ရှူးဖိနပ်များ ကြာရှည်ခံဖို့ရန်အတွက် ဒီနည်းလမ်းများနဲ့ စနစ်တကျထိန်းသိမ်းလိုက်ပါ။။ - Property Knowledge in Myanmar from iMyanmarHouse.com
1742 Views
ရှူးဖိနပ်များ ကြာရှည်ခံဖို့ရန်အတွက် ဒီနည်းလမ်းများနဲ့ စနစ်တကျထိန်းသိမ်းလိုက်ပါ။။
Knowledge | Posted by Shwe Zin Win
[Unicode]
ရှူးဖိနပ်တွေက ဝယ်ထားတာမှ မကြာသေးဘူး အိုဟောင်းနေတဲ့ပုံပေါက်လို့ စိတ်ညစ်နေပါသလား။ ဖိနပ်တွေ တစ်ရံပြီးတစ်ရံ ဝယ်ခြင်းကလည်း ပိုက်ဆံဖြုန်းတီးရာရောက်ပါတယ်။ မိမိမှာ ရှိပြီးသား ရှူးဖိနပ်များကို ဝတ်ချင်တဲ့အချိန်မှာ အသစ်အတိုင်း ဝယ်နိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ စနစ်တကျ ထိန်းသိမ်းပေးနိုင်ပါတယ်။
အမွှေးပွဖြင့် ပြုလုပ်ထားသော ရှူးဖိနပ်များ အရောင်စွန်းသွားသောအခါ
ပေါင်မုန့်ဖြင့် ပွတ်တိုက်ပေးလိုက်တဲ့အခါ အမွှေးပွ (သို့) အဝတ်စဖြင့် ပြုလုပ်ထားသော ရှူးဖိနပ်များ အသစ်အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။
ပေါင်ဒါ (သို့) Dry Shampoo အသုံးပြုပါ
ရှူးဖိနပ်ထဲသို့ ပေါင်ဒါဖြူးထည့်ပေးခြင်းအားဖြင့် ဖိနပ်အနံ့ဆိုးများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါမှမဟုတ် ခြေဖဝါးပေါ်တွင် Dry Shampoo များ တိုက်ရိုက်ဖြူးပေးနိုင်ပါတယ်။
ဖုန့်ဖုတ်ဆိုဒါနှင့် Hydrogen Peroxide အသုံးပြုပါ
ရှူးဖိနပ်များ အသစ်အတိုင်း သစ်လွင်တောက်ပြောင်နေဖို့ရန်အတွက် မုန့်ဖုတ်ဆိုဒါနဲ့ Hydrogen Peroxide တို့ကို သမအောင် ရောမွှေလိုက်ပါ။ ထိုနောက် ဖိနပ်ပေါ်ပွတ်တိုက်ပေးကာ ၂ နာရီခန့် အခြောက်ခံလိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ အသာအယာဖယ်ရှားလိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ သင့် ရှူးဖိနပ်က အသစ်အတိုင်း သစ်လွင်တောက်ပြောင်သွားပါပြီ။
လက်ဖက်ခြောက်အိတ် အသုံးပြုပါ
သင့်ရှူးဖိနပ်က အနံ့ နံနေတယ်ဆိုရင်တော့ ရှူးဖိနပ်ထဲ လက်ဖက်ခြောက်အိတ် ထည့်ထားပေးလိုက်ပါ။ လက်ဖက်ခြောက်အိတ်က အနံ့အသက်ဆိုးများကို စုပ်ယူပေးနိုင်ပါတယ်။
အုတ်ဂျုံ အသုံးပြုပါ
ချည်မျှင် (သို့) အမွှေးပွဖြင့် ပြုလုပ်ထားသော ရှူးဖိနပ်တွေပေါ်မှာ ဆီစွန်းသွားတဲ့အခါ ထိုအစွန်းအထင်းကို ဖယ်ရှားပေးနိုင်မယ့် နောက်တစ်နည်းကတော့ အုတ်ဂျုံလေး ဖြူးပေးရမှာ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ကြာတဲ့အခါ ဆီစွန်းနေတဲ့အကွက်က ထူးဆန်းစွာ ပျောက်ကွယ်သွားတာကို တွေ့ရပါလိမ့်မယ်။
ဆံပင်ပျော့ဆေး အသုံးပြုပါ။
ဆံပင်ပျော့ဆေးအနည်းငယ်အသုံးပြုကာ သားရေရှူးဖိနပ်ပေါ် ပွတ်တိုက်ပေးလိုက်မယ်ဆိုရင် သင့်ရှူးဖိနပ်လေးက အသစ်အတိုင်း သစ်လွင်တောက်ပနေမှာပါ။
လက်သည်းဖျက်ဆေး အသုံးပြုပါ။
ဂွမ်းစလေးပေါ်မှာ လက်သည်းဖျက်ဆေးအနည်းငယ် ထည့်ပြီးနောက် ညစ်ပတ်သော ဖိနပ်ပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ သင့်ဖိနပ်က ဖြူဝင်းတောက်ပတာကို တွေ့ရပါလိမ့်မယ်။
ဆပ်ပြာတုံး ထည့်ထားပါ
သင့်ရှူးဖိနပ်က အနံ့အသက်ဆိုးထွက်နေတယ်ဆိုရင် လက်ဖက်ခြောက်အိတ် ထည့်ထားနိုင်တယ်လို့ အပေါ်မှာ ဖော်ပြပြီးဖြစ်ပါတယ်။ လက်ဖက်ခြောက်အိတ် အဆင်သင့်မရှိပါက ဆပ်ပြာတုံးတစ်တုံး ထည့်ထားပေးနိုင်ပါတယ်။
သတင်းစာစက္ကူ အသုံးပြုပါ
သတင်းစာစက္ကူကို လုံးချေပြီးနောက် သားရေရှူးဖိနပ်များကို ပွတ်တိုက်ကာ ဖိနပ်များတောက်ပြောင်လာအောင် ပြုလုပ်နိုင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: mystylemyanmar
[Zawgyi]
အုတ်ဂျုံ အသုံးပြုပါ
ဆပ်ပြာတုံး ထည့်ထားပါ
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
Upcoming Property Events
pan-swal-taw
shwe-moe-kaung
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service