ရန်ကုန်တိုင်းအတွင်း တိုက်ခန်းဈေးနှုန်းများ ဆက်လက်ကောင်းမွန်နေ - Property News in Myanmar from iMyanmarHouse.com
795 Views

ရန်ကုန်တိုင်းအတွင်း တိုက်ခန်းဈေးနှုန်းများ ဆက်လက်ကောင်းမွန်နေ

[Unicode]

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက ရန်ကုန်တိုက်ခန်း ဈေးနှုန်းများမှာ အကျဘက်တွင်ရှိနေခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ကာပြန်လည်တက်လာရာ ယခုနှစ် ဇူလိုင်လအထိ တောက်လျှောက် အမြင့်ဈေးမှာပင် ရှိကြောင်း iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)၏ တိုက်ခန်းဈေးနှုန်းများအညွှန်းကိန်းမှ သိရသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ၏ ရန်ကုန်တိုက်ခန်းဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် ကျပ်သိန်း ၄၉၀ ခန့်ရှိနေခဲ့ပြီး၊ ယခု ၂၀၂၂ ခုနှစ် ဩဂုတ်လ၏ အရောင်းဈေးနှုန်းမှာ ကျပ်သိန်း ၅၆၀ ခန့်အထိရှိနေရာ တနှစ်ခန့်အတွင်း ကျပ်သိန်း ၇၀ ကျော်အထိ ကွာဟမှုရှိကြောင်းတွေ့ရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှအောက်တိုဘာလတို့တွင် တိုက်ခန်းဈေးနှုန်းမှာ ကျပ်သိန်း ၅၀၀ ကျော်အထိ မြင့်ခဲ့သော်လည်း အောက်တိုဘာလတွင်မူ ကျပ်သိန်း ၄၈၀ ဝန်းကျင်ခန့်အထိ ပြန်ကျသွားခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင်မူ ကျပ်သိန်း ၄၉၀ အထိပြန်မြင့်ခဲ့ကြောင်း တွေ့ရသည်။

ထိုမှဆက်လက်မြင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလတွင် တိုက်ခန်းဈေးနှုန်း  မှာ ကျပ်သိန်း ၅၃၅ အထိရှိခဲ့ကာ မေလတွင် ကျပ်သိန်း ၅၃၀ ခန့်သို့ ပြန်ကျခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မေလမှ ဇွန်လတွင် ကျပ်သိန်း ၅၅၀ ကျော်အထိ တိုက်ခန်းဈေးနှုန်းများ ပြန်တက်ခဲ့ပြီး ဇူလိုင်လတွင် ကျပ်သိန်း ၅၆၀ ဝန်းကျင်ခန့်အထိ ရှိခဲ့ကြောင်းတွေ့ရသည်။

မြန်မာငွေတန်ဖိုးကျဆင်းလာမှုကြောင့် အိမ်ခြံမြေဘက် ရင်းနှီးမြှုပ်နှံမှုများလာရာ ရန်ကုန်တိုင်းအတွင်း တိုက်ခန်းဈေးနှုန်းနှင့် အိမ်ခြံမြေဈေးနှုန်းများ  မှာလည်း ဆက်လက်ပြီး အမြင့်ဈေးမှာပင် ရှိနေနိုင်ကြောင်း သိရသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


 

 











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ

Upcoming Property Events

thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service