476 Views

စရိတ်သက်သာသော မိုးရာသီအိမ်အတွင်းပိုင်း အလှဆင်စိတ်ကူးများ

 

[Unicode]

 

မိုးရာသီကို သင့်အနေနဲ့ ကြိုက်နှစ်သက်သည်ဖြစ်စေ မနှစ်သက်ဘူးဖြစ်စေ သင့်အိမ်ကို နေထိုင်ရပိုအဆင်ပြေစေပြီး နေရာပိုထွက်စေဖို့ အခုဆောင်ပါးမှာ ဖော်ပြပေးသွားမယ့် ရိုးရှင်းတဲ့ မိုးရာသီအိမ်အလှဆင်နည်း‌လေးတွေကို ပြုလုပ်ဖို့တော့ လျစ်လျူမရှုလိုက်ပါနဲ့နော်။


ဒါကြောင့် မိုးရာသီမှာ သင့်အနေနဲ့ တကယ်ပဲပျော်ရွှင်ကျေနပ်ချင်တယ်ဆိုရင် သင့်အတွက် ကုန်ကျစရိတ်သက်သာစေမယ့် မိုးရာသီအိမ်အတွင်းပိုင်းအလှဆင်ဖို့ရာ စိတ်ကူးအတွေးအခေါ် အကြံအစည်လေးအချို့ကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

 

၁။ သင့်အိမ်ကို လင်းလက်စေပါ

အလင်းရောင်ရစေခြင်းက ပထမအဆင့်ဖြစ်ပါတယ်။ အပြင်ဘက်က မှောင်ရိပ်သန်းကာ မှုန်မှိုင်းနေတဲ့ ရာသီဥတုမိုးလေဝသအခြေအနေကို သင့်အိမ်ထဲ မထင်ဟပ်စေပါနဲ့။ အလင်းရောင်ဟာ သင့်အိမ်ကို အလှဆင်ရာမှာ သိပ်ကိုအရေးပါပြီး သင့်စိတ်အခြေအနေကို ကောင်းမွန်စေမယ့် အကောင်းဆုံးအလင်းရောင်ကို ရွေးချယ်ခြင်းက အခရာဖြစ်တယ်ဆိုတာကို သတိရပါ။

ဧည့်ခန်းဧရိယာနဲ့ မီးဖို‌ချောင်ဧရိယာလိုမျိုး အသုံးအများဆုံးနေရာတွေမှာ မူလရှိပြီးသား မီးသီး၊ မီးလုံး၊ မီးချောင်း စတာတွေကို အလင်းအားကောင်းတဲ့ပစ္စည်းနဲ့ လဲလှယ်ဖို့ စဉ်းစားပါ။ အခန်းတွေကို အလင်းပိုရစေဖို့ စားပွဲတင်မီးအိမ်၊ မီးခွက်၊ မီးလုံး၊ မီး စသဖြင့် ဖြည့်တင်းပါ။ သဘာဝအလင်းရောင်ဝင်စေဖို့အတွက် ပါးလွှာနူးညံ့တဲ့ ပိတ်စနဲ့ချုပ်လုပ်ထားတဲ့ ခန်းဆီး၊ ကန့်လန့်ကာတွေ အသုံးပြုပါ။

အဆန်းတကြယ်ရွှင်လန်းတက်ကြွစိတ်ကြည်နူးဖွယ်အသိုက်အဝန်းတစ်ခုဖြစ်စေဖို့ ရောင်စုံဆေးဆိုးထားတဲ့ ဖန်မီးသီးမီးချောင်းကိုလည်း အသုံးပြုနိုင်ပါတယ်။ နွေးထွေးစိတ်ကြည်နူးစေမယ့် စိတ္တဇပန်းချီကားချပ်အချို့ကိုလည်း နံရံတွေမှာ ချိတ်ဆွဲထားနိုင်ပါတယ်။


၂။ အိမ်တွင်းအစိုဓာတ်များအား စတိုင်ကျကျ ခြောက်သွေ့စေပါ

အိမ်ရှေ့အခန်းတံခါးဝမှာ ရာသီဥတုအားလုံးဒဏ်ကို ခံနိုင်တဲ့ ခြေသုတ်ဖုံတစ်ခု ထားဖို့ သတိရပါ။ ၎င်းခြေသုတ်ဖုံက အိမ်ထဲဝင်မယ့်ခြေထောက်တွေမှာ ကပ်ငြိလာတဲ့ ဖုန်မှုန့်တွေနဲ့ ဗိုင်းရပ်စ်တွေကို အိမ်ထဲမဝင်နိုင်အောင် ခုခံတွန်းလှန်ပေးမယ့် ရှေ့တန်းစစ်မျက်နှာပြင်ပဲဖြစ်ပါတယ်။ ကြာရှည်ခံနိုင်မှုနဲ့ပတ်သက်လို့ပြောရရင် အုန်းဆံမျှင်နဲ့လုပ်ထားတဲ့ ဒါမှမဟုတ် ရော်ဘာနဲ့ ပြုလုပ်ထားတဲ့ ခြေသုတ်ဖုံကို ရွေးချယ်ပါ။

ထီးနဲ့မိုးကာတွေက ဒီရာသီမှာ ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေတွေဖြစ်လာပါတယ်။ အိမ်ရှေ့တံခါးပေါက်ဘေးထောင့်မှာ ပစ္စည်းတင်စင် (သို့) ခြင်း (သို့) ပုံးတစ်ပုံးကို ထားရှိပါ။ မိုးရေစိုလာတဲ့ ထီးနဲ့အခြားပစ္စည်းတွေကို ယာယီအားဖြင့်ဖြစ်စေ ထားရှိဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါမှ သင့်အိမ်ကြမ်းပြင်မှာ မလိုလားအပ်ဘဲ ရေမစိုတော့မှာပါ။

 


၃။ အိမ်တွင်းသို့ လတ်ဆတ်မှု ဆောင်ကြဉ်းပါ

 

မိုးဟာ သဘာဝရဲ့ လတ်ဆတ်မှုကို ထင်ရှားပေါ်လွင်စေပါတယ်။ အိမ်တွင်းသစ်ပင်တွေ နေရာတိုင်းမှာ ထားရှိခြင်းဖြင့် သင့်အနေနဲ့ အိမ်ထဲကို လတ်ဆတ်မှုဆောင်ကြဉ်းရာကျပါလိမ့်မယ်။ သစ်ပင်၊ ရာသီအလိုက်ပန်းပင်၊ ရှားစောင်းပင်ကဲ့သို့ အရည်ရွှမ်းပင်တွေကို ရွေးချယ်နိုင်ပါတယ်။ ၎င်းအပင်တွေဟာ သင့်အိမ်ထောင့်တိုင်းမှာ သစ်လွင်လန်းဆန်းတဲ့ သဘာဝရနံ့ကို ရရှိစေမှာပါ။

ပန်းအိုးတွေကို ဆေးခြယ်အလှဆင်ခြင်း၊ မိုးတွင်းစီးလည်ရှည်ဘွတ်ဖိနပ်တွေကို ပန်းအိုးအဖြစ် အစားထိုးခြင်းတို့ဖြင့်လည်း မျက်စိပသာဒပိုဖြစ်စေနိုင်ပါတယ်။

အိမ်တွင်းသစ်ပင်ပန်းမန်တွေဟာ အခန်းတွင်းကို လတ်ဆတ်မှုဆောင်ကြဉ်းရုံသာမက စိတ်နေစိတ်ထားသက်သောင့်သက်သာဖြစ်စေဖို့ နည်းလမ်းတစ်ခုလည်းပဲ ဖြစ်နိုင်ပါတယ်။ အိမ်ပြင်ပ သဘာဝအလှတရားနဲ့ သဘာဝရနံ့တွေကို အိမ်ထဲကနေ ဘေးကင်းလုံခြုံစွာ ခံစားလိုက်ပါနော်။


၄။ တွဲဖက်ပစ္စည်းများဖြင့် ထင်းစေပါ

 

အပူဓာတ်ကို ဖြိုခွင်းလျော့ပါးစေခြင်းဂုဏ်သတ္တိနဲ့အတူ မိုးရွာခြင်းဟာ အောက်သိုးသိုးစိုထိုင်းထိုင်းနဲ့ စူးတဲ့အနံ့ကို ကျန်ရစ်စေပါတယ်။ ဒါကြောင့် အခုချိန်ဟာ မိုးတွင်းနဲ့လိုက်ဖက်တဲ့ ရနံ့ထွက်စေတဲ့အရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့အချိန်ပဲဖြစ်ပါတယ်။ ရေမွှေးဖယောင်းတိုင်တွေကို ထွန်းညှိ‌ပေးပါ။ ပန်းရနံ့ဖယောင်းတိုင်တွေဆို နွေးထွေးမှုနဲ့ ဆွတ်ပျံ့ကြည်နူးမှုကို သင့်အိမ်ထဲ ဖြည့်တင်းပေးပြီး အခုလိုစိုစိုစွတ်စွတ်ရာသီမှာတောင် သင့်အိမ်ကို သုခဘုံလိုမျိုး ရနံ့သင်းပျံ့စေမှာပါ။

မိုးတွင်းမှာ အိမ်ခြံမြေ နဲ့ နောက်ထပ်တွဲဖက်ပေးရမယ့်ပစ္စည်းကတော့ သံစုံခေါင်းလောင်းပဲဖြစ်ပါတယ်။ သံစုံခေါင်းလောင်းတွေဟာ အိမ်ရှေ့အပေါက်ဝနဲ့ ဥယျာဉ်ခြံမြေကို အလှဆင်ရာမှာ အလွန်ရေပန်းစားပါတယ်။ သံစုံခေါင်းလောင်းတွေဟာ စိတ်အခြေအနေကို ကောင်းမွန်စေရုံသာမက ဖုန်းရွှေနည်း   အရဆိုလည်း သံစုံခေါင်းဆောင်တွေဟာ အကောင်းဓာတ်စွမ်းအင်တွေကို ပေးစွမ်းပါတယ်။


၅။ လတ်ဆတ်သော လေပြည်လေညင်းကို ခံစားပါ

 

မိုးနေ့တွေဟာ တကယ်ကိုပဲ ပျင်းရိလေးလံစရာနေ့တွေပါပဲ။ အိပ်ရာထဲမှာပဲ ခွေနေချင်တော့လောက်အောင်ပါ။ ဒါပေမဲ့ မိုးရာသီဆိုတာ အေးမြတဲ့ပြင်ပလေပြည်လေညင်းကို ရှူရှိုက်ဖို့နဲ့ နေရောင်ခြည်ရဲ့နွေးထွေးမှုကို ခံစားဖို့ အကောင်းဆုံးကာလဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို တစ်ခါလောက်တော့ မိုးမရွာတဲ့အချိန်လေးမှာ ပြင်ပလေပြည်လေညင်းကို တစ်ဝကြီးထွက်ရှူနိုင်ဖို့ ကြိုးစားပါ။ စိတ်ရောလူကိုပါ လန်းဆန်းစေမှာ အသေအချာပဲဖြစ်ပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com


[Zawgyi]

စရိတ္သက္သာေသာ မိုးရာသီအိမ္အတြင္းပိုင္း အလွဆင္စိတ္ကူးမ်ား

 

မိုးရာသီကို သင့္အေနနဲ႔ ႀကိဳက္ႏွစ္သက္သည္ျဖစ္ေစ မႏွစ္သက္ဘူးျဖစ္ေစ သင့္အိမ္ကို ေနထိုင္ရပိုအဆင္ေျပေစၿပီး ေနရာပိုထြက္ေစဖို႔ အခုေဆာင္ပါးမွာ ေဖာ္ျပေပးသြားမယ့္ ႐ိုး႐ွင္းတဲ့ မိုးရာသီအိမ္အလွဆင္နည္း‌ေလးေတြကို ျပဳလုပ္ဖို႔ေတာ့ လ်စ္လ်ဴမ႐ႈလိုက္ပါနဲ႔ေနာ္။


ဒါေၾကာင့္ မိုးရာသီမွာ သင့္အေနနဲ႔ တကယ္ပဲေပ်ာ္႐ႊင္ေက်နပ္ခ်င္တယ္ဆိုရင္ သင့္အတြက္ ကုန္က်စရိတ္သက္သာေစမယ့္ မိုးရာသီအိမ္အတြင္းပိုင္းအလွဆင္ဖို႔ရာ စိတ္ကူးအေတြးအေခၚ အၾကံအစည္ေလးအခ်ိဳ႕ကို ေအာက္ပါအတိုင္းေဖာ္ျပေပးလိုက္ပါတယ္။

၁။ သင့္အိမ္ကို လင္းလက္ေစပါ

အလင္းေရာင္ရေစျခင္းက ပထမအဆင့္ျဖစ္ပါတယ္။ အျပင္ဘက္က ေမွာင္ရိပ္သန္းကာ မႈန္မိႈင္းေနတဲ့ ရာသီဥတုမိုးေလဝသအေျခအေနကို သင့္အိမ္ထဲ မထင္ဟပ္ေစပါနဲ႔။ အလင္းေရာင္ဟာ သင့္အိမ္ကို အလွဆင္ရာမွာ သိပ္ကိုအေရးပါၿပီး သင့္စိတ္အေျခအေနကို ေကာင္းမြန္ေစမယ့္ အေကာင္းဆုံးအလင္းေရာင္ကို ေ႐ြးခ်ယ္ျခင္းက အခရာျဖစ္တယ္ဆိုတာကို သတိရပါ။

ဧည့္ခန္းဧရိယာနဲ႔ မီးဖို‌ေခ်ာင္ဧရိယာလိုမ်ိဳး အသုံးအမ်ားဆုံးေနရာေတြမွာ မူလ႐ွိၿပီးသား မီးသီး၊ မီးလုံး၊ မီးေခ်ာင္း စတာေတြကို အလင္းအားေကာင္းတဲ့ပစၥည္းနဲ႔ လဲလွယ္ဖို႔ စဥ္းစားပါ။ အခန္းေတြကို အလင္းပိုရေစဖို႔ စားပြဲတင္မီးအိမ္၊ မီးခြက္၊ မီးလုံး၊ မီး စသျဖင့္ ျဖည့္တင္းပါ။ သဘာဝအလင္းေရာင္ဝင္ေစဖို႔အတြက္ ပါးလႊာႏူးညံ့တဲ့ ပိတ္စနဲ႔ခ်ဳပ္လုပ္ထားတဲ့ ခန္းဆီး၊ ကန္႔လန္႔ကာေတြ အသုံးျပဳပါ။ အဆန္းတၾကယ္႐ႊင္လန္းတက္ႂကြစိတ္ၾကည္ႏူးဖြယ္အသိုက္အဝန္းတစ္ခုျဖစ္ေစဖို႔ ေရာင္စုံေဆးဆိုးထားတဲ့ ဖန္မီးသီးမီးေခ်ာင္းကိုလည္း အသုံးျပဳႏိုင္ပါတယ္။ ေႏြးေထြးစိတ္ၾကည္ႏူးေစမယ့္ စိတၱဇပန္းခ်ီကားခ်ပ္အခ်ိဳ႕ကိုလည္း နံရံေတြမွာ ခ်ိတ္ဆြဲထားႏိုင္ပါတယ္။


၂။ အိမ္တြင္းအစိုဓာတ္မ်ားအား စတိုင္က်က် ေျခာက္ေသြ႕ေစပါ

အိမ္ေ႐ွ႕အခန္းတံခါးဝမွာ ရာသီဥတုအားလုံးဒဏ္ကို ခံႏိုင္တဲ့ ေျခသုတ္ဖုံတစ္ခု ထားဖို႔ သတိရပါ။ ၎ေျခသုတ္ဖုံက အိမ္ထဲဝင္မယ့္ေျခေထာက္ေတြမွာ ကပ္ၿငိလာတဲ့ ဖုန္မႈန္႔ေတြနဲ႔ ဗိုင္းရပ္စ္ေတြကို အိမ္ထဲမဝင္ႏိုင္ေအာင္ ခုခံတြန္းလွန္ေပးမယ့္ ေ႐ွ႕တန္းစစ္မ်က္ႏွာျပင္ပဲျဖစ္ပါတယ္။ ၾကာ႐ွည္ခံႏိုင္မႈနဲ႔ပတ္သက္လို႔ေျပာရရင္ အုန္းဆံမွ်င္နဲ႔လုပ္ထားတဲ့ ဒါမွမဟုတ္ ေရာ္ဘာနဲ႔ ျပဳလုပ္ထားတဲ့ ေျခသုတ္ဖုံကို ေ႐ြးခ်ယ္ပါ။

ထီးနဲ႔မိုးကာေတြက ဒီရာသီမွာ ကြၽႏ္ုပ္တို႔ရဲ႕ အေကာင္းဆုံးမိတ္ေဆြေတြျဖစ္လာပါတယ္။ အိမ္ေ႐ွ႕တံခါးေပါက္ေဘးေထာင့္မွာ ပစၥည္းတင္စင္ (သို႔) ျခင္း (သို႔) ပုံးတစ္ပုံးကို ထား႐ွိပါ။ မိုးေရစိုလာတဲ့ ထီးနဲ႔အျခားပစၥည္းေတြကို ယာယီအားျဖင့္ျဖစ္ေစ ထား႐ွိဖို႔အတြက္ပဲျဖစ္ပါတယ္။ ဒါမွ သင့္အိမ္ၾကမ္းျပင္မွာ မလိုလားအပ္ဘဲ ေရမစိုေတာ့မွာပါ။


၃။ အိမ္တြင္းသို႔ လတ္ဆတ္မႈ ေဆာင္ၾကဥ္းပါ

မိုးဟာ သဘာဝရဲ႕ လတ္ဆတ္မႈကို ထင္႐ွားေပၚလြင္ေစပါတယ္။ အိမ္တြင္းသစ္ပင္ေတြ ေနရာတိုင္းမွာ ထား႐ွိျခင္းျဖင့္ သင့္အေနနဲ႔ အိမ္ထဲကို လတ္ဆတ္မႈေဆာင္ၾကဥ္းရာက်ပါလိမ့္မယ္။ သစ္ပင္၊ ရာသီအလိုက္ပန္းပင္၊ ႐ွားေစာင္းပင္ကဲ့သို႔ အရည္႐ႊမ္းပင္ေတြကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ၎အပင္ေတြဟာ သင့္အိမ္ေထာင့္တိုင္းမွာ သစ္လြင္လန္းဆန္းတဲ့ သဘာဝရနံ႔ကို ရ႐ွိေစမွာပါ။

ပန္းအိုးေတြကို ေဆးျခယ္အလွဆင္ျခင္း၊ မိုးတြင္းစီးလည္႐ွည္ဘြတ္ဖိနပ္ေတြကို ပန္းအိုးအျဖစ္ အစားထိုးျခင္းတို႔ျဖင့္လည္း မ်က္စိပသာဒပိုျဖစ္ေစႏိုင္ပါတယ္။

အိမ္တြင္းသစ္ပင္ပန္းမန္ေတြဟာ အခန္းတြင္းကို လတ္ဆတ္မႈေဆာင္ၾကဥ္း႐ုံသာမက စိတ္ေနစိတ္ထားသက္ေသာင့္သက္သာျဖစ္ေစဖို႔ နည္းလမ္းတစ္ခုလည္းပဲ ျဖစ္ႏိုင္ပါတယ္။ အိမ္ျပင္ပ သဘာဝအလွတရားနဲ႔ သဘာဝရနံ႔ေတြကို အိမ္ထဲကေန ေဘးကင္းလုံျခဳံစြာ ခံစားလိုက္ပါေနာ္။


၄။ တြဲဖက္ပစၥည္းမ်ားျဖင့္ ထင္းေစပါ

အပူဓာတ္ကို ၿဖိဳခြင္းေလ်ာ့ပါးေစျခင္းဂုဏ္သတၱိနဲ႔အတူ မိုး႐ြာျခင္းဟာ ေအာက္သိုးသိုးစိုထိုင္းထိုင္းနဲ႔ စူးတဲ့အနံ႔ကို က်န္ရစ္ေစပါတယ္။ ဒါေၾကာင့္ အခုခ်ိန္ဟာ မိုးတြင္းနဲ႔လိုက္ဖက္တဲ့ ရနံ႔ထြက္ေစတဲ့အရာေတြမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔အခ်ိန္ပဲျဖစ္ပါတယ္။ ေရေမႊးဖေယာင္းတိုင္ေတြကို ထြန္းညႇိ‌ေပးပါ။ ပန္းရနံ႔ဖေယာင္းတိုင္ေတြဆို ေႏြးေထြးမႈနဲ႔ ဆြတ္ပ်ံ႕ၾကည္ႏူးမႈကို သင့္အိမ္ထဲ ျဖည့္တင္းေပးၿပီး အခုလိုစိုစိုစြတ္စြတ္ရာသီမွာေတာင္ သင့္အိမ္ကို သုခဘုံလိုမ်ိဳး ရနံ႔သင္းပ်ံ႕ေစမွာပါ။

မိုးတြင္းမွာ အိမ္ျခံေျမ နဲ႔ ေနာက္ထပ္တြဲဖက္ေပးရမယ့္ပစၥည္းကေတာ့ သံစုံေခါင္းေလာင္းပဲျဖစ္ပါတယ္။ သံစုံေခါင္းေလာင္းေတြဟာ အိမ္ေ႐ွ႕အေပါက္ဝနဲ႔ ဥယ်ာဥ္ျခံေျမကို အလွဆင္ရာမွာ အလြန္ေရပန္းစားပါတယ္။ သံစုံေခါင္းေလာင္းေတြဟာ စိတ္အေျခအေနကို ေကာင္းမြန္ေစ႐ုံသာမက ဖုန္းေ႐ႊနည္း အရဆိုလည္း သံစုံေခါင္းေဆာင္ေတြဟာ အေကာင္းဓာတ္စြမ္းအင္ေတြကို ေပးစြမ္းပါတယ္။


၅။ လတ္ဆတ္ေသာ ေလျပည္ေလညင္းကို ခံစားပါ

မိုးေန႔ေတြဟာ တကယ္ကိုပဲ ပ်င္းရိေလးလံစရာေန႔ေတြပါပဲ။ အိပ္ရာထဲမွာပဲ ေခြေနခ်င္ေတာ့ေလာက္ေအာင္ပါ။ ဒါေပမဲ့ မိုးရာသီဆိုတာ ေအးျမတဲ့ျပင္ပေလျပည္ေလညင္းကို ႐ွဴ႐ိႈက္ဖို႔နဲ႔ ေနေရာင္ျခည္ရဲ႕ေႏြးေထြးမႈကို ခံစားဖို႔ အေကာင္းဆုံးကာလျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို တစ္ခါေလာက္ေတာ့ မိုးမ႐ြာတဲ့အခ်ိန္ေလးမွာ ျပင္ပေလျပည္ေလညင္းကို တစ္ဝႀကီးထြက္႐ွဴႏိုင္ဖို႔ ႀကိဳးစားပါ။ စိတ္ေရာလူကိုပါ လန္းဆန္းေစမွာ အေသအခ်ာပဲျဖစ္ပါတယ္။

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)