အမွှေးတိုင် တွေက သင့်ကျန်းမာရေးကို ထိခိုက်နိုင်သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
971 Views

အမွှေးတိုင် တွေက သင့်ကျန်းမာရေးကို ထိခိုက်နိုင်သလား။

Knowledge | Posted by Shwe Zin Win

[Unicode]

ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ ပွဲလမ်းသဘင်တွေမှာပဲ ဖြစ်ဖြစ် အမွှေးတိုင် ကို ထွန်းခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အရင်ခေတ်တွေကတော့ သဘာဝပစ္စည်းတွေကို မီးရှို့ပြီး ထွက်လာတဲ့အမွှေးနံ့နဲ့ ပူဇော်ကြတာပါ။ နံ့သာ၊ နှင်းဆီ၊ သစ်ကတိုး စသဖြင့် အနံ့အမျိုးမျိုး သုံးခဲ့ကြပါတယ်။ အမွှေးတိုင်အပြင် အမှုန့်၊ အဆီခဲ စသဖြင့် ပုံစံမျိုးစုံ ရှိပါတယ်။ ခုခေတ်မှာတော့ ဓာတုပစ္စည်းတွေက အနည်းနဲ့ အများ ပါဝင်လာကြပါပြီ။ ဒါ့ပြင် ဘုရားကျောင်း၊ ဘုံကျောင်းတွေမှာအပြင် အိမ်တွင်းမျာလည်း သုံးလာကြတဲ့အတွက် ဒါတွေက အိမ်တွင်းလေထုညစ်ညမ်းမှု (indoor air pollution) မဖြစ်နိုင်ဘူးလား။ လူတွေရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်ဘူးလားဆိုပြီး မေးခွန်းထုတ်လာကြပါပြီ။

အမွှေးတိုင် တွေနဲ့ ကျန်းမာရေး

သုတေသနရလဒ်တွေက သိပ်တော့ ခိုင်လုံမှုမရှိသေးပေမယ့် အနည်းအများတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ဘယ်လောက်များများ ထွန်းမှာလဲ။ ကိုယ်က ဘယ်လောက်ရှူမိမှာလဲ။ လေဝင်လေထွက် ကောင်းတဲ့နေရာမှာလား။ အိမ်ထဲမှာ အလုံပိတ်ပြီးတော့လား စတဲ့အချက်တွေကို ထည့်ပြီး စဉ်းစားဖို့ လိုမှာပါ။ ဘာပဲဖြစ်ဖြစ် တစ်ခုခုကို မီးရှို့လိုက်လို့ ထွက်လာတဲ့ အမှုန်အမွှားတွေ၊ ဓာတုပစ္စည်းတွေက အသက်ရှူလမ်းကြောင်းကို အနည်းနဲ့ အများတော့ ထိခိုက်နိုင်တာတော့ အမှန်ပါပဲ။ သုတေသနတွေအရ ဘာတွေ ထိခိုက်နိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။

ဘာတွေ ထိခိုက်လာမှာလဲ။

အမွှေးတိုင်မှာ သဘာဝဟုတ်တာရော၊ မဟုတ်တာရော အနံ့ထွက်တဲ့ အမှုန်လေးတွေ အများကြီး ပါပါတယ်။ ၂၀၀၉ခုနစ်က သုတေသန တစ်ခုမှာတော့ ဒီအမှုန်တွေက တချို့က ကင်ဆာဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒီသုတေသနကပဲ အမွှေးတိုင်တွေ အများကြီးသုံးတာက ကင်ဆာဖြစ်နိုင်ချေကို ပိုမြင့်စေတယ်လို့ ဆိုခဲ့ပါတယ်။ အထူးသဖြင့်တော့ အသက်ရှူလမ်းကြောင်းကင်ဆာနဲ့ အဆုတ်ကင်ဆာတွေပါ။

နောက်ထပ်သုတေသန တစ်ခုကတော့ အမွှေးတိုင်က အနံ့တွေက ဆေးလိပ်ထက်ပိုပြီး အန္တရာယ်များတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဒါက လူမှာ စမ်းသပ်ထားတာ မဟုတ်ပါဘူး။ နောက်ပြီး ဒါက အလွန်အကျူး ပြောထားတာ ဖြစ်တယ်လို့ တချို့ ပညာရှင်တွေက ဆိုပါတယ်။

အမွှေးတိုင်မှာ အမွှေးနံ့ထွက်စေတဲ့ ဒြပ်ပေါင်းတွေ အပြင် တခြားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ ဒါတွေကတော့

polyaromatic

hydrocarbons

benzene

carbonyls စတာတွေပဲ ဖြစ်ပါတယ်။

ပန်းနာရင်ကြပ်

အမွှေးတိုင်မှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေအပြင် ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေလည်း ပါဝင်တဲ့အတွက် အသက်ရှူလမ်းကြောင်းပြဿနာတွေ အထူးသဖြင့် ပန်းနာရင်ကြပ်ကို ဖြစ်စေပါတယ်။ ပန်းနာရင်ကြပ်ရှိတဲ့ည ကလေး ၃၀၀၀ကို ပန်းနာရင်ကြပ်ထတာနဲ့ အမွှေးတိုင်အငွေ့ရှူတာ ဆက်စပ်သလားဆိုပြီး လေ့လာကြည့်တဲ့အခါ အမွှေးတိုင်ငွေ့ရှူမိတဲ့ကလေးတွေက ပန်းနာရင်ကြပ်ပိုဆိုးတာ ဒါမှမဟုတ် ပန်းနာရင်ကြပ်လိုမျိုး အသက်ရှူရင် တရွှီရွှီမြည်တာ ဖြစ်လာပါတယ်။ ပြီးတော့ အမွှေးတိုင်သုံးတာများရင် ပန်းနာရင်ကြပ်ဆေးတွေ ပိုသုံးလာရတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

ဆဲလ်များ ရောင်ရမ်းခြင်း

လေ့လာချက်တွေအရ အမွှေးတိုင်က ထွက်တဲ့အငွေ့တွေက ခန္ဓာကိုယ်ကဆဲလ်တွေ နာတာရှည်ရောင်ရမ်းတာကို ဖြစ်စေပါတယ်တဲ့။ အဆုတ်တွေမှာသာမက အသည်းဆဲလ်တွေမှာပါ ရောင်ရမ်းတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ တိရိစ္ဆာန်တွေမှာပဲ စမ်းသပ်ထားတာဖြစ်ပြီး ဖြစ်နိုင်တာက အမွှေးတိုင်မှာပါတဲ့ အမှုန်အမွှားတွေကို ချေဖျက်လိုက်လို့ ထွက်လာတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့်လို့ ဆိုပါတယ်။

ဇီဝရုပ်ဖြစ်ပျက်မှု

အမွှေးတိုင်မှာပါတဲ့ ဓာတ်ပစ္စည်းတွေက ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကြွက်တွေ့မှာ လေ့လာထားတဲ့ အဖြေတွေအရ ဒီဓာတ်ပစ္စည်းတွေက အဆမတန် ဝိတ်လျော့ခြင်းနဲ့ ကောင်းတဲ့ ကိုလက်စထရောတွေကို နည်းသွားစေပါတယ်တဲ့။ လူတွေမှာရော အလားတူ ရလဒ်ပေးသလားဆိုတာကိုတော့ညဆက်လေ့လာဖို့လိုပါမယ်။

နှလုံးရောဂါ

ပန်းနာရင်ကြပ်နဲ့ ကင်ဆာလိုပဲ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း မြင့်စေပါတယ်တဲ့။ စင်ကာပူက လူ၆သောင်းကို လေ့လာကြည့်တဲ့အခါ အိမ်တွင်းအမွှေးတိုင်ထွန်းတာက ရေရှည်မှာ နှလုံးရောဂါကြောင့် သေဆုံးတာကို ဖြစ်စေပါတယ်တဲ့။ ဒါဟာ အမွှေးတိုင်ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုထိခိုက်သွားလို့ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ။

လေ့လာချက်တွေ ထပ်လုပ်ဖို့ လိုသေးပေမယ့် ဒီအငွေ့တွေကို ရှောင်လိုက်လို့ ကိုယ်အတွက် ထိခိုက်နစ်နာသွားတာ မရှိပါဘူး။ မရှောင်နိုင်ခင်စပ်ကြားမှာတော့ အိမ်တွင်းမှာ အမွှေးတိုင်ထွန်းမယ်ဆိုရင်

မီးရှို့ရတဲ့ အမွှေးတိုင်တွေအစား အငွေ့ပျံ့တဲ့ အဆီခဲတွေ သုံးတာ

အနံ့ထွက်စေတဲ့ အဆီ၊ အမွှေးအိတ်တွေ သုံးတာ

အငွေ့မထွက်တဲ့ အမွှေးဖယောင်းခဲတွေ သုံးတာ စတာတွေ သုံးလို့ရပါတယ်။

နောက်ပြီး အငွေ့မရှူမိအောင် အမွှေးတိုင်ကို လျှော့သုံးတာ၊ အမွှေးတိုင်ထွန်းနေတဲ့အချိန်နဲ့ ထွန်းပြီးတဲ့အချိန်မှာ လေဝင်လေထွက်ကောင်းအောင်လုပ်တာကလည်း အငွေ့တွေ ရှူမိတာ နည်းသွားမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

အေမႊးတိုင္ ေတြက သင့္က်န္းမာေရးကို ထိခိုက္ႏိုင္သလား။

 

ဘာသာေရးအရပဲ ျဖစ္ျဖစ္၊ ပြဲလမ္းသဘင္ေတြမွာပဲ ျဖစ္ျဖစ္ အေမႊးတိုင္ ကို ထြန္းခဲ့ၾကတာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ပါၿပီ။ အရင္ေခတ္ေတြကေတာ့ သဘာဝပစၥည္းေတြကို မီး႐ိႈ႕ၿပီး ထြက္လာတဲ့အေမႊးနံ႔နဲ႔ ပူေဇာ္ၾကတာပါ။ နံ႔သာ၊ ႏွင္းဆီ၊ သစ္ကတိုး စသျဖင့္ အနံ႔အမ်ိဳးမ်ိဳး သုံးခဲ့ၾကပါတယ္။ အေမႊးတိုင္အျပင္ အမႈန္႔၊ အဆီခဲ စသျဖင့္ ပုံစံမ်ိဳးစုံ ႐ွိပါတယ္။ ခုေခတ္မွာေတာ့ ဓာတုပစၥည္းေတြက အနည္းနဲ႔ အမ်ား ပါဝင္လာၾကပါၿပီ။ ဒါ့ျပင္ ဘုရားေက်ာင္း၊ ဘုံေက်ာင္းေတြမွာအျပင္ အိမ္တြင္းမ်ာလည္း သုံးလာၾကတဲ့အတြက္ ဒါေတြက အိမ္တြင္းေလထုညစ္ညမ္းမႈ (indoor air pollution) မျဖစ္ႏိုင္ဘူးလား။ လူေတြရဲ႕ က်န္းမာေရးကို မထိခိုက္ႏိုင္ဘူးလားဆိုၿပီး ေမးခြန္းထုတ္လာၾကပါၿပီ။

အေမႊးတိုင္ ေတြနဲ႔ က်န္းမာေရး

သုေတသနရလဒ္ေတြက သိပ္ေတာ့ ခိုင္လုံမႈမ႐ွိေသးေပမယ့္ အနည္းအမ်ားေတာ့ က်န္းမာေရး ထိခိုက္ႏိုင္တယ္လို႔ ေျပာထားပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္မ်ားမ်ား ထြန္းမွာလဲ။ ကိုယ္က ဘယ္ေလာက္႐ွဴမိမွာလဲ။ ေလဝင္ေလထြက္ ေကာင္းတဲ့ေနရာမွာလား။ အိမ္ထဲမွာ အလုံပိတ္ၿပီးေတာ့လား စတဲ့အခ်က္ေတြကို ထည့္ၿပီး စဥ္းစားဖို႔ လိုမွာပါ။ ဘာပဲျဖစ္ျဖစ္ တစ္ခုခုကို မီး႐ိႈ႕လိုက္လို႔ ထြက္လာတဲ့ အမႈန္အမႊားေတြ၊ ဓာတုပစၥည္းေတြက အသက္႐ွဴလမ္းေၾကာင္းကို အနည္းနဲ႔ အမ်ားေတာ့ ထိခိုက္ႏိုင္တာေတာ့ အမွန္ပါပဲ။ သုေတသနေတြအရ ဘာေတြ ထိခိုက္ႏိုင္လဲဆိုတာ ဆက္ၾကည့္ရေအာင္။

ဘာေတြ ထိခိုက္လာမွာလဲ။

အေမႊးတိုင္မွာ သဘာဝဟုတ္တာေရာ၊ မဟုတ္တာေရာ အနံ႔ထြက္တဲ့ အမႈန္ေလးေတြ အမ်ားႀကီး ပါပါတယ္။ ၂၀၀၉ခုနစ္က သုေတသန တစ္ခုမွာေတာ့ ဒီအမႈန္ေတြက တခ်ိဳ႕က ကင္ဆာျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီသုေတသနကပဲ အေမႊးတိုင္ေတြ အမ်ားႀကီးသုံးတာက ကင္ဆာျဖစ္ႏိုင္ေခ်ကို ပိုျမင့္ေစတယ္လို႔ ဆိုခဲ့ပါတယ္။ အထူးသျဖင့္ေတာ့ အသက္႐ွဴလမ္းေၾကာင္းကင္ဆာနဲ႔ အဆုတ္ကင္ဆာေတြပါ။

ေနာက္ထပ္သုေတသန တစ္ခုကေတာ့ အေမႊးတိုင္က အနံ႔ေတြက ေဆးလိပ္ထက္ပိုၿပီး အႏၲရာယ္မ်ားတယ္လို႔ေျပာပါတယ္။ ဒါေပမယ့္ ဒါက လူမွာ စမ္းသပ္ထားတာ မဟုတ္ပါဘူး။ ေနာက္ၿပီး ဒါက အလြန္အက်ဴး ေျပာထားတာ ျဖစ္တယ္လို႔ တခ်ိဳ႕ ပညာ႐ွင္ေတြက ဆိုပါတယ္။

အေမႊးတိုင္မွာ အေမႊးနံ႔ထြက္ေစတဲ့ ျဒပ္ေပါင္းေတြ အျပင္ တျခားက်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ ျဒပ္ေပါင္းေတြလည္း ပါဝင္ပါတယ္။ ဒါေတြကေတာ့

polyaromatic

hydrocarbons

benzene

carbonyls စတာေတြပဲ ျဖစ္ပါတယ္။

ပန္းနာရင္ၾကပ္

အေမႊးတိုင္မွာ ကင္ဆာျဖစ္ေစတဲ့ ပစၥည္းေတြအျပင္ ဓာတ္မတည့္ေစတဲ့ ပစၥည္းေတြလည္း ပါဝင္တဲ့အတြက္ အသက္႐ွဴလမ္းေၾကာင္းျပႆနာေတြ အထူးသျဖင့္ ပန္းနာရင္ၾကပ္ကို ျဖစ္ေစပါတယ္။ ပန္းနာရင္ၾကပ္႐ွိတဲ့ည ကေလး ၃၀၀၀ကို ပန္းနာရင္ၾကပ္ထတာနဲ႔ အေမႊးတိုင္အေငြ႕႐ွဴတာ ဆက္စပ္သလားဆိုၿပီး ေလ့လာၾကည့္တဲ့အခါ အေမႊးတိုင္ေငြ႕႐ွဴမိတဲ့ကေလးေတြက ပန္းနာရင္ၾကပ္ပိုဆိုးတာ ဒါမွမဟုတ္ ပန္းနာရင္ၾကပ္လိုမ်ိဳး အသက္႐ွဴရင္ တ႐ႊီ႐ႊီျမည္တာ ျဖစ္လာပါတယ္။ ၿပီးေတာ့ အေမႊးတိုင္သုံးတာမ်ားရင္ ပန္းနာရင္ၾကပ္ေဆးေတြ ပိုသုံးလာရတယ္ဆိုတာကိုလည္း ေတြ႕႐ွိခဲ့ပါတယ္။

ဆဲလ္မ်ား ေရာင္ရမ္းျခင္း

ေလ့လာခ်က္ေတြအရ အေမႊးတိုင္က ထြက္တဲ့အေငြ႕ေတြက ခႏၶာကိုယ္ကဆဲလ္ေတြ နာတာ႐ွည္ေရာင္ရမ္းတာကို ျဖစ္ေစပါတယ္တဲ့။ အဆုတ္ေတြမွာသာမက အသည္းဆဲလ္ေတြမွာပါ ေရာင္ရမ္းတာကို ေတြ႕ခဲ့ရပါတယ္။ ဒါဟာ တိရိစၧာန္ေတြမွာပဲ စမ္းသပ္ထားတာျဖစ္ၿပီး ျဖစ္ႏိုင္တာက အေမႊးတိုင္မွာပါတဲ့ အမႈန္အမႊားေတြကို ေခ်ဖ်က္လိုက္လို႔ ထြက္လာတဲ့ ဓာတ္တိုးပစၥည္းေတြေၾကာင့္လို႔ ဆိုပါတယ္။

ဇီဝ႐ုပ္ျဖစ္ပ်က္မႈ

အေမႊးတိုင္မွာပါတဲ့ ဓာတ္ပစၥည္းေတြက ဇီဝ႐ုပ္ျဖစ္ပ်က္မႈကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။ ႂကြက္ေတြ႕မွာ ေလ့လာထားတဲ့ အေျဖေတြအရ ဒီဓာတ္ပစၥည္းေတြက အဆမတန္ ဝိတ္ေလ်ာ့ျခင္းနဲ႔ ေကာင္းတဲ့ ကိုလက္စထေရာေတြကို နည္းသြားေစပါတယ္တဲ့။ လူေတြမွာေရာ အလားတူ ရလဒ္ေပးသလားဆိုတာကိုေတာ့ညဆက္ေလ့လာဖို႔လိုပါမယ္။

ႏွလုံးေရာဂါ

ပန္းနာရင္ၾကပ္နဲ႔ ကင္ဆာလိုပဲ ႏွလုံးေရာဂါျဖစ္ႏိုင္ေခ်ကိုလည္း ျမင့္ေစပါတယ္တဲ့။ စင္ကာပူက လူ၆ေသာင္းကို ေလ့လာၾကည့္တဲ့အခါ အိမ္တြင္းအေမႊးတိုင္ထြန္းတာက ေရ႐ွည္မွာ ႏွလုံးေရာဂါေၾကာင့္ ေသဆုံးတာကို ျဖစ္ေစပါတယ္တဲ့။ ဒါဟာ အေမႊးတိုင္ေၾကာင့္ ဇီဝ႐ုပ္ျဖစ္ပ်က္မႈထိခိုက္သြားလို႔ ျဖစ္ႏိုင္တယ္လို႔ ပညာ႐ွင္ေတြက ဆိုၾကပါတယ္။

ဘယ္လိုကာကြယ္ၾကမလဲ။

ေလ့လာခ်က္ေတြ ထပ္လုပ္ဖို႔ လိုေသးေပမယ့္ ဒီအေငြ႕ေတြကို ေ႐ွာင္လိုက္လို႔ ကိုယ္အတြက္ ထိခိုက္နစ္နာသြားတာ မ႐ွိပါဘူး။ မေ႐ွာင္ႏိုင္ခင္စပ္ၾကားမွာေတာ့ အိမ္တြင္းမွာ အေမႊးတိုင္ထြန္းမယ္ဆိုရင္

မီး႐ိႈ႕ရတဲ့ အေမႊးတိုင္ေတြအစား အေငြ႕ပ်ံ႕တဲ့ အဆီခဲေတြ သုံးတာ

အနံ႔ထြက္ေစတဲ့ အဆီ၊ အေမႊးအိတ္ေတြ သုံးတာ

အေငြ႕မထြက္တဲ့ အေမႊးဖေယာင္းခဲေတြ သုံးတာ စတာေတြ သုံးလို႔ရပါတယ္။

ေနာက္ၿပီး အေငြ႕မ႐ွဴမိေအာင္ အေမႊးတိုင္ကို ေလွ်ာ့သုံးတာ၊ အေမႊးတိုင္ထြန္းေနတဲ့အခ်ိန္နဲ႔ ထြန္းၿပီးတဲ့အခ်ိန္မွာ ေလဝင္ေလထြက္ေကာင္းေအာင္လုပ္တာကလည္း အေငြ႕ေတြ ႐ွဴမိတာ နည္းသြားမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ

Upcoming Property Events

kalaw-garden-valley
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service