စိတ်ထားကောင်းလေးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
954 Views

စိတ်ထားကောင်းလေးတွေ

Knowledge | Posted by Aye Myat Thu

[Unicode]

အကျိုးတစ်ခုအား ပြောသည့်အခါတွင် ဖြစ်ခဲ့သည့်အကြောင်းလေးများကို အစပြန်ကောက်ရသည်။

လွန်ခဲ့တဲ့နှစ်ရက်က သမီးလေးတွင်ဗိုက်အောင့်သည့် ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး ဆေးရုံဆေးခန်း တို့ထံ ခေါက်ပြန်သွားခဲ့ရသည်။ထိုသို့သွားရာတွင် အသွားခရီးတွင် အလျင်လိုနေ၍ တက္ကစီတို့ကို ငှားစီးခဲ့သည်။

ဆေးရုံကြီးရှေ့တွင် ကားငှားရန် ကျွန်တော်တို့ ရပ်လိုက်စဉ် တက္ကစီတစ်စီး ထိုးဆိုက်လာသည်။မိမိတို့သွားမည့်သွားရမည့် မင်္ဂလာတောင်ညွန့်က ဓာတ်ခွဲခန်းနေရာကိုပြောလိုက်သည်။တက်ပါတက်ပါ ရပါတယ်။ “ဘယ်လောက်လဲဗျ”လို့ မေးဖြစ်အောင် မေးလိုက်သော်လည်း ကားမောင်းသူသည် ကျသင့်ငွေကို မပြောဘဲ..တက်ပါတက်ပါ..ပို့ပေးပါ့မယ်ဆိုပြီး အတင်းတက်ခိုင်းပါလေသည်။

ဇနီးဖြစ်သူလည်း ကားတံခါးဖွင့်ပြီး အတင်းတက်နေရာ ကျွန်ုပ်လည်းလိုက်တက်လိုက်ရသည်။စိတ်ထဲကလည်း အတွေးတစ်ခုဖြစ်လိုက်မိ၏။ကျသင့်တာထက်တော့ နည်းနည်းပိုတောင်းတော့မည် ဆိုတာကို။

တွေးသည့်အတိုင်း ဟုတ်လည်းဟုတ်ခဲ့သည်။သွားလိုသည့်နေရာ ရောက်သည့်အခါ ကားခဘယ်လောက်လဲ မေးတော့ လေးထောင်ပဲယူမှာပါခင်ဗျ။လေးထောင်ပဲ ယူမှာပါခင်ဗျ..တဲ့လားဗျာ။အသံလေးကသိပ်ချိုသည်။

ဒီခရီး ဒီနေရာကို သုံးထောင်ခန့်သာရှိသည့် ခရီးဖြစ်သည်။စီးခဲ့ပြီးမှပဲ မစစ်တော့ဘဲပေးခဲ့လိုက်သည်။အစရှုပ်မှ နောင်ရှင်း မစီးခင်ကတည်းက ဈေးစကားကို အပြီးပြောခဲ့သင့်သည်။ထိုဓာတ်ခွဲခန်းမှ သွေးစစ်ပြီး ဆေးရုံကြီးသို့ ပြန်သွားရန် ကားငှားရာ သုံးထောင်သာပေးခဲ့ရသည်။အပြန်ခရီးမှာ ပထမငှားစီးသည့် တက္ကစီထက်ပင် ပို၍ပတ်မောင်းပေးရ၏။ဘယ်လိုစေတနာပေနည်း။လူတစ်ဦးချင်းစီ၏ စိတ်ဓာတ်နှင့်သာဆိုင်ပေလိမ့်မည်။

ထိုရက်မတိုင်မီ အရင်ရက်က ပုံမှန်ပြနေကျ ဆေးခန်းကအပြန်တွင် လမ်းထိပ်တွင် ကားမှတ်တိုင်ရှိရာ တက္ကစီမငှားတော့ဘဲ လိုင်းကားစီးမည်ဟုဆုံးဖြတ်လိုက်သည်။အချိန်က နေ့လည် ၂ နာရီခန့်ဖြစ်၍ ကားချောင်နိုင်သည်ဟု ယူဆသဖြင့်ဖြစ်သည်။အဲကွန်းကားဖြစ်၍လည်း သက်သောင့်သက်သာစီးနင်းရသဖြင့် လိုင်းကားကို ရွေးလိုက်ခြင်းဖြစ်သည်။

သို့ပါသော်လည်း ကားပေါ်ရောက်သည့်ခါ ထိုင်ခုံပြည့်သည့်အပြင် ရပ်စီးသူပင်အတော်များနေသည်ကို တွေ့ရသည်။ကားနောက်ပိုင်းအထိ အနည်းငယ်တိုးဝင်ခဲ့ရသည်။ကားနောက်ပိုင်းဘက်ရှိ ရှေ့အလယ် နှစ်ခုံဘေးတွင် ရပ်လိုက်သည်။ထိုခုံတွင်ထိုင်နေကြသော လူငယ်နှစ်ဦး ဖုန်းကြည့်နေကြသည်။ လူရိပ်မြင်သဖြင့်ထင်သည် မော့ကြည့်ကြ၏။ ကျွန်တော် ကလေးချီထားတာကို တွေ့သွားပြီး ဝင်ထိုင်ဖို့ပြောပြီး တစ်ယောက်က ထပေးသည်။ကျန်တစ်ယောက်ကလည်း ထပေး၏။

ကျွန်တော်က ထိုင်ပါပြောသော်လည်း ရှေ့နားရောက်ရင် ဆင်းတော့မှာပြောပြီး ကျွန်တော်တို့မိသားစုကို နေရာပေးကြသည်။ဝင်ထိုင်ရင်း ကျေးဇူးတင်ကြောင်းပြောရသည်။

မသိချင်ယောင်ဆောင်ပြီး နေရာမပေးဘဲ ထိုင်မည်ဆိုလျှင် ကျွန်တော်တို့ ဘာမျှမတတ်နိုင်။ ရပ်ပြီးစီးသွားရုံသာ ရှိသည်။

တကယ်တော့သူတို့ ဆင်းမသွားပေ။မြို့ထဲရောက်သည်အထိ ပါလာသည်ကို တွေ့ရသည်။သို့သော်လည်း ကျွန်တော်တို့ကို နေရာပေးပြီး နှစ်မှတ်တိုင်မြောက်လောက်အရောက်တွင် အခြားခုံတို့တွင်ထိုင်နေသူများ ဆင်းသွားကြသဖြင့် သူတို့နေရာပြန်ရခဲ့ကြသည်။အများကို ကူညီလိုစိတ်ရှိသည့် စိတ်ကောင်းရှိသူများမှာ နေရာပျောက်လည်း ခဏပေ။တစ်ချိန်မှာ နေရာပြန်ရစမြဲပေ။

ထို့နောက် ကလေးအတွက်စိုးရိမ်စိတ်ဖြင့် အသိမိတ်ဆွေများက အညံ့အခိုက်တို့ပြေပျောက်စေရန် မြန်မာ့နည်း မြန်မာ့ဟန် ဗေဒင်ယတြာတို့ကိုမေးမြန်းပေးကြပြီး ဘာလုပ်သင့်သည် ညာလုပ်သင့်သည်စသည်ဖြင့် အကြံအဉာဏ်တို့ပေးကြသည်။ထိုအကြံပေးကြသည်ထဲမှ ကလေးကို ဆွေမျိုးများဖြစ်သော ဦးလေးအဒေါ်တို့ထံ ငွေကျပ်တစ်ထောင်နှင့် ယတြာသဘောရောင်းလိုက်လျှင် အညံ့အခိုက်တို့ ပြေပျောက်နိုင်ကြောင်းပြောသည်။

ဆွေရင်းမျိုးရင်းတို့က အနီးမှာမရှိ၊အခြားသူ အကူအညီတောင်းလျှင်ရော ဖြစ်သလားဟု မေးကြည့်ရာ ဖြစ်ကြောင်းသိရသဖြင့် ခင်မင်ရင်းစွဲရှိသူ၊သမီးကိုလည်းချစ်သည့် အိမ်နီးနားချင်း အသိဦးလေးလင်မယားကို အကျိုးအကြောင်းပြောပြီး အကူအညီတောင်းကြည့်ရာ လိုလိုလားကူညီပေးကြပါသည်။ ပရိတ်လက်ဖွဲ့ကြိုးတွေပေး၊ဘုရားဂုဏ်၊တရားဂုဏ်၊သံဃာ့ဂုဏ်တော်များကို သမီးလေးကျန်းမာစေဖို့အတွက် ရည်စူးရွတ်ဆိုပေးကြသည်။စေတနာကောင်းထားပေးကြသူများအတွက် ကျေးဇူးအထူးတင်ရပါသည်။

ထိုကိစ္စတို့ပြီး၍ ညနေ၆နာရီခန့်တွင် သမီးကိုဝယ်ယူကြသော မိသားစုကပင် ပုဇွန်တောင်ရေကျော်ရှိ ကလေးအထူးကုဆရာဝန်ကြီးထံသွားရန် သူတို့ကားဖြင့် လိုက်ပို့ပေးကြသည်။၎င်းတို့ကား အဝင်အထွက် ခက်မည်ဆိုးသဖြင့် ရေကျော်လမ်းမပေါ်ဆင်လိုက်ကြသည်။ယခင်သုတစွယ်စုံ စာအုပ်တိုက်ရှိရာလမ်းမှ ဝင်ရမည်ထင်သဖြင့် အမှတ်မှားစွာဝင်ခဲ့ကြသည်။လမ်းမှားသွားခဲ့သည်။

လွန်ခဲ့သော ငါးနှစ်ဝန်ကျင် သမီးမွေးစက ဆရာဝန်မကြီးထံ ပြခဲ့ဘူးသည့်ဆေးစာအုပ်လေးကိုင်ပြီး လမ်းတွေမှားကာ ဝင်ရောက်ခဲ့မိသည်။မျက်နှာချင်းဆိုင်က ဖုန်းပြောရင်းလာနေသော အမျိုးသမီးတစ်ယောက်က ကျွန်တော်တို့လက်မှာ စာအုပ်လေးကိုင်ထား၊ကလေးလည်းချီထားသဖြင့် ဆေးခန်းရှာနေသည်ကို သိ၍ထင်သည်။ ပါးစပ်ကလည်း ဆေးခန်းရှာနေတာလားဟု ဖုန်းပြောခြင်းကိုရပ်၍ မေးပါသည်။ကျွန်တော်တို့က ရှာနေကြောင်းပြောရာ နောက်ပြန်လျှောက်ပြီး ဘယ်ဘယ်ကိုချိုးသွားရန်ပြောဖြင့် ပြန်လျှောက်ခဲ့ကြသည်။ သူပြောသည်ကို နားကြားလွဲပြီး ပထမဆုံးတွေ့သည်လမ်းကို ချိုးဝင်ခဲ့ကြသည်။ဆေးခန်းရှာသည်မတွေ့ အတော်လေးဝင်ခဲ့ပြီးမှ ဆေးခန်းမတွေ့သဖြင့် ထိုလမ်းထဲတွင် ကျွန်တော်တို့ယောင်လည်လည်ဖြစ်နေကြသည်။ ရေသန့်ဗူးများချနေသည့် ကောင်းလေးတွေကိုမေးရာ သူတို့လည်းမသိကြောင်းပြောသည်။

ထိုအခြေအနေကို ထိုလမ်းထဲရှိ အထပ်မြင့်တိုက်ခန်းမှ ဒုတိယအလွှာတွင် နေထိုင်သူအသက်ကြီးကြီး ဦးလေးကြီးတစ်ယောက်က ၎င်းတို့အခန်းဝရန်တာမှ ကျွန်တော်တို့ကို ဆေးခန်းက နောက်တစ်လမ်းမှာ ရှိကြောင်း အော်ပြောရှာပါသည်။ကျွန်တော်တို့လည်း ကျေးဇူတင်ကြောင်းလက်အုပ်ချီပြီးပြန်ပြောရာ ထိုဦးလေးကြီးလည်း ပြန်လက်အုပ်ချီပြီး ကျေးဇူးခံယူသည်ကိုတွေ့ခဲ့ရသည်။ထိုနည်းဖြင့် ဆေးခန်းသို့ ရောက်ခဲ့ရသည်။

ဒီလိုဖြစ်စဉ်တွေကို လူတိုင်းအနည်းနဲ့အများတော့ တစ်ကွေ့မဟုတ် တစ်ကွေ့တော့ကြုံကြရပါလိမ့်မည်။တချို့က မမေးဘဲနဲ့တောင်စေတနာထားပြီး ကူညီကြသည်။တချို့က ထိုကိစ္စမျိုးကိုတောင် လေမစိုက်ချင်ကြ။ မကူညီချင်ကြပေ။

ဘာပဲပြောပြော ဒီဖြစ်စဉ်လေးအတွင်း စေတနာကောင်းနှင့်လိုလိုလားကူညီသူတွေ၊နှုတ်ချိုသော်လည်း မသိမသာ ပါးပါးလွှာသွားသူများလည်း တွေ့ခဲ့ရပါကြောင်း…။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

စိတ္ထားေကာင္းေလးေတြ

 

အက်ိဳးတစ္ခုအား ေျပာသည့္အခါတြင္ ျဖစ္ခဲ့သည့္အေၾကာင္းေလးမ်ားကို အစျပန္ေကာက္ရသည္။

လြန္ခဲ့တဲ့ႏွစ္ရက္က သမီးေလးတြင္ဗိုက္ေအာင့္သည့္ ေဝဒနာကို ျပင္းျပင္းထန္ထန္ခံစားခဲ့ရၿပီး ေဆးရုံေဆးခန္း တို႔ထံ ေခါက္ျပန္သြားခဲ့ရသည္။ထိုသို႔သြားရာတြင္ အသြားခရီးတြင္ အလ်င္လိုေန၍ တကၠစီတို႔ကို ငွားစီးခဲ့သည္။

ေဆးရုံႀကီးေရွ႕တြင္ ကားငွားရန္ ကၽြန္ေတာ္တို႔ ရပ္လိုက္စဥ္ တကၠစီတစ္စီး ထိုးဆိုက္လာသည္။မိမိတို႔သြားမည့္သြားရမည့္ မဂၤလာေတာင္ညြန္႔က ဓာတ္ခြဲခန္းေနရာကိုေျပာလိုက္သည္။တက္ပါတက္ပါ ရပါတယ္။ “ဘယ္ေလာက္လဲဗ်”လို႔ ေမးျဖစ္ေအာင္ ေမးလိုက္ေသာ္လည္း ကားေမာင္းသူသည္ က်သင့္ေငြကို မေျပာဘဲ..တက္ပါတက္ပါ..ပို႔ေပးပါ့မယ္ဆိုၿပီး အတင္းတက္ခိုင္းပါေလသည္။

ဇနီးျဖစ္သူလည္း ကားတံခါးဖြင့္ၿပီး အတင္းတက္ေနရာ ကၽြႏု္ပ္လည္းလိုက္တက္လိုက္ရသည္။စိတ္ထဲကလည္း အေတြးတစ္ခုျဖစ္လိုက္မိ၏။က်သင့္တာထက္ေတာ့ နည္းနည္းပိုေတာင္းေတာ့မည္ ဆိုတာကို။

ေတြးသည့္အတိုင္း ဟုတ္လည္းဟုတ္ခဲ့သည္။သြားလိုသည့္ေနရာ ေရာက္သည့္အခါ ကားခဘယ္ေလာက္လဲ ေမးေတာ့ ေလးေထာင္ပဲယူမွာပါခင္ဗ်။ေလးေထာင္ပဲ ယူမွာပါခင္ဗ်..တဲ့လားဗ်ာ။အသံေလးကသိပ္ခ်ိဳသည္။

ဒီခရီး ဒီေနရာကို သုံးေထာင္ခန္႔သာရွိသည့္ ခရီးျဖစ္သည္။စီးခဲ့ၿပီးမွပဲ မစစ္ေတာ့ဘဲေပးခဲ့လိုက္သည္။အစရႈပ္မွ ေနာင္ရွင္း မစီးခင္ကတည္းက ေဈးစကားကို အၿပီးေျပာခဲ့သင့္သည္။ထိုဓာတ္ခြဲခန္းမွ ေသြးစစ္ၿပီး ေဆးရုံႀကီးသို႔ ျပန္သြားရန္ ကားငွားရာ သုံးေထာင္သာေပးခဲ့ရသည္။အျပန္ခရီးမွာ ပထမငွားစီးသည့္ တကၠစီထက္ပင္ ပို၍ပတ္ေမာင္းေပးရ၏။ဘယ္လိုေစတနာေပနည္း။လူတစ္ဦးခ်င္းစီ၏ စိတ္ဓာတ္ႏွင့္သာဆိုင္ေပလိမ့္မည္။

ထိုရက္မတိုင္မီ အရင္ရက္က ပုံမွန္ျပေနက် ေဆးခန္းကအျပန္တြင္ လမ္းထိပ္တြင္ ကားမွတ္တိုင္ရွိရာ တကၠစီမငွားေတာ့ဘဲ လိုင္းကားစီးမည္ဟုဆုံးျဖတ္လိုက္သည္။အခ်ိန္က ေန႔လည္ ၂ နာရီခန္႔ျဖစ္၍ ကားေခ်ာင္ႏိုင္သည္ဟု ယူဆသျဖင့္ျဖစ္သည္။အဲကြန္းကားျဖစ္၍လည္း သက္ေသာင့္သက္သာစီးနင္းရသျဖင့္ လိုင္းကားကို ေရြးလိုက္ျခင္းျဖစ္သည္။

သို႔ပါေသာ္လည္း ကားေပၚေရာက္သည့္ခါ ထိုင္ခုံျပည့္သည့္အျပင္ ရပ္စီးသူပင္အေတာ္မ်ားေနသည္ကို ေတြ႔ရသည္။ကားေနာက္ပိုင္းအထိ အနည္းငယ္တိုးဝင္ခဲ့ရသည္။ကားေနာက္ပိုင္းဘက္ရွိ ေရွ႕အလယ္ ႏွစ္ခုံေဘးတြင္ ရပ္လိုက္သည္။ထိုခုံတြင္ထိုင္ေနၾကေသာ လူငယ္ႏွစ္ဦး ဖုန္းၾကည့္ေနၾကသည္။ လူရိပ္ျမင္သျဖင့္ထင္သည္ ေမာ့ၾကည့္ၾက၏။ ကၽြန္ေတာ္ ကေလးခ်ီထားတာကို ေတြ႔သြားၿပီး ဝင္ထိုင္ဖို႔ေျပာၿပီး တစ္ေယာက္က ထေပးသည္။က်န္တစ္ေယာက္ကလည္း ထေပး၏။

ကၽြန္ေတာ္က ထိုင္ပါေျပာေသာ္လည္း ေရွ႕နားေရာက္ရင္ ဆင္းေတာ့မွာေျပာၿပီး ကၽြန္ေတာ္တို႔မိသားစုကို ေနရာေပးၾကသည္။ဝင္ထိုင္ရင္း ေက်းဇူးတင္ေၾကာင္းေျပာရသည္။

မသိခ်င္ေယာင္ေဆာင္ၿပီး ေနရာမေပးဘဲ ထိုင္မည္ဆိုလွ်င္ ကၽြန္ေတာ္တို႔ ဘာမွ်မတတ္ႏိုင္။ ရပ္ၿပီးစီးသြားရုံသာ ရွိသည္။

တကယ္ေတာ့သူတို႔ ဆင္းမသြားေပ။ၿမိဳ႕ထဲေရာက္သည္အထိ ပါလာသည္ကို ေတြ႔ရသည္။သို႔ေသာ္လည္း ကၽြန္ေတာ္တို႔ကို ေနရာေပးၿပီး ႏွစ္မွတ္တိုင္ေျမာက္ေလာက္အေရာက္တြင္ အျခားခုံတို႔တြင္ထိုင္ေနသူမ်ား ဆင္းသြားၾကသျဖင့္ သူတို႔ေနရာျပန္ရခဲ့ၾကသည္။အမ်ားကို ကူညီလိုစိတ္ရွိသည့္ စိတ္ေကာင္းရွိသူမ်ားမွာ ေနရာေပ်ာက္လည္း ခဏေပ။တစ္ခ်ိန္မွာ ေနရာျပန္ရစျမဲေပ။

ထို႔ေနာက္ ကေလးအတြက္စိုးရိမ္စိတ္ျဖင့္ အသိမိတ္ေဆြမ်ားက အညံ့အခိုက္တို႔ေျပေပ်ာက္ေစရန္ ျမန္မာ့နည္း ျမန္မာ့ဟန္ ေဗဒင္ယၾတာတို႔ကိုေမးျမန္းေပးၾကၿပီး ဘာလုပ္သင့္သည္ ညာလုပ္သင့္သည္စသည္ျဖင့္ အႀကံအဉာဏ္တို႔ေပးၾကသည္။ထိုအႀကံေပးၾကသည္ထဲမွ ကေလးကို ေဆြမ်ိဳးမ်ားျဖစ္ေသာ ဦးေလးအေဒၚတို႔ထံ ေငြက်ပ္တစ္ေထာင္ႏွင့္ ယၾတာသေဘာေရာင္းလိုက္လွ်င္ အညံ့အခိုုက္တို႔ ေျပေပ်ာက္ႏိုင္ေၾကာင္းေျပာသည္။

ေဆြရင္းမ်ိဳးရင္းတို႔က အနီးမွာမရွိ၊အျခားသူ အကူအညီေတာင္းလွ်င္ေရာ ျဖစ္သလားဟု ေမးၾကည့္ရာ ျဖစ္ေၾကာင္းသိရသျဖင့္ ခင္မင္ရင္းစြဲရွိသူ၊သမီးကိုလည္းခ်စ္သည့္ အိမ္နီးနားခ်င္း အသိဦးေလးလင္မယားကို အက်ိဳးအေၾကာင္းေျပာၿပီး အကူအညီေတာင္းၾကည့္ရာ လိုလိုလားကူညီေပးၾကပါသည္။ ပရိတ္လက္ဖြဲ႔ႀကိဳးေတြေပး၊ဘုရားဂုဏ္၊တရားဂုဏ္၊သံဃာ့ဂုဏ္ေတာ္မ်ားကို သမီးေလးက်န္းမာေစဖို႔အတြက္ ရည္စူးရြတ္ဆုိေပးၾကသည္။ေစတနာေကာင္းထားေပးၾကသူမ်ားအတြက္ ေက်းဇူးအထူးတင္ရပါသည္။

ထိုကိစၥတို႔ၿပီး၍ ညေန၆နာရီခန္႔တြင္ သမီးကိုဝယ္ယူၾကေသာ မိသားစုကပင္ ပုဇြန္ေတာင္ေရေက်ာ္ရွိ ကေလးအထူးကုဆရာဝန္ႀကီးထံသြားရန္ သူတို႔ကားျဖင့္ လိုက္ပို႔ေပးၾကသည္။၎တို႔ကား အဝင္အထြက္ ခက္မည္ဆိုးသျဖင့္ ေရေက်ာ္လမ္းမေပၚဆင္လိုက္ၾကသည္။ယခင္သုတစြယ္စုံ စာအုပ္တိုက္ရွိရာလမ္းမွ ဝင္ရမည္ထင္သျဖင့္ အမွတ္မွားစြာဝင္ခဲ့ၾကသည္။လမ္းမွားသြားခဲ့သည္။

လြန္ခဲ့ေသာ ငါးႏွစ္ဝန္က်င္ သမီးေမြးစက ဆရာဝန္မႀကီးထံ ျပခဲ့ဘူးသည့္ေဆးစာအုပ္ေလးကိုင္ၿပီး လမ္းေတြမွားကာ ဝင္ေရာက္ခဲ့မိသည္။မ်က္ႏွာခ်င္းဆိုင္က ဖုန္းေျပာရင္းလာေနေသာ အမ်ိဳးသမီးတစ္ေယာက္က ကၽြန္ေတာ္တို႔လက္မွာ စာအုပ္ေလးကိုင္ထား၊ကေလးလည္းခ်ီထားသျဖင့္ ေဆးခန္းရွာေနသည္ကို သိ၍ထင္သည္။ ပါးစပ္ကလည္း ေဆးခန္းရွာေနတာလားဟု ဖုန္းေျပာျခင္းကိုရပ္၍ ေမးပါသည္။ကၽြန္ေတာ္တို႔က ရွာေနေၾကာင္းေျပာရာ ေနာက္ျပန္ေလွ်ာက္ၿပီး ဘယ္ဘယ္ကိုခ်ိဳးသြားရန္ေျပာျဖင့္ ျပန္ေလွ်ာက္ခဲ့ၾကသည္။ သူေျပာသည္ကို နားၾကားလြဲၿပီး ပထမဆုံးေတြ႔သည္လမ္းကို ခ်ိဳးဝင္ခဲ့ၾကသည္။ေဆးခန္းရွာသည္မေတြ႔ အေတာ္ေလးဝင္ခဲ့ၿပီးမွ ေဆးခန္းမေတြ႔သျဖင့္ ထိုလမ္းထဲတြင္ ကၽြန္ေတာ္တို႔ေယာင္လည္လည္ျဖစ္ေနၾကသည္။ ေရသန္႔ဗူးမ်ားခ်ေနသည့္ ေကာင္းေလးေတြကိုေမးရာ သူတို႔လည္းမသိေၾကာင္းေျပာသည္။

ထိုအေျခအေနကို ထိုလမ္းထဲရွိ အထပ္ျမင့္တိုက္ခန္းမွ ဒုတိယအလႊာတြင္ ေနထိုင္သူအသက္ႀကီးႀကီး ဦးေလးႀကီးတစ္ေယာက္က ၎တို႔အခန္းဝရန္တာမွ ကၽြန္ေတာ္တို႔ကို ေဆးခန္းက ေနာက္တစ္လမ္းမွာ ရွိေၾကာင္း ေအာ္ေျပာရွာပါသည္။ကၽြန္ေတာ္တို႔လည္း ေက်းဇူတင္ေၾကာင္းလက္အုပ္ခ်ီၿပီးျပန္ေျပာရာ ထိုဦးေလးႀကီးလည္း ျပန္လက္အုပ္ခ်ီၿပီး ေက်းဇူးခံယူသည္ကိုေတြ႔ခဲ့ရသည္။ထိုနည္းျဖင့္ ေဆးခန္းသို႔ ေရာက္ခဲ့ရသည္။

ဒီလိုျဖစ္စဥ္ေတြကို လူတိုင္းအနည္းနဲ႔အမ်ားေတာ့ တစ္ေကြ႔မဟုတ္ တစ္ေကြ႔ေတာ့ႀကဳံၾကရပါလိမ့္မည္။တခ်ိဳ႕က မေမးဘဲနဲ႔ေတာင္ေစတနာထားၿပီး ကူညီၾကသည္။တခ်ိဳ႕က ထိုကိစၥမ်ိဳးကိုေတာင္ ေလမစိုက္ခ်င္ၾက။ မကူညီခ်င္ၾကေပ။

ဘာပဲေျပာေျပာ ဒီျဖစ္စဥ္ေလးအတြင္း ေစတနာေကာင္းႏွင့္လိုလိုလားကူညီသူေတြ၊ႏႈတ္ခ်ိဳေသာ္လည္း မသိမသာ ပါးပါးလႊာသြားသူမ်ားလည္း ေတြ႔ခဲ့ရပါေၾကာင္း…။ ။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

Upcoming Property Events

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service