မိမိပိုင်အိမ်တိုက်ခန်းတို့ကို ငှားရမ်းနေထိုင်သူအား ဆက်မငှားချင်တဲ့အခါ ဖယ်ရှားခွင့် ရှိလား။ ဘယ်လိုဆောင်ရွက်ရမလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
654 Views

မိမိပိုင်အိမ်တိုက်ခန်းတို့ကို ငှားရမ်းနေထိုင်သူအား ဆက်မငှားချင်တဲ့အခါ ဖယ်ရှားခွင့် ရှိလား။ ဘယ်လိုဆောင်ရွက်ရမလဲ။

Knowledge | Posted by Hnin Ei Khin

[Unicode]

အဖြေ။ ။ မိမိအိမ်မှာ ငှားရမ်းနေထိုင်တဲ့ အိမ်ငှားကို ဖယ်ရှားမယ်ဆိုရင်တော့ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂အရ ဖယ်ရှားနိုင် ပါတယ်။ ဖယ်ရှားလို့ရတဲ့ အကြောင်း ရင်းတွေကတော့ ငှားရမ်းခကို အိမ်ရှင်ဘက်က တောင်းသော်လည်း အိမ်ငှား ဘက်က မပေးတာနဲ့ အိမ်ငှားတာဝန် ဖောက် ဖျက် ချိန်၊ အိမ်ရှင်ဘက်က အနိုင်ရပြီး သော အမိန့် သို့မဟုတ် ဒီကရီချမှတ် ထားတဲ့ အိမ်ငှားခကို အိမ်ငှားကမပေး တဲ့အချိန်၊ အိမ်ငှား ဘက်က အိမ်နီးချင်းတွေကို စိတ်ငြို ငြင်အောင်၊ အနှောင့်အယှက် ဖြစ်အောင် ပြု လုပ်မှုနဲ့ ဥပစာကို ညစ်ညမ်း ယုတ်မာသော သို့မဟုတ် ဥပဒေကို  ဆန့် ကျင်တဲ့ ကိစ္စတွေ ပြုလုပ်ချိန်တို့မှာ ဖယ်လို့ ရပါတယ်။

ဒါ့အပြင် အိမ်ရှင်ဘက်က ရိုးသား ဖြောင့်မတ်သော သဘောနဲ့ ကန်ထရိုက် ဆောက်လုပ်ဖို့ မြေကို ရယူလိုခြင်း၊ အိမ်ရှင်က အဆောက်အအုံအသစ် ဆောက်လုပ်ဖို့နဲ့ ပြန်လည်ပြုပြင်ဖို့သဘောရိုးနဲ့ ဥပစာကို ပြန်လည် ရယူတာနဲ့အိမ်ရှင်က အကြောင်းတစ်ခုခုကြောင့် မိမိအိမ်ကို သဘောရိုးနဲ့ ပြန်လည်နေထိုင် လိုတာတွေကြောင့် ဖယ်ရှားလို့ရနိုင်ပါတယ်။ နို့တစ်စာပေးမယ်ဆိုရင်...

အမေး။ ။ အငှားချထားသူကို နို့တစ်စာ ပေးမယ်ဆိုရင် ဘယ်လိုလုပ်လို့ ရပါသလဲ။ အဖြေ။ ။ ပစ္စည်းလွှဲပြောင်းရေး ဥပဒေပုဒ်မ ၁၀၆ မှာ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းငှားရမ်း ခြင်းက တစ်လပြီးတစ်လ ငှားရမ်းတာ ဖြစ်ပါတယ်။

အငှားချထားသူနဲ့ အငှားယူထား သူဘက်က ငှားရမ်းတဲ့ ဘယ်လမဆို ကုန်ဆုံးတာနဲ့ တစ်ပြိုင်တည်း ကုန်ဆုံးမယ့် အချိန်ရက်မစေ့မီ ၁၅ရက် ကြိုတင်နို့တစ်စာ ပေးရင် ငှားရမ်းတာကို ဆုံးခန်းတိုင် ရောက် တယ်လို့ မှတ်ယူနိုင်ပါတယ်။

လအလိုက် ငှားရမ်းတဲ့ကိစ္စမှာ ၁၅ ရက် ကြိုပြီး နို့တစ်စာပေးနိုင်ပါတယ်။  နှစ်အလိုက်ငှားတဲ့ ကိစ္စတွေမှာတော့ ကုန်ဆုံး ရက် မရောက်ခင် ခြောက်လကြိုပြီး နို့တစ် စာ ပေးနိုင်ပါတယ်။ ငှားရမ်းသူလက်ထဲကို ခြောက်လ ထက် နောက် ကျပြီးမှ ရောက် ရင် တော့ နို့တစ်စာ က အကျုံးမဝင်ပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မိမိပိုင္အိမ္တိုက္ခန္းတို႔ကို ငွားရမ္းေနထိုင္သူအား ဆက္မငွားခ်င္တဲ့အခါ ဖယ္ရွားခြင့္ ရွိလား။ ဘယ္လိုေဆာင္ရြက္ရမလဲ။

 

အေျဖ။ ။ မိမိအိမ္မွာ ငွားရမ္းေနထိုင္တဲ့ အိမ္ငွားကို ဖယ္႐ွားမယ္ဆိုရင္ေတာ့ ၁၉၆၀ ျပည့္ႏွစ္ ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၁၂အရ ဖယ္႐ွားႏိုင္ ပါတယ္။ ဖယ္႐ွားလို႔ရတဲ့ အေၾကာင္း ရင္းေတြကေတာ့ ငွားရမ္းခကို အိမ္႐ွင္ဘက္က ေတာင္းေသာ္လည္း အိမ္ငွား ဘက္က မေပးတာနဲ႔ အိမ္ငွားတာဝန္ ေဖာက္ ဖ်က္ ခ်ိန္၊ အိမ္႐ွင္ဘက္က အႏိုင္ရၿပီး ေသာ အမိန္႔ သို႔မဟုတ္ ဒီကရီခ်မွတ္ ထားတဲ့ အိမ္ငွားခကို အိမ္ငွားကမေပး တဲ့အခ်ိန္၊ အိမ္ငွား ဘက္က အိမ္နီးခ်င္းေတြကို စိတ္ၿငိဳ ျငင္ေအာင္၊ အေႏွာင့္အယွက္ ျဖစ္ေအာင္ ျပဳ လုပ္မႈနဲ႔ ဥပစာကို ညစ္ညမ္း ယုတ္မာေသာ သို႔မဟုတ္ ဥပေဒကို  ဆန္႔ က်င္တဲ့ ကိစၥေတြ ျပဳလုပ္ခ်ိန္တို႔မွာ ဖယ္လို႔ ရပါတယ္။

ဒါ့အျပင္ အိမ္႐ွင္ဘက္က ႐ိုးသား ေျဖာင့္မတ္ေသာ သေဘာနဲ႔ ကန္ထ႐ိုက္ ေဆာက္လုပ္ဖို႔ ေျမကို ရယူလိုျခင္း၊ အိမ္႐ွင္က အေဆာက္အအုံအသစ္ ေဆာက္လုပ္ဖို႔နဲ႔ ျပန္လည္ျပဳျပင္ဖို႔သေဘာ႐ိုးနဲ႔ ဥပစာကို ျပန္လည္ ရယူတာနဲ႔အိမ္႐ွင္က အေၾကာင္းတစ္ခုခုေၾကာင့္ မိမိအိမ္ကို သေဘာ႐ိုးနဲ႔ ျပန္လည္ေနထိုင္ လိုတာေတြေၾကာင့္ ဖယ္႐ွားလို႔ရႏိုင္ပါတယ္။ ႏို႔တစ္စာေပးမယ္ဆိုရင္...

အေမး။ ။ အငွားခ်ထားသူကို ႏို႔တစ္စာ ေပးမယ္ဆိုရင္ ဘယ္လိုလုပ္လို႔ ရပါသလဲ။ အေျဖ။ ။ ပစၥည္းလႊဲေျပာင္းေရး ဥပေဒပုဒ္မ ၁၀၆ မွာ မေ႐ႊ႕ေျပာင္းႏိုင္တဲ့ ပစၥည္းငွားရမ္း ျခင္းက တစ္လၿပီးတစ္လ ငွားရမ္းတာ ျဖစ္ပါတယ္။

အငွားခ်ထားသူနဲ႔ အငွားယူထား သူဘက္က ငွားရမ္းတဲ့ ဘယ္လမဆို ကုန္ဆုံးတာနဲ႔ တစ္ၿပိဳင္တည္း ကုန္ဆုံးမယ့္ အခ်ိန္ရက္မေစ့မီ ၁၅ရက္ ႀကိဳတင္ႏို႔တစ္စာ ေပးရင္ ငွားရမ္းတာကို ဆုံးခန္းတိုင္ ေရာက္ တယ္လို႔ မွတ္ယူႏိုင္ပါတယ္။

လအလိုက္ ငွားရမ္းတဲ့ကိစၥမွာ ၁၅ ရက္ ႀကိဳၿပီး ႏို႔တစ္စာေပးႏိုင္ပါတယ္။  ႏွစ္အလိုက္ငွားတဲ့ ကိစၥေတြမွာေတာ့ ကုန္ဆုံး ရက္ မေရာက္ခင္ ေျခာက္လႀကိဳၿပီး ႏို႔တစ္ စာ ေပးႏိုင္ပါတယ္။ ငွားရမ္းသူလက္ထဲကို ေျခာက္လ ထက္ ေနာက္ က်ၿပီးမွ ေရာက္ ရင္ ေတာ့ ႏို႔တစ္စာ က အက်ံဳးမဝင္ပါဘူး။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service