349 Views

အလွယ်တကူပျိုးထား ခြံစားသီးပင်လေးများ

 

[Unicode]

 

ပျော်ရွင်ဖို့အတွက် သစ်ပင်စိုက်ပါ တဲ့။ ကိုယ့်ရဲ့တစ်နေ့တာအချိန်ထဲက မိနစ်သုံးဆယ်လောက်ကို အိမ်ခြံဝင်းလေးအတွင်းသစ်ပင်တွေကိုစိုက်ပျိုးပေါင်းသင်ရင်းနဲ့ ကုန်ဆုံးခြင်းဟာ စိတ်ကျန်းမာရေးကို များစွာအထောက်အကူပေးပါတယ်။

 

 

အိမ်ရှင်မတွေအနေနဲ့ စိတ်ဖိစီးမှုကင်းဝေး ပြုံးပျော်ရွှင်နိုင်ဖို့ အလွယ်တကူစိုက်ပျိုးလို့အဆင်ပြေ သားသားမီးမီးလေးတွေလဲကြိုက်မယ့် ခြံစားပင်လေးများကိုတင်ဆက်ပေးလိုက်ပါတယ်။

 

 

 

နီရဲချိုမွှေး စတော်ဘယ်ရီသီးလေး

အမျှင်ဓာတ်ပြည့်ဝပြီးအရည်ရွမ်းတဲ့ စတော်ဘယ်ရီသီးလေးတွေဟာ ကလေးလူကြီးအားလုံးအကြိုက်ပါပဲ။အပြင်ကဝယ်စရာမလိုပဲ မိသားစုစားသုံးဖို့ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလို့ရနိုင်တဲ့ သီးပင်ထဲမှာ စတော်ဘယ်ရီသီးပါဝင်ပါတယ်။

စတော်ဘယ်ရီပင်လေးတွေဟာ နေရောင်ခြည်ကောင်းကောင်းရတဲ့နေရာ အစိုဓာတ်ပြည့်ဝတဲ့မြေကြီးအတွင်းစိုက်ပျိုးတဲ့အခါ လွယ်လွယ်ကူကူရှင်သန်ပါတယ်။

 

ခြံဝင်းထဲမှာ အိုးလေးနဲ့စိုက်ပျိုးနိုင်သလို ဝရံတာမှာလည်း ခြင်းလေးတွေနဲ့ ချိတ်ဆွဲပြီးစိုက်ပျိုးနိုင်ပါတယ်။

 

စတော်ဘယ်ရီအသီးအပြင် ပိုးစာပင်လို့ခေါ်ကြတဲ့ Blueberries ပင်တွေကိုလည်းစိုက်ပျိုးနိုင်ပါသေးတယ်။

 

 

 


ချိုချိုမြဲမြဲ စပျစ်တွဲလေးများ

စပျစ်ချိုချဉ်တွဲလေးတွေဟာလည်း ခြံဝန်းလေးအတွင်းမှာ စင်လေးနဲ့တစ်နိုင်တစ်ပိုင်စိုက်ပျိုးလို့ရနိုင်ပါတယ်။

 

မကြာခင်နွေရာသီရောက်လာတော့မှာဖြစ်လို့ နေလည်ခင်းရေငတ်ပြေဖို့အတွက် အဆင့်သင့်ဖွယ်ရာ စပျစ်တွဲလေးတွေ အခုထဲကပျိုးထားလို့ရပြီနော်။

 

မြန်မာပြည်တွင်းမှာလည်းဝယ်ယူလို့ရနိုင်ပြီး စပျစ်ပင်ဟာ စိုက်ပျိုးဖို့ရာလုံးဝမခက်ပါဘူး။

 

စင်လေးပေါ်မှာစိုက်ပျိုးနိုင်ပြီး အသီးတွေကိုလာလာစားတတ်တဲ့ငှက်လေးတွေကိုတော့ သတိထားပေးဖို့လိုပါမယ်။

 

 

 

အသီးမှာ သရက် အသားမှာ ဝက်တဲ့

တစ်ခါစိုက်ထားရုံနဲ့ သားသမီးမြေးမြစ်တွေအထိပါ အသင့်ခူးစားနိုင်တဲ့သရက်ပင်တွေဟာ တစ်နှစ်မှာတစ်ခါ မိုးရာသီအစမှာ ပြွတ်သိပ်နေအောင်သီးတတ်ပါပြီ။

 

အရိပ်ရပင်အနေနဲ့ကော သီးပင်အနေနဲ့ကော သရက်ပင်ကိုတစ်အိမ်မှာတစ်ပင်စိုက်ပျိုးလေ့ရှိကြပါတယ်။ ခြံတွင်းစိုက်ပျိုးမယ့်အပင်တွေအကြောင်းပြောရင်တော့သရက်ပင်က မပါမဖြစ်ပါပဲ။

သရက်ကင်းလေးတွေကို အတို့အမြုပ်အနေနဲ့စားနိုင်သလို သရက်ယို၊ သရက်ပြန် အနေနဲ့လည်း အမျိုးမျိုးလုပ်စားလို့ရနိုင်တဲ့ သီးပင်လေးတွေပါ၊

 

 

အိမ်တွင်းအိမ်ပြင် စိုက်ပျိုးနိုင်တဲ့ ရှောက်ပင်

အိမ်တွင်း Home Decor အနေနဲ့ကော ခြံဝင်းအတွင်း အပင်လေးနဲ့ပါ စိုက်ပျိုးထားနိုင်တဲ့ ​ရှောက်ပင်လေးတွေဟာ မီးဖိုချောင်အတွက်အသုံးဝင်တဲ့အပင်လေးများဖြစ်ပါတယ်။

သံပရာပင်နဲ့ရှောက်ပင်များဟာ အိမ်တွင်းအိမ်ပြင်အလွယ်တကူစိုက်ပျိုးနိုင်ပြီး အသီးသီးလွယ်တဲ့ အပင်လေးများဖြစ်ပါတယ်။

 

 

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

အလြယ္တကူပ်ိဳးထား ျခံစားသီးပင္ေလးမ်ား

 


ေပ်ာ္႐ြင္ဖို႔အတြက္ သစ္ပင္စိုက္ပါ တဲ့။ ကိုယ့္ရဲ႕တစ္ေန႔တာအခ်ိန္ထဲက မိနစ္သုံးဆယ္ေလာက္ကို အိမ္ျခံဝင္းေလးအတြင္းသစ္ပင္ေတြကိုစိုက္ပ်ိဳးေပါင္းသင္ရင္းနဲ႔ ကုန္ဆုံးျခင္းဟာ စိတ္က်န္းမာေရးကို မ်ားစြာအေထာက္အကူေပးပါတယ္။

အိမ္႐ွင္မေတြအေနနဲ႔ စိတ္ဖိစီးမႈကင္းေဝး ျပဳံးေပ်ာ္႐ႊင္ႏိုင္ဖို႔ အလြယ္တကူစိုက္ပ်ိဳးလို႔အဆင္ေျပ သားသားမီးမီးေလးေတြလဲႀကိဳက္မယ့္ ျခံစားပင္ေလးမ်ားကိုတင္ဆက္ေပးလိုက္ပါတယ္။

 

 

နီရဲခ်ိဳေမႊး စေတာ္ဘယ္ရီသီးေလး

အမွ်င္ဓာတ္ျပည့္ဝၿပီးအရည္႐ြမ္းတဲ့ စေတာ္ဘယ္ရီသီးေလးေတြဟာ ကေလးလူႀကီးအားလုံးအႀကိဳက္ပါပဲ။အျပင္ကဝယ္စရာမလိုပဲ မိသားစုစားသုံးဖို႔ တစ္ႏိုင္တစ္ပိုင္စိုက္ပ်ိဳးလို႔ရႏိုင္တဲ့ သီးပင္ထဲမွာ စေတာ္ဘယ္ရီသီးပါဝင္ပါတယ္။ စေတာ္ဘယ္ရီပင္ေလးေတြဟာ ေနေရာင္ျခည္ေကာင္းေကာင္းရတဲ့ေနရာ အစိုဓာတ္ျပည့္ဝတဲ့ေျမႀကီးအတြင္းစိုက္ပ်ိဳးတဲ့အခါ လြယ္လြယ္ကူကူ႐ွင္သန္ပါတယ္။ ျခံဝင္းထဲမွာ အိုးေလးနဲ႔စိုက္ပ်ိဳးႏိုင္သလို ဝရံတာမွာလည္း ျခင္းေလးေတြနဲ႔ ခ်ိတ္ဆြဲၿပီးစိုက္ပ်ိဳးႏိုင္ပါတယ္။ စေတာ္ဘယ္ရီအသီးအျပင္ ပိုးစာပင္လို႔ေခၚၾကတဲ့ Blueberries ပင္ေတြကိုလည္းစိုက္ပ်ိဳးႏိုင္ပါေသးတယ္။


ခ်ိဳခ်ိဳၿမဲၿမဲ စပ်စ္တြဲေလးမ်ား

စပ်စ္ခ်ိဳခ်ဥ္တြဲေလးေတြဟာလည္း ျခံဝန္းေလးအတြင္းမွာ စင္ေလးနဲ႔တစ္ႏိုင္တစ္ပိုင္စိုက္ပ်ိဳးလို႔ရႏိုင္ပါတယ္။ မၾကာခင္ေႏြရာသီေရာက္လာေတာ့မွာျဖစ္လို႔ ေနလည္ခင္းေရငတ္ေျပဖို႔အတြက္ အဆင့္သင့္ဖြယ္ရာ စပ်စ္တြဲေလးေတြ အခုထဲကပ်ိဳးထားလို႔ရၿပီေနာ္။ ျမန္မာျပည္တြင္းမွာလည္းဝယ္ယူလို႔ရႏိုင္ၿပီး စပ်စ္ပင္ဟာ စိုက္ပ်ိဳးဖို႔ရာလုံးဝမခက္ပါဘူး။ စင္ေလးေပၚမွာစိုက္ပ်ိဳးႏိုင္ၿပီး အသီးေတြကိုလာလာစားတတ္တဲ့ငွက္ေလးေတြကိုေတာ့ သတိထားေပးဖို႔လိုပါမယ္။

 

အသီးမွာ သရက္ အသားမွာ ဝက္တဲ့

တစ္ခါစိုက္ထား႐ုံနဲ႔ သားသမီးေျမးျမစ္ေတြအထိပါ အသင့္ခူးစားႏိုင္တဲ့သရက္ပင္ေတြဟာ တစ္ႏွစ္မွာတစ္ခါ မိုးရာသီအစမွာ ႁပြတ္သိပ္ေနေအာင္သီးတတ္ပါၿပီ။ အရိပ္ရပင္အေနနဲ႔ေကာ သီးပင္အေနနဲ႔ေကာ သရက္ပင္ကိုတစ္အိမ္မွာတစ္ပင္စိုက္ပ်ိဳးေလ့႐ွိၾကပါတယ္။ ျခံတြင္းစိုက္ပ်ိဳးမယ့္အပင္ေတြအေၾကာင္းေျပာရင္ေတာ့သရက္ပင္က မပါမျဖစ္ပါပဲ။ သရက္ကင္းေလးေတြကို အတို႔အျမဳပ္အေနနဲ႔စားႏိုင္သလို သရက္ယို၊ သရက္ျပန္ အေနနဲ႔လည္း အမ်ိဳးမ်ိဳးလုပ္စားလို႔ရႏိုင္တဲ့ သီးပင္ေလးေတြပါ၊

 

အိမ္တြင္းအိမ္ျပင္ စိုက္ပ်ိဳးႏိုင္တဲ့ ေ႐ွာက္ပင္

အိမ္တြင္း Home Decor အေနနဲ႔ေကာ ျခံဝင္းအတြင္း အပင္ေလးနဲ႔ပါ စိုက္ပ်ိဳးထားႏိုင္တဲ့ ​ေ႐ွာက္ပင္ေလးေတြဟာ မီးဖိုေခ်ာင္အတြက္အသုံးဝင္တဲ့အပင္ေလးမ်ားျဖစ္ပါတယ္။ သံပရာပင္နဲ႔ေ႐ွာက္ပင္မ်ားဟာ အိမ္တြင္းအိမ္ျပင္အလြယ္တကူစိုက္ပ်ိဳးႏိုင္ၿပီး အသီးသီးလြယ္တဲ့ အပင္ေလးမ်ားျဖစ္ပါတယ္။

 


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)