦးေအာင္ဘီ၊ဆရာႀကီးဦးတင္ေဌး၊ ဆရာမညိဳညိဳနဲ႔ ဆရာမၾကင္ၾကင္တို႔က ဒီေက်ာင္းေလးရဲ႕ သင္ဆရာ၊ျမင္ဆရာ၊ၾကားဆရာေတြ အေနနဲ႔ ႐ွိခဲ့ပါတယ္။

ေ႐ြ႕လ်ားျခင္းသေဘာေတြအရ ဘယ္သူေတြ႐ွိေသးလို႔ ဘယ္သူေတြထြက္သြားၾကၿပီလည္း မသိေတာ့ပါ။ အသစ္ေတြနဲ႔ အစားထိုး ေျပာင္းလဲကုန္ၾကမွာပါပဲ။

ဒီေက်ာင္းဖြင့္ရာသီမွာ ကြၽန္ေတာ္ငယ္ငယ္ကတက္ခဲ့တဲ့ ေက်ာင္းကေလးလဲ အခုေတာ့ ဘယ္လို႐ွိေနမလဲ။ ဒီေက်ာင္းေလးမွာတက္ရင္းနဲ႔ ငယ္ဘဝရဲ႕ အမွတ္တရေလးေတြလည္း တစ္ခါတုန္းက အျဖစ္ေလးေတြအေနနဲ႔ ေျပာရဦးမယ္ထင္ပါတယ္။

အခုေတာ့ ကြၽန္ေတာ္တို႔ၿမိဳ႕နယ္ေလးက အေျခအေနေတြ မေကာင္းလွ၊ ပညာသင္ၾကရမယ့္ ကေလးေတြ အခုလိုေက်ာင္းဖြင့္ရာသီမွာ ေက်ာင္းမွတက္ႏိုင္ပါေလစ။

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န

Upcoming Property Events

bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service