ဆီးချိုရှိလား ....... မာလကာသီး စားပါ။ - Property Knowledge in Myanmar from iMyanmarHouse.com
832 Views

ဆီးချိုရှိလား ....... မာလကာသီး စားပါ။

Knowledge | Posted by Zarni Kyaw

[Unicode]

ဆီးချို ရှိတယ်ဆိုရင် ဘာစားစား သေချာလေး ဂရုစိုက်ရပါတယ်။ အကြောင်းကတော့ အစားမှားတာနဲ့ သွေးချိုမြင့်သွားလို့ပါ။ သွေးချို ခဏခဏ တက်တာက ရေရှည်မှာ ကျောက်ကပ်ထိခိုက်တာ အပါအဝင် ဆီးချို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

ဒီလို ဘာစားစား ဂရုစိုက်နေရတဲ့ ဆီးချိုရှိသူတွေမှာ သစ်သီးစားမယ်ဆိုရင်လည်း အတော်လေး ဂရုစိုက်ရပါတယ်။ အချို့သော သစ်သီးတွေက သွေးချို တက်စေနိုင်လို့လေ။ ဒီတစ်ခေါက်တော့ ဆီးချို ရှိသူတွေနဲ့ တည့်ရုံတင် မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးပြုပေးနိုင်တဲ့ အသီးလေး တစ်ခု အကြောင်း နဲ့ ဒီ အသီးလေးက ဆီးချိုရှိသူတွေရဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။

မာလကာသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ ……..

ဆီးချို ရှိသူတွေနဲ့ တည့်တဲ့ မာလကာသီးလေးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ဗီတာမင် A

ဗီတာမင် E

ဗီတာမင် B

ဗီတာမင် C

ဖောလစ်အက်ဆစ်

phytochemicals

အမိုင်နိုအက်ဆစ်

အမျှင်ဓာတ်

မဂ္ဂနီဆီယမ်

ဖော့စဖရိတ်

သံဓာတ်

ပိုတက်ဆီယမ်

copper တို့ ပါဝင်နေပါတယ်။ ဒါတွေအပြင် ကျန်းမာရေးကို ထောက်ကူပေးတဲ့ အခြားသော အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။

ဆီးချိုရှိလား ……. မာလကာသီး စားပါ။

ဆီးချိုရှိလား ……. မာလကာသီး စားပါ။ ဘာကြောင့် ဒီလိုပြောရတာလဲ ……. မာလကာသီးက ဆီးချိုရှိသူတွေကို ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ဆီးချို ရှိသူတွေအနေနဲ့ မာလကာသီး စားမယ်ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်မှာပါ။

သွေးတွင်း အချိုဓာတ် ကျစေနိုင်တယ်

မာလကာသီးက သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အစားအစာ စားပြီးချိန်မှာ သွေးတွင်းသကြားဓာတ်ကို တဖြည်းဖြည်းချင်းပဲ တိုးစေနိုင်တာကြောင့် ရုတ်တရက် သွေးချို မြင့်တက်တာမျိုး ဖြစ်မှာကို မစိုးရိမ်ရပါဘူး။

အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တယ်

မာလကာသီးက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အစာခြေစနစ် ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်

မာလကာသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အူနံရံတွေကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပါတယ်။ ဝမ်းမှန်စေပြီး အူမကြီး သန့်စင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

အဆာခံ စေနိုင်တာကြောင့် ခဏခဏ ဆာပြီး စားမိတာကြောင့်လည်း သွေးချို တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါသေးတယ်။

ကယ်လ်လိုရီ ပါဝင်မှု နည်းပါတယ်

ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်စေဖို့ ထောက်ကူပေးပါတယ်။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာကလည်း သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တဲ့ အကြောင်းအရင်း တစ်ရပ်ပါ။

နောက်တစ်ချက်က မာလကာသီးက ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ရော ကိုယ်အလေးချိန်ကိုပါ ထိန်းညှိနိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးမှာပါ။

ဆိုဒီယမ် ပါဝင်မှု နည်းပြီး ပိုတက်ဆီယမ် ပါဝင်မှု များပါတယ်

ဆိုဒီယမ် ပါဝင်မှု နည်းတာကြောင့် သွေးပေါင်ချိန် မြင့်တက်တာမျိုး မဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ ပိုတက်ဆီယမ် ပါဝင်နေတာကလည်း မာလကာသီးရဲ့ ကျန်းမာရေး အာနိသင်တစ်ရပ်ပါ။

ဗီတာမင် C ကြွယ်ဝတယ်

မာလကာသီးက လိမ္မော်သီးထက် ဗီတာမင် C ပါဝင်မှု ၄ ဆ ပိုများပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးသလို ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည်ရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ များတာကြောင့် ဆီးချိုရှိလား ……. မာလကာသီး စားပါ။ လို့ ပြောရတာပါ။ ဆီးချို ရှိသူတွေအနေနဲ့ မာလကာသီးကို ပုံမှန်လေး စားသုံးပေးလို့ ရပါတယ်။ သတိထားရမှာက အလွန်အကျွံ မစားမိဖို့ရယ်၊ ထမင်းစားပြီးပြီးချင်း မစားမိဖို့ရယ်ပါ။ ဆီးချို မတက်အောင် ထမင်းစားပြီး ၂နာရီကျော်မှ စားပေးသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

ဆီးခ်ိဳ႐ွိလား ....... မာလကာသီး စားပါ။

 

ဆီးခ်ိဳ ႐ွိတယ္ဆိုရင္ ဘာစားစား ေသခ်ာေလး ဂ႐ုစိုက္ရပါတယ္။ အေၾကာင္းကေတာ့ အစားမွားတာနဲ႔ ေသြးခ်ိဳျမင့္သြားလို႔ပါ။ ေသြးခ်ိဳ ခဏခဏ တက္တာက ေရ႐ွည္မွာ ေက်ာက္ကပ္ထိခိုက္တာ အပါအဝင္ ဆီးခ်ိဳ ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာေတြကို ခံစားရႏိုင္ပါတယ္။

ဒီလို ဘာစားစား ဂ႐ုစိုက္ေနရတဲ့ ဆီးခ်ိဳ႐ွိသူေတြမွာ သစ္သီးစားမယ္ဆိုရင္လည္း အေတာ္ေလး ဂ႐ုစိုက္ရပါတယ္။ အခ်ိဳ႕ေသာ သစ္သီးေတြက ေသြးခ်ိဳ တက္ေစႏိုင္လို႔ေလ။ ဒီတစ္ေခါက္ေတာ့ ဆီးခ်ိဳ ႐ွိသူေတြနဲ႔ တည့္႐ုံတင္ မဟုတ္ဘဲ က်န္းမာေရးအတြက္ပါ အက်ိဳးျပဳေပးႏိုင္တဲ့ အသီးေလး တစ္ခု အေၾကာင္း နဲ႔ ဒီ အသီးေလးက ဆီးခ်ိဳ႐ွိသူေတြရဲ႕ က်န္းမာေရးကို ဘယ္လို ေထာက္ကူေပးလဲဆိုတာကို ေျပာျပေပးသြားပါမယ္။

မာလကာသီးမွာ ဘယ္လို အာဟာရဓာတ္ေတြ ပါဝင္ေနလဲ ……..

ဆီးခ်ိဳ ႐ွိသူေတြနဲ႔ တည့္တဲ့ မာလကာသီးေလးမွာ အခုလို အာဟာရဓာတ္ေတြ ပါဝင္ေနပါတယ္။

ဗီတာမင္ A

ဗီတာမင္ E

ဗီတာမင္ B

ဗီတာမင္ C

ေဖာလစ္အက္ဆစ္

phytochemicals

အမိုင္ႏိုအက္ဆစ္

အမွ်င္ဓာတ္

မဂၢနီဆီယမ္

ေဖာ့စဖရိတ္

သံဓာတ္

ပိုတက္ဆီယမ္

copper တို႔ ပါဝင္ေနပါတယ္။ ဒါေတြအျပင္ က်န္းမာေရးကို ေထာက္ကူေပးတဲ့ အျခားေသာ အာဟာရဓာတ္ေတြလည္း ပါဝင္ေနပါတယ္။

ဆီးခ်ိဳ႐ွိလား ……. မာလကာသီး စားပါ။

ဆီးခ်ိဳ႐ွိလား ……. မာလကာသီး စားပါ။ ဘာေၾကာင့္ ဒီလိုေျပာရတာလဲ ……. မာလကာသီးက ဆီးခ်ိဳ႐ွိသူေတြကို ဘယ္လို က်န္းမာေရး အက်ိဳးေက်းဇူးေတြ ေပးစြမ္းလဲ ဆိုတာကို အတူတူ ဆက္ၾကည့္လိုက္ရေအာင္ေနာ္။

ဆီးခ်ိဳ ႐ွိသူေတြအေနနဲ႔ မာလကာသီး စားမယ္ဆိုရင္ အခုလို အက်ိဳးေက်းဇူးေလးေတြ ရ႐ွိႏိုင္မွာပါ။

ေသြးတြင္း အခ်ိဳဓာတ္ က်ေစႏိုင္တယ္

မာလကာသီးက ေသြးတြင္းသၾကားဓာတ္ ႐ုတ္တရက္ ျမင့္တက္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္ပါတယ္။ အစားအစာ စားၿပီးခ်ိန္မွာ ေသြးတြင္းသၾကားဓာတ္ကို တျဖည္းျဖည္းခ်င္းပဲ တိုးေစႏိုင္တာေၾကာင့္ ႐ုတ္တရက္ ေသြးခ်ိဳ ျမင့္တက္တာမ်ိဳး ျဖစ္မွာကို မစိုးရိမ္ရပါဘူး။

အမွ်င္ဓာတ္ ႂကြယ္ဝစြာ ပါဝင္တယ္

မာလကာသီးက အမွ်င္ဓာတ္ ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ ႐ုတ္တရက္ ျမင့္တက္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးသလို အစာေျခစနစ္ က်န္းမာေစဖို႔လည္း အေကာင္းဆုံး ေထာက္ကူေပးႏိုင္ပါတယ္။

ဝမ္းခ်ဳပ္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္

မာလကာသီးမွာ အမွ်င္ဓာတ္ ႂကြယ္ဝစြာ ပါဝင္ေနတာက အူနံရံေတြကို က်န္းမာေစၿပီး အူေတြရဲ႕ လႈပ္႐ွားမႈကို ေကာင္းေစပါတယ္။ ဝမ္းမွန္ေစၿပီး အူမႀကီး သန္႔စင္ေစဖို႔လည္း ေထာက္ကူေပးႏိုင္ပါတယ္။

အဆာခံ ေစႏိုင္တာေၾကာင့္ ခဏခဏ ဆာၿပီး စားမိတာေၾကာင့္လည္း ေသြးခ်ိဳ တက္တာမ်ိဳး မျဖစ္ေစဖို႔ ေထာက္ကူေပးပါေသးတယ္။

ကယ္လ္လိုရီ ပါဝင္မႈ နည္းပါတယ္

ကယ္လ္လိုရီ ပါဝင္မႈ နည္းတာေၾကာင့္ ကိုယ္အေလးခ်ိန္ကို ထိန္းညႇိႏိုင္ေစဖို႔ ေထာက္ကူေပးပါတယ္။ ႐ွိသင့္တဲ့ ကိုယ္အေလးခ်ိန္ထက္ မ်ားေနတာကလည္း ေသြးတြင္းသၾကားဓာတ္ကို ျမင့္တက္ေစႏိုင္တဲ့ အေၾကာင္းအရင္း တစ္ရပ္ပါ။

ေနာက္တစ္ခ်က္က မာလကာသီးက ေရဓာတ္ ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိဖို႔ေရာ ကိုယ္အေလးခ်ိန္ကိုပါ ထိန္းညႇိႏိုင္ေစဖို႔ အေကာင္းဆုံး ေထာက္ကူေပးမွာပါ။

ဆိုဒီယမ္ ပါဝင္မႈ နည္းၿပီး ပိုတက္ဆီယမ္ ပါဝင္မႈ မ်ားပါတယ္

ဆိုဒီယမ္ ပါဝင္မႈ နည္းတာေၾကာင့္ ေသြးေပါင္ခ်ိန္ ျမင့္တက္တာမ်ိဳး မျဖစ္ေအာင္ ထိန္းေပးႏိုင္ပါတယ္။ ေသြးတိုး မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္တဲ့ ပိုတက္ဆီယမ္ ပါဝင္ေနတာကလည္း မာလကာသီးရဲ႕ က်န္းမာေရး အာနိသင္တစ္ရပ္ပါ။

ဗီတာမင္ C ႂကြယ္ဝတယ္

မာလကာသီးက လိေမၼာ္သီးထက္ ဗီတာမင္ C ပါဝင္မႈ ၄ ဆ ပိုမ်ားပါတယ္။ ကိုယ္ခံအား ေကာင္းေစဖို႔ အားျဖည့္ေပးသလို ခႏၶာကိုယ္ကို ဓာတ္တိုးပစၥည္းေတြေၾကာင့္ နာတာ႐ွည္ေရာဂါ မျဖစ္ေစဖို႔လည္း ကာကြယ္ေပးပါတယ္။

အခုလို က်န္းမာေရး အက်ိဳးေက်းဇူးေတြ မ်ားတာေၾကာင့္ ဆီးခ်ိဳ႐ွိလား ……. မာလကာသီး စားပါ။ လို႔ ေျပာရတာပါ။ ဆီးခ်ိဳ ႐ွိသူေတြအေနနဲ႔ မာလကာသီးကို ပုံမွန္ေလး စားသုံးေပးလို႔ ရပါတယ္။ သတိထားရမွာက အလြန္အကြၽံ မစားမိဖို႔ရယ္၊ ထမင္းစားၿပီးၿပီးခ်င္း မစားမိဖို႔ရယ္ပါ။ ဆီးခ်ိဳ မတက္ေအာင္ ထမင္းစားၿပီး ၂နာရီေက်ာ္မွ စားေပးသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

Upcoming Property Events

bkk-projects
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service