သင်ကြိုက်တဲ့ ရာသီဥတုပုံစံကနေ‌ဖော်ပြနေတဲ့ သင့်ရဲ့စိတ်နေစိတ်ထား - Property Knowledge in Myanmar from iMyanmarHouse.com
653 Views

သင်ကြိုက်တဲ့ ရာသီဥတုပုံစံကနေ‌ဖော်ပြနေတဲ့ သင့်ရဲ့စိတ်နေစိတ်ထား

Knowledge | Posted by Aye Myat Thu

[Unicode]

ရာသီဥတုအမျိုးမျိုးရှိတဲ့အထဲမှာ လူတစ်ယောက်နဲ့တစ်ယောက် ကြိုက်တဲ့ရာသီဥတုပုံစံတွေ မတူကြပါဘူးနော်။ ထူးဆန်းစွာနဲ့ပဲ လူတစ်ယောက်ရဲ့ အကြိုက်ကိုလိုက်ပြီး အဲဒီ့လူရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒီတော့ ကိုယ်ကြိုက်တဲ့ ရာသီဥတုကနေ ကိုယ့်ရဲ့ပုံစံကို ခုလိုမျိုး ဖော်ပြနေပါတယ်။

 

နွေရာသီ

နွေရာသီလို အမြဲတမ်း ကြည်လင်ပြီး ပူတဲ့ရာသီဥတုကို ကြိုက်တဲ့သူတွေဟာ ပြသနာအရှုပ်အထွေးတွေကို ကြိုက်တတ်ကြတဲ့ သူတွေတော့မဟုတ်ပါဘူး။ နောက်ပြီး ပြဿနာဖြေရှင်းရတာတွေကို မုန်းတတ်ကြသလို သူတို့ရဲ့ အစီအစဉ်တွေကိုလည်း ထုတ်ပြောလေ့မရှိကြပဲ သူတို့လက်တွေ့လုပ်မှ တွေ့မြင်စေတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့တွေက လူတွေသဘောကျအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိပေမယ့် တစ်ခါတစ်လေမှာ သူတို့ကိုသူတို့ ယုံကြည်မှုအားနည်းနေပြန်ပါတယ်။ နောက်ပြီး သူတို့တွေ စိတ်ဖိစီးခံစားနေရတာမျိုးကို မကြိုက်တတ်ကြပါဘူး။

 

မိုးရာသီ

မိုးရာသီကို ကြိုက်တဲ့သူတွေကတော့ စိတ်ဝင်စားစရာမကောင်းတဲ့၊ အဓိပ္ပါယ်မရှိတဲ့ အရာတွေကို မုန်းတတ်ကြသူတွေပါ။ ဘာမဟုတ်တာလေးနဲ့ အချိန်ဖြုန်းရတာမျိုး မကြိုက်တတ်ကြတဲ့ သူတွေဖြစ်ပြီး ဘယ်အရာကိုမဆို တာဝန်ယူစိတ်အပြည့်နဲ့ လုပ်ဆောင်တတ်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့တွေက လက်တွေ့သမားတွေဖြစ်သလို မလိုအပ်ပဲ စိတ်ခံစားမှုနောက်ကို မလိုက်တတ်ကြပါဘူး။ ဒါပေမယ့် သူတို့ဘဝတိုးတက်မယ့်အရာတွေ၊ သူတို့တကယ်လုပ်ချင်တဲ့အရာတွေကို လုပ်တတ်ကြတဲ့ သူတွေဖြစ်ပြီး ရည်မှန်းချက်ကြီးတဲ့ သူတွေဖြစ်ကြပါတယ်။

 

ဆောင်းရာသီ

ဆောင်းရာသီကို ကြိုက်လေ့ရှိတဲ့သူတွေက မေးခွန်းတွေကို မုန်းတတ်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိအချိန်မှာပဲ နေထိုင်တတ်ကြသူတွေ ဖြစ်သလို လူတွေရဲ့ တုံ့ပြန်မှုကိုလိုက်ပြီး ပြန်လည်ပြုမူတတ်တဲ့ သူတွေပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်တည်း တိတ်ဆိတ်စွာ နေထိုင်ရတာကို ခုံမင်တတ်ကြသလို တစ်ခါတစ်လေလည်း အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းရတာကို ကြိုက်နေတတ်ကြပါတယ်။ သူတို့က နားလည်ရခက်တဲ့ သူတွေဖြစ်ပြီး လျို့ဝှက်တတ်တဲ့ သူတွေ ဖြစ်ကြပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: auntymay

 

[Zawgyi]

သင္ႀကိဳက္တဲ့ ရာသီဥတုပံုစံကေန‌ေဖာ္ျပေနတဲ့ သင့္ရဲ႕စိတ္ေနစိတ္ထား

 

ရာသီဥတုအမ်ဳိးမ်ိဳး႐ွိတဲ့အထဲမွာ လူတစ္ေယာက္နဲ႔တစ္ေယာက္ ႀကိဳက္တဲ့ရာသီဥတုပံုစံေတြ မတူၾကပါဘူးေနာ္။ ထူးဆန္းစြာနဲ႔ပဲ လူတစ္ေယာက္ရဲ႕ အႀကိဳက္ကိုလုိက္ၿပီး အဲဒီ႔လူရဲ႕ စိတ္ေနစိတ္ထားကို ခန္႔မွန္းလို႔ ရႏုိင္ပါတယ္။ ဒီေတာ့ ကိုယ္ႀကိဳက္တဲ့ ရာသီဥတုကေန ကိုယ့္ရဲ႕ပံုစံကုိ ခုလိုမ်ိဳး ေဖာ္ျပေနပါတယ္။

ေႏြရာသီ

ေႏြရာသီလုိ အျမဲတမ္း ၾကည္လင္ၿပီး ပူတဲ့ရာသီဥတုကို ႀကိဳက္တဲ့သူေတြဟာ ျပသနာအ႐ႈပ္အေထြးေတြကို ႀကိဳက္တတ္ၾကတဲ့ သူေတြေတာ့မဟုတ္ပါဘူး။ ေနာက္ၿပီး ျပသနာေျဖ႐ွင္းရတာေတြကို မုန္းတတ္ၾကသလုိ သူတို႔ရဲ႕ အစီအစဥ္ေတြကုိလည္း ထုတ္ေျပာေလ့မ႐ွိၾကပဲ သူတို႔လက္ေတြ႔လုပ္္မွ ေတြ႔ျမင္ေစတဲ့သူေတြ ျဖစ္ၾကပါတယ္။ သူတို႔ေတြက လူေတြသေဘာက်ေအာင္ ဘယ္လုိေနထိုင္ရမလဲဆုိတာကို သိေပမယ့္ တစ္ခါတစ္ေလမွာ သူတို႔ကိုသူတုိ႔ ယံုၾကည္မႈအားနည္းေနျပန္္ပါတယ္။ ေနာက္ၿပီး သူတို႔ေတြ စိတ္ဖိစီးခံစားေနရတာမ်ိဳးကို မႀကိဳက္တတ္ၾကပါဘူး။

မိုးရာသီ

မိုးရာသီကို ႀကိဳက္တဲ့သူေတြကေတာ့ စိတ္ဝင္စားစရာမေကာင္းတဲ့၊ အဓိပၸါယ္္မ႐ွိတဲ့ အရာေတြကို မုန္းတတ္ၾကသူေတြပါ။ ဘာမဟုတ္တာေလးနဲ႔ အခ်ိန္ျဖဳန္းရတာမ်ိဳး မႀကိဳက္တတ္ၾကတဲ့ သူေတြျဖစ္ၿပီး ဘယ္အရာကိုမဆုိ တာဝန္ယူစိတ္အျပည့္နဲ႔ လုပ္ေဆာင္တတ္ၾကတဲ့ သူေတြပဲ ျဖစ္ပါတယ္။ သူတုိ႔ေတြက လက္ေတြ႔သမားေတြျဖစ္သလုိ မလုိအပ္ပဲ စိတ္ခံစားမႈေနာက္ကို မလုိက္တတ္ၾကပါဘူး။ ဒါေပမယ့္ သူတို႔ဘဝတုိးတက္မယ့္အရာေတြ၊ သူတို႔တကယ္လုပ္ခ်င္တဲ့အရာေတြကို လုပ္တတ္ၾကတဲ့ သူေတြျဖစ္ၿပီး ရည္မွန္းခ်က္ႀကီးတဲ့ သူေတြျဖစ္ၾကပါတယ္။

ေဆာင္းရာသီ

ေဆာင္းရာသီကို ႀကိဳက္ေလ့႐ွိတဲ့သူေတြက ေမးခြန္းေတြကို မုန္းတတ္ၾကတဲ့ သူေတြပဲ ျဖစ္ပါတယ္။ သူတို႔ဟာ လက္႐ွိအခ်ိန္မွာပဲ ေနထုိင္တတ္ၾကသူေတြ ျဖစ္သလုိ လူေတြရဲ႕ တံု႔ျပန္မႈကိုလုိက္ၿပီး ျပန္္လည္ျပဳမူတတ္တဲ့ သူေတြပဲ ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ တစ္ေယာက္တည္း တိတ္ဆိတ္စြာ ေနထုိင္ရတာကို ခံုမင္တတ္ၾကသလုိ တစ္ခါတစ္ေလလည္း အေပါင္းအသင္းေတြနဲ႔ အခ်ိန္ျဖဳန္းရတာကို ႀကိဳက္ေနတတ္ၾကပါတယ္။ သူတို႔က နားလည္ရခက္တဲ့ သူေတြျဖစ္ၿပီး လ်ိဳ႕ဝွက္တတ္တဲ့ သူေတြ ျဖစ္ၾကပါတယ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: auntymay

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

Upcoming Property Events

taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service