အဆောက်အဦးတွက်ချက်မှု အလွယ်မှတ်နည်း.... - Property Knowledge in Myanmar from iMyanmarHouse.com
2638 Views
အဆောက်အဦးတွက်ချက်မှု အလွယ်မှတ်နည်း....
Knowledge | Posted by Zarni Kyaw
[Unicode]
(1:2:4) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 18.48 အိတ်ကုန်တယ်
အလုပ်မား - 10ယောက်
ပန်းရံဆရာ - 1ယောက်
(1:3:6 ) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 12.85 အိတ်
အလုပ်သမား - 8 ယောက်
ပန်းရံ - 1ယောက်
42.5 Class ဘိလပ်မြေ နဲ့52.5 Class ဘိလပ်မြေ အမျိုးအစားများအလိုက် ဘယ်လိုကွာခြားသလဲ ?
ဘိလပ်မြေအမျိုး အစားများကို ယေဘူယျအားဖြင့် 32.5 Class ဘိလပ်မြေ , 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ် ။ မြန်မာနိုင်ငံတွင် 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေကို အများဆုံး အသုံးပြုနေကြပါတယ် အဆောက်အဦများ၊ လမ်းတံတားများကို ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေအမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်...
42.5 Class ဘိလပ်မြေ
42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
42.5 Class ဘိလပ်မြေ ရဲ့ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင်မာခဲချိန်နဲ့ နောက်ဆုံးမာခဲချိန် နှေးတတ်သော သဘာဝရှိပါသည်။ 42.5 Class ဘိလပ်မြေ ကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ ၊လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။
52.5 Class ဘိလပ်မြေ
52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။ . 52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ ၊အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။ ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။
(သစ်တွက်နည်း ) **************
သစ်လုံးကို ကုဗပတွက်နည်း> သစ်တန်တွက်နည်း> သစ် ၁ တန် ဈေးနှုန်းတွက်နည်း ✍ သစ်လုံးကို ကုဗပနှင့် တန်ဖွဲ့ရာတွင် လက်မကိုတည် ၄ နှင့်စား ရလဒ်သည် အဒု ဗြက် လက်မ ဖြစ်ပါသည် ဒုနှင့် ဗြက် ကိုမြှောက် သစ်လုံ အလျား နှင့် ဆက်မြှောက် ရသောအဖြေ ကိုတည်၍ ၇၂၀၀ နှင့် စားလျှင်အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့်စားလျှင် ကုဗပေ ရပါသည်။ ဥပမာ.......သစ်လုံပတ် ၆၀လက်မ အရှည် ၃၂ပေ ရှိသောသစ်လုံးကို တန်ဖွဲ့လိုလျှင်...
တွက်နည်း (1) 15×15×32 7200 ----------------- ---------- 144 144. =50ကုဗေပ ၅၀ ကုဗပေ = ၁ တန်
(သစ်တန်တွက်နည်း) *****************
( သစ် ၁ တန် = ၁'' × ၁'' ပတ်လည် ၇၂၀၀'ပေ)
သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ အဖြေဖြစ်သည်။
[တွက်နည်း]
၄''×၂'' = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင် ၄''×၂'' = ၈ ၇၂၀၀ = ၉ ၀၀'ပေ (၄''×၂'') သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ
(သစ်တန်တွက်နည်း) *****************
ဗျက် ၄''×၂'' ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့ ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက် ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် ရလာပါမည်။
ဗျက် × ဒု × ပေရှည် × အချောင်းရေ ၄''×၂''×၂၀'×၃၀÷၁၄၄= ၃၃.၃၃ ကုဗေပ ၃၃.၃၃ ကုဗပ = ၀.၆၆၆ တန် ၅၀ ကုဗပေ ဆိုပါစို့ =၀.၆၇တန်
(အမြန်ဆုံး သစ်ဈေးနှုန်းတွက်နည်း)
ဥပမာ... သစ် ၁ တန် ၆၅၀,၀၀၀ ဈေးဖြင့်၄''×၂'' လေးနှစ် ၁၈ ပေ တစ်ချောင်းကိုတွက်ကြည့်မယ်ဈေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြစ်မြှောက်(၆၅၀,၀၀၀×.၀၀၂၅) ရလဒ်ကိုသစ်ချောင်း၏ ဒု×ဗျက် (၄''×၂'') ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။ ဒါဆို ၄''×၂'' လေးနှစ် ၁၈ပေ တစ်ချောင်း၏ တန်းရမည်။ ၆၅၀,၀၀၀×.၀၀၂၅=၁၆၂၅ ၄ × ၂ = × ၈ ------------------ ၁၃,၀၀၀ လေးနှစ် ၁ ချောင်း တန်ဖိုး = ၁၃,၀၀၀ ks ဖြစ်သည်။ မည်သည့် ဒု ဗျက် မည်သည့် ဈေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။
(သံချောင်းတွက်နည်း) ******************
1ချောင်း=12 m=40 ft(39'4'') 10mm = 3/8''= 3မူး = 135 ချောင်း 12mm = 1/2 ''= 5မူး = 88ချောင်း 14mm = 9/16''= 5မူး1ပဲ=70ချောင်း 16mm = 5/8''= 6မူး=53ချောင်း 18mm = 3/4''= 3မတ်=41ချောင်း 20mm = 3/4''= 3မတ် = 33ချောင်း 22mm = 7/8''= 1လက်မမူးတင်း =27ချောင်း 25mm =1ကျပ်လုံး=1''= 21ချောင်း _____________________________ 1 Ton မှာရှိသော အချောင်းရေ ★ diameter (mm) 1000/0.006167d²×12m ( or ) 13517÷d ÷d (12mm diameter မှလွဲ၍) ★ diameter (in) 2204.62/2.67d²×39.37 ft
_____________________________
သံချောင်း( Rebar ) အလေးချိန် တွက်ရန်ပုံသေနည်း
★ diameter (mm) 0.006167d²×သံချောင်း အရှည် ( m 😞 Kg ★ diameter (in) 2.67d² × သံချောင်းအရှည် (ft) = Lb ____________________________ Binding wire 6.5mm--------->8mm coil 1 m=0.26kg---->0.395kg 1ton=3834m--->2531m 1Viss=20´3´´--->13´4´´ ___________________________ Rebar 1Ton = 1000 Kg Metric ton >>> 2204.62 lb UK ( long ton ) >>> 2240 lb US ( short ton ) >>> 2000 lb Steel unit weight=490 lb per cu ft ___________________________ ACI code Main steel = 25 to 32mm Ties & stirrups=10mm (min) 18 G Binding wire 40 coils ____________________________ 1 Kg =2.2 Lb 1Lb=0.22kg 1 in=25.4 mm
(ရေဝင်ဆန့် တွက်နည်း) ********************
Site တစ်ခု အတွတ် Overhead Tank အကြောင်းစဉ်းစားရင် ပေါ်လာလို့.ရေဝင်ဆန့် တွက်ပုံလေ ချရေးကြည့်တာ ..... 1 ကုဗပေ = 6.25 ဂါလံ အလျား×အနံ×အမြင့် = ကုဗပေ ဥပမာ 4' × 4' × 2' = 32 ကုဗေပ 32 × 6.25 = 200 ဂါလံ ဝင်ဆန့်မယ် လီတာ နဲ့ သိချင်ရင်တော့ 1 ဂါလံ = 3.785 နဲ့ ညီမျှတယ် 200 ဂါလံ ဆိုတော့ 200 × 3.785 = 757 လီတာ ဒါကြောင့် 4 × 4 × 2 ရှိတဲ့ Tank တစ်လုံးမှာ ဂါလံ 200 (သို့မဟုတ်) လီတာ 757 ဝင်ဆန့် မယ်
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: KKN Construction
[Zawgyi]
အလုပ်မား - 10ယောက်
ပန်းရံဆရာ - 1ယောက်
ဘိလပ်မြေ - 12.85 အိတ်
အလုပ်သမား - 8 ယောက်
ပန်းရံ - 1ယောက်
42.5 Class ဘိလပ်မြေ
52.5 Class ဘိလပ်မြေ
(သစ်တွက်နည်း ) **************
(သစ်တန်တွက်နည်း) *****************
[တွက်နည်း]
၎''×၂'' = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင် ၄''×၂'' = ၈ ၇၂၀၀ = ၉ ၀၀'ပေ (၄''×၂'') သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ
(သစ်တန်တွက်နည်း) ************
(သံချောင်းတွက်နည်း) ******************
(ရေဝင်ဆန့် တွက်နည်း) ********************
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
Upcoming Property Events
thukha-garden-residence
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service