438 Views

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၂)

 

[Unicode]


သင့်တွင် အိမ်ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ငွေအများကြီးသုံးသည်ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် သင်ပြန်လည်အလှဆင်လိုသော အခန်းတစ်ခုရှိသည်ဖြစ်စေ သင့်နေရာအား ပြောင်းလဲရန် လွယ်ကူသောနည်းလမ်းများစွာရှိပါသည်။ အသစ်အဆန်းဖြစ်စေမည့် အပြောင်းအလဲအနည်းငယ်ကို လိုချင်သူများအတွက် အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ ရှိသည့်အနက် ၁၀ မျိုးကို အပိုင်း-၁ တွင် ဖော်ပြခဲ့ပြီးဖြစ်ကာ ကျန် ၁၁ မျိုးကို အောက်မှာ ဖတ်ရှုပြီး ဆက်လက်လိုက်ပါလုပ်ဆောင်နိုင်ပါသည်။

၁၁။ သင့်ရေချိုးခန်းကို လှပသော ရေချိုးခန်းခန်းဆီးဖြင့် အလှဆင်ပါ။

သင့်ရေချိုးခန်းသည်လည်း ကွန်းခိုရာနေရာတစ်ခုဖြစ်သင့်ပါသည်။ သင့်အနေဖြင့် ထိုသို့ သိပ်ပြီးမခံစားရဘူးဆိုလျှင် သင်ရေချိုးခန်းထဲကိုဝင်တိုင်း သင့်တစ်နေ့တာကို တောက်ပစေမည့် ချစ်စရာရေချိုးခန်းခန်းဆီးအကာတစ်ခုကို ထည့်ကြည့်ပါ။ ရေချိုးခန်းကို လုံးလုံးလျားလျားပြန်လည်အလှဆင်ချင်သူများအတွက် ရေချိုးခန်းခန်းဆီးကို ဦးစွာရွေးချယ်ပါ၊ ထို့နောက် ကျန်သည့်အလှဆင်နည်းများဖြင့် ဆွဲဆောင်လိုက်ပါ။

 

၁၂။ ထိုင်ခုံခြုံစောင်များကို အလှဆင်ပစ္စည်းအဖြစ် အသုံးပြုပါ။

အလှဆင်ပစ္စည်းတစ်ခုလည်းဖြစ်သလို သက်သောင့်သက်သာပါဖြစ်စေမည့် အရာတစ်ခုလား? ထိုင်ခုံခြုံစောင်များသည် ဧည့်ခန်းတွင်နေစဉ် ချမ်းအေးသောအချိန်များတွင် သင့်အားနွေးထွေးစေမည့်အပြင် အိမ်အလှဆင်ပစ္စည်းအဖြစ်လည်း လုပ်ဆောင်နိုင်ပါသည်။ သင့်အိမ်၏ အရောင်အသွေးများ၊ အလှတရားတို့နှင့် လိုက်ဖက်ပြီးတော့ သင့်ကိုလည်း နွေးနွေးထွေးထွေး ဖြစ်စေမည့် အဆုံးစွန်ဆုံး သက်သောင့်သက်သာ အလှဆင်ပေးနိုင်သော စောင်တစ်ထည်ကို ရှာဖွေလိုက်ပါ။

 

၁၃။ ကော်ဖီစားပွဲတင်စာအုပ်အချို့ကို စာအုပ်စင်နှင့် မှန်တင်ခုံအံဆွဲများတွင်လည်း ထည့်ပါ။

ကော်ဖီစားပွဲတင်စာအုပ်များသည် အများအားဖြင့် လှပသော ဓာတ်ပုံများ သို့မဟုတ် စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းများဖြင့် ပြည့်နှက်နေရုံသာမက လှပသော အလှဆင်ရွေးချယ်စရာများအဖြစ်လည်း ဆောင်ရွက်ပေးပါသည်။ ၎င်းတို့ကို သင့်ကော်ဖီစားပွဲပေါ်တွင် သမားရိုးကျ ထားနိုင်သလို အလှဆင်ပစ္စည်းများအဖြစ် အသုံးပြုရန် စာအုပ်စင် သို့မဟုတ် မှန်တင်ခုံအံဆွဲများထဲသို့လည်း ထည့်ပါ။


၁၄။ ချစ်စရာကောင်းသည့် မီးဖိုချောင်သုံးပစ္စည်းများကို သုံးပါ။

သင့်မီးဖိုချောင်က ရှုပ်ပွနေပါက ဒါမှမဟုတ် နည်းနည်းတော့ ရှုပ်ပွနေပါလျှင် ၎င်းကို ဘယ်လိုပြင်ဆင်ထားသလဲဆိုတာ ပြန်စဉ်းစားပါ။ မီးဖိုခုံတွင် မလိုအပ်သည့်အရာအားလုံးကို သိမ်းဆည်းပြီး မျက်နှာပြင်များပေါ်တွင် တပ်ဆင်သည့်အခါ အမှန်တကယ် ချစ်စရာကောင်းသည့် မီးဖိုချောင်အသုံးအဆောင်ပစ္စည်းများကို သုံးပါ။

 

၁၅။ ချစ်စရာကော်ဇောဖြင့် နွေးထွေးမှုကို ဖန်တီးပါ။

သင့်ကြမ်းပြင်များအားလုံးသည် သစ်မာ၊ အင်္ဂတေ သို့မဟုတ် ကွန်ကရစ်များဖြစ်နေပါက ကြမ်းပြင်ကို ပူနွေးမှုနည်းပါးစေပါသည်။ အမိုက်စား ကော်ဇောထည့်ခြင်းသည် သင့်အိမ်တွင် ပျောက်ဆုံးနေသော သာယာမှုကို တိုးစေနိုင်ပါသည်။ သင့်နေရာအား တိုင်းတာပြီး ကော်ဇောတစ်ခု မဝယ်မီ သင်ထားလိုသည့်နေရာကို သေချာစီစဉ်ပါ။

 

၁၆။ သင်၏ စာအုပ်စင်များကို စနစ်တကျ ထားရှိပါ၊ မျက်စိပသာဒဖြစ်ပါစေ

သင့်စာအုပ်စင်တို့ကို လုံးဝလှပစေရန် ၎င်းတို့ပေါ်တွင် ချစ်စရာ အလှဆင်ပစ္စည်းများ (သေးငယ်သောအရုပ်များ၊ အပင်များ သို့မဟုတ် ဖယောင်းတိုင်များကဲ့သို့) ကို အသုံးပြုပါ။ အချို့သူများသည် ၎င်းတို့၏ စာအုပ်များကို အရောင်အလိုက် စုစည်းရန် သို့မဟုတ် မတူညီသော အလှဆင်ရွေးချယ်မှုများဖြင့် ခွဲခြားထားရန် နှစ်သက်ကြပါသည်။

 

၁၇။ သင့် အဝတ်စင်ကို အိမ်အလှဆင်မှုတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ

(အလွယ်တကူဝင်ရောက်နိုင်ရန် သို့မဟုတ် ဗီရိုသေးသောကြောင့်) သင့်အဝတ်အစားအချို့ကို အဝတ်စင်တစ်ခုတွင် သိမ်းဆည်းထားပါက ၎င်းကို အိမ်အလှဆင်မှုတစ်ခုအဖြစ် ပြောင်းလဲကြည့်ပါ။ သင့်အဝတ်အစားများကို အတိုအရှည်၊ စတိုင်လ်နှင့် အရောင်အလိုက် စုစည်းပါ၊ ဗီရိုနံရံတစ်ခုဖန်တီးရန်အလို့ငှာ အဝတ်စင်များပေါ်တွင် စင်အရှင်လေးများ ချိတ်ဆွဲပါ သို့မဟုတ် ချစ်စရာအသုံးအဆောင်အချို့ကို ဖြည့်လိုက်ပါ။ ဤအဝတ်စင်အိုင်ဒီယာများသည် နေရာကျဉ်းကျဉ်းလေးတွင် ရှုပ်ပွနေသည့်ခံစားချက်ကို လျှော့ချပေးနိုင်ပါသည်။

၁၈။ နေရာပိုကျယ်သွားသည်ဟု ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးပါ

သင်သည် အိမ်သေးသေးလေးမှာ နေထိုင်ရင်း နေရာပိုကျယ်သွားသယောင် ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ မျက်နှာကျက်ကို မြင့်မြင့်တင်၍ သင်၏အိပ်ခန်း သို့မဟုတ် ဧည့်ခန်းအတွက် ကြမ်းပြင်မှန်တစ်ချပ်ကို သုံးနိုင်ပါသည် သို့မဟုတ် သင်၏ပစ္စည်းထားသိုလှောင်မှုကို နေရာမစားအောင် ထားသိုတာ သေချာစေပါ (ကြမ်းပြင်ပေါ်မှာ တတ်နိုင်သမျှ နေရာအလွတ်ထားပါ)။ နံရံများပေါ်နှင့် ပရိဘောဂပစ္စည်းအကြီးများပေါ်တွင် အရောင်ဖျော့ဖျော့သုံးရေး သေချာစေရန်လည်း ကူညီပေးနိုင်ပါသည်။

 

၁၉။ နွေးထွေးသာယာစေရန်အတွက် မီးချောင်းများထည့်ပါ

 

အရောင်ပြင်းသောမီးလုံးများကို မနှစ်သက်သူများအတွက် မီးချောင်းများထည့်ခြင်းဖြင့် သင့်နေရာအား နွေးထွေးစေပြီး သာယာအဆင်ပြေပါစေ။ စာကြည့်မီးချောင်းများနှင့် စားပွဲတင်မီးအိမ်များမှသည် ကြမ်းခင်းမီးများအထိ သင့်စံပြအိမ်အလှနှင့် ကိုက်ညီမည့် ဆန်းသစ်သောရွေးချယ်စရာများစွာရှိပါသည်။ ယင်းသည် အိမ်အလှဆင်ရန် လွယ်လွယ်ကူကူ လုပ်နိုင်သော စိတ်ကူးတွေထဲမှ တစ်ခုဖြစ်ပါသည်။

 

၂၀။ သင့်အိမ်ရုံးခန်းကို အဆင့်မြှင့်တင်ရန် အလုပ်စားပွဲအသုံးအဆောင်ပစ္စည်းများကို အသုံးပြုပါ

သင့်တွင် သင့်အိပ်ခန်းထောင့်တွင် သေးငယ်သော စားပွဲခုံတစ်ခု ရှိသည်ဖြစ်စေ သို့မဟုတ် အိမ်ရုံးခန်းအတွက် သီးသန့်အခန်းတစ်ခန်းသက်သက်ရှိသည်ဖြစ်‌စေ ချစ်စရာကောင်းသော စားပွဲအသုံးအဆောင်ပစ္စည်းများကို ထည့်ခြင်းဖြင့် မှားသွားစရာမရှိပါပေ။ ၎င်းပစ္စည်းများသည် သင်၏ စားပွဲအပြင်အဆင်၏ အလှကို တိုးစေရုံသာမက အလုပ်ထိုင်လုပ်ရန်လည်း အနည်းငယ်ပိုပျော်ရွှင်စေမည်ဖြစ်ပါသည်။

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

သင့္အိမ္အား အသစ္တစ္ဖန္ခံစားရေစရန္ လြယ္ကူေသာ အိမ္အလွဆင္စိတ္ကူးေပါင္း ၂၀ (အပိုင္း-၂)

 

သင့္တြင္ အိမ္ႀကီးသည္ျဖစ္ေစ ေသးသည္ျဖစ္ေစ ေငြအမ်ားႀကီးသုံးသည္ျဖစ္ေစ မ႐ွိသည္ျဖစ္ေစ သို႔မဟုတ္ သင္ျပန္လည္အလွဆင္လိုေသာ အခန္းတစ္ခု႐ွိသည္ျဖစ္ေစ သင့္ေနရာအား ေျပာင္းလဲရန္ လြယ္ကူေသာနည္းလမ္းမ်ားစြာ႐ွိပါသည္။ အသစ္အဆန္းျဖစ္ေစမည့္ အေျပာင္းအလဲအနည္းငယ္ကို လိုခ်င္သူမ်ားအတြက္ အိမ္အလွဆင္စိတ္ကူးေပါင္း ၂၀ ႐ွိသည့္အနက္ ၁၀ မ်ိဳးကို အပိုင္း-၁ တြင္ ေဖာ္ျပခဲ့ၿပီးျဖစ္ကာ က်န္ ၁၁ မ်ိဳးကို ေအာက္မွာ ဖတ္႐ႈၿပီး ဆက္လက္လိုက္ပါလုပ္ေဆာင္ႏိုင္ပါသည္။

၁၁။ သင့္ေရခ်ိဳးခန္းကို လွပေသာ ေရခ်ိဳးခန္းခန္းဆီးျဖင့္ အလွဆင္ပါ။

သင့္ေရခ်ိဳးခန္းသည္လည္း ကြန္းခိုရာေနရာတစ္ခုျဖစ္သင့္ပါသည္။ သင့္အေနျဖင့္ ထိုသို႔ သိပ္ၿပီးမခံစားရဘူးဆိုလွ်င္ သင္ေရခ်ိဳးခန္းထဲကိုဝင္တိုင္း သင့္တစ္ေန႔တာကို ေတာက္ပေစမည့္ ခ်စ္စရာေရခ်ိဳးခန္းခန္းဆီးအကာတစ္ခုကို ထည့္ၾကည့္ပါ။ ေရခ်ိဳးခန္းကို လုံးလုံးလ်ားလ်ားျပန္လည္အလွဆင္ခ်င္သူမ်ားအတြက္ ေရခ်ိဳးခန္းခန္းဆီးကို ဦးစြာေ႐ြးခ်ယ္ပါ၊ ထို႔ေနာက္ က်န္သည့္အလွဆင္နည္းမ်ားျဖင့္ ဆြဲေဆာင္လိုက္ပါ။

၁၂။ ထိုင္ခုံျခဳံေစာင္မ်ားကို အလွဆင္ပစၥည္းအျဖစ္ အသုံးျပဳပါ။

အလွဆင္ပစၥည္းတစ္ခုလည္းျဖစ္သလို သက္ေသာင့္သက္သာပါျဖစ္ေစမည့္ အရာတစ္ခုလား? ထိုင္ခုံျခဳံေစာင္မ်ားသည္ ဧည့္ခန္းတြင္ေနစဥ္ ခ်မ္းေအးေသာအခ်ိန္မ်ားတြင္ သင့္အားေႏြးေထြးေစမည့္အျပင္ အိမ္အလွဆင္ပစၥည္းအျဖစ္လည္း လုပ္ေဆာင္ႏိုင္ပါသည္။ သင့္အိမ္၏ အေရာင္အေသြးမ်ား၊ အလွတရားတို႔ႏွင့္ လိုက္ဖက္ၿပီးေတာ့ သင့္ကိုလည္း ေႏြးေႏြးေထြးေထြး ျဖစ္ေစမည့္ အဆုံးစြန္ဆုံး သက္ေသာင့္သက္သာ အလွဆင္ေပးႏိုင္ေသာ ေစာင္တစ္ထည္ကို ႐ွာေဖြလိုက္ပါ။

၁၃။ ေကာ္ဖီစားပြဲတင္စာအုပ္အခ်ိဳ႕ကို စာအုပ္စင္ႏွင့္ မွန္တင္ခုံအံဆြဲမ်ားတြင္လည္း ထည့္ပါ။

ေကာ္ဖီစားပြဲတင္စာအုပ္မ်ားသည္ အမ်ားအားျဖင့္ လွပေသာ ဓာတ္ပုံမ်ား သို႔မဟုတ္ စိတ္ဝင္စားစရာေကာင္းေသာ ဇာတ္လမ္းမ်ားျဖင့္ ျပည့္ႏွက္ေန႐ုံသာမက လွပေသာ အလွဆင္ေ႐ြးခ်ယ္စရာမ်ားအျဖစ္လည္း ေဆာင္႐ြက္ေပးပါသည္။ ၎တို႔ကို သင့္ေကာ္ဖီစားပြဲေပၚတြင္ သမား႐ိုးက် ထားႏိုင္သလို အလွဆင္ပစၥည္းမ်ားအျဖစ္ အသုံးျပဳရန္ စာအုပ္စင္ သို႔မဟုတ္ မွန္တင္ခုံအံဆြဲမ်ားထဲသို႔လည္း ထည့္ပါ။


၁၄။ ခ်စ္စရာေကာင္းသည့္ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားကို သုံးပါ။

သင့္မီးဖိုေခ်ာင္က ႐ႈပ္ပြေနပါက ဒါမွမဟုတ္ နည္းနည္းေတာ့ ႐ႈပ္ပြေနပါလွ်င္ ၎ကို ဘယ္လိုျပင္ဆင္ထားသလဲဆိုတာ ျပန္စဥ္းစားပါ။ မီးဖိုခုံတြင္ မလိုအပ္သည့္အရာအားလုံးကို သိမ္းဆည္းၿပီး မ်က္ႏွာျပင္မ်ားေပၚတြင္ တပ္ဆင္သည့္အခါ အမွန္တကယ္ ခ်စ္စရာေကာင္းသည့္ မီးဖိုေခ်ာင္အသုံးအေဆာင္ပစၥည္းမ်ားကို သုံးပါ။

၁၅။ ခ်စ္စရာေကာ္ေဇာျဖင့္ ေႏြးေထြးမႈကို ဖန္တီးပါ။

သင့္ၾကမ္းျပင္မ်ားအားလုံးသည္ သစ္မာ၊ အဂၤေတ သို႔မဟုတ္ ကြန္ကရစ္မ်ားျဖစ္ေနပါက ၾကမ္းျပင္ကို ပူေႏြးမႈနည္းပါးေစပါသည္။ အမိုက္စား ေကာ္ေဇာထည့္ျခင္းသည္ သင့္အိမ္တြင္ ေပ်ာက္ဆုံးေနေသာ သာယာမႈကို တိုးေစႏိုင္ပါသည္။ သင့္ေနရာအား တိုင္းတာၿပီး ေကာ္ေဇာတစ္ခု မဝယ္မီ သင္ထားလိုသည့္ေနရာကို ေသခ်ာစီစဥ္ပါ။

၁၆။ သင္၏ စာအုပ္စင္မ်ားကို စနစ္တက် ထား႐ွိပါ၊ မ်က္စိပသာဒျဖစ္ပါေစ

သင့္စာအုပ္စင္တို႔ကို လုံးဝလွပေစရန္ ၎တို႔ေပၚတြင္ ခ်စ္စရာ အလွဆင္ပစၥည္းမ်ား (ေသးငယ္ေသာအ႐ုပ္မ်ား၊ အပင္မ်ား သို႔မဟုတ္ ဖေယာင္းတိုင္မ်ားကဲ့သို႔) ကို အသုံးျပဳပါ။ အခ်ိဳ႕သူမ်ားသည္ ၎တို႔၏ စာအုပ္မ်ားကို အေရာင္အလိုက္ စုစည္းရန္ သို႔မဟုတ္ မတူညီေသာ အလွဆင္ေ႐ြးခ်ယ္မႈမ်ားျဖင့္ ခြဲျခားထားရန္ ႏွစ္သက္ၾကပါသည္။

 

၁၇။ သင့္အဝတ္စင္ကို အိမ္အလွဆင္မႈတစ္ခုအျဖစ္ ေျပာင္းလဲလိုက္ပါ

(အလြယ္တကူဝင္ေရာက္ႏိုင္ရန္ သို႔မဟုတ္ ဗီ႐ိုေသးေသာေၾကာင့္) သင့္အဝတ္အစားအခ်ိဳ႕ကို အဝတ္စင္တစ္ခုတြင္ သိမ္းဆည္းထားပါက ၎ကို အိမ္အလွဆင္မႈတစ္ခုအျဖစ္ ေျပာင္းလဲၾကည့္ပါ။ သင့္အဝတ္အစားမ်ားကို အတိုအ႐ွည္၊ စတိုင္လ္ႏွင့္ အေရာင္အလိုက္ စုစည္းပါ၊ ဗီ႐ိုနံရံတစ္ခုဖန္တီးရန္အလို႔ငွာ အဝတ္စင္မ်ားေပၚတြင္ စင္အ႐ွင္ေလးမ်ား ခ်ိတ္ဆြဲပါ သို႔မဟုတ္ ခ်စ္စရာအသုံးအေဆာင္အခ်ိဳ႕ကို ျဖည့္လိုက္ပါ။ ဤအဝတ္စင္အိုင္ဒီယာမ်ားသည္ ေနရာက်ဥ္းက်ဥ္းေလးတြင္ ႐ႈပ္ပြေနသည့္ခံစားခ်က္ကို ေလွ်ာ့ခ်ေပးႏိုင္ပါသည္။

၁၈။ ေနရာပိုက်ယ္သြားသည္ဟု ထင္ေယာင္ထင္မွားျဖစ္ေအာင္ ဖန္တီးပါ

သင္သည္ အိမ္ေသးေသးေလးမွာ ေနထိုင္ရင္း ေနရာပိုက်ယ္သြားသေယာင္ ထင္ေယာင္ထင္မွားျဖစ္ေစႏိုင္သည့္ နည္းလမ္းမ်ားစြာ ႐ွိပါသည္။ မ်က္ႏွာက်က္ကို ျမင့္ျမင့္တင္၍ သင္၏အိပ္ခန္း သို႔မဟုတ္ ဧည့္ခန္းအတြက္ ၾကမ္းျပင္မွန္တစ္ခ်ပ္ကို သုံးႏိုင္ပါသည္ သို႔မဟုတ္ သင္၏ပစၥည္းထားသိုေလွာင္မႈကို ေနရာမစားေအာင္ ထားသိုတာ ေသခ်ာေစပါ (ၾကမ္းျပင္ေပၚမွာ တတ္ႏိုင္သမွ် ေနရာအလြတ္ထားပါ)။ နံရံမ်ားေပၚႏွင့္ ပရိေဘာဂပစၥည္းအႀကီးမ်ားေပၚတြင္ အေရာင္ေဖ်ာ့ေဖ်ာ့သုံးေရး ေသခ်ာေစရန္လည္း ကူညီေပးႏိုင္ပါသည္။

 

၁၉။ ေႏြးေထြးသာယာေစရန္အတြက္ မီးေခ်ာင္းမ်ားထည့္ပါ

အေရာင္ျပင္းေသာမီးလုံးမ်ားကို မႏွစ္သက္သူမ်ားအတြက္ မီးေခ်ာင္းမ်ားထည့္ျခင္းျဖင့္ သင့္ေနရာအား ေႏြးေထြးေစၿပီး သာယာအဆင္ေျပပါေစ။ စာၾကည့္မီးေခ်ာင္းမ်ားႏွင့္ စားပြဲတင္မီးအိမ္မ်ားမွသည္ ၾကမ္းခင္းမီးမ်ားအထိ သင့္စံျပအိမ္အလွႏွင့္ ကိုက္ညီမည့္ ဆန္းသစ္ေသာေ႐ြးခ်ယ္စရာမ်ားစြာ႐ွိပါသည္။ ယင္းသည္ အိမ္အလွဆင္ရန္ လြယ္လြယ္ကူကူ လုပ္ႏိုင္ေသာ စိတ္ကူးေတြထဲမွ တစ္ခုျဖစ္ပါသည္။

 

၂၀။ သင့္အိမ္႐ုံးခန္းကို အဆင့္ျမႇင့္တင္ရန္ အလုပ္စားပြဲအသုံးအေဆာင္ပစၥည္းမ်ားကို အသုံးျပဳပါ

သင့္တြင္ သင့္အိပ္ခန္းေထာင့္တြင္ ေသးငယ္ေသာ စားပြဲခုံတစ္ခု ႐ွိသည္ျဖစ္ေစ သို႔မဟုတ္ အိမ္႐ုံးခန္းအတြက္ သီးသန္႔အခန္းတစ္ခန္းသက္သက္႐ွိသည္ျဖစ္‌ေစ ခ်စ္စရာေကာင္းေသာ စားပြဲအသုံးအေဆာင္ပစၥည္းမ်ားကို ထည့္ျခင္းျဖင့္ မွားသြားစရာမ႐ွိပါေပ။ ၎ပစၥည္းမ်ားသည္ သင္၏ စားပြဲအျပင္အဆင္၏ အလွကို တိုးေစ႐ုံသာမက အလုပ္ထိုင္လုပ္ရန္လည္း အနည္းငယ္ ပိုေပ်ာ္႐ႊင္ေစမည္ျဖစ္ပါသည္။

 


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)