381 Views
၂၀၂၂ ခုနှစ်မှာ ရေပန်းအစားဆုံး အိမ်အတွင်းခန်းအပြင်ဆင်များ
[Unicode]
၂၀၂၂ ခုနှစ်မှာ ရေပန်းစားတဲ့ အိမ်ပုံစံတွေ၊ ဒီဇိုင်းတွေနဲ့ အတွင်းခန်းအပြင်အဆင်တွေက ယခင်နှစ်တွေကလို မဟုတ်တော့ပဲ သဘာဝနဲ့ အနီးစပ်ဆုံး ထိတွေ့ခံစားဖို့ အတွက် အပြင်ဘက် Outdoors နေရာတွေကို ပိုပြီးတော့မှ ရွေးချယ်ပြင်ဆင်လာကြပါတယ်။ အကယ်၍ အခုနှစ်မှာ သင့်ရဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံခြင်း တွေ ခေတ်နဲ့ အညီ ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ၂၀၂၂ ခုနှစ်ရဲ့ ပြင်ဆင်တည်ဆောက်မှု ဒီဇိုင်းနဲ့ နည်းလမ်းတွေက သင့်အတွက် အထောက်အကူဖြစ်မှာ သေချာပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့် လိုက်ရောညီထွေဖြစ်သော ဒီဇိုင်း
အခုနောက်ပိုင်းမှာတော့ လူတွေက သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးလာတတ်ကြပြီး ခေတ်ရေစီးကြောင်း ထဲမှာကော လူမှုဘဝနေထိုင်မှု ပုံစံတွေမှာပါ သဘာဝတရားကို ထိန်းသိမ်းမှုတွေနဲ့ နေထိုင်လာကြပါတယ်။ အိမ်ဆောက်ပစ္စည်းတွေ၊ လူ့အသုံးအဆောင်တွေ၊ ပရိဘောဂနဲ့ နေ့စဉ်သုံးပစ္စည်း အော်ဂဲနစ်ပစ္စည်းတွေနဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းဖန်တီးတည်ဆောက်လာကြတာပါ။
နေအိမ်ခန်းတွေထဲမှာလည်းပဲ ပလက်စတစ်၊ ဖန်၊ သတ္တု ၊ ကြွေထည်တွေ ပစ္စည်းတွေအစားထိုး ပြန်လည်အသုံးပြုကြပြီး ဒါဟာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပါ တယ်။
အကုန်ကျသက်သာတဲ့အပြင် ဒီဇိုင်းပညာရှင်တွေရဲ့ ခေတ်မီဆန်းသစ်လှပပြီး နောက်ဆုံးပေါ် အိမ် ထောင်ပရိဘောဂအသုံးအဆောင်တွေက ခေတ်နဲ့ အညီလိုက်လျောညီထွေဖြစ်မယ့် နေအိမ်ခန်းလေးတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။
ဘက်စုံအသုံးပြုနိုင်သော နေရာအထားအသိုများ
အရင်ခေတ်တွေတုန်းကလို အိမ်ကြီးကျယ်ဝန်းတာ၊ ကြီးမားပြီး နေရာကျယ်ကျယ် ယူတာတွေက အခု ပြောင်းလဲ တိုးတက်လာတဲ့ ခေတ်မှာတော့ မလိုတော့ပါဘူး။ နေရာကျယ်ကျယ်နေထိုင်ရခြင်းက အိမ်ရဲ့ အလုပ်တာဝန်တွေ နှစ်ဆပိုလုပ်ကိုင်ရတတ်တဲ့အပြင် ကုန်ကျစရိတ်လည်း နှစ်ဆရှိပါတယ်။ အဲ့ဒီတော့ အင်ဂျင်နီယာတွေနဲ့ ဒီဇိုင်းပညာရှင်တွေ နေအိမ်တွေမှာ နေရာအများကြီးမယူတဲ့ ဒီဇိုင်းမျိုးနဲ့ ချွေတာရေးလုပ်နိုင်ဖို့ စိတ်ကူးကောင်း ကောင်းတွေ ဖန်တီးလာကြပါတယ်။ နေရာတစ်ခုတည်းကို အိမ်ခန်း၊ နားနေခန်း၊ စာဖတ်ခန်း ဘက်စုံသုံးလို့ ရအောင် ခေတ်မီတဲ့ နည်းပညာတွေနဲ့ ဖန်တီးကြတာမျိုးပါ။
နောက်ပြီး ပရိဘောဂ ပစ္စည်းတစ်ခုတည်းက ကုတင်လုပ်မလား၊ စာကြည့်ခုံလား၊ ဆိုဖာ ခုံတန်းရှည်သဘောမျိုးလား ခေါက်နိုင်၊ သိမ်းထားနိုင်တဲ့ ဖြုတ်တပ်ရလွယ်ကူတဲ့ စနစ်တွေနဲ့ လုပ်လာကြပါတယ်။ စင်တန်းတွေ၊ အပေါ်ဘက် နံရံကပ်ဘီဒိုတွေများများ လုပ်ခြင်းကလည်း နေရာအကျယ်အဝန်းကို ချွေတာပြီးသားဖြစ်ပါတယ်။
အလင်းအားမဆူး၊ မော်ဒန်ဆန်သော ခပ်ဖျော့ဖျော့ အရောင်လေးများ ဖန်တီးခြင်း
အခုနောက်ပိုင်း မော်ဒန် ဆန်တဲ့ နေအိမ်ခန်းတွေ၊ ရုံးခန်းတွေနဲ့ ပြခန်း ခန်းမတွေမှာကြည့်လိုက်ရင် အလင်းအား တအားမဆူးပဲ နွေးနွေးထွေးထွေးလေး ခံစားရစေတဲ့ အရောင်လေးတွေကို အသုံးများလာကြပါတယ်။
ကြည့်လိုက်တာနဲ့ကို ခေတ်မီတဲ့ ဒီဇိုင်း၊ မော်ဒန်ဆန်တယ်လို့ ခံစားမိအောင်လို့ နံရံ ခပ်မှိုင်းမှိုင်းလေးတွေ၊ အရောင် ခပ်ဖျော့ဖျော့ အလင်းလေးတွေကို အသုံးပြုလာကြပါတယ်။
အလင်းဘက်သွားတဲ့ အညိုရောင်၊ အဝါဖျော့၊ အသားရောင်၊ မီးခိုးရောင်၊ ပန်းနုရောင်၊ ခရမ်းဖျော့၊ အပြာနု၊ အစိမ်းနုရောင် အစရှိသဖြင့် ရွေးချယ်လာကြတာကို တွေ့ရပါတယ်။
စမတ်ကျသောနည်းပညာစနစ်များ ထည့်သွင်းခြင်း
စမတ်ကျတယ်ဆိုတာနဲ့ အရာအားလုံးက အလွယ်တကူပြုလုပ်နိုင်တယ်ဆိုတာပါ။ အချိန်ကုန် လူပင်ပန်းစရာ မလိုပဲ စမတ်ကျတဲ့ ပစ္စည်းတွေအသုံးပြုခြင်းအားဖြင့် အဆင့်မြင့်တဲ့ လူနေထိုင်မှုအဆင့်အတန်းကို ရရှိမှာပါ။ အရင်က အိမ်ရှင်မတွေအတွက် ပင်ပန်းခံပြီး သန့်ရှင်းရေးလုပ်ရ၊ လျှော်ဖွတ်ဆေးကြောရ အလုပ်တွေက အခုခေတ်မှာတော့ အရမ်းကို လွယ်ကူလျင်မြန်သွားပါပြီ။
နည်းပညာအဆင့်အတန်းမြင့်တဲ့ အိမ်ထောင်သုံး ပစ္စည်းကိရိယာတွေအသုံးပြုပြီး အချိန်ကုန်၊ လူပင်ပန်းစရာမရှိတော့ပါဘူး။ ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ကို စက်မှာပါတဲ့ လုပ်ဆောင်မှုတွေနဲ့ အိမ်အလုပ်နေ့စဉ်တာဝန်တွေကို ပြီးဆုံး အောင်ပံ့ပိုးပေးမှာဖြစ်ပါတယ်။ အဆင့်အတန်းမြင့်တဲ့ နောက်ဆုံးပေါ် စက်တွေမှာဆိုရင် အသုံးပြုသူရဲ့ စိတ်ခံစားမှုကို လိုက်ပြီးတော့တောင် အပြောင်းအလဲ လုပ်နိုင်တဲ့အထိ အရမ်းကို ခေတ်မီတိုးတက်မှုတွေ ရနေပါပြီ။
ပြင်ပနှင့် သဘာဝနှင့် ထိတွေ့လို့ရမည့် နေရာများကို ဦးစားပေးခြင်း
၂၀၂၂ ခုနှစ် နေအိမ်ဒီဇိုင်းတည်ဆောက်မှုရဲ့ ရေပန်းအစားဆုံးအချက်ကတော့ မွန်းကြပ်မှုတွေကနေ သက်သာစေဖို့ Outdoors နေရာလေးတွေ များများ ဖန်တီးလာကြတာ ဖြစ်ပါတယ်။ Indoors နေရာတွေထပ် စာရင် သဘာဝပတ်ဝန်းကျင်၊ သစ်ပင်ပန်းပင်လေးတွေ စိုက်ပျိုးထားတဲ့ နေရာလေး၊ တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့ဆော့ကစားလို့ရမယ့် နေရာ၊ ခြံလေးထဲက ကော်ဖီဝိုင်းလေး၊ တိတ်ဆိတ်တဲ့ အပြင်ဘက် ပန်းခြံထောင့်လေး အဲ့ဒီလို နေရာတွေက ခေတ်လူငယ်တွေ အရမ်းကို တောင့်တတဲ့ နေအိမ် ဒီဇိုင်းနဲ့ အပြင်အဆင်လေးတွေပါပဲ။
ကဲ ဒီလောက်ဆို အခု ၂၀၂၂ ခုနှစ်မှာ ရေပန်းစားတဲ့ နေအိမ်အပြင်အဆင်လေးအကြောင်းကို သိပြီးလောက်ပြီ ထင်ပါတယ်။ ခေတ်နဲ့ အညီ လိုက်လျောညီထွေဖြစ်ပြီးတော့ နေချင်စဖွယ်နေအိမ်လေးဖြစ်အောင်လို့ ဒီနည်းလမ်းလေးတွေအသုံးပြုပြီး iMyanmar House.com စာဖတ်ပရိသတ်ကြီးရဲ့ စိတ်ကူးထဲက အိမ်လေးကို အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
Subscribe For Property News
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)