524 Views

မိုးရာသီ အိမ်တွင်း ထိန်းသိမ်းဖို့ နည်းလမ်းကောင်းများ (၁၁) ချက်

 

[Unicode]

မိုးရာသီမှာ ကိုယ်တစ်ဦးတည်းကိုသာ ကျန်းမာနေအောင် ထိန်းသိမ်းဖို့လိုတာ မဟုတ်ပါဘူး။ သင့်အိမ်အတွက်လည်း လိုအပ်ပါတယ်။ မိုးရာသီအတွင်း ရေစိမ့်ထွက်တာတွေ၊ အပြင်ကပြန်လာရင် ရွှံ့တွေပါလာတာတွေ၊ နံရံ စိုထိုင်းထိုင်းဖြစ်နေတာတွေက သက်သောင့်သက်သာမရှိစေတာကြောင့် သတိထားဖို့ လိုပါတယ်။

မိုးရာသီဆိုရင် အိမ်ထဲမှာပဲ အနေများကြတာကြောင့် အိမ်ကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတဲ့ အချက်တွေကို ဖော်ပြသွားမှာပါ။

၁။ အိမ်ခေါင်မိုးနဲ့ မျက်နှာကြက်တွေကို စစ်ဆေးပါ။

မိုးတွင်းမှာ အိမ်အတွင်း ရေစိမ့်တာတွေ မဖြစ်စေဖို့ အိမ်ခေါင်မိုးနဲ့ မျက်နှာကြက်တွေကို သေချာစစ်ဆေးဖို့ လိုပါတယ်။ ခေါင်မိုးပေါက်နေတာ၊ ကြွေပြားတွေကျိုးပဲ့နေတာမျိုးတွေ မဖြစ်စေဖို့ သတိထားပေးဖို့လိုပါတယ်။ ကြွေပြားတစ်ခုနဲ့တစ်ခုအစပ်ကြားမှာ ရေစိမ့်ဝင်မှုနည်းစေတဲ့ သုတ်ဆေးတွေသုတ်ပေးထားရင်လည်း စိတ်ချရပါတယ်။ မိုးရာသီအတွင်း သင့်အိမ်ရဲ့ ခေါင်မိုးမှ ရေယိုနေပြီ၊ ရေစိမ့်နေပြီဆိုရင် ချက်ချင်းပြင်ဖို့ အကြံပေးချင်ပါတယ်။ ဒီအတိုင်းထားထားမယ်ဆိုရင်တော့ ခေါင်မိုးနဲ့ နံရံတွေဟာ အရောင်တွေပြောင်းသွားနိုင်ပြီး မှိုတက်လာနိုင်ပါတယ်။

 

၂။ အိမ်နံရံ မှိုတက်နေလား၊ စိုထိုင်းနေလား စစ်ဆေးပေးပါ။

အိမ်နံရံတွေဟာလည်း မိုးရာသီမှာ နံရံကဆေးတွေ အလိတ်လိုက်ကွာတာ၊ မှိုတက်တာတို့ ဖြစ်တတ်ပါတယ်။ အဲ့ဒါကဘာကြောင့်လဲဆိုတော့ မိုးရေဟာ နံရံတွင်းမှ စိမ့်ဝင်နေတာကြောင့် ဖြစ်ပါတယ်။

 

၃။ လျှပ်စစ်နဲ့ လျှပ်စစ် ပစ္စည်းတွေကို စစ်ဆေးပါ။

မိုးရာသီအတွင်း စိုထိုင်းမှုဟာ လျှပ်စစ် ပလက်ခုံတွေ ကွာတတ်၊ ကွဲတတ်ပါတယ်။ ဒါကြောင့်လျှပ်စစ်ကြိုးတွေကို ပလက်ခုံမှာ သေသေချာချာ ရစ်ပတ်ထားလား၊ သပ်သပ်ရပ်ရပ်လုပ်ထားရဲ့လားဆိုတာ သေချာစစ်ဆေးဖို့ လိုပါတယ်။ ပျက်စီးနေတာမျိုးတွေတွေ့ရင်တော့ အမြန်ဆုံးပြင်ဖို့နဲ့ အသစ်အစားထိုးလဲလိုက်တာမျိုးပဲဖြစ်ဖြစ် လုပ်စေချင်ပါတယ်။ အပျက်အဆီးနည်းစေချင်ရင်တော့ လျှပ်စစ်ပစ္စည်းတွေကို စိုထိုင်းတတ်တဲ့ နေရာတွေမှာ မထားသင့်ပါဘူး။ အဲ့လိုလုပ်ပေးတာကလည်း လျှပ်စစ်နဲ့ပတ်သက်ပြီး မီးလောင်တာကို နည်းပါးစေပါတယ်။

 

၄။ သစ်သားပရိဘောဂတွေကို ဂရုတစိုက်ထိန်းသိမ်းပါ။

ပရိဘောဂပစ္စည်းများ အထူးသဖြင့် သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေဟာ ရေနဲ့ထိတွေ့တဲ့အခါ ပျက်စီးလွယ်တာကြောင့် ဂရုတစိုက်ထိန်းသိမ်းပေးဖို့ လိုပါတယ်။ အဲ့လိုပစ္စည်းတွေကို မိုးရေတွေစင်စေနိုင်တဲ့ ပြတင်းပေါက်တို့လို တံခါးတို့လိုနေရာမျိုးမှာ မထားသင့်ပါဘူး။ သင့်အိမ်ဟာ သစ်သားကြမ်းခင်းဖြစ်နေမယ်ဆိုရင် ကြမ်းခင်းကို ခြောက်သွေ့အောင်ထားပါ။ သစ်သားတွေဟာ ရေစိုနေပြီး ဒီလိုအစိုအတိုင်းထားလိုက်တဲ့အခါ ဆွေးပြီး ကျိုးလွယ်တာကြောင့် ခြောက်သွေ့အောင် ထားပေးပါ။

 

၅။ အိမ်ထဲမဝင်ခင် အရင်သန့်ရှင်းအောင် လုပ်ပါ။

အိမ်ထဲမဝင်ခင် သင့်ရဲ့ ခြေထောက်တွေကို အရင်ဆေးပါ။ ခုနောက်ပိုင်းများသောအားဖြင့် အိမ်ရဲ့ အရှေ့ဘက်မှာ ရေဘုံဘိုင်ခေါင်းထားရှိတတ်ကြပါတယ်။ အကယ်၍ သင့်အိမ်မှာ မရှိဘူးဆိုရင်တော့ အရှေ့မှာ ခြေထောက်သုတ်ပြီး ရေချိုးခန်းထဲမှာလည်း သွားဆေးလို့ရပါတယ်။ အဲ့နည်းလမ်းကလည်း သင့်အိမ်ကို သန့်ရှင်းစေပါတယ်။

 

၆။ အိမ်တွင်းစီး ဖိနပ်များ အသုံးပြုပါ။

မိုးရာသီမှာ အိမ်တွင်းသန့်ရှင်းစေဖို့ အချက်အလက်တွေကို တခါတလေ မေ့နေတတ်ကြပါတယ်။ အိမ်အတွင်းလှည့်ပတ်သွားလာတဲ့အခါမှာ ကြမ်းပြင်သန့်ရှင်းနေစေဖို့အတွက် အိမ်တွင်းစီးဖိနပ်တွေကို အသုံးပြုပေးပါ။ ရေစုပ်လွယ်၊ သန့်ရှင်းရလွယ်ကူတဲ့ ဖိနပ်မျိုးကို ရွေးချယ်အသုံးပြုပေးစေချင်ပါတယ်။ အပြင်က အညစ်အကြေးတွေဝင်လာနိုင်တာကြောင့် အိမ်တွင်းစီးဖိနပ်တွေကို အပြင်မှာ မစီးပဲ အိမ်ထဲမှာပဲ စီးပေးပါ။

 

၇။ အစိုဓာတ်ရှိတဲ့ ပစ္စည်းတွေအတွက် ချိတ်ဆွဲဖို့ နေရာစီစဉ်ပါ။

မိုးရာသီမှာ အစိုဓာတ်ရှိတဲ့ ပစ္စည်းတွေကို လက်လွတ်စပယ်ပစ်ထားတာက မကောင်းပါဘူး။ အဲ့ဒီအစား အိမ်ရဲ့ အရှေ့ဘက်မှာ အစိုဓာတ်ရှိတဲ့ပစ္စည်းတွေကို ထည့်ဖို့။ ထားဖို့ စင်လေးလုပ်ပေးထားလိုက်ပါ။ ကြမ်းခင်းတွေ ညစ်ပတ်မသွားစေဖို့ ထီးနဲ့ မိုးကာအင်္ကျီတွေကို စင်မှာချိတ်ထားနိုင်ပါတယ်။

 

၈။ ကောဇောအသုံးပြုရင် ဂရုစိုက်ပေးပါ။

မိုးတွင်းမှာ ကောဇောအသုံးပြုပေးတာက သင့်ကို သက်သောင့်သက်သာဖြစ်စေတယ်၊ နွေးထွေးစေပါတယ်။ သို့ပေမယ့် သန့်သန့်ရှင်းရှင်းမထားဘူးဆိုရင်တော့ ပိုးမွှားတွေ၊ အညစ်အပတ်တွေရဲ့ အရင်းအမြစ်တစ်ခုဖြစ်သွားနိုင်တာကြောင့်လည်း အန္တရာယ်ရှိပါတယ်။ မိုးတွင်းမှာ ကောဇောတွေဟာ အစိုပြန်လွယ်ပြီး အနံ့ဆိုး ပိုထွက်တတ်ပါတယ်။ တကယ်ဆိုရင် အိမ်ကြမ်းခင်း သန့်ရှင်းရလွယ်အောင် ကောဇောကို တိုက်ရိုက်ခင်းပြီး အသုံးမပြုတာကောင်းပါတယ်။ ကောဇောကို လှပ်တာတို့ ပြုလုပ်ချင်သေးတယ်ဆိုရင်တော့ သန့်သန့်ရှင်းရှင်းဖြစ်ဖို့ သတိထားဖို့လိုသလို လျှော်တဲ့အခါမှာလည်း အကြမ်းအရမ်းကြီး မလျှော်သင့်ပါဘူး။

 

၉။ ကြမ်းခင်းသန့်ရှင်းတဲ့အခါမှာ ပိုးသတ်ဆေး အသုံးပြုပေးပါ။

အစိုဓာတ်ရှိတဲ့ အခန်းက ပိုးမွှားတွေပေါက်ဖွားဖို့ အကြိုက်တွေ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ အိမ်ကို ပိုးမွှားတွေ အများကြီးရှိတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ကြည့်ဖူးပါသလား။ အဲ့ဒါက တကယ်တော့ ရောဂါတွေရဲ့ အရင်းအမြစ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် မိုးတွင်း အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ပိုးသတ်ဆေး အသုံးပြုပေးပါ။ ပိုးမွှားတွေသေစေနိုင်တဲ့ ဓာတုဆေးတစ်မျိုးဖြစ်တာကြောင့် သင့်အိမ်မှာ ပိုးမွှားကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေ ကင်းစင်သွားမှာပါ။

 

၁၀။ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။

ဒီအချက်ဟာ အရေးကြီးသလောက် လစ်လျူရှုထားခြင်း ခံရတာများပါတယ်။ မိုးတွင်းမှာ သင့်အိမ်လေအဝင်အထွက်ကောင်း၊မကောင်း သတိပြုပေးပါ။ လေအဝင်အထွက်စနစ်ဟာ တံခါးတစ်ချပ်လိုပါပဲ၊ သင့်ရဲ့ အခန်းကို စိုထိုင်းမနေစေဖို့ သန့်ရှင်းလတ်ဆက်တဲ့ လေတွေ ဝင်ထွက်စေဖို့ပဲဖြစ်ပါတယ်။ မိုးပြင်းထန်ရင်တော့ သင့်တံခါးကို ခဏတဖြုတ် ပိတ်ထားနိုင်ပြီး မိုးတိတ်သွားရင်တော့ အထဲကလေတွေ အလဲအလှယ်လုပ်ဖို့အတွက် တံခါးကို ပြန်ဖွင့်ထားပေးပါ။

 

၁၁။ အပင်တွေကို တိပေးပါ။

နောက်ဆုံးအချက်ကလည်း အရေးကြီးပါတယ်။ မိုးရာသီအတွင်းမှာ သစ်ပင်တွေဟာ ကြီးထွားနှုန်းမြန်ပါတယ်။ အစိမ်းရောင် ကြွယ်ဝတဲ့ အပင်တွေက ခြင်နဲ့ အင်းဆက်ပိုးမွှားတွေအတွက် သဘောကျနှစ်ခြိုက်တဲ့နေရာတစ်ခု ဖြစ်လာတတ်ပါတယ်။ ခြင်အကြိုက်တွေ့စေတဲ့ နေရာမဖြစ်အောင် အပင်တွေကို တိပေးဖို့ လိုပါတယ်။

ဒီလိုဆိုရင် သင့်အိမ်ဟာ ပိုလို့ သက်သောင့်သက်သာရှိစေပြီး လှပမှာ သေချာပါတယ်။ အိမ်ကို ပုံမှန်သန့်ရှင်းပေးဖို့လည်းလိုပါတယ်။ ညစ်ပတ်လာတဲ့အထိအောင် စောင့်မနေပါနဲ့ အမြဲတမ်း သန့်ရှင်းပေးနေပါ။

 

Credit: mm-homedecor

 

 

 

[Zawgyi]

မိုးရာသီ အိမ္တြင္း ထိန္းသိမ္းဖို႔ နည္းလမ္းေကာင္းမ်ား (၁၁) ခ်က္

 

မိုးရာသီမွာ ကိုယ္တစ္ဦးတည္းကိုသာ က်န္းမာေနေအာင္ ထိန္းသိမ္းဖို႔လိုတာ မဟုတ္ပါဘူး။ သင့္အိမ္အတြက္လည္း လိုအပ္ပါတယ္။ မိုးရာသီအတြင္း ေရစိမ့္ထြက္တာေတြ၊ အျပင္ကျပန္လာရင္ ႐ႊံ႕ေတြပါလာတာေတြ၊ နံရံ စိုထိုင္းထိုင္းျဖစ္ေနတာေတြက သက္ေသာင့္သက္သာမ႐ွိေစတာေၾကာင့္ သတိထားဖို႔ လိုပါတယ္။

မိုးရာသီဆိုရင္ အိမ္ထဲမွာပဲ အေနမ်ားၾကတာေၾကာင့္ အိမ္ကို ဘယ္လိုထိန္းသိမ္းၾကမလဲဆိုတဲ့ အခ်က္ေတြကို ေဖာ္ျပသြားမွာပါ။

 

၁။ အိမ္ေခါင္မိုးနဲ႔ မ်က္ႏွာၾကက္ေတြကို စစ္ေဆးပါ။

မိုးတြင္းမွာ အိမ္အတြင္း ေရစိမ့္တာေတြ မျဖစ္ေစဖို႔ အိမ္ေခါင္မိုးနဲ႔ မ်က္ႏွာၾကက္ေတြကို ေသခ်ာစစ္ေဆးဖို႔ လိုပါတယ္။ ေခါင္မိုးေပါက္ေနတာ၊ ေႂကြျပားေတြက်ိဳးပဲ့ေနတာမ်ိဳးေတြ မျဖစ္ေစဖို႔ သတိထားေပးဖို႔လိုပါတယ္။ ေႂကြျပားတစ္ခုနဲ႔တစ္ခုအစပ္ၾကားမွာ ေရစိမ့္ဝင္မႈနည္းေစတဲ့ သုတ္ေဆးေတြသုတ္ေပးထားရင္လည္း စိတ္ခ်ရပါတယ္။ မိုးရာသီအတြင္း သင့္အိမ္ရဲ႕ ေခါင္မိုးမွ ေရယိုေနၿပီ၊ ေရစိမ့္ေနၿပီဆိုရင္ ခ်က္ခ်င္းျပင္ဖို႔ အၾကံေပးခ်င္ပါတယ္။ ဒီအတိုင္းထားထားမယ္ဆိုရင္ေတာ့ ေခါင္မိုးနဲ႔ နံရံေတြဟာ အေရာင္ေတြေျပာင္းသြားႏိုင္ၿပီး မိႈတက္လာႏိုင္ပါတယ္။

 

၂။ အိမ္နံရံ မိႈတက္ေနလား၊ စိုထိုင္းေနလား စစ္ေဆးေပးပါ။

အိမ္နံရံေတြဟာလည္း မိုးရာသီမွာ နံရံကေဆးေတြ အလိတ္လိုက္ကြာတာ၊ မိႈတက္တာတို႔ ျဖစ္တတ္ပါတယ္။ အဲ့ဒါကဘာေၾကာင့္လဲဆိုေတာ့ မိုးေရဟာ နံရံတြင္းမွ စိမ့္ဝင္ေနတာေၾကာင့္ ျဖစ္ပါတယ္။

 

၃။ လွ်ပ္စစ္နဲ႔ လွ်ပ္စစ္ ပစၥည္းေတြကို စစ္ေဆးပါ။

မိုးရာသီအတြင္း စိုထိုင္းမႈဟာ လွ်ပ္စစ္ ပလက္ခုံေတြ ကြာတတ္၊ ကြဲတတ္ပါတယ္။ ဒါေၾကာင့္လွ်ပ္စစ္ႀကိဳးေတြကို ပလက္ခုံမွာ ေသေသခ်ာခ်ာ ရစ္ပတ္ထားလား၊ သပ္သပ္ရပ္ရပ္လုပ္ထားရဲ႕လားဆိုတာ ေသခ်ာစစ္ေဆးဖို႔ လိုပါတယ္။ ပ်က္စီးေနတာမ်ိဳးေတြေတြ႕ရင္ေတာ့ အျမန္ဆုံးျပင္ဖို႔နဲ႔ အသစ္အစားထိုးလဲလိုက္တာမ်ိဳးပဲျဖစ္ျဖစ္ လုပ္ေစခ်င္ပါတယ္။ အပ်က္အဆီးနည္းေစခ်င္ရင္ေတာ့ လွ်ပ္စစ္ပစၥည္းေတြကို စိုထိုင္းတတ္တဲ့ ေနရာေတြမွာ မထားသင့္ပါဘူး။ အဲ့လိုလုပ္ေပးတာကလည္း လွ်ပ္စစ္နဲ႔ပတ္သက္ၿပီး မီးေလာင္တာကို နည္းပါးေစပါတယ္။

 

၄။ သစ္သားပရိေဘာဂေတြကို ဂ႐ုတစိုက္ထိန္းသိမ္းပါ။

ပရိေဘာဂပစၥည္းမ်ား အထူးသျဖင့္ သစ္သားနဲ႔ျပဳလုပ္ထားတဲ့ ပစၥည္းေတြဟာ ေရနဲ႔ထိေတြ႕တဲ့အခါ ပ်က္စီးလြယ္တာေၾကာင့္ ဂ႐ုတစိုက္ထိန္းသိမ္းေပးဖို႔ လိုပါတယ္။ အဲ့လိုပစၥည္းေတြကို မိုးေရေတြစင္ေစႏိုင္တဲ့ ျပတင္းေပါက္တို႔လို တံခါးတို႔လိုေနရာမ်ိဳးမွာ မထားသင့္ပါဘူး။ သင့္အိမ္ဟာ သစ္သားၾကမ္းခင္းျဖစ္ေနမယ္ဆိုရင္ ၾကမ္းခင္းကို ေျခာက္ေသြ႕ေအာင္ထားပါ။ သစ္သားေတြဟာ ေရစိုေနၿပီး ဒီလိုအစိုအတိုင္းထားလိုက္တဲ့အခါ ေဆြးၿပီး က်ိဳးလြယ္တာေၾကာင့္ ေျခာက္ေသြ႕ေအာင္ ထားေပးပါ။

 

၅။ အိမ္ထဲမဝင္ခင္ အရင္သန္႔႐ွင္းေအာင္ လုပ္ပါ။

အိမ္ထဲမဝင္ခင္ သင့္ရဲ႕ ေျခေထာက္ေတြကို အရင္ေဆးပါ။ ခုေနာက္ပိုင္းမ်ားေသာအားျဖင့္ အိမ္ရဲ႕ အေ႐ွ႕ဘက္မွာ ေရဘုံဘိုင္ေခါင္းထား႐ွိတတ္ၾကပါတယ္။ အကယ္၍ သင့္အိမ္မွာ မ႐ွိဘူးဆိုရင္ေတာ့ အေ႐ွ႕မွာ ေျခေထာက္သုတ္ၿပီး ေရခ်ိဳးခန္းထဲမွာလည္း သြားေဆးလို႔ရပါတယ္။ အဲ့နည္းလမ္းကလည္း သင့္အိမ္ကို သန္႔႐ွင္းေစပါတယ္။

 

၆။ အိမ္တြင္းစီး ဖိနပ္မ်ား အသုံးျပဳပါ။

မိုးရာသီမွာ အိမ္တြင္းသန္႔႐ွင္းေစဖို႔ အခ်က္အလက္ေတြကို တခါတေလ ေမ့ေနတတ္ၾကပါတယ္။ အိမ္အတြင္းလွည့္ပတ္သြားလာတဲ့အခါမွာ ၾကမ္းျပင္သန္႔႐ွင္းေနေစဖို႔အတြက္ အိမ္တြင္းစီးဖိနပ္ေတြကို အသုံးျပဳေပးပါ။ ေရစုပ္လြယ္၊ သန္႔႐ွင္းရလြယ္ကူတဲ့ ဖိနပ္မ်ိဳးကို ေ႐ြးခ်ယ္အသုံးျပဳေပးေစခ်င္ပါတယ္။ အျပင္က အညစ္အေၾကးေတြဝင္လာႏိုင္တာေၾကာင့္ အိမ္တြင္းစီးဖိနပ္ေတြကို အျပင္မွာ မစီးပဲ အိမ္ထဲမွာပဲ စီးေပးပါ။

 

၇။ အစိုဓာတ္႐ွိတဲ့ ပစၥည္းေတြအတြက္ ခ်ိတ္ဆြဲဖို႔ ေနရာစီစဥ္ပါ။

မိုးရာသီမွာ အစိုဓာတ္႐ွိတဲ့ ပစၥည္းေတြကို လက္လြတ္စပယ္ပစ္ထားတာက မေကာင္းပါဘူး။ အဲ့ဒီအစား အိမ္ရဲ႕ အေ႐ွ႕ဘက္မွာ အစိုဓာတ္႐ွိတဲ့ ပစၥည္းေတြကို ထည့္ဖို႔။ ထားဖို႔ စင္ေလးလုပ္ေပးထားလိုက္ပါ။ ၾကမ္းခင္းေတြ ညစ္ပတ္မသြားေစဖို႔ ထီးနဲ႔ မိုးကာအက်ႌေတြကို စင္မွာခ်ိတ္ထားႏိုင္ပါတယ္။

 

၈။ ေကာေဇာအသုံးျပဳရင္ ဂ႐ုစိုက္ေပးပါ။

မိုးတြင္းမွာ ေကာေဇာအသုံးျပဳေပးတာက သင့္ကို သက္ေသာင့္သက္သာျဖစ္ေစတယ္၊ ေႏြးေထြးေစပါတယ္။ သို႔ေပမယ့္ သန္႔သန္႔႐ွင္း႐ွင္းမထားဘူးဆိုရင္ေတာ့ ပိုးမႊားေတြ၊ အညစ္အပတ္ေတြရဲ႕ အရင္းအျမစ္တစ္ခုျဖစ္သြားႏိုင္တာေၾကာင့္လည္း အႏၲရာယ္႐ွိပါတယ္။ မိုးတြင္းမွာ ေကာေဇာေတြဟာ အစိုျပန္လြယ္ၿပီး အနံ႔ဆိုး ပိုထြက္တတ္ပါတယ္။ တကယ္ဆိုရင္ အိမ္ၾကမ္းခင္း သန္႔႐ွင္းရလြယ္ေအာင္ ေကာေဇာကို တိုက္႐ိုက္ခင္းၿပီး အသုံးမျပဳတာေကာင္းပါတယ္။ ေကာေဇာကို လွပ္တာတို႔ ျပဳလုပ္ခ်င္ေသးတယ္ဆိုရင္ေတာ့ သန္႔သန္႔႐ွင္း႐ွင္းျဖစ္ဖို႔ သတိထားဖို႔လိုသလို ေလွ်ာ္တဲ့အခါမွာလည္း အၾကမ္းအရမ္းႀကီး မေလွ်ာ္သင့္ပါဘူး။

 

၉။ ၾကမ္းခင္းသန္႔႐ွင္းတဲ့အခါမွာ ပိုးသတ္ေဆး အသုံးျပဳေပးပါ။

အစိုဓာတ္႐ွိတဲ့ အခန္းက ပိုးမႊားေတြေပါက္ဖြားဖို႔ အႀကိဳက္ေတြ႕တဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ သင့္ရဲ႕ အိမ္ကို ပိုးမႊားေတြ အမ်ားႀကီး႐ွိတဲ့ ေနရာတစ္ခုအျဖစ္ သတ္မွတ္ၾကည့္ဖူးပါသလား။ အဲ့ဒါက တကယ္ေတာ့ ေရာဂါေတြရဲ႕ အရင္းအျမစ္တစ္ခုလည္း ျဖစ္လာႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ မိုးတြင္း အိမ္သန္႔႐ွင္းေရးလုပ္တဲ့အခါ ပိုးသတ္ေဆး အသုံးျပဳေပးပါ။ ပိုးမႊားေတြေသေစႏိုင္တဲ့ ဓာတုေဆးတစ္မ်ိဳးျဖစ္တာေၾကာင့္ သင့္အိမ္မွာ ပိုးမႊားေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါေတြ ကင္းစင္သြားမွာပါ။

 

၁၀။ ေလဝင္ေလထြက္ေကာင္းေအာင္ ျပဳလုပ္ေပးပါ။

ဒီအခ်က္ဟာ အေရးႀကီးသေလာက္ လစ္လ်ဴ႐ႈထားျခင္း ခံရတာမ်ားပါတယ္။ မိုးတြင္းမွာ သင့္အိမ္ ေလအဝင္အထြက္ေကာင္း၊မေကာင္း သတိျပဳေပးပါ။ ေလအဝင္အထြက္စနစ္ဟာ တံခါးတစ္ခ်ပ္လိုပါပဲ၊ သင့္ရဲ႕ အခန္းကို စိုထိုင္းမေနေစဖို႔ သန္႔႐ွင္းလတ္ဆက္တဲ့ ေလေတြ ဝင္ထြက္ေစဖို႔ပဲျဖစ္ပါတယ္။ မိုးျပင္းထန္ရင္ေတာ့ သင့္တံခါးကို ခဏတျဖဳတ္ ပိတ္ထားႏိုင္ၿပီး မိုးတိတ္သြားရင္ေတာ့ အထဲကေလေတြ အလဲအလွယ္လုပ္ဖို႔အတြက္ တံခါးကို ျပန္ဖြင့္ထားေပးပါ။

 

၁၁။ အပင္ေတြကို တိေပးပါ။

ေနာက္ဆုံးအခ်က္ကလည္း အေရးႀကီးပါတယ္။ မိုးရာသီအတြင္းမွာ သစ္ပင္ေတြဟာ ႀကီးထြားႏႈန္းျမန္ပါတယ္။ အစိမ္းေရာင္ ႂကြယ္ဝတဲ့ အပင္ေတြက ျခင္နဲ႔ အင္းဆက္ပိုးမႊားေတြအတြက္ သေဘာက်ႏွစ္ၿခိဳက္တဲ့ေနရာတစ္ခု ျဖစ္လာတတ္ပါတယ္။ ျခင္အႀကိဳက္ေတြ႕ေစတဲ့ ေနရာမျဖစ္ေအာင္ အပင္ေတြကို တိေပးဖို႔ လိုပါတယ္။

ဒီလိုဆိုရင္ သင့္အိမ္ဟာ ပိုလို႔ သက္ေသာင့္သက္သာ႐ွိေစၿပီး လွပမွာ ေသခ်ာပါတယ္။ အိမ္ကို ပုံမွန္သန္႔႐ွင္းေပးဖို႔လည္း လိုပါတယ္။ ညစ္ပတ္လာတဲ့အထိေအာင္ ေစာင့္မေနပါနဲ႔ အၿမဲတမ္း သန္႔႐ွင္းေပးေနပါ။

 

Credit: mm-homedecor

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)