ကမ္ဘာ့အကြီးဆုံး လူနေအိမ်ကြီး (သို့) Istana Nurul Iman - Property News in Myanmar from iMyanmarHouse.com
1306 Views

ကမ္ဘာ့အကြီးဆုံး လူနေအိမ်ကြီး (သို့) Istana Nurul Iman

[Unicode]

စာဖတ်သူဟာ ကမာ္ဘပေါ်က အကြီးမားဆုံး နေအိမ်ကြီးအကြောင်းကို စူးစမ်းဖူးတယ်ဆိုရင်တော့ ဘရူးနိုင်းနိုင်ငံက Istana Nurul Iman ကို ရင်းနှီးနေလိမ့်မယ် ထင်ပါတယ်။

အင်္ဂလိပ်အမည်ဆိုရင်တော့ The Light of Faith Palace လို့ လူသိများတဲ့ ဒီနေအိမ်ကြီးဟာ ဘရူနိုင်း စူလတန် Hassanal Bolkiah နဲ့ ဘရူနိုင်း ဘုရင်တို့ရဲ့ ရုံးစိုက်ရာ နေအိမ်လည်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ဆိုရရင်တော့ နန်းတော်ကြီးပေါ့။ ဒီနန်းတော်ကြီးဟာ ဘရူးနိုင်းနိုင်ငံရဲ့ မြို့တော် Bandar Seri Begawan ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ အနည်းငယ်အကွာရှိ ဘရူနိုင်းမြစ်ကမ်းပေါ်နဲ့ မြစ်ကမ်းပေါ်နဲ့ မြစ်ကမ်းစပ်ရှိ တောင်ကုန်များပေါ်မှာ တည်ရှိလို့နေပါတယ်။

ဘုရင့်နေအိမ်ဖြစ်တာကြောင့်လည်း ဒီနန်းတော်ဟာ နိုင်ငံတော် အခါသမယများနဲ့ တော်ဝင် ဧည့်ဝတ်ပြုမှုတို့ရဲ့ ဗဟိုချက် ဖြစ်လို့နေတာပါ။

ကြီးကျယ်ခမ်းနားတဲ့ ဇိမ်ခံနန်းတော်ကြီးရဲ့ နေရာအကျယ်အဝန်းကတော့ စတုရန်းပေ 2.15 သန်းဖြစ်လို့နေတာကြောင့် ကမ္ဘာ့အကြီးဆုံး လူနေအိမ် ဖြစ်လို့နေတာပါ။

ဒီအိမ်ကြီးကို ၁၉၈၄ ခုနှစ်မှာ Leandro V.Locsin မှ ဒီဇိုင်းဆွဲပေးခဲ့ပြီး ဖိလစ်ပိုင် ကုမ္ပဏီ Ayala International မှ တည်ဆောက်ပေးခဲ့ပါတယ်။

လူအများစုက အခုလို စွဲမက်ဖွယ်ကောင်းတဲ့ အိမ်တစ်လုံးရဲ့ ကုန်ကျစရိတ်ကို သိချင်နေကြတာကြောင့် တန်ကြေးဟာလည်း ဒေါ်လာ ၁.၄ ဘီလီယံအထိ မြင့်တက်သွားခဲ့ပါသေးတယ်။

ဂင်းနစ် ကမ္ဘာ့စံချိန်အတွက် ထည့်သွင်းစဉ်းစားရန် နန်းတော်အား တော်ဝင်နေအိမ်အဖြစ် အသုံးပြုခဲ့ကြပြီး နန်းတော်ရဲ့ အတွင်းပိုင်းကြမ်းပြင်တွေက ဒီကမ္ဘာ့စံချိန်တိုင်းတာမှုကို အဓိကကျစေခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

ထိုသို့ စံနှုန်းများနဲ့ တိုင်းတာချက်အရ လက်ရှိမှာတော့ Istana Nurul Iman ဟာ ကမ္ဘာ့အကြီးဆုံး လူနေအိမ်နန်းတော်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားခဲ့ပြီ ဖြစ်ပါတယ်။

Istana Nurul Iman ဟာ ကမ္ဘာပေါ်က အကြီးဆုံး လူနေအိမ်၊ တည်ဆောက်ခဲ့သမျှ မိသားစုတစ်စုတည်း နေထိုင်မှုထဲမှာ အကြီးဆုံးနေအိမ်ဆိုတဲ့ ကမ္ဘာ့စံချိန်တွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

နန်းတော်ထဲမှာတော့ အခန်းပေါင်း ၁,၇၈၈ ခန်းပါဝင်ပြီး ရေချိုးခန်း ၂၅၇ ခန်း၊ ဧည့်ခန်းပေါင်း ၅, ၀၀၀ အထိ တိုးချဲ့နိုင်သော ဧည့်ခန်းမဆောင်တစ်ခု၊ လူပေါင်း ၁,၅၀၀ ဆံ့သော ဗလီကြီးတစ်ခုတို့ ပါဝင်ပါတယ်။

ဒါ့အပြင် နန်းတော်ဟာ ကားအစီးရေ ၁၁၀ ပါဝင်တဲ့ ကားဂိုဒေါင် တစ်ခု၊ စူလတန်ရဲ့ 200 Polo Ponie အတွက် လေအေးပေးစက်ကြီးတွေအပြင် ရေကူးကန်နဲ့ ငါးကန်တို့ပါဝင်နေပါတယ်။

ဒါကြောင့် Istana Nurul Iman နန်းတော်ဟာ စုစုပေါင်း ကြမ်းပြင် အကျယ်အဝန်း ၂.၁၅၂.၇၈၂ စတုရန်းပေ (200,000 mm) ကိုပိုင်ဆိုင်ထားခဲ့သိလို ဖွဲ့စည်းပုံကိုကြည့်မယ်ဆိုရင်တော့ Istana Nurul Iman ထဲမှာ မီးပဒေသာ ၅၆၄ လုံး၊ မီးသီး ၅၁,၀၀၀ ၊ လှေကားထစ် ၄၄ ခုနဲ့ ဓာတ်လှေကား ၁၈ခုတို့ ပါဝင်နေကြတာဟာလည်း အံ့အားသင့်စရာပါ။

စူလတန်က သူ့ရဲ့တရားဝင်ပရိသတ်တွေကို နန်းတော်ကို ခေါ်ဆောင်သွားလေ့ရှိသလို နန်းတော်ကိုလည်း ဘရူနိုင်အစိုးရရဲ့ ပြည်နယ်အားလုံးအတွက် အသုံးပြုနေပါတယ်။

ထို့အပြင် နန်းတော်ဟာ ဝန်ကြီးချုပ်ရုံးကို ထားရှိရာ ဘရူးနိုင်းအစိုးရ ရုံးစိုက်ရာ နေရာလည်း ဖြစ်ပါတယ်။

လူထု တက်ရောက်ဖို့ နိုင်ငံတော်အခန်းများအပြင် အိမ်ရှေ့မင်းရဲ့ ကြောငြာချက်နဲ့အတူ နှစ်စဉ် မင်းမျိုးမင်းနွယ်တွေရဲ့မွေးနေ့ ပွဲများကဲ့သို့သော တရားဝင်အခမ်းအနားများမှာ အသုံးပြုလေ့ရှိတဲ့ ပလ္လင်ကြီးတစ်ခုနဲ့ အခန်းကျယ်ကြီးလည်း ပါရှိပါတယ်။

ဒီနန်းတော်ကြီးကို စူလတန်ရဲ့ ကိုယ်ပိုင်နေအိမ်အဖြစ် အဓိက အသုံးပြုမှုနှင့်အညီ နန်းတော်ထဲမှာသီးခြား ကားဂိုဒေါင်ပေါင်း ၁၁၀ နဲ့ ကား ၁၇, ၀၀၀ အထိ သိုလှောင်သိမ်းဆည်းထားတာကြောင့် စူလတန်အိမ်တော်ဟာ ကမ္ဘာ့အရေအတွက် အများဆုံးသော ကားတွေအများကြီး ထည့်သွင်းနိုင်တဲ့ စံအိမ်တော်ကြီးလည်း ဖြစ်နေပြန်ပါတယ်။

နန်းတော်ဟာ သုံးရက်တာ ကာလအတွင်း ဧည့်သည် ၁၁၀ ,၀၀၀ ခန့်ကို လာရောက် လက်ခံနိုင်တဲ့ Eid-ui-Fitr (မွတ်စ်လင်မ် ဥပုသ်လ အဆုံး) မှာ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ အစ္စလာမ်ပွဲတော်ရှိတဲ့ ရက်မှလွဲပြီး ကျန်တဲ့အချိန်တွေမှာတော့ အများပြည်သူတို့ ဝင်ရောက်နိုင်ဖို့ ဖွင့်လှစ်ထားခြင်း မရှိပါဘူး။

နန်းတော်ဖွင့်လှစ်တဲ့ အခြားသော အချိန်အခါတွေကတော့ Tadarus နဲ့ Tarawih ဆုတောင်းပွဲအတွက် Ramadhan ကာလမှာ မွတ်စလင်များအတွက် ၁၀ ရက် သီးသန့် ထပ်မံ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo

Credit: hotnewmyanmar

 

 

[Zawgyi]

ကမ႓ာ႔အႀကီးဆံုး လူေနအိမ္ႀကီး (သို႔) Istana Nurul Iman

 

စာဖတ္သူဟာ ကမာၻေပၚက အႀကီးမားဆံုး ေနအိမ္ႀကီးအေၾကာင္းကို စူးစမ္းဖူးတယ္ဆိုရင္ေတာ့ ဘ႐ူးႏိုင္းႏိုင္ငံက Istana Nurul Iman ကို ရင္းႏွီးေနလိမ့္မယ္ ထင္ပါတယ္။

အဂၤလိပ္အမည္ဆိုရင္ေတာ့ The Light of Faith Palace လို႔ လူသိမ်ားတဲ့ ဒီေနအိမ္ႀကီးဟာ ဘ႐ူႏိုင္း စူလတန္ Hassanal Bolkiah နဲ႕ ဘ႐ူႏိုင္း ဘုရင္တို႔ရဲ႕ ႐ုံးစိုက္ရာ ေနအိမ္လည္း ျဖစ္ပါတယ္။

တစ္နည္းအားျဖင့္ဆိုရရင္ေတာ့ နန္းေတာ္ႀကီးေပါ့။ ဒီနန္းေတာ္ႀကီးဟာ ဘ႐ူးႏိုင္းႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ Bandar Seri Begawan ရဲ႕ အေနာက္ေတာင္ဘက္ ကီလိုမီတာ အနည္းငယ္အကြာရွိ ဘ႐ူႏိုင္းျမစ္ကမ္းေပၚနဲ႕ ျမစ္ကမ္းေပၚနဲ႕ ျမစ္ကမ္းစပ္ရွိ ေတာင္ကုန္မ်ားေပၚမွာ တည္ရွိလို႔ေနပါတယ္။

ဘုရင့္ေနအိမ္ျဖစ္တာေၾကာင့္လည္း ဒီနန္းေတာ္ဟာ ႏိုင္ငံေတာ္ အခါသမယမ်ားနဲ႕ ေတာ္ဝင္ ဧည့္ဝတ္ျပဳမႈတို႔ရဲ႕ ဗဟိုခ်က္ ျဖစ္လို႔ေနတာပါ။

ႀကီးက်ယ္ခမ္းနားတဲ့ ဇိမ္ခံနန္းေတာ္ႀကီးရဲ႕ ေနရာအက်ယ္အဝန္းကေတာ့ စတုရန္းေပ 2.15 သန္းျဖစ္လို႕ေနတာေၾကာင့္ ကမ႓ာ႔အႀကီးဆံုး လူေနအိမ္ ျဖစ္လို႔ေနတာပါ။

ဒီအိမ္ႀကီးကို ၁၉၈၄ ခုႏွစ္မွာ Leandro V.Locsin မွ ဒီဇိုင္းဆြဲေပးခဲ့ၿပီး ဖိလစ္ပိုင္ ကုမၸဏီ Ayala International မွ တည္ေဆာက္ေပးခဲ့ပါတယ္။

လူအမ်ားစုက အခုလို စြဲမက္ဖြယ္ေကာင္းတဲ့ အိမ္တစ္လံုးရဲ႕ ကုန္က်စရိတ္ကို သိခ်င္ေနၾကတာေၾကာင့္ တန္ေၾကးဟာလည္း ေဒၚလာ ၁.၄ ဘီလီယံအထိ ျမင့္တက္သြားခဲ့ပါေသးတယ္။

ဂင္းနစ္ ကမ႓ာ႔စံခ်ိန္အတြက္ ထည့္သြင္းစဥ္းစားရန္ နန္းေတာ္အား ေတာ္ဝင္ေနအိမ္အျဖစ္ အသံုးျပဳခဲ့ၾကၿပီး နန္းေတာ္ရဲ႕ အတြင္းပိုင္းၾကမ္းျပင္ေတြက ဒီကမ႓ာ႔စံခ်ိန္တိုင္းတာမႈကို အဓိကက်ေစခဲ့တယ္လို႔လည္း ဆိုႏိုင္ပါတယ္။

ထိုသို႕ စံႏႈန္းမ်ားနဲ႕ တိုင္းတာခ်က္အရ လက္ရွိမွာေတာ့ Istana Nurul Iman ဟာ ကမ႓ာ႔အႀကီးဆံုး လူေနအိမ္နန္းေတာ္အျဖစ္ ဂင္းနစ္မွတ္တမ္းဝင္ထားခဲ့ၿပီ ျဖစ္ပါတယ္။

Istana Nurul Iman ဟာ ကမ႓ာေပၚက အႀကီးဆံုး လူေနအိမ္၊ တည္ေဆာက္ခဲ့သမွ် မိသားစုတစ္စုတည္း ေနထိုင္မႈထဲမွာ အႀကီးဆံုးေနအိမ္ဆိုတဲ့ ကမ႓ာ႔စံခ်ိန္ေတြကို ပိုင္ဆိုင္ထားခဲ့ပါတယ္။

နန္းေတာ္ထဲမွာေတာ့ အခန္းေပါင္း ၁,၇၈၈ ခန္းပါဝင္ၿပီး ေရခ်ိဳးခန္း ၂၅၇ ခန္း၊ ဧည့္ခန္းေပါင္း ၅, ၀၀၀ အထိ တိုးခ်ဲ႕ႏိုင္ေသာ ဧည့္ခန္းမေဆာင္တစ္ခု၊ လူေပါင္း ၁,၅၀၀ ဆံ့ေသာ ဗလီႀကီးတစ္ခုတို႔ ပါဝင္ပါတယ္။

ဒါ့အျပင္ နန္းေတာ္ဟာ ကားအစီးေရ ၁၁၀ ပါဝင္တဲ့ ကားဂိုေဒါင္ တစ္ခု၊ စူလတန္ရဲ႕ 200 Polo Ponie အတြက္ ေလေအးေပးစက္ႀကီးေတြအျပင္ ေရကူးကန္နဲ႕ ငါးကန္တို႕ပါဝင္ေနပါတယ္။

ဒါေၾကာင့္ Istana Nurul Iman နန္းေတာ္ဟာ စုစုေပါင္း ၾကမ္းျပင္ အက်ယ္အဝန္း ၂.၁၅၂.၇၈၂ စတုရန္းေပ (200,000 mm) ကိုပိုင္ဆိုင္ထားခဲ့သိလို ဖြဲ႕စည္းပံုကိုၾကည့္မယ္ဆိုရင္ေတာ့ Istana Nurul Iman ထဲမွာ မီးပေဒသာ ၅၆၄ လံုး၊ မီးသီး ၅၁,၀၀၀ ၊ ေလွကားထစ္ ၄၄ ခုနဲ႕ ဓာတ္ေလွကား ၁၈ခုတို႕ ပါဝင္ေနၾကတာဟာလည္း အံ့အားသင့္စရာပါ။

စူလတန္က သူ႔ရဲ႕တရားဝင္ပရိသတ္ေတြကို နန္းေတာ္ကို ေခၚေဆာင္သြားေလ့ရွိသလို နန္းေတာ္ကိုလည္း ဘ႐ူႏိုင္အစိုးရရဲ႕ ျပည္နယ္အားလံုးအတြက္ အသံုးျပဳေနပါတယ္။

ထို႕အျပင္ နန္းေတာ္ဟာ ဝန္ႀကီးခ်ဳပ္႐ုံးကို ထားရွိရာ ဘ႐ူးႏိုင္းအစိုးရ ႐ုံးစိုက္ရာ ေနရာလည္း ျဖစ္ပါတယ္။

လူထု တက္ေရာက္ဖို႔ ႏိုင္ငံေတာ္အခန္းမ်ားအျပင္ အိမ္ေရွ႕မင္းရဲ႕ ေၾကာျငာခ်က္နဲ႕အတူ ႏွစ္စဥ္ မင္းမ်ိဳးမင္းႏြယ္ေတြရဲ႕ေမြးေန႕ ပြဲမ်ားကဲ့သို႔ေသာ တရားဝင္အခမ္းအနားမ်ားမွာ အသံုးျပဳေလ့ရွိတဲ့ ပလႅင္ႀကီးတစ္ခုနဲ႕ အခန္းက်ယ္ႀကီးလည္း ပါရွိပါတယ္။

ဒီနန္းေတာ္ႀကီးကို စူလတန္ရဲ႕ ကိုယ္ပိုင္ေနအိမ္အျဖစ္ အဓိက အသံုးျပဳမႈႏွင့္အညီ နန္းေတာ္ထဲမွာသီးျခား ကားဂိုေဒါင္ေပါင္း ၁၁၀ နဲ႕ ကား ၁၇, ၀၀၀ အထိ သိုေလွာင္သိမ္းဆည္းထားတာေၾကာင့္ စူလတန္အိမ္ေတာ္ဟာ ကမ႓ာ႕အေရအတြက္ အမ်ားဆံုးေသာ ကားေတြအမ်ားႀကီး ထည့္သြင္းႏိုင္တဲ့ စံအိမ္ေတာ္ႀကီးလည္း ျဖစ္ေနျပန္ပါတယ္။

နန္းေတာ္ဟာ သံုးရက္တာ ကာလအတြင္း ဧည့္သည္ ၁၁၀ ,၀၀၀ ခန္႕ကို လာေရာက္ လက္ခံႏိုင္တဲ့ Eid-ui-Fitr (မြတ္စ္လင္မ္ ဥပုသ္လ အဆံုး) မွာ ႏွစ္စဥ္ က်င္းပၿမဲျဖစ္တဲ့ အစၥလာမ္ပြဲေတာ္ရွိတဲ့ ရက္မွလြဲၿပီး က်န္တဲ့အခ်ိန္ေတြမွာေတာ့ အမ်ားျပည္သူတို႔ ဝင္ေရာက္ႏိုင္ဖို႔ ဖြင့္လွစ္ထားျခင္း မရွိပါဘူး။

နန္းေတာ္ဖြင့္လွစ္တဲ့ အျခားေသာ အခ်ိန္အခါေတြကေတာ့ Tadarus နဲ႕ Tarawih ဆုေတာင္းပြဲအတြက္ Ramadhan ကာလမွာ မြတ္စလင္မ်ားအတြက္ ၁၀ ရက္ သီးသန္႔ ထပ္မံ ဖြင့္လွစ္ေပးထားတယ္လို႔ သိရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit to Photo

Credit: hotnewmyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ

Upcoming Property Events

bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service