ရဲရဲသာ ဆက်တက်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
419 Views
ရဲရဲသာ ဆက်တက်ပါ
Knowledge | Posted by Hnin Ei Khin
[Unicode]
ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့တုန်းက ဘားအံမြို့ရဲ့အနိမ့်ဆုံးတောင်ဖြစ်တဲ့ ရဲသာတောင်ကို မနက်ပိုင်းလေးတဖြတ် တက်ဖြစ်တယ်ပေါ့...
စတက်ကာစကတော့ အဟုတ်ပဲ ရှိုးနဲ့မိုးနဲ့၊ ဘွတ်နဲ့ရွှတ်နဲ့😂
တက်နေတက်စမရှိတော့ ပင်ပန်းလိုက်တာ၊ ခြေထောက်တွေလည်း ညောင်း၊ လူက မော၊ ရင်တွေတုန်၊ ရေတွေ ဆာ နဲ့ပေါ့ တက်နေရင်း တဖြည်းဖြည်းနဲ့ ဦးထုတ်တွေ၊ လက်ရှည်တွေကပါ လေးလာသလိုပဲ၊
တက်နေတဲ့ တောင်ပေါ်တလျှောက် အပင်လေးတွေ၊ တရုတ်စကားပန်းလေးတွေတောင်သတိမထားမိဘူး ကိုယ့်ဘာသာမောနေတာနဲ့ ဘေးကဘာအလှအပမှမခံစားနိုင်တာ လမ်းတဝက်မှာ နားရတာလည်း အခါခါ၊ ဆင်းလာတဲ့လူတွေတွေ့ရင် ပြန်ဆင်းလိုက်သွားချင်လိုက်တာ မဖြစ်သေးပါဘူး ရောက်အောင်တက်မယ်ဆိုပြီး နားလိုက် တက်လိုက် ရေသောက်လိုက် ပြန်တက်လိုက်နဲ့ပဲ နောက်ဆုံးတော့ ရောက်သွားခဲ့ပါပြီ.....
အား..လေကတဖြူးဖြူးနဲ့ အေးစိမ့်နေရော၊ လယ်ကွက်လေးတွေက သေးသေးလေး စိမ်းပြီး လှနေရောမနက်ခင်း နေရောင်ခြည်ကလည်း ဇွဲကပင်တောင်နောက်ကနေ တဖြည်းဖြည်းတိုးထွက်လာတာ တအားလှတာပဲ
မနက်ခင်း နေထွက်ပုံရဲ့ လှပမှု၊ တိုက်ခတ်နေတဲ့လေ၊ မြင်နေရတဲ့ရှုခင်းတွေကြောင့်တက်နေရင်း ရခဲ့တဲ့ မောတာ ညောင်းတာတွေ ဘယ်ပျောက်ကုန်မှန်းတောင်မသိတော့ဘူး။ပြန်မဆင်းဘဲ ရောက်အောင်တက်လာခဲ့တာ တကယ်တန်တယ်။
အဲ့လိုပါပဲ လူ့ဘဝမှာလည်း အောင်မြင်မှု၊ ပျော်ရွှင်မှုဆိုတဲ့ ပန်းတိုင်တွေဆီ တက်လှမ်းတဲ့ခါ မောတာ၊ ညောင်းတာ၊ ပင်ပန်းတာတွေကြောင့် အားလျှော့ချင်လာတာတွေရှိမယ်။ ရပ်လိုက်ချင်တာတွေရှိမယ်။
အဲ့လိုတွေဖြစ်လာတဲ့ခါ စိတ်ဓါတ်မကျဘဲ ရှေ့ကို ရဲရဲဆက်တက်သွားပါ၊ မိမိတို့မျှော်လင့်ထားတဲ့ ပန်းတိုင်ဆီရောက်တဲ့ခါ ရရှိလာတဲ့ အသီးအပွင့်တွေဟာ မောပန်းခဲ့သမျှ ပင်ပန်းခဲ့သမျှကို ပြေလျော့စေမှာ အသေအချာမို့ ရဲရဲသာ ရှေ့ဆက်တက်သွားပါလို့ တိုက်တွန်းလိုက်ပါတယ်။
ပုံလေးတွေက ရဲသာတောင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်းတွေပါ❤️
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရဲရဲသာ ဆက္တက္ပါ
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
Upcoming Property Events
kalaw-garden-valley
taunggyi-garden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service