ယှဉ်ပြိုင်နေသမျှ လက်ခံနိုင်မှသက်သာမယ်.... - Property Knowledge in Myanmar from iMyanmarHouse.com
511 Views
ယှဉ်ပြိုင်နေသမျှ လက်ခံနိုင်မှသက်သာမယ်....
Knowledge | Posted by Si Thu Aung
[Unicode]
ယှဉ်ပြိုင်နေရတဲ့လောကကြီးမှာ အတုံ့အလှည့်အနိုင်အရှုံးဆိုတာ လောကဓမ္မတာပဲလေ။အမြဲတမ်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ယှဉ်ပြိုင်မှုရှိနေသမျှ ဒီရလဒ်နှစ်ခုကို တစ်ကွေ့မဟုတ်တစ်ကွေ့မှာတော့တွေ့ကြရမှာပါပဲ။ ဒီလိုကြုံလာတဲ့အခါမှာ အနိုင်ရတုန်းက မော်ကြွားပျော်ရွှင်မှုတွေနဲ့ လက်ခံနိုင်ခဲ့ပြီး ရှုံးတော့မှ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ စကားတွေကိုနားထောင်ရတာဟာ တယ်ပြီးမကောင်းလှပါဘူး။
နေစဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ ဖြစ်စဉ်တွေဟာ တရားသဘောတွေနဲ့စပ်ယှဉ်နေတာကို သတိထားမိရင် ယှဉ်ပြိုင် နေရတဲ့ လောကကြီးမှာ အနိုင်အရှုံးရလဒ်တွေအပေါ် ဘယ်လိုလက်ခံကြလည်းဆိုတာတွေ့ရပါလိမ့်မယ်။ ဒီလိုသတိထားမှလည်း ကျွန်တော်တို့ရင်ထဲက ရယူလိုစိတ်တွေ၊နိုင်လိုစိတ်တွေနဲ့ ဖြစ်နေတဲ့ တင်းကြပ်မှုတွေ ကနေ သက်သာမှာပေါ့။ယှဉ်ပြိုင်နေသမျှ ရလဒ်တစ်ခုကတော့ထွက်နေမှာပါပဲ။ အဲဒီရလဒ်အပေါ် အလွန်အကျွံ့ ကြီး ဖြစ်ရင်တော့ ဘယ်သက်သာပါ့မလဲ။
လက်ခံနိုင်မှ သက်သာဖို့ဆိုရင် အနီးဆုံးဖြစ်ရပ်လေးတွေကိုကြည့်ရင် တွေ့နိုင်ပါတယ်။ လက်ဝှေ့ပွဲနဲ့ ဘောလုံးပွဲ တွေကို ကြည့်တဲ့အခါ အနိုင်အရှုံးရလဒ်အပေါ် လက်ခံနိုင်မှုဟာ အလွန်ပဲ ပြင်းထန်တာကို တွေ့ရပါတယ်။
လက်ဝှေ့ပွဲမှာဆိုရင် မြန်မာပြည်ဖွား ကချင်နယ်သားကြီး အောင်လအန်ဆန်းထိုးသတ်တဲ့ပွဲ အပါအဝင် အခြားသောပွဲတွေရော ကြည့်ဖြစ်တော့ ကိုယ့်နိုင်ငံသားဖြစ်တော့ နိုင်စေလိုတဲ့စိတ်နဲ့ အားပေးမှုကလည်း ကာယကံရှင်ထက်တောင် ကြည့်တဲ့ပရိသတ်ရဲ့နိုင်လိုစိတ်က ပိုပြီးတောင်ပြင်းထန်ပါသေးတယ်။ကိုယ်လိုချင်တဲ့ ရလဒ်ထွက်မလာရင် အသက်ထွက်မတတ် ဖြစ်သွားရလောက်တဲ့သူတွေ ရှိပါတယ်။
ဒီလိုယှဉ်ပြိုင်မှုမှာ ယှဉ်ပြိုင်ဘက်ရဲ့ အးနည်းချက်ကို အရအမိရှာဖွေပြီး ကိုယ့်ရဲ့ အားသာချက်တွေနဲ့ တရစပ် အသုံးချပြီး အနိုင်ယူကြရပါတယ်။တချို့ကလည်း ယှဉ်ပြိုင်ဘက်အပေါ် လေးစားမှုမရှိတဲ့ အပြုအမူတွေ လုပ်ပြကြတာကိုတွေ့ရပါတယ်။အသက်ပေးသွားရနိုင်တဲ့ ဒီလိုပွဲမျိုးမှာ အချို့ကကိုယ့်ရဲ့ ယှဉ်ပြိုင်ဘက်ကို တလေးတစားနဲ့ ဂါရဝထားကြတာကိုယ်လည်းတွေ့ရပါတယ်။ရန်သူမဟုတ်သော ယှဉ်ပြိုင်မှုမှာ ကိုယ်ရဲ့အစွမ်းက တစ်ဖက်သူထက် ဘယ်လောက်ကောင်းကြောင်း၊ဘယ်လိုအနိုင်ယူနိုင်ကြောင်း ပြသနိုင်ရင် ပြီးတာပါပဲ။
ကျွန်တော်တို့ခန္ဓာကိုယ်မှာ ယှဉ်ပြိုင်ဖို့အတွက် သဘာဝကပေးထားတဲ့ ကိုယ်လက်အင်္ဂါတွေရှိတယ်။ဘဝမှာ ရှင်သန်ဖို့အတွက် ဒီအင်္ဂါအစိတ်အပိုင်းတွေကိုအသုံးချပြီး ရပ်တည်ခဲ့ကြရတာပါပဲ။ဒီလိုအင်္ဂါအစိတ်အပိုင်းတွေကို အသုံးချတဲ့အခါမှာ လက်ဝှေ့သမားတစ်ယောက်အတွက် ညာခြေ ရှေ့ကိုတက်ရင် ဘယ်ခြေဟာနောက်မှာ ကျန်ခဲ့ရတယ်။ညာလက်သီး ရှေ့ကိုလှမ်းထိုးတဲ့အခါ ဘယ်လက်ဟာ အကာအကွယ်အနေနဲ့ ခန္ဓာကိုယ်မှာကပ်ကျန်နေခဲ့ရတယ်။လက်သီးနှစ်လုံး တစ်ပြိုင်ထဲထိုးလို့မရပါဘူး။
ယှဉ်ပြိုင်ဘက်ကို အနိုင်ရဖို့ ညာလက်ကိုထုတ်ပြီးတိုက်နေတဲ့အချိန်မှာ လွတ်သွားတဲ့ ကိုယ့်ရဲ့ဟာကွက်ကို ဘယ်လက်က အကာအကွယ် ဘယ်လောက်ပေးနိုင်မလဲ။ဘယ်လက်က တိုက်စစ်ဆင်နေတဲ့အချိန်မှာ ညာလက်က ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ပေးနိုင်ရပါမယ်။ဒါဟာတရားပါတယ်။
တစ်ဖက်ပြိုင်ဘက်ကလည်း ဒီသဘောပါပဲ။ဒီအခွင့်အရေးပါပဲ။တရားသောယှဉ်ပြိုင်မှု ကြိုးဝိုင်းမှာ လစ်ဟာမှုကို အကာအကွယ်ပေးဖို့ နောက်ကျရင်တော့ နောက်ကျသူအတွက်ရလဒ်ဟာ အရှုံးပါပဲ။
တစ်ဖက်ပြိုင်ဘက်ကလည်း ကိုယ့်ရဲ့လစ်ဟာသွားတဲ့ အစိတ်အပိုင်းကို မြင်အောင်ကြည့်ပြီး သူ့တိုက်စစ်ကို ကိုယ့်လိုပဲ ဖော်ဆောင်မှာပါ။ဒီလိုအပြန်အလှန် အားနည်းချက်ကို ရှာဖွေတိုက်ခိုက်ရင်း လေ့ကျင့်သားလို့ခေါ်တဲ့ သက်လုံကောင်းမှုအပါအဝင် ထူးကဲတဲ့လျင်မြန်မှုနဲ့ အားသာတဲ့ သတ်ကွက်တွေက သာသူကို အနိုင်ရစေမှာပါပဲ။
ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်ရလိုကြတယ်ဆိုတာ မပြောလည်းသိကြပါတယ်။ယှဉ်သမျှနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ယှဉ်ပြိုင်တာကြီးပါပဲ။မနိုင်တော့ဘာဖြစ်လဲ။မနိုင်တော့ ရှုံးတာပေါ့။အဖြေကဒါပဲလေ။ ရှုံးတာကိုမကျေနပ်ဖြစ်ပြီး တောင်လုပ်မြောက်လုပ် လုပ်လို့မရပါဘူး။ပြန်အနိုင်လိုချင်ရင် လေ့ကျင့်ပြင်ဆင်မှုတွေ တိုးလုပ်ပြီးတော့ တရားသောယှဉ်ပြိုင်မှုနဲ့ ထပ်ပြီးယှဉ်ပြိုင်ပေါ့။
လူမှန်ရင် ဒီလိုယှဉ်ပြိုင်မှုသဘောကို သိရပါလိမ့်မယ်။လက်ခံရပါလိမ့်မယ်။
အချို့က ကိုယ့်ရဲ့ညံ့ဖျင်းမှုမသိဘဲ အရှုံးရလဒ်နောက်မှာ လက်မခံနိုင်ခြင်းတွေနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တဲ့အထိ အရုပ်ဆိုးမှုတွေကို ရာဇဝင်တွင်အောင်လုပ်ကြတာတွေ တွ့ရပါတယ်။လူတွေလက်ခံနိုင်တဲ့ အနိုင်ကိုလိုချင်ရင် တရားသဖြင့်ယှဉ်ပြိုင်ရဲရပါလိမ့်မယ်။
မနိုင်လို့ ရှုံးခဲ့ရင်လည်း ပြုံးပြပြီး လက်စွဲနှုတ်ဆက်ရဲလောက်အောင် သတ္တိမွေးရဲရမှာပေါ့။လူ့လောကမှာ ယှဉ်ပြိုင်မှုတွေက အများအပြားပါပဲ။အားကစား၊ပညာရေး၊နိုင်ငံရေးတွေမှာ တရားသောယှဉ်ပြိုင်မှုတွေရဲ့ ရလဒ်အဖြေကို လက်ခံနိုင်ရပါလိမ့်မယ်။ဒီလိုတရားသော ယှဉ်ပြိုင်မှုရဲ့ ရလဒ်ကို လက်မခံနိုင်ကြတော့ လူ့အသိုက်အမြုံတွေဟာ ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတွေအထိ ဖြစ်ကြတော့တာပါပဲ။
အောင်စာရင်းမှာ ကိုယ့်နာမည်မပါလို့ အောင်စာရင်းစာရွက် စုပ်ဖြဲလိုက်တာနဲ့ နာမည်ပြန်ပြီး အောင်စာရင်းထဲ ပါလာမှာမဟုတ်ပါဘူး။အဖြေထွက်ပြီးသားလေ။ဒီတော့ ယှဉ်ပြိုင်မှုမှာ အရှုံးအနိုင်ဆိုတာ လက်ခံနိုင်မှ သက်သာပါလိမ့်မယ်။ တရားသောယှဉ်ပြိုင်မှုမှာ လက်မခံနိုင်ရင် မပြိုင်တာက ပိုကောင်းပါလိမ့်မယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Upcoming Property Events
taunggyi-garden-city
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service