အိုစမာဘင်လာဒင်၏ မိသားစု စွန့်ပစ်ထားခဲ့သော လော့စ်အိန်ဂျလိမှ ဒေါ်လာ ၂၈ သန်းတန်စံအိမ်

အိုစမာဘင်လာဒင်၏ မိသားစု စွန့်ပစ်ထားခဲ့သော လော့စ်အိန်ဂျလိမှ ဒေါ်လာ ၂၈ သန်းတန်စံအိမ် - Property News in Myanmar from iMyanmarHouse.com
7 Apr 2023 10:03 am တွင် တင်ခဲ့သည်
1680 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိုစမာဘင်လာဒင်နှင့် ညီအစ်ကိုတော်စပ်သော အီဘရာဟင် ဘင်လာဒင် (Ibrahim bin Laden) သည် အမေရိကန်ပြည် ၊ လော့စ်အိန်ဂျလိမြို့၊ Bel Air အရပ်တွင် ကာလကြာရှည်ပိုင်ဆိုင်ထားသော စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၈ သန်းဖြင့် ၂၀၂၁ ခုနှစ်အတွင်းက အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

အီဘရာဟင်သည် အမေရိကန်အထူးတပ်ဖွဲ့၏ ပစ်ခတ်ကွပ်မျက်ခံခဲ့ရသူ အိုစမာဘင်လာဒင်၏ အစ်ကို တစ်ဝမ်းကွဲ တော်စပ်သူဖြစ်ပြီး ယခုစံအိမ်ကို ၁၉၈၃ ခုနှစ်မှစကာ ဆယ်စုနှစ် ၄ ခုနီးပါး ပိုင်ဆိုင်ခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ- Realtor)

( ခြံဝန်းအကျယ် ၂ ဧကရှိသည်။ ဓာတ်ပုံ- Realtor)

အီဘရာဟင်သည် မြေထဲပင်လယ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၁,၆၅၃,၀၀၀ ပေးခဲ့ရသည်။ သို့သော် ညီဖြစ်သူ အိုစမာဘင်လာဒင်က World Trade Center ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ၉/၁၁ ဖြစ်ရပ်နောက်ပိုင်းကတည်းက ထိုစံအိမ်တွင် အီဘရာဟင် မနေဖြစ်တော့။

စံအိမ်မှာ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရပြီး ဈေးကွက်တင်ခဲ့သော ခေါ်ဈေးမှာ မြေတန်ဖိုးမျှသာ ရှိသည်။

ခြံအကျယ် စတုရန်းမီတာ ၈၁၀၀ ရှိပြီး အိမ်အကျယ်မှာ ၆၆၀ စတုရန်းမီတာရှိကာ အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါသည်။

၁၉၃၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ပန်းရောင်ဆေးသုတ်ထားကာ Hotel Bel-Air နှင့် အိမ်အနည်းငယ်မျှသာ ကွာဝေးသည်။

(နေအိမ်မှာ ပျက်စီးယိုယွင်းနေသော အခြေအနေရှိသော်လည်း ရေကူးကန်မှာ အကောင်းတိုင်း ရှိနေဆဲ ဖြစ်သည်။ ဓာတ်ပုံ- Realtor)

(ဓာတ်ပုံ- Realtor)

နေအိမ်မှာ ပျက်စီးယိုယွင်းနေသောကြောင့် အတွင်းပိုင်းဓာတ်ပုံ ရှားပါးသည်။

ခြံဝန်းအတွင်းရှိ အုန်းပင်များစွာမှာ ကောင်းစွာရှင်သန်ကြီးပြင်းလျက်ရှိပြီး ရေကူးကန်နှင့် Spa တို့မှာမူ ကောင်းစွာ ထိန်းသိမ်းထားဟန် ရှိသည်။

အီဘရာဟင်သည် ထိုစံအိမ်ကြီးတွင် ဇနီး (ဟောင်း) Christine Hartunian Sinay နှင့် အတူနေထိုင်ခဲ့ပြီး Sibba Hartunian အမည်ရှိ သမီးတစ်ဦး ထွန်းကားခဲ့သည်။

အီဘရာဟင် နေထိုင်ခဲ့စဉ်က ပန်းဥယျာဉ်မှူးများ ၊ အိမ်အကူ ၊ ယာဉ်မောင်းများနှင့် လုံခြုံရေးဝန်ထမ်းများ ခန့်ထားခဲ့သည်။

အီဘရာဟင်၏ ယခုစံအိမ်အကြောင်းကို စာရေးဆရာ Steve Coll’s က သူ၏ စာအုပ် “The Bin Ladens: An Arabian Family in the American Century” တွင်ထည့်သွင်းရေးသားခဲ့ဖူးသည်။

သူ၏ ဇနီး Sinzay သည် လော့စ်အိန်ဂျလိ ဂီတသမား Janson Sinay နှင့် လက်ထပ်ကာ နောက်ပိုင်းတွင် ကွာရှင်းခဲ့သည်။

 

(အိပ်ခန်း ၇ ခန်း ၊ ရေချိုးခန်း ၅ ခန်းပါသည်။ ဓာတ်ပုံ- Realtor)

 

(အီဘရာဟင် မနေတော့သည့် နောက်ပိုင်း နေအိမ်ပြတင်းများကို ဖုံးအုပ်ကာ ပိတ်ထားခဲ့သည်။ ဓာတ်ပုံ- Realtor)

စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ဖြစ်သွားချိန်တွင် အီဘရာဟင်မှာ ပြည်ပတွင် အပန်းဖြေခရီးထွက်နေခဲ့ပြီး အမေရိကန်သို့ မည်သည့်အခါမှ ပြန်မလာခဲ့တော့ချေ။

အီဘရာဟင်သည် ယခုအိမ်ကို ၂၀၁၀ ပြည့်နှစ်တွင် အငှားချထားခဲ့သည်။ ယင်းနောက်ပိုင်း ထိုအိမ်ကြီးမှာ ညစ်ညမ်းကားများ ရိုက်ကူးရာနေရာအဖြစ် အသုံးပြုခြင်း ခံခဲ့ရသည်။

(ကား ၄ စင်းဆန့် ဂိုဒေါင်။ တစ်ချိန်က အီဘရာဟင် ဘင်လာဒင်၏ ရိုးရွိက်စ် ကား ၂ စင်းနှင့် Lamborghini ကားတစ်စင်း ထားရှိခဲ့သည်။ ဓာတ်ပုံ- Realtor)

 

(အိပ်ခန်း ၇ ခန်း ၊ ရေချိုးခန်း ၅ ခန်းပါသည်။ ဓာတ်ပုံ- Realtor)

အိုစမာဘင်လာဒင်နှင့် အီဗရာဟင်တို့သည် ဆော်ရေအာရေးဘီးယား ဆောက်လုပ်ရေး သူဌေးကြီး မိုဟာမက်ဘင် အေဝက် ဘင်လာဒင်၏ သားသမီး ၅၆ ဦးတွင် ပါဝင်ပြီး သူဌေးကြီးတွင် ဇနီး ၂၂ ယောက်ရှိသည်။

(ခြံဝန်းအတွင်း သီးခြားပန်းရောင် Pool House တစ်လုံးလည်းရှိသည်။ ဓာတ်ပုံ- Realtor)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Osama bin Laden family’s abandoned LA estate up for sale for $38.1 million (realestate)

 

 

 

 

[Zawgyi]

 

အိုစမာဘင္လာဒင္၏ မိသားစု စြန္႔ပစ္ထားခဲ့ေသာ ေလာ့စ္အိန္ဂ်လိမွ ေဒၚလာ ၂၈ သန္းတန္စံအိမ္

 

အိုစမာဘင္လာဒင္ႏွင့္ ညီအစ္ကုိေတာ္စပ္ေသာ အီဘရာဟင္ ဘင္လာဒင္ (Ibrahim bin Laden) သည္ အေမရိကန္ျပည္ ၊ ေလာ့စ္အိန္ဂ်လိျမဳိ႕၊ Bel Air အရပ္တြင္ ကာလၾကာရွည္ပိုင္ဆိုင္ထားေသာ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၂၈ သန္းျဖင့္ ၂၀၂၁ ခုႏွစ္အတြင္းက အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။

အီဘရာဟင္သည္ အေမရိကန္အထူးတပ္ဖြဲ႔၏ ပစ္ခတ္ကြပ္မ်က္ခံခဲ့ရသူ အိုစမာဘင္လာဒင္၏ အစ္ကို တစ္ဝမ္းကြဲ ေတာ္စပ္သူျဖစ္ျပီး ယခုစံအိမ္ကို ၁၉၈၃ ခုႏွစ္မွစကာ ဆယ္စုႏွစ္ ၄ ခုနီးပါး ပိုင္ဆိုင္ခဲ့ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

(စံအိမ္၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု- Realtor)

( ျခံဝန္းအက်ယ္ ၂ ဧကရွိသည္။ ဓာတ္ပံု- Realtor)

အီဘရာဟင္သည္ ေျမထဲပင္လယ္ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ကုိ ဝယ္ယူခဲ့စဥ္က ကန္ေဒၚလာ ၁,၆၅၃,၀၀၀ ေပးခဲ့ရသည္။ သို႔ေသာ္ ညီျဖစ္သူ အိုစမာဘင္လာဒင္က World Trade Center ကို အၾကမ္းဖက္တိုက္ခိုက္ခဲ့သည့္ ၉/၁၁ ျဖစ္ရပ္ေနာက္ပိုင္းကတည္းက ထိုစံအိမ္တြင္ အီဘရာဟင္ မေနျဖစ္ေတာ့။

စံအိမ္မွာ ႏွစ္ေပါင္းမ်ားစြာ စြန္႔ပစ္ခံထားရျပီး ေစ်းကြက္တင္ခဲ့ေသာ ေခၚေစ်းမွာ ေျမတန္ဖိုးမွ်သာ ရွိသည္။

ျခံအက်ယ္ စတုရန္းမီတာ ၈၁၀၀ ရွိျပီး အိမ္အက်ယ္မွာ ၆၆၀ စတုရန္းမီတာရွိကာ အိပ္ခန္း ၇ ခန္းႏွင့္ ေရခ်ဳိးခန္း ၅ ခန္းပါသည္။

၁၉၃၁ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး ပန္းေရာင္ေဆးသုတ္ထားကာ Hotel Bel-Air ႏွင့္ အိမ္အနည္းငယ္မွ်သာ ကြာေဝးသည္။

(ေနအိမ္မွာ ပ်က္စီးယိုယြင္းေနေသာ အေျခအေနရွိေသာ္လည္း ေရကူးကန္မွာ အေကာင္းတိုင္း ရွိေနဆဲ ျဖစ္သည္။ ဓာတ္ပံု- Realtor)

(ဓာတ္ပံု- Realtor)

ေနအိမ္မွာ ပ်က္စီးယိုယြင္းေနေသာေၾကာင့္ အတြင္းပိုင္းဓာတ္ပံု ရွားပါးသည္။

ျခံဝန္းအတြင္းရွိ အုန္းပင္မ်ားစြာမွာ ေကာင္းစြာရွင္သန္ၾကီးျပင္းလ်က္ရွိျပီး ေရကူးကန္ႏွင့္ Spa တု႔ိမွာမူ ေကာင္းစြာ ထိန္းသိမ္းထားဟန္ ရွိသည္။

အီဘရာဟင္သည္ ထိုစံအိမ္ၾကီးတြင္ ဇနီး (ေဟာင္း) Christine Hartunian Sinay ႏွင့္ အတူေနထိုင္ခဲ့ျပီး Sibba Hartunian အမည္ရွိ သမီးတစ္ဦး ထြန္းကားခဲ့သည္။

အီဘရာဟင္ ေနထိုင္ခဲ့စဥ္က ပန္းဥယ်ာဥ္မွဴးမ်ား ၊ အိမ္အကူ ၊ ယာဥ္ေမာင္းမ်ားႏွင့္ လံုျခံဳေရးဝန္ထမ္းမ်ား ခန္႔ထားခဲ့သည္။

အီဘရာဟင္၏ ယခုစံအိမ္အေၾကာင္းကို စာေရးဆရာ Steve Coll’s က သူ၏ စာအုပ္ “The Bin Ladens: An Arabian Family in the American Century” တြင္ထည့္သြင္းေရးသားခဲ့ဖူးသည္။

သူ၏ ဇနီး Sinzay သည္ ေလာ့စ္အိန္ဂ်လိ ဂီတသမား Janson Sinay ႏွင့္ လက္ထပ္ကာ ေနာက္ပိုင္းတြင္ ကြာရွင္းခဲ့သည္။

(အိပ္ခန္း ၇ ခန္း ၊ ေရခ်ဳိးခန္း ၅ ခန္းပါသည္။ ဓာတ္ပံု- Realtor)

(အီဘရာဟင္ မေနေတာ့သည့္ ေနာက္ပိုင္း ေနအိမ္ျပတင္းမ်ားကို ဖံုးအုပ္ကာ ပိတ္ထားခဲ့သည္။ ဓာတ္ပံု- Realtor)

စက္တင္ဘာ ၁၁ ရက္ တုိက္ခိုက္မႈ ျဖစ္သြားခ်ိန္တြင္ အီဘရာဟင္မွာ ျပည္ပတြင္ အပန္းေျဖခရီးထြက္ေနခဲ့ျပီး အေမရိကန္သို႔ မည္သည့္အခါမွ ျပန္မလာခဲ့ေတာ့ေခ်။

အီဘရာဟင္သည္ ယခုအိမ္ကို ၂၀၁၀ ျပည့္ႏွစ္တြင္ အငွားခ်ထားခဲ့သည္။ ယင္းေနာက္ပိုင္း ထိုအိမ္ၾကီးမွာ ညစ္ညမ္းကားမ်ား ရိုက္ကူးရာေနရာအျဖစ္ အသံုးျပဳျခင္း ခံခဲ့ရသည္။

(ကား ၄ စင္းဆန႔္ ဂိုေဒါင္။ တစ္ခ်ိန္က အီဘရာဟင္ ဘင္လာဒင္၏ ရိုးရြိက္စ္ ကား ၂ စင္းႏွင့္ Lamborghini ကားတစ္စင္း ထားရွိခဲ့သည္။ ဓာတ္ပံု- Realtor)

(အိပ္ခန္း ၇ ခန္း ၊ ေရခ်ဳိးခန္း ၅ ခန္းပါသည္။ ဓာတ္ပံု- Realtor)

အိုစမာဘင္လာဒင္ႏွင့္ အီဗရာဟင္တို႔သည္ ေဆာ္ေရအာေရးဘီးယား ေဆာက္လုပ္ေရး သူေဌးၾကီး မိုဟာမက္ဘင္ ေအဝက္ ဘင္လာဒင္၏ သားသမီး ၅၆ ဦးတြင္ ပါဝင္ျပီး သူေဌးၾကီးတြင္ ဇနီး ၂၂ ေယာက္ရွိသည္။

(ျခံဝန္းအတြင္း သီးျခားပန္းေရာင္ Pool House တစ္လံုးလည္းရွိသည္။ ဓာတ္ပံု- Realtor)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Osama bin Laden family’s abandoned LA estate up for sale for $38.1 million (realestate)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service