[Unicode]
အပြင်တစ်ခါသွားတိုင်း ပြွတ်သိပ်ထည့်ထားတဲ့ အဝတ်ဗီရိုရှေ့မှာ အဝတ်အစားအကြာကြီးရွေးရတာကို ငြီးငွေ့နေပြီလား။ ဟိုထိုးဒီဆွနဲ့ စီစီရီရီခေါက်ထားတဲ့ အဝတ်တွေလဲ ပွရှုပ် ကုန်တယ်ဆိုတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ luxury ဆန်ဆန် အဝတ်အစားတွေကိုခမ်းနားသပ်ရပ်စွာထားချင်တယ်ဆိုရင်တော့ တံခါးမလိုတဲ့ walk in ဗီရိုဒီဇိုင်းတွေထည့်သွင်းဖို့အကြံပြုပါရစေ။
Walk In ဗီရိုတွေဟာ နေရာယူပေမယ့် သန့်ရှင်းသပ်ရပ်မှုနဲ့ နေထိုင်မှုအဆင့်အတန်းမြင့်မားတဲ့ပုံရိပ်ကို ရရှိနိုင်ပါတယ်။ ကိုယ်ဝတ်ဆင်တဲ့အဝတ်အစားကအစ ခေါင်းအစခြေအဆုံး accessories တွေကိုပါ တစ်စုတစ်စည်းထဲ ထားရှိနိုင်တာကြောင့် ရုတ်တရက်အပြင်သွားစရာပေါ်လာတဲ့အခါမျိုးမှာ လိုက်ရှာနေစရာမလိုပဲ တစ်နေရာထဲမှာပဲ ဝတ်စားပြင်ဆင်နိုင်ပါတယ်။ ပြင်ဆင်ဝတ်စားချိန်မှာ အခန်းတွင်းလူရှိနေတယ်ဆိုရင်လည်း closet တံခါးလေးပိတ်ပြီး အတွင်းထဲမှာ လုံလုံခြုံခြုံပြင်ဆင်နိုင်ပါသေးတယ်။ သော့ခတ်ပြီးလည်း တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကိုသိမ်းဆည်းနိုင်တဲ့အတွက် ကောင်းကျိုးများတဲ့ Home Decor တစ်မျိုးလို့ဆိုရမှာပါ။
ကဲ တံခါးမလို ဗီရိုလေးတစ်ခုကို ဘယ်လိုမျိုးဖန်တီးကြမလဲ.....
အဝတ်အစားအတွက် အထပ်မြင့်စင်များ
luxury ဆန်တဲ့ အိမ်တွင်းပြင်ဆင်မှုတစ်မျိုးဖြစ်တဲ့ တံခါးမလိုတဲ့ walk in closet တွေကို လူတစ်ကိုယ်ချောင်ချောင်ချိချိဝင်လို့ရတဲ့ နေရာအနည်းငယ်လောက်ရှိယုံနဲ့ပြင်ဆင်နိုင်ပါတယ်။ အထပ်မြင့်စင်များ အံဆွဲများထည့်သွင်းကာနေရာကို လိုသလောက်ချုံနိုင်ပြီး ပုံမှန်ဝတ်စားအသုံးပြုမယ့် အသုံးအဆောင်တွေကိုစင်နဲ့အလွယ်တကူထားရှိကာ လတ်တလောအသုံးမလိုတဲ့ အဝတ်အစားတွေကိုတော့ အဝတ်အိတ်လေးတွေနဲ့ တကန့်စီ စင်အပေါ်ဆုံးထပ်မှာ သိမ်းဆည်းထားနိုင်ပါတယ်။
ပုံမှန်ဝတ်ဆင်တဲ့ Casual အဝတ်အစားတွေဖြစ်တဲ့ အင်္ကျီ၊ ဂျင်းဘောင်းဘီ၊ ဂါဝန်အတိုအရှည်စတာတွေကို အဝတ်တန်းလေးတစ်ခုထားရှိကာ မီးပူတိုက်အဆင်သင့်ချိတ်ထားနိင်ပြီး fancies နဲ့ တောက်ပတဲ့ accessories အလှပစ္စည်းတွေကိုတော့ အဆင့်ပါ Show Case လေးနဲ့ သိမ်းဆည်းနိုင်ပါတယ်။ ဗီဒိုအောက်မှာ ဖိနပ်လေးတွေကိုစီရီထားရှိနိုင်ပြီး ဖိနပ်ဝတ်ဖို့ ခုံအပုလေးပါထည့်သွင်းရင်တော့ ပိုပြည့်စုံတာပေါ့နော်။
မရှိမဖြစ် မှန်
အဝတ်အစားခန်းမှာ သေချာပေါက်လိုအပ်တာကတော့ မှန်တစ်ချပ်ပါပဲ။ ကြီးကြီးရှည်ရှည်မှန်ကို ဘောင်လှလှလေးကွပ်ပြီး အခန်းအလယ်မှာထားရှိရင်တော့ပြည်စုံသလောက်နီးပါဖြစ်သွားပါပြီ။ နေရာကျယ်ကျယ်ရှိရင်တော့ အိမ်တွင်းအပင်အိုးလေးတွေ၊ ရွေ့လျားခုံလေးတစ်လုံး၊ မီးဆိုင်းလှလှလေးတစ်ခုကို အပေါ်မှာ ချိတ်ဆွဲလိုက်ရုံနဲ့ သပ်ရပ်လှပပြီး Luxury ဆန်တဲ့ walk in closet တစ်ခုရုပ်လုံးပေါ်လာပါပြီ။
Privacy အတွက် တံခါး
သီးသန့်ခန်းလေးတစ်ခုဖြစ်ဖို့အတွက် တွန်းတံခါးပဲဖြစ်ဖြစ် ဆွဲတံခါးပဲဖြစ်ဖြစ်ထည့်သွင်းနိုင်ပါတယ်။ တံခါးနဲ့ မကန့်ထားချင်ဘူးဆိုလဲ လိုက်ကာလှလှလေးကို အသုံးပြုနိုင်ပါတယ်။ အဝတ်အစားတွေနဲ့ တစ်ကိုယ်ရည်ပိုင်ဆိုင်မှုတွေထည့်သွင်းထားတဲ့သီးသန့်ဘုံလေးတစ်ခုပေါ့။ အိမ်တွင်းပြင်ဆင်မှုတစ်မျိုးလဲဖြစ် အဝတ်အစားများလွန်းသူတွေအတွက်လဲ အဆင်ပြေတဲ့ walk in closet လေးတွေဟာ ဒီနေ့ခေတ်မှာရေပန်းစားလာတာအမှန်ပါပဲနော်။
စာဖတ်သူတို့အတွက် တစ်ကိုယ်ရည်အဝတ်အစားတွေကို သပ်ရပ်လွယ်ကူစွာထည့်သွင်းနိုင်တဲ့ walk in closet ဖန်တီးပုံလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ သာယာလှပတဲ့နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ပါစေ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
သန္႔႐ွင္းသပ္ရပ္တဲ့ Walk In Closet ေလးတစ္ခု ဘယ္လိုဖန္တီးမလဲ
အျပင္တစ္ခါသြားတိုင္း ႁပြတ္သိပ္ထည့္ထားတဲ့ အဝတ္ဗီ႐ိုေ႐ွ႕မွာ အဝတ္အစားအၾကာႀကီးေ႐ြးရတာကို ၿငီးေငြ႕ေနၿပီလား။ ဟိုထိုးဒီဆြနဲ႔ စီစီရီရီေခါက္ထားတဲ့ အဝတ္ေတြလဲ ပြ႐ႈပ္ ကုန္တယ္ဆိုေတာ့ ဒီျပႆနာကို ဘယ္လိုေျဖ႐ွင္းၾကမလဲ။ luxury ဆန္ဆန္ အဝတ္အစားေတြကိုခမ္းနားသပ္ရပ္စြာထားခ်င္တယ္ဆိုရင္ေတာ့ တံခါးမလိုတဲ့ walk in ဗီ႐ိုဒီဇိုင္းေတြထည့္သြင္းဖို႔အၾကံျပဳပါရေစ။
Walk In ဗီ႐ိုေတြဟာ ေနရာယူေပမယ့္ သန္႔႐ွင္းသပ္ရပ္မႈနဲ႔ ေနထိုင္မႈအဆင့္အတန္းျမင့္မားတဲ့ပုံရိပ္ကို ရ႐ွိႏိုင္ပါတယ္။ ကိုယ္ဝတ္ဆင္တဲ့အဝတ္အစားကအစ ေခါင္းအစေျခအဆုံး accessories ေတြကိုပါ တစ္စုတစ္စည္းထဲ ထား႐ွိႏိုင္တာေၾကာင့္ ႐ုတ္တရက္အျပင္သြားစရာေပၚလာတဲ့အခါမ်ိဳးမွာ လိုက္႐ွာေနစရာမလိုပဲ တစ္ေနရာထဲမွာပဲ ဝတ္စားျပင္ဆင္ႏိုင္ပါတယ္။ ျပင္ဆင္ဝတ္စားခ်ိန္မွာ အခန္းတြင္းလူ႐ွိေနတယ္ဆိုရင္လည္း closet တံခါးေလးပိတ္ၿပီး အတြင္းထဲမွာ လုံလုံျခဳံျခဳံျပင္ဆင္ႏိုင္ပါေသးတယ္။ ေသာ့ခတ္ၿပီးလည္း တန္ဖိုးႀကီးတဲ့ ပစၥည္းေတြကိုသိမ္းဆည္းႏိုင္တဲ့အတြက္ ေကာင္းက်ိဳးမ်ားတဲ့ Home Decor တစ္မ်ိဳးလို႔ဆိုရမွာပါ။
ကဲ တံခါးမလို ဗီ႐ိုေလးတစ္ခုကို ဘယ္လိုမ်ိဳးဖန္တီးၾကမလဲ.....
အဝတ္အစားအတြက္ အထပ္ျမင့္စင္မ်ား
luxury ဆန္တဲ့ အိမ္တြင္းျပင္ဆင္မႈတစ္မ်ိဳးျဖစ္တဲ့ တံခါးမလိုတဲ့ walk in closet ေတြကို လူတစ္ကိုယ္ေခ်ာင္ေခ်ာင္ခ်ိခ်ိဝင္လို႔ရတဲ့ ေနရာအနည္းငယ္ေလာက္႐ွိယုံနဲ႔ျပင္ဆင္ႏိုင္ပါတယ္။ အထပ္ျမင့္စင္မ်ား အံဆြဲမ်ားထည့္သြင္းကာေနရာကို လိုသေလာက္ခ်ံဳႏိုင္ၿပီး ပုံမွန္ဝတ္စားအသုံးျပဳမယ့္ အသုံးအေဆာင္ေတြကိုစင္နဲ႔အလြယ္တကူထား႐ွိကာ လတ္တေလာအသုံးမလိုတဲ့ အဝတ္အစားေတြကိုေတာ့ အဝတ္အိတ္ေလးေတြနဲ႔ တကန္႔စီ စင္အေပၚဆုံးထပ္မွာ သိမ္းဆည္းထားႏိုင္ပါတယ္။ ပုံမွန္ဝတ္ဆင္တဲ့ Casual အဝတ္အစားေတြျဖစ္တဲ့ အက်ႌ၊ ဂ်င္းေဘာင္းဘီ၊ ဂါဝန္အတိုအ႐ွည္စတာေတြကို အဝတ္တန္းေလးတစ္ခုထား႐ွိကာ မီးပူတိုက္အဆင္သင့္ခ်ိတ္ထားနိင္ၿပီး fancies နဲ႔ ေတာက္ပတဲ့ accessories အလွပစၥည္းေတြကိုေတာ့ အဆင့္ပါ Show Case ေလးနဲ႔ သိမ္းဆည္းႏိုင္ပါတယ္။ ဗီဒိုေအာက္မွာ ဖိနပ္ေလးေတြကိုစီရီထား႐ွိႏိုင္ၿပီး ဖိနပ္ဝတ္ဖို႔ ခုံအပုေလးပါထည့္သြင္းရင္ေတာ့ ပိုျပည့္စုံတာေပ့ါေနာ္။
မ႐ွိမျဖစ္ မွန္
အဝတ္အစားခန္းမွာ ေသခ်ာေပါက္လိုအပ္တာကေတာ့ မွန္တစ္ခ်ပ္ပါပဲ။ ႀကီးႀကီး႐ွည္႐ွည္မွန္ကို ေဘာင္လွလွေလးကြပ္ၿပီး အခန္းအလယ္မွာထား႐ွိရင္ေတာ့ျပည္စုံသေလာက္နီးပါျဖစ္သြားပါၿပီ။ ေနရာက်ယ္က်ယ္႐ွိရင္ေတာ့ အိမ္တြင္းအပင္အိုးေလးေတြ၊ ေ႐ြ႕လ်ားခုံေလးတစ္လုံး၊ မီးဆိုင္းလွလွေလးတစ္ခုကို အေပၚမွာ ခ်ိတ္ဆြဲလိုက္႐ုံနဲ႔ သပ္ရပ္လွပၿပီး Luxury ဆန္တဲ့ walk in closet တစ္ခု႐ုပ္လုံးေပၚလာပါၿပီ။
Privacy အတြက္ တံခါး
သီးသန္႔ခန္းေလးတစ္ခုျဖစ္ဖို႔အတြက္ တြန္းတံခါးပဲျဖစ္ျဖစ္ ဆြဲတံခါးပဲျဖစ္ျဖစ္ထည့္သြင္းႏိုင္ပါတယ္။ တံခါးနဲ႔ မကန္႔ထားခ်င္ဘူးဆိုလဲ လိုက္ကာလွလွေလးကို အသုံးျပဳႏိုင္ပါတယ္။ အဝတ္အစားေတြနဲ႔ တစ္ကိုယ္ရည္ပိုင္ဆိုင္မႈေတြထည့္သြင္းထားတဲ့သီးသန္႔ဘုံေလးတစ္ခုေပါ့။ အိမ္တြင္းျပင္ဆင္မႈတစ္မ်ိဳးလဲျဖစ္ အဝတ္အစားမ်ားလြန္းသူေတြအတြက္လဲ အဆင္ေျပတဲ့ walk in closet ေလးေတြဟာ ဒီေန႔ေခတ္မွာေရပန္းစားလာတာအမွန္ပါပဲေနာ္။
စာဖတ္သူတို႔အတြက္ တစ္ကိုယ္ရည္အဝတ္အစားေတြကို သပ္ရပ္လြယ္ကူစြာထည့္သြင္းႏိုင္တဲ့ walk in closet ဖန္တီးပုံေလးကိုတင္ဆက္ေပးလိုက္ပါတယ္။ သာယာလွပတဲ့ေန႔ရက္ေလးတစ္ရက္ကို ပိုင္ဆိုင္ႏိုင္ပါေစ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com