593 Views

ခေတ်မီစတိုင်ကျလှပတဲ့ ခြံစည်းရိုးတွေကို ဘယ်လိုဖန်တီးမလဲ

 

[Unicode]

နှစ်ပေါင်းများစွာကြာအောင် ပျော်ရွှင်မှုတွေ ဖန်တီးပေးနိုင်မယ့် ခြံစည်းရိုးတစ်ခုကို ဘယ်လို ဖန်တီးကြမလဲ။ ကိုယ်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာ သံဆူးကြိုး ခြံစည်းရိုးတွေ ကိုချည်းပဲ မြင်တွေ့ခဲ့ရတာပါ။ ခြံစည်းရိုး ဆိုတာလည်း ခွေးတစ်ကောင်တောင် မဝင်နိုင်အောင် အလုံကာရံကြတာမျိုး ချည်းပါပဲ။

တောင်ကုန်းပေါ်က အုတ်တံတိုင်းတွေနဲ့ ကာရံထားတဲ့ အိမ်ကြီးအ်ိမ်ကောင်းတွေ ဆိုရင် ခံတပ်ကြီးတစ်ခုလိုပါပဲ။ ငွေကြေး တတ်နိုင်မတတ်နိုင်တာထက် ကျွန်မအိမ်ဆိုရင်တော့ အဲ့ဒီလို အလုံပိတ်နံရံကြီး မကာရံချင်ပါဘူး။ ဒီနေ့ခေတ် ခြံစည်းရိုးတွေက ပိုပြီးနူးညံ့မှု ရှိလာသလို အများကြီး ပိုပြီးတော့လည်း ကြည့်လို့ ကောင်းလာပါပြီ။

ကိုယ်တတ်နိုင်တဲ့ ငွေလေးနဲ့ ကိုယ့်စိတ်တိုင်းကျ ခြံစည်းရိုးကို ရွေးချယ်ပြီး သာယာလှပတဲ့ ရှုမျှော်ခင်းကြားမှာ သက်သောင့်သက်သာ ရှိတဲ့ နေအိမ်ကို ဖန်တီး နိုင်ပါပြီ။ အခြေခံ အကြောင်းအရာတွေကို အရင်စဉ်းစားပါ။ ခြံစည်းရိုး ဆောက်ဖို့အတွက် အဓိက ဘာလိုအပ်တယ် ဆိုတာ အရင်စဉ်းစားပါ။ ဘာကိုအထဲမှာထားမလဲ။ ဘာကိုတော့ အပြင်ထုတ်ထားမလဲ၊ အိမ်လုံခြံရေး၊ ခြံဝန်းနဲ့ ကိုက်ညီမှုရှိမရှိ ဆိုတဲ့ အချက်တွေလည်း အပါအဝင်ပါပဲ။ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ ခြံစည်းရိုးဖြစ်အောင် အိမ်ရဲ့ စတိုင်လ်ကိုရော၊ ခြံရဲ့ မြေမျက်နှာသွင်ပြင်ကိုပါ လေ့လာဖို့ လိုအပ်ပါတယ်။ ဒီအဆင့်ကို ကျော်သွားလို့မဖြစ်ပါဘူး။ ပုံကို ကြည့်လိုက်ရင် နေအိမ်၊ ခြံစည်းရိုးနဲ့ ခြံဝန်းက လိုက်ဖက်မှု ရှိနေတာကို မြင်တွေ့ရမှာပါ။

အိမ်ရဲ့ အပြင်ဘက်နံရံမှာ သစ်သားပြား တွေနဲ့ အလွှာကြောတွေကို အလျားလိုက်ရော၊ ဒေါင်လိုက်ပါ ညီညီညာညာမြင်တွေ့နေရတဲ့အချိန် အလျားလိုက် ညီညီညာညာအလှဆင်ထားတဲ့ သစ်သားချောင်းလေးတွေကလည်း မျက်စိကျစရာပါပဲ။ ဒါကြောင့် အလျားလိုက် သစ်သားချောင်းလေးတွေ စီထားတဲ့ ခြံစည်းရိုးနဲ့ အိမ်အပြင်ဘက်နံရံ တွဲဖက်မှုဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ ရှေ့ကနေ နောက်ကို နိမ့်ဆင်းသွားတဲ့ မြေမျက်နှာပြင် အနေအထားက ခြံစည်းရိုး ဆောက်လို့ ကောင်းတဲ့မြေပါ။

မြေမျက်နှာ သွင်ပြင်က သိသိသာသာကို မညီမညာဖြစ်နေခဲ့မယ်ဆိုရင်တော့ ခြံစည်းရိုး ဆောက်ရတာ အရမ်းအလုပ်ရှုပ်သွားပါပြီ။ မြေကြီးအတိုင်း လိုက်ပြီး ခြံစည်းရိုးဆောက်မယ့်အစား မြေပြင်ကိုယ်တိုင်က ခြံစည်းရိုးလို ဖြစ်နေပါလိမ့်မယ်။ တခြားခြံစည်းရိုးပုံစံတွေကိုလည်း ဆက်ကြည့်ကြရအောင်။ ပြီးမှ ဘယ်ခြံစည်းရိုးက ကိုယ်နဲ့ကိုယ့်အိမ်အတွက် သင့်တော်မယ်ဆိုတာ ရွေးချယ်ကြည့်ပါ။


အနက်ရောင်ဒေါင်လိုက်စင်းခြံစည်းရိုး

ရှေးဆန်ဆန် သံနဲ့လုပ်လုပ် ခေတ်ဆန်ဆန် အလူမီနီယံနဲ့လုပ်လုပ် သမားရိုးကျ ဒီခြံစည်းရိုးပုံစံက ရွေးချယ် အသုံးပြုသင့်တဲ့ ပုံစံတစ်မျိုးပါ။ သေသပ်တဲ့ အနားသပ်နဲ့ အတွင်းအပြင် တိတိကျကျ ပိုင်းခြားထားနိုင်တဲ့အပြင် ဖြတ်သွားဖြတ်လာတွေကလည်း အိမ်နဲ့ခြံကို ငေးမောသွားလို့ရပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်းဆိုရင် သံကိုအသုံးပြုတာ အကောင်းဆုံးပါပဲ။ ခြံစည်းရိုးပုံစံက အိမ်ရဲ့အမြင့်နဲ့ လိုက်ဖက်သလို အမည်းရောင် ကိုလည်း သန့်ရှင်းစင်ကြယ်တဲ့ အိမ်နံရံ အဖြူရောင်နဲ့ ဆန့်ကျင်ဘက် အသုံးပြုထားတာပါ။ အဖြူအမည်း လျှောက်လမ်းကို လူတိုင်းမသုံးပေမယ့် ဒီလျှောက်လမ်းကြောင့် အိမ်နဲ့ခြံစည်းရိုးကြား ဆက်စပ်မှု ရှိသွားပြီး ခံ့ညားထည်ဝါစေမှာလည်း ဖြစ်ပါတယ်။

ဘယ်အချိန်မှာသုံးမလဲ

ဒေါင်လိုက်စင်း သံခြံစည်းရိုးကအဆောက်အအုံ တစ်ခုလုံးကိုပေါ်လွင်စေတဲ့အတွက် အထပ်များတဲ့ အိမ်ရှေ့မှာသုံးတာ အသင့်တော်ဆုံးပါ။အမည်းရောင် ဒါမှမဟုတ် မြူးကြွတဲ့ အရောင်တစ်မျိုးကို အသုံးပြုတဲ့အခါ ဖက်ရှင်ကျရုံတင်မကပဲ လူတိုင်းရဲ့အမြင်အာရုံ ကိုလည်း ဆွဲဆောင် နိုင်ပါတယ်။ ဒီအပြင်အဆင်ကို အစိမ်းရောင် အပင်လေးတွေနဲ့ အရောင် ဖြည့်စွက် လိုက်မယ်ဆိုရင် အားလုံးက ဗိသုကာလက်ရာ ဆန်ဆန် ကျက်သရေရှိရှိ လှပနေမှာပါ။

ဘယ်အချိန်မှာမသုံးဘူးလဲ

ဒီအမျိုးအစားက တစ်ထပ်အိမ် လေးတွေနဲ့ မလိုက်ဖက်ပါဘူး။အထူးသဖြင့်အိမ်ရှေ့နံရံမှာ အလျားလိုက် မျဉ်းကြောင်းတွေ ရှိနေတဲ့အိမ်မျိုးပါ။

ထည့်စဉ်းစားရမယ့်အချက်များ

သံခြံစည်းရိုးက ဗစ်တိုးရီးယားခေတ် ဒီဇိုင်းပုံစံကနေစလို့ ဒီနေ့ခေတ်ပုံစံတွေအထိ ဒီဇိုင်းမျိုးမျိုးရှိပါတယ်။ ဒါ့ကြောင့် သံခြံစည်းရိုးကို ရွေးချယ်တဲ့အခါ ကိုယ့်အိမ်ပုံစံနဲ့ လိုက်ဖက်နေဖို့ လိုအပ်ပါတယ်။ ဒီလိုခြံစည်းရိုး အများစုက အမည်းရောင် ဖြစ်တာကြောင့် ခြံထဲမှာ အပင်စိုက်တဲ့အခါ လိုက်ဖက်ပါ့မလားလို့ စဉ်းစားနေစရာ မလိုတော့ဘဲ ရဲရဲတင်းတင်း စိတ်တိုင်းကျ စိုက်ပျိုးနိုင်ပါတယ်။

 

 

အမြှောင်းခြံစည်းရိုး

ခုနခြံစည်းရိုးပုံစံနဲ့ အခုပုံစံက လုံးဝမတူပါဘူး။ ဒီခြံစည်းရိုးက စက်မှုသုံး ဟန်ပန် ရှိပါတယ်။ ပိုက်ဆံအကုန်အကျ နည်းတာကြောင့်ဖြစ်ဖြစ် လက်မှုပညာကို သုံးပြီး ခြံစည်းရိုး ဆောက်ချင်တဲ့ အိမ်ပိုင်ရှင်တွေ အတွက်ပဲဖြစ်ဖြစ် အသုံးဝင်ပါတယ်။ (ဘယ်လိုခြံစည်းရိုးပဲဆောက်ဆောက် မြို့တော်ရဲ့ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းသတ်မှတ်ချက်တွေက အမြဲပြောင်းလဲနေတာကြောင့် အရင်စစ်ဆေးပါ)

ဘယ်အချိန်မှာသုံးမလဲ

အိမ်ထဲကို လူမမြင်စေချင်တဲ့အခါ ငွေကြေးအကုန်အကျ သက်သာချင်တဲ့အခါမျိုးမှာ သုံးပါ။ တချို့ သံတွေက အချိန် ကြာလာတာနဲ့မျှ သံချေးတက်တာ ဒါမှမဟုတ် အရောင်မှိန်သွားတာ မျိုးတွေ ဖြစ်တတ်တာ ကြောင့် ရွေးချယ် ဝယ်အသုံးမပြုခင်မှာ ဒီအချက်တွေကို အရင်စဉ်းစားပါ။

ဘယ်အချိန်မှာမသုံးဘူးလဲ

ဒီခြံစည်းရိုးမျိုးက တိကျသေချာတဲ့ ပုံစံဖြစ်တာကြောင့် ခြံစည်းရိုး မဆောက်ခင် ကိုယ့်အိမ်ပုံစံနဲ့ ကိုက်မကိုက် အရင် စဉ်းစားပါ။ ခေတ်ပေါ်ပုံစံ၊ ကျေးလက်ပုံစံ၊ ဗိသုကာလက်ရာ ပုံစံနေအိမ်တွေနဲ့ လိုက်ဖက်ပေမယ့် သမားရိုးကျ ပုံစံတွေနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။ ဒေါင်လိုက်စင်း ခြံစည်းရိုးလိုပဲ လုံချင်းအိမ်လေး တွေအတွက် လှပေမယ့် ကိုယ်က အထပ်တွေကို အဓိက ပေါ်လွင်ချင်တယ် ဆိုရင်တော့ တခြား ခြံစည်းရိုးပုံစံကို စဉ်းစားပါ။

ထည့်စဉ်းစားရမယ့်အချက်များ

အမြှောင်းခြံစည်းရိုးတလျှောက် သစ်ပင်စိုက်တဲ့အခါ Sky Pencil ၊ Orange Rocket ၊ Slender Silhouette တို့လိုဒေါင်လိုက်တက်တဲ့ မြက်ပင်လေးတွေစိုက်ပါ၊ အပင်လေးတွေရဲ့ ဒေါင်လိုက်ကြီးထွားတတ်တဲ့ အလေ့အထက ခြံစည်းရိုးက မျဉ်းကြောင်းတွေနဲ့ အပြိုင်ဖြစ်နေမှာမဟုတ်ပါဘူး။

 

 

ဒေါင်လိုက်စင်းသစ်သားခြံစည်းရိုး

ဒီခြံစည်းရိုးက အရင်နှစ်ခုထက်စာရင် အများကြီးသဘာဝကျပါတယ်။ အကုန်အကျများတဲ့ ခြံစည်းရိုးအမျိုးအစားထဲမှာပါပေမယ့် လုံခြုံမှုကိုပေးစွမ်းနိုင်သလို အပေအရေလည်းခံတဲ့အပြင် ဘက်စုံအသုံးဝင်ပါတယ်။ တစ်ခုနဲ့တစ်ခုကပ်နေတဲ့ သစ်သားချပ်တွေကြောင့် အတွင်းကိုမမြင်ရသလို သစ်သားချပ်တွေကို ခွာထားမယ်ဆိုရင်လည်း လေဝင်လေထွက်ကောင်းပြီး ကုန်ကျစရိတ်သက်သာစေနိုင်မှာပါ။

ဘယ်အချိန်မှာသုံးမလဲ

ခြံထဲကို လူမမြင်ရအောင် တကယ် လုံလုံခြုံခြုံ ရှိချင်တယ် ဆိုရင် သုံးပါ။ တခြားပုံမှန်မဟုတ်တဲ့ ခြံစည်းရိုး ပုံစံတွေထက် ရှုမျှော်ခင်းနဲ့ လိုက်လျောညီထွေ ရှိတာကြောင့် အိမ်ပိုင်ရှင် အများစုက လူသုံးများတဲ့ ဒီခြံစည်းရိုး ပုံစံကို နှစ်သက်ကြပါတယ်။

ဘယ်အချိန်မှာမသုံးဘူးလဲ

ဒီဒေါင်လိုက်စင်းခြံစည်းရိုးကို အထပ်မြင့်အဆောက်အအုံတွေနဲ့ ဆိုရင်တော့ ဂရုတစိုက်အသုံးပြုပါ။

ထည့်စဉ်းစားရမယ့်အချက်များ

ပုံပန်းသွင်ပြင်နဲ့ ကြံ့ခိုင်ရည်ကိုထိန်းသိမ်းဖို့အတွက် ဆေးသုတ်တာတွေကို အချိန်မှန်လိုပေးဖို့လိုပါတယ်။ ဒေါင်လိုက်စင်း သစ်သားခြံစည်းရိုးရှေ့မှာ သစ်ပင်စိုက်တဲ့အခါ Glauce Pendula ၊ Contorta ၊ Wisteria frutescens တို့လို နွယ်ပင်အမျိုးအစားတွေကို ရွေးချယ်စိုက်ပျိုးပါ။

 

ရေပြင်ညီစင်းသစ်သားခြံစည်းရိုး

 

ဒီသစ်သားခြံစည်းရိုးပုံစံက ဒေါင်လိုက်စင်း သစ်သားခြံစည်းရိုးကို သုံးတာနဲ့ တူညီပေမယ့် ရှုမျှော်ခင်းနဲ့ ပိုပြီးလိုက်ဖက်တဲ့ ပုံစံပါ။ သစ်သားတစ်ခုနဲ့ တစ်ခုကြား အကွာအဝေး အမျိုးမျိုးကို အသုံးပြုပြီး ဒီဇိုင်းဆန်းလေးတွေ ဖန်တီးနိုင်ပါတယ်။ ဒေါင်လိုက်စင်း ခြံစည်းရိုးပုံစံမှာလည်း ပြုလုပ်နိုင်ပေမယ့် ရေပြင်ညီစင်း သစ်သားခြံစည်းရိုးက ပိုအဆင်ပြေပါတယ်။

ဘယ်အချိန်မှာသုံးမလဲ

အထပ်နိမ့် အဆောက်အအုံတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပါ။ ခြံထဲမှာ ပိုလှသွားပြီး မျက်စိလည်း အေးပါတယ်။ ခြံထဲက်ို လာလည်တဲ့ သူတိုင်းကိုလည်း နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။ သစ်သားတစ်ခုနဲ့ တစ်ခုကြားက အကွာအဝေးကို ချိန်ညှိပေးခြင်းနည်းနဲ့ ခြံထဲလူမမြင်အောင် ပြုလုပ်လို့ရသလို ပုံပါပြထားတဲ့ အတိုင်း သစ်သားပြားတွေကို စီပေးမယ်ဆိုရင် နေအိမ်နဲ့ ခြံဝန်းကြား သဟဇာတ ဖြစ်နေမှာပါ။

ဘယ်အချိန်မှာမသုံးဘူးလဲ

ဒီခြံစည်းရိုးက လိုက်လျောညီထွေ ရှိတတ်ပေမယ့် အထပ်မြင့် အဆောက်အအုံ ဒါမှမဟုတ် အရမ်း သမားရိုးကျတဲ့ အဆောက်အအုံ တွေနဲ့တော့ မလိုက်ဖက်ပါဘူး။ နောက်ပြီး ဒေါင်လိုက်စင်းတွေ ပါတဲ့နံရံနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေပါလိမ့်မယ်။

ထည့်စဉ်းစားရမယ့်အချက်များ

သစ်သားခြံစည်းရိုးတွေ အားလုံးလိုပဲ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင် ရမယ်ဆိုတာ ထည့်သွင်း စဉ်းစားရမယ့် အချက်ပါ။ ရေပြင်ညီစင်း ခြံစည်းရိုးအတွက် အပင်စိုက်ဖို့ကိုတော့ Vintage Jade လို ချုံပင် သေးသေးလေး တွေကို ရွေးချယ် စိုက်ပျိုးပါ။

 

 

ကျောက်နံရံခြံစည်းရိုး

ကျောက်နံရံတွေက အခြေအနေကို လိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ လိုက်ဖက်သလို တခြားပစöည်းတွေ အများကြီးနဲ့လည်း ပနံသင့်ပါတယ်။ ထိုင်လို့ရအောင် ခပ်နိမ့်နိမ့် ဆောက်နိုင်သလို ခြံလုံဖို့ အတွက်လည်း ခပ်မြင့်မြင့် ဆောက်နိုင်ပါတယ်။ အုတ်နံရံကို သံလှောင်အိမ်ထဲ ထည့်ထားသလို ဆောက်လုပ် ထားတဲ့ ဒီဇိုင်းကလည်း ခေတ်မီခြံစည်းရိုး အသွင်ဖြစ်ပေါ်စေပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ဖြတ်တောက်ထားတဲ့ ကျောက်တုံးတွေနဲ့ ဆောက်လုပ်ထားတဲ့ကျောက်နံရံကို လျှောက်လမ်းနဲ့ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ်ကောင်းအောင် ဖန်တီးနိုင်ပါတယ်။

ဘယ်အချိန်မှာသုံးမလဲ

ကျောက်နံရံက ပစöည်းခရော၊ အလုပ်သမားခပါ အကုန်အကျများပေမယ့် အခြေအနေအချိန်အခါနဲ့ ကိုက်ညီတယ်ဆိုရင်တော့ တခြားပုံစံတွေထက်တစ်ပန်းသာပါတယ်။ နေအိမ်မှာ မီးခိုးရောင်၊ အပြာရောင်၊ ကြေးရောင်၊ လိမေ®ာ်ရောင်တွေကို အသုံးပြုတာက ကျောက်နံရံနဲ့ လိုက်ဖက်ပါတယ်။

ဘယ်အချိန်မှာမသုံးဘူးလဲ

ကျောက်တုံးနဲ့ အုတ်ခဲကို အတူတကွ အသုံးပြုရတာ ခက်ခဲပါတယ်။ ကျဉ်းတဲ့နံရံတွေ မှာဆို ကျောက်နံရံရဲ့ အထူက နေရာယူနေပါလိမ့်မယ်။

ထည့်စဉ်းစားရမယ့်အချက်များ

ကျောက်နံရံ ဆောက်မယ်ဆိုရင် တချို့လူသုံးများတဲ့ ကျောက်တုံးတွေက ကြေမွသွားနိုင်တာကြောင့် ကိုယ့်ဒေသနဲ့ ကိုက်ညီမှုရှိမယ့် သိပ်သည်းတဲ့ ကျောက်တုံးအမျိုးအစားတွေ ကိုရွေးချယ်ပါ။ ကျောက်နံရံဆောက် တဲ့အခါ အရောင်တွေကို ထည့်စဉ်းစားဖို့လည်းမမေ့ပါနဲ့။ မီးခိုးရောင် ကျောက်တွေမှာ အပြာရောင်အရည်အသွေး ပါဝင် နေတတ်တာကြောင့် Blue Ice ၊ Firewish တို့လို ကျောက်ပန်းပင်တွေနဲ့ လိုက်ဖက်ပါတယ်။ လိမေ®ာ်အရောင်အသွေးပါတဲ့ ကျောက်တုံး ဆိုရင်တော့ မေပယ်လ်ပင်လေးတွေစိုက်ပါ။ အပြာနဲ့ လိမေ®ာ်ဆိုတာ လိုက်ဖက်တဲ့ အရောင်တွေဖြစ်တာကြောင့် ဒီအပင်တွေကို ရောစိုက်မယ်ဆိုရင်လည်း ကြည့်လို့ကောင်းနေမှာပါ။

 


ကွန်ကရစ်နံရံ

ကွန်ကရစ်နံရံတွေ မှာလည်း သူ့စတိုင်လ်နဲ့သူ ရှိပါတယ်။ တစ်ချိန်က အောက်ခံ ဖောင်ဒေးရှင်း ချတဲ့နေရာမှာ၊ စက်မှုလုပ်ငန်းတွေ မှာသာ အသုံးပြုပေမယ့် အခုတော့ အိမ်ဒီဇိုင်းတွေ မှာလည်း ဒီကွန်ကရစ်နံရံ တွေကို အသုံးပြုလာပါပြီ။

ဘယ်အချိန်မှာသုံးမလဲ

ကွန်ကရစ်နံရံ တွေကို ကျွမ်းကျင်သူတွေပဲ အသုံးပြုသင့်ပါတယ်။ ကုန်ကျစရိတ် များပေမယ့် ခမ်းနားထည်ဝါတဲ့ ကွန်ကရစ် နံရံတွေပါ။ နေအိမ်တွေမှာ သာမက စက်မှုလုပ်ငန်း တွေမှာလည်း အသုံးပြုပြီးတော့ ပိုပြီးလှချင်တယ် ဆိုရင်တော့ မီးခိုးရောင် ကျောက်တုံးတွေနဲ့ တွဲဖက် အသုံးပြုလို့ရပါတယ်။

 

ဘယ်အချိန်မှာမသုံးဘူးလဲ

သမားရိုးကျ အိမ်ပုံစံတွေ၊ သစ်သားအိမ်တွေနဲ့ မလိုက်ဖက်ပါဘူး။ ဒါပေမယ့် စတီး၊ မှန်တွေကို အသုံးပြုထားတဲ့ နေအိမ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ထူးထူးခြားခြား လှပသွားပါလိမ့်မယ်။

ထည့်စဉ်းစားရမယ့်အချက်များ

မီးခိုးရောင် ကွန်ကရစ်နံရံကို မီးခိုးရောင် ကျောက်နံရံလိုပဲ သဘောထားပြီး ပန်းပင်တွေ စိုက်ပျိုး နိုင်ပါတယ်။ အရောင်အားဖြင့် ပိုပြီး ထူးခြားချင်တယ် ဆိုရင်တော့ ကန်ထရိုက်တာနဲ့ ဆွေးနွေးပါ။

 


အုတ်နံရံ

အုတ်နံရံ ဆိုတာနဲ့ တောင်ကာရိုလိုင်းနားတို့၊ ပင်လယ်ကွေ့ တို့လိုနေရာတွေကို သွားသတိရမိ စေပါတယ်။ အရိပ်ကောင်းတဲ့ နေရာမှာဆိုရင် ပုံမှာပြထားသလို အချိန် ကြာမြင့်လာတာနဲ့အမျှ ရေညှိပင်တွေ ပေါက်လာတတ်ပါတယ်။ ဗိသုကာလက်ရာ မြောက်စွာ ဆောက်လုပ်ထားတဲ့ နေအိမ်နဲ့ လိုက်ဖက်ညီအောင် သစ်လွင်နေချင်တယ် ဆိုရင်တော့ အုတ်ကွက်ဖော်ပြီး ဆေးပြန်သုတ်ပေးပါ။

ဘယ်အချိန်မှာသုံးမလဲ

အုတ်နံရံက အကုန်အကျ အများဆုံး ဆိုပေမယ့် သေသေချာချာ ဆောက်လုပ်ထားမယ်ဆိုရင် မျိုးဆက် တစ်ခုပြီးတစ်ခု ဆက်လက် အသုံးပြုသွားနိုင်မှာပါ။ အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်၊ ပြုပြင်မွန်းမံနိုင်ပါတယ်။ သာမန် အုတ်နံရံလိုမျိုးလည်း ဆောက်နိုင်သလို နေရာကျဉ်းရင်လည်း လိုသလိုပုံဖော်ပြီး ဆောက်လုပ် နိုင်ပါသေးတယ်။

ဘယ်အချ်ိန်မှာမသုံးဘူးလဲ

` အုတ်နံရံတွေက ကျောက်တုံးနဲ့ ဆောက်လုပ် ထားတဲ့အိမ်တွေ၊ ခေတ်မီ နေအိမ်တွေနဲ့ လိုက်ဖက်မှု မရှိပါဘူး။

ထည့်စဉ်းစားရမယ့်အချက်များ

ကြာရှည်ခံတဲ့ အုတ်နံရံဖြစ်ဖို့ အောက်ခြေ ခိုင်ဖို့လိုပါတယ်။ ဆေးမသုတ်ထားတဲ့ အုတ်နံရံအတွက် အုတ်ခဲ အရောင်အသွေး ရှိတဲ့အပင် ဒါမှမဟုတ် သမားရိုးကျ ထက်ပိုတဲ့ အစိမ်းရောင် ရင့်ရင့်အပင်တွေကို စိုက်ပျိုးနိုင်ပါတယ်။

 

တံခါးရွက်နံရံ

ဒီလိုတံခါးရွက် နံရံခြံစည်းရိုးမျိုးက စိတ်ကြိုက် စိတ်ကူးဉာဏ် ကွန့်မြူးလို့ ရပါတယ်။ တံခါးရွက်ကို သစ်သား၊ ပိုလီကာဗွန်နိတ်၊ စတီး၊ ကွန်ကရစ်၊ ဝါးနဲ့ မိုးမခပင်သား စသည်ဖြင့် အသုံးပြုလို့ ရပါတယ်။ ဘောင်ကို ကွယ်ဝှက်ထားလို့ရသလို ဗိသုကာ လက်ရာဆန်ဆန်လည်း အသုံးပြုလို့ ရပါတယ်။ တံခါးရွက်တစ်ခုနဲ့ တစ်ခုကြား အဟကို ကိုယ်စိတ်ကြိုက် စီမံခန့်ခွဲလို့ ရပါတယ်။

ဘယ်အချိန်မှာသုံးမလဲ

ကိုယ့်ခြံဝန်းက ဗိသုကာ လက်ရာဆန်တဲ့ နေအိမ်ပုံစံနဲ့ လိုက်ဖက်တယ်ဆိုရင် တံခါးရွက် ခြံစည်းရိုးကို အသုံးပြုပါ။ ဝါး ဒါမှမဟုတ် ပိုလီကာဗွန်နိတ်သားကို အသုံးပြုရင် အနုပညာလက်ရာမြောက်တဲ့ ဥယျာဉ်တစ်ခုကို ရရှိနိုင်သလို သံချေးတက်လာခဲ့မယ် ဆိုရင်တောင် စက်မှုလုပ်ငန်းသုံးပုံစံ လှပနေမှာပါ။

ဘယ်အချိန်မှာမသုံးဘူးလဲ

ခြံဝန်းပုံစံက အိမ်ပုံစံနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် ပိုပြီးကြားခံဆန်တဲ့ ခြံစည်းရိုးပုံစံက်ိုရွေးချယ်ပါ။ ခမ်းခမ်းနားနားနေပြီး ကိုယ့်အိမ်ထဲကို အကုန်မြင်နေရတယ် ဆိုရင်တော့ အိမ်နီးချင်းတချို့နဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ထည့်စဉ်းစားရမယ့်အချက်များ

တံခါးရွက်ခြံစည်းရိုးအသားအတွက် ဘာကိုပဲရွေးချယ်ပါစေ ရေရှည်ခံဖို့နဲ့ ပြင်ဆင်စရိတ်တွေကိုပါ ထည့်စဉ်းစားပါ။ ကိုယ်ရွေးချယ်ထားတဲ့ တံခါးရွက်ရဲ့အရောင်အသွေး၊ ပုံစံတွေနဲ့ လိုက်ဖက်တဲ့ ပန်းပင်တွေကို ရွေးချယ်စိုက်ပျိုးလို့ ရပါတယ်။

 

Credit: mm-homedecor

 

 

[Zawgyi]

ေခတ္မီစတိုင္က်လွပတဲ့ ျခံစည္း႐ိုးေတြကို ဘယ္လိုဖန္တီးမလဲ

 

ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေပ်ာ္႐ႊင္မႈေတြ ဖန္တီးေပးႏိုင္မယ့္ ျခံစည္း႐ိုးတစ္ခုကို ဘယ္လို ဖန္တီးၾကမလဲ။ ကိုယ္ႀကီးျပင္းလာတဲ့ ပတ္ဝန္းက်င္မွာ သံဆူးႀကိဳး ျခံစည္း႐ိုးေတြ ကိုခ်ည္းပဲ ျမင္ေတြ႕ခဲ့ရတာပါ။ ျခံစည္း႐ိုး ဆိုတာလည္း ေခြးတစ္ေကာင္ေတာင္ မဝင္ႏိုင္ေအာင္ အလုံကာရံၾကတာမ်ိဳး ခ်ည္းပါပဲ။

ေတာင္ကုန္းေပၚက အုတ္တံတိုင္းေတြနဲ႔ ကာရံထားတဲ့ အိမ္ႀကီးအိ္မ္ေကာင္းေတြ ဆိုရင္ ခံတပ္ႀကီးတစ္ခုလိုပါပဲ။ ေငြေၾကး တတ္ႏိုင္မတတ္ႏိုင္တာထက္ ကြၽန္မအိမ္ဆိုရင္ေတာ့ အဲ့ဒီလို အလုံပိတ္နံရံႀကီး မကာရံခ်င္ပါဘူး။ ဒီေန႔ေခတ္ ျခံစည္း႐ိုးေတြက ပိုၿပီးႏူးညံ့မႈ ႐ွိလာသလို အမ်ားႀကီး ပိုၿပီးေတာ့လည္း ၾကည့္လို႔ ေကာင္းလာပါၿပီ။

ကိုယ္တတ္ႏိုင္တဲ့ ေငြေလးနဲ႔ ကိုယ့္စိတ္တိုင္းက် ျခံစည္း႐ိုးကို ေ႐ြးခ်ယ္ၿပီး သာယာလွပတဲ့ ႐ႈေမွ်ာ္ခင္းၾကားမွာ သက္ေသာင့္သက္သာ ႐ွိတဲ့ ေနအိမ္ကို ဖန္တီး ႏိုင္ပါၿပီ။ အေျခခံ အေၾကာင္းအရာေတြကို အရင္စဥ္းစားပါ။ ျခံစည္း႐ိုး ေဆာက္ဖို႔အတြက္ အဓိက ဘာလိုအပ္တယ္ ဆိုတာ အရင္စဥ္းစားပါ။ ဘာကိုအထဲမွာထားမလဲ။ ဘာကိုေတာ့ အျပင္ထုတ္ထားမလဲ၊ အိမ္လုံျခံေရး၊ ျခံဝန္းနဲ႔ ကိုက္ညီမႈ႐ွိမ႐ွိ ဆိုတဲ့ အခ်က္ေတြလည္း အပါအဝင္ပါပဲ။ ကိုယ့္အေျခအေနနဲ႔ ကိုက္ညီတဲ့ ျခံစည္း႐ိုးျဖစ္ေအာင္ အိမ္ရဲ႕ စတိုင္လ္ကိုေရာ၊ ျခံရဲ႕ ေျမမ်က္ႏွာသြင္ျပင္ကိုပါ ေလ့လာဖို႔ လိုအပ္ပါတယ္။ ဒီအဆင့္ကို ေက်ာ္သြားလို႔မျဖစ္ပါဘူး။ ပုံကို ၾကည့္လိုက္ရင္ ေနအိမ္၊ ျခံစည္း႐ိုးနဲ႔ ျခံဝန္းက လိုက္ဖက္မႈ ႐ွိေနတာကို ျမင္ေတြ႕ရမွာပါ။

အိမ္ရဲ႕ အျပင္ဘက္နံရံမွာ သစ္သားျပား ေတြနဲ႔ အလႊာေၾကာေတြကို အလ်ားလိုက္ေရာ၊ ေဒါင္လိုက္ပါ ညီညီညာညာျမင္ေတြ႕ေနရတဲ့အခ်ိန္ အလ်ားလိုက္ ညီညီညာညာအလွဆင္ထားတဲ့ သစ္သားေခ်ာင္းေလးေတြကလည္း မ်က္စိက်စရာပါပဲ။ ဒါေၾကာင့္ အလ်ားလိုက္ သစ္သားေခ်ာင္းေလးေတြ စီထားတဲ့ ျခံစည္း႐ိုးနဲ႔ အိမ္အျပင္ဘက္နံရံ တြဲဖက္မႈဟာ ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္မႈတစ္ခုပါ။ ေ႐ွ႕ကေန ေနာက္ကို နိမ့္ဆင္းသြားတဲ့ ေျမမ်က္ႏွာျပင္ အေနအထားက ျခံစည္း႐ိုး ေဆာက္လို႔ ေကာင္းတဲ့ေျမပါ။

ေျမမ်က္ႏွာ သြင္ျပင္က သိသိသာသာကို မညီမညာျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ ျခံစည္း႐ိုး ေဆာက္ရတာ အရမ္းအလုပ္႐ႈပ္သြားပါၿပီ။ ေျမႀကီးအတိုင္း လိုက္ၿပီး ျခံစည္း႐ိုးေဆာက္မယ့္အစား ေျမျပင္ကိုယ္တိုင္က ျခံစည္း႐ိုးလို ျဖစ္ေနပါလိမ့္မယ္။ တျခားျခံစည္း႐ိုးပုံစံေတြကိုလည္း ဆက္ၾကည့္ၾကရေအာင္။ ၿပီးမွ ဘယ္ျခံစည္း႐ိုးက ကိုယ္နဲ႔ကိုယ့္အိမ္အတြက္ သင့္ေတာ္မယ္ဆိုတာ ေ႐ြးခ်ယ္ၾကည့္ပါ။


အနက္ေရာင္ေဒါင္လိုက္စင္းျခံစည္း႐ိုး

ေ႐ွးဆန္ဆန္ သံနဲ႔လုပ္လုပ္ ေခတ္ဆန္ဆန္ အလူမီနီယံနဲ႔လုပ္လုပ္ သမား႐ိုးက် ဒီျခံစည္း႐ိုးပုံစံက ေ႐ြးခ်ယ္ အသုံးျပဳသင့္တဲ့ ပုံစံတစ္မ်ိဳးပါ။ ေသသပ္တဲ့ အနားသပ္နဲ႔ အတြင္းအျပင္ တိတိက်က် ပိုင္းျခားထားႏိုင္တဲ့အျပင္ ျဖတ္သြားျဖတ္လာေတြကလည္း အိမ္နဲ႔ျခံကို ေငးေမာသြားလို႔ရပါတယ္။ ပုံမွာ ျပထားတဲ့အတိုင္းဆိုရင္ သံကိုအသုံးျပဳတာ အေကာင္းဆုံးပါပဲ။ ျခံစည္း႐ိုးပုံစံက အိမ္ရဲ႕အျမင့္နဲ႔ လိုက္ဖက္သလို အမည္းေရာင္ ကိုလည္း သန္႔႐ွင္းစင္ၾကယ္တဲ့ အိမ္နံရံ အျဖဴေရာင္နဲ႔ ဆန္႔က်င္ဘက္ အသုံးျပဳထားတာပါ။ အျဖဴအမည္း ေလွ်ာက္လမ္းကို လူတိုင္းမသုံးေပမယ့္ ဒီေလွ်ာက္လမ္းေၾကာင့္ အိမ္နဲ႔ျခံစည္း႐ိုးၾကား ဆက္စပ္မႈ ႐ွိသြားၿပီး ခံ့ညားထည္ဝါေစမွာလည္း ျဖစ္ပါတယ္။

ဘယ္အခ်ိန္မွာသုံးမလဲ

ေဒါင္လိုက္စင္း သံျခံစည္း႐ိုးကအေဆာက္အအုံ တစ္ခုလုံးကိုေပၚလြင္ေစတဲ့အတြက္ အထပ္မ်ားတဲ့ အိမ္ေ႐ွ႕မွာသုံးတာ အသင့္ေတာ္ဆုံးပါ။အမည္းေရာင္ ဒါမွမဟုတ္ ျမဴးႂကြတဲ့ အေရာင္တစ္မ်ိဳးကို အသုံးျပဳတဲ့အခါ ဖက္႐ွင္က်႐ုံတင္မကပဲ လူတိုင္းရဲ႕အျမင္အာ႐ုံ ကိုလည္း ဆြဲေဆာင္ ႏိုင္ပါတယ္။ ဒီအျပင္အဆင္ကို အစိမ္းေရာင္ အပင္ေလးေတြနဲ႔ အေရာင္ ျဖည့္စြက္ လိုက္မယ္ဆိုရင္ အားလုံးက ဗိသုကာလက္ရာ ဆန္ဆန္ က်က္သေရ႐ွိ႐ွိ လွပေနမွာပါ။

ဘယ္အခ်ိန္မွာမသုံးဘူးလဲ

ဒီအမ်ိဳးအစားက တစ္ထပ္အိမ္ ေလးေတြနဲ႔ မလိုက္ဖက္ပါဘူး။အထူးသျဖင့္အိမ္ေ႐ွ႕နံရံမွာ အလ်ားလိုက္ မ်ဥ္းေၾကာင္းေတြ ႐ွိေနတဲ့အိမ္မ်ိဳးပါ။

ထည့္စဥ္းစားရမယ့္အခ်က္မ်ား

သံျခံစည္း႐ိုးက ဗစ္တိုးရီးယားေခတ္ ဒီဇိုင္းပုံစံကေနစလို႔ ဒီေန႔ေခတ္ပုံစံေတြအထိ ဒီဇိုင္းမ်ိဳးမ်ိဳး႐ွိပါတယ္။ ဒါ့ေၾကာင့္ သံျခံစည္း႐ိုးကို ေ႐ြးခ်ယ္တဲ့အခါ ကိုယ့္အိမ္ပုံစံနဲ႔ လိုက္ဖက္ေနဖို႔ လိုအပ္ပါတယ္။ ဒီလိုျခံစည္း႐ိုး အမ်ားစုက အမည္းေရာင္ ျဖစ္တာေၾကာင့္ ျခံထဲမွာ အပင္စိုက္တဲ့အခါ လိုက္ဖက္ပါ့မလားလို႔ စဥ္းစားေနစရာ မလိုေတာ့ဘဲ ရဲရဲတင္းတင္း စိတ္တိုင္းက် စိုက္ပ်ိဳးႏိုင္ပါတယ္။

 

အေျမႇာင္းျခံစည္း႐ိုး

ခုနျခံစည္း႐ိုးပုံစံနဲ႔ အခုပုံစံက လုံးဝမတူပါဘူး။ ဒီျခံစည္း႐ိုးက စက္မႈသုံး ဟန္ပန္ ႐ွိပါတယ္။ ပိုက္ဆံအကုန္အက် နည္းတာေၾကာင့္ျဖစ္ျဖစ္ လက္မႈပညာကို သုံးၿပီး ျခံစည္း႐ိုး ေဆာက္ခ်င္တဲ့ အိမ္ပိုင္႐ွင္ေတြ အတြက္ပဲျဖစ္ျဖစ္ အသုံးဝင္ပါတယ္။ (ဘယ္လိုျခံစည္း႐ိုးပဲေဆာက္ေဆာက္ ၿမိဳ႕ေတာ္ရဲ႕ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းသတ္မွတ္ခ်က္ေတြက အၿမဲေျပာင္းလဲေနတာေၾကာင့္ အရင္စစ္ေဆးပါ)

ဘယ္အခ်ိန္မွာသုံးမလဲ

အိမ္ထဲကို လူမျမင္ေစခ်င္တဲ့အခါ ေငြေၾကးအကုန္အက် သက္သာခ်င္တဲ့အခါမ်ိဳးမွာ သုံးပါ။ တခ်ိဳ႕ သံေတြက အခ်ိန္ ၾကာလာတာနဲ႔မွ် သံေခ်းတက္တာ ဒါမွမဟုတ္ အေရာင္မွိန္သြားတာ မ်ိဳးေတြ ျဖစ္တတ္တာ ေၾကာင့္ ေ႐ြးခ်ယ္ ဝယ္အသုံးမျပဳခင္မွာ ဒီအခ်က္ေတြကို အရင္စဥ္းစားပါ။

ဘယ္အခ်ိန္မွာမသုံးဘူးလဲ

ဒီျခံစည္း႐ိုးမ်ိဳးက တိက်ေသခ်ာတဲ့ ပုံစံျဖစ္တာေၾကာင့္ ျခံစည္း႐ိုး မေဆာက္ခင္ ကိုယ့္အိမ္ပုံစံနဲ႔ ကိုက္မကိုက္ အရင္ စဥ္းစားပါ။ ေခတ္ေပၚပုံစံ၊ ေက်းလက္ပုံစံ၊ ဗိသုကာလက္ရာ ပုံစံေနအိမ္ေတြနဲ႔ လိုက္ဖက္ေပမယ့္ သမား႐ိုးက် ပုံစံေတြနဲ႔ေတာ့ ဆန္႔က်င္ဘက္ပါပဲ။ ေဒါင္လိုက္စင္း ျခံစည္း႐ိုးလိုပဲ လုံခ်င္းအိမ္ေလး ေတြအတြက္ လွေပမယ့္ ကိုယ္က အထပ္ေတြကို အဓိက ေပၚလြင္ခ်င္တယ္ ဆိုရင္ေတာ့ တျခား ျခံစည္း႐ိုးပုံစံကို စဥ္းစားပါ။

ထည့္စဥ္းစားရမယ့္အခ်က္မ်ား

အေျမႇာင္းျခံစည္း႐ိုးတေလွ်ာက္ သစ္ပင္စိုက္တဲ့အခါ Sky Pencil ၊ Orange Rocket ၊ Slender Silhouette တို႔လိုေဒါင္လိုက္တက္တဲ့ ျမက္ပင္ေလးေတြစိုက္ပါ၊ အပင္ေလးေတြရဲ႕ ေဒါင္လိုက္ႀကီးထြားတတ္တဲ့ အေလ့အထက ျခံစည္း႐ိုးက မ်ဥ္းေၾကာင္းေတြနဲ႔ အၿပိဳင္ျဖစ္ေနမွာမဟုတ္ပါဘူး။

 

ေဒါင္လိုက္စင္းသစ္သားျခံစည္း႐ိုး

ဒီျခံစည္း႐ိုးက အရင္ႏွစ္ခုထက္စာရင္ အမ်ားႀကီးသဘာဝက်ပါတယ္။ အကုန္အက်မ်ားတဲ့ ျခံစည္း႐ိုးအမ်ိဳးအစားထဲမွာပါေပမယ့္ လုံျခဳံမႈကိုေပးစြမ္းႏိုင္သလို အေပအေရလည္းခံတဲ့အျပင္ ဘက္စုံအသုံးဝင္ပါတယ္။ တစ္ခုနဲ႔တစ္ခုကပ္ေနတဲ့ သစ္သားခ်ပ္ေတြေၾကာင့္ အတြင္းကိုမျမင္ရသလို သစ္သားခ်ပ္ေတြကို ခြာထားမယ္ဆိုရင္လည္း ေလဝင္ေလထြက္ေကာင္းၿပီး ကုန္က်စရိတ္သက္သာေစႏိုင္မွာပါ။

ဘယ္အခ်ိန္မွာသုံးမလဲ

ျခံထဲကို လူမျမင္ရေအာင္ တကယ္ လုံလုံျခဳံျခဳံ ႐ွိခ်င္တယ္ ဆိုရင္ သုံးပါ။ တျခားပုံမွန္မဟုတ္တဲ့ ျခံစည္း႐ိုး ပုံစံေတြထက္ ႐ႈေမွ်ာ္ခင္းနဲ႔ လိုက္ေလ်ာညီေထြ ႐ွိတာေၾကာင့္ အိမ္ပိုင္႐ွင္ အမ်ားစုက လူသုံးမ်ားတဲ့ ဒီျခံစည္း႐ိုး ပုံစံကို ႏွစ္သက္ၾကပါတယ္။

ဘယ္အခ်ိန္မွာမသုံးဘူးလဲ

ဒီေဒါင္လိုက္စင္းျခံစည္း႐ိုးကို အထပ္ျမင့္အေဆာက္အအုံေတြနဲ႔ ဆိုရင္ေတာ့ ဂ႐ုတစိုက္အသုံးျပဳပါ။

ထည့္စဥ္းစားရမယ့္အခ်က္မ်ား

ပုံပန္းသြင္ျပင္နဲ႔ ၾကံ့ခိုင္ရည္ကိုထိန္းသိမ္းဖို႔အတြက္ ေဆးသုတ္တာေတြကို အခ်ိန္မွန္လိုေပးဖို႔လိုပါတယ္။ ေဒါင္လိုက္စင္း သစ္သားျခံစည္း႐ိုးေ႐ွ႕မွာ သစ္ပင္စိုက္တဲ့အခါ Glauce Pendula ၊ Contorta ၊ Wisteria frutescens တို႔လို ႏြယ္ပင္အမ်ိဳးအစားေတြကို ေ႐ြးခ်ယ္စိုက္ပ်ိဳးပါ။

 

ေရျပင္ညီစင္းသစ္သားျခံစည္း႐ိုး

ဒီသစ္သားျခံစည္း႐ိုးပုံစံက ေဒါင္လိုက္စင္း သစ္သားျခံစည္း႐ိုးကို သုံးတာနဲ႔ တူညီေပမယ့္ ႐ႈေမွ်ာ္ခင္းနဲ႔ ပိုၿပီးလိုက္ဖက္တဲ့ ပုံစံပါ။ သစ္သားတစ္ခုနဲ႔ တစ္ခုၾကား အကြာအေဝး အမ်ိဳးမ်ိဳးကို အသုံးျပဳၿပီး ဒီဇိုင္းဆန္းေလးေတြ ဖန္တီးႏိုင္ပါတယ္။ ေဒါင္လိုက္စင္း ျခံစည္း႐ိုးပုံစံမွာလည္း ျပဳလုပ္ႏိုင္ေပမယ့္ ေရျပင္ညီစင္း သစ္သားျခံစည္း႐ိုးက ပိုအဆင္ေျပပါတယ္။

ဘယ္အခ်ိန္မွာသုံးမလဲ

အထပ္နိမ့္ အေဆာက္အအုံေတြအတြက္ အေကာင္းဆုံး ေ႐ြးခ်ယ္မႈပါ။ ျခံထဲမွာ ပိုလွသြားၿပီး မ်က္စိလည္း ေအးပါတယ္။ ျခံထဲကိ္ဳ လာလည္တဲ့ သူတိုင္းကိုလည္း ေႏြးေထြးမႈကို ေပးစြမ္းႏိုင္ပါတယ္။ သစ္သားတစ္ခုနဲ႔ တစ္ခုၾကားက အကြာအေဝးကို ခ်ိန္ညႇိေပးျခင္းနည္းနဲ႔ ျခံထဲလူမျမင္ေအာင္ ျပဳလုပ္လို႔ရသလို ပုံပါျပထားတဲ့ အတိုင္း သစ္သားျပားေတြကို စီေပးမယ္ဆိုရင္ ေနအိမ္နဲ႔ ျခံဝန္းၾကား သဟဇာတ ျဖစ္ေနမွာပါ။

ဘယ္အခ်ိန္မွာမသုံးဘူးလဲ

ဒီျခံစည္း႐ိုးက လိုက္ေလ်ာညီေထြ ႐ွိတတ္ေပမယ့္ အထပ္ျမင့္ အေဆာက္အအုံ ဒါမွမဟုတ္ အရမ္း သမား႐ိုးက်တဲ့ အေဆာက္အအုံ ေတြနဲ႔ေတာ့ မလိုက္ဖက္ပါဘူး။ ေနာက္ၿပီး ေဒါင္လိုက္စင္းေတြ ပါတဲ့နံရံနဲ႔လည္း ဆန္႔က်င္ဘက္ ျဖစ္ေနပါလိမ့္မယ္။

ထည့္စဥ္းစားရမယ့္အခ်က္မ်ား

သစ္သားျခံစည္း႐ိုးေတြ အားလုံးလိုပဲ ျပဳျပင္ထိန္းသိမ္းမႈေတြ လုပ္ေဆာင္ ရမယ္ဆိုတာ ထည့္သြင္း စဥ္းစားရမယ့္ အခ်က္ပါ။ ေရျပင္ညီစင္း ျခံစည္း႐ိုးအတြက္ အပင္စိုက္ဖို႔ကိုေတာ့ Vintage Jade လို ခ်ံဳပင္ ေသးေသးေလး ေတြကို ေ႐ြးခ်ယ္ စိုက္ပ်ိဳးပါ။

 

ေက်ာက္နံရံျခံစည္း႐ိုး

ေက်ာက္နံရံေတြက အေျခအေနကို လိုက္ၿပီး ေျပာင္းလဲတတ္ပါတယ္။ ပုံစံအမ်ိဳးမ်ိဳးနဲ႔ လိုက္ဖက္သလို တျခားပစöည္းေတြ အမ်ားႀကီးနဲ႔လည္း ပနံသင့္ပါတယ္။ ထိုင္လို႔ရေအာင္ ခပ္နိမ့္နိမ့္ ေဆာက္ႏိုင္သလို ျခံလုံဖို႔ အတြက္လည္း ခပ္ျမင့္ျမင့္ ေဆာက္ႏိုင္ပါတယ္။ အုတ္နံရံကို သံေလွာင္အိမ္ထဲ ထည့္ထားသလို ေဆာက္လုပ္ ထားတဲ့ ဒီဇိုင္းကလည္း ေခတ္မီျခံစည္း႐ိုး အသြင္ျဖစ္ေပၚေစပါတယ္။

ပုံမွာျပထားတဲ့အတိုင္း ျဖတ္ေတာက္ထားတဲ့ ေက်ာက္တုံးေတြနဲ႔ ေဆာက္လုပ္ထားတဲ့ေက်ာက္နံရံကို ေလွ်ာက္လမ္းနဲ႔ေပါင္းစပ္ၿပီး စိတ္ဝင္စားဖြယ္ေကာင္းေအာင္ ဖန္တီးႏိုင္ပါတယ္။

ဘယ္အခ်ိန္မွာသုံးမလဲ

ေက်ာက္နံရံက ပစöည္းခေရာ၊ အလုပ္သမားခပါ အကုန္အက်မ်ားေပမယ့္ အေျခအေနအခ်ိန္အခါနဲ႔ ကိုက္ညီတယ္ဆိုရင္ေတာ့ တျခားပုံစံေတြထက္တစ္ပန္းသာပါတယ္။ ေနအိမ္မွာ မီးခိုးေရာင္၊ အျပာေရာင္၊ ေၾကးေရာင္၊ လိေမ®ာ္ေရာင္ေတြကို အသုံးျပဳတာက ေက်ာက္နံရံနဲ႔ လိုက္ဖက္ပါတယ္။

ဘယ္အခ်ိန္မွာမသုံးဘူးလဲ

ေက်ာက္တုံးနဲ႔ အုတ္ခဲကို အတူတကြ အသုံးျပဳရတာ ခက္ခဲပါတယ္။ က်ဥ္းတဲ့နံရံေတြ မွာဆို ေက်ာက္နံရံရဲ႕ အထူက ေနရာယူေနပါလိမ့္မယ္။

ထည့္စဥ္းစားရမယ့္အခ်က္မ်ား

ေက်ာက္နံရံ ေဆာက္မယ္ဆိုရင္ တခ်ိဳ႕လူသုံးမ်ားတဲ့ ေက်ာက္တုံးေတြက ေၾကမြသြားႏိုင္တာေၾကာင့္ ကိုယ့္ေဒသနဲ႔ ကိုက္ညီမႈ႐ွိမယ့္ သိပ္သည္းတဲ့ ေက်ာက္တုံးအမ်ိဳးအစားေတြ ကိုေ႐ြးခ်ယ္ပါ။ ေက်ာက္နံရံေဆာက္ တဲ့အခါ အေရာင္ေတြကို ထည့္စဥ္းစားဖို႔လည္းမေမ့ပါနဲ႔။ မီးခိုးေရာင္ ေက်ာက္ေတြမွာ အျပာေရာင္အရည္အေသြး ပါဝင္ ေနတတ္တာေၾကာင့္ Blue Ice ၊ Firewish တို႔လို ေက်ာက္ပန္းပင္ေတြနဲ႔ လိုက္ဖက္ပါတယ္။ လိေမ®ာ္အေရာင္အေသြးပါတဲ့ ေက်ာက္တုံး ဆိုရင္ေတာ့ ေမပယ္လ္ပင္ေလးေတြစိုက္ပါ။ အျပာနဲ႔ လိေမ®ာ္ဆိုတာ လိုက္ဖက္တဲ့ အေရာင္ေတြျဖစ္တာေၾကာင့္ ဒီအပင္ေတြကို ေရာစိုက္မယ္ဆိုရင္လည္း ၾကည့္လို႔ေကာင္းေနမွာပါ။


ကြန္ကရစ္နံရံ

ကြန္ကရစ္နံရံေတြ မွာလည္း သူ႕စတိုင္လ္နဲ႔သူ ႐ွိပါတယ္။ တစ္ခ်ိန္က ေအာက္ခံ ေဖာင္ေဒး႐ွင္း ခ်တဲ့ေနရာမွာ၊ စက္မႈလုပ္ငန္းေတြ မွာသာ အသုံးျပဳေပမယ့္ အခုေတာ့ အိမ္ဒီဇိုင္းေတြ မွာလည္း ဒီကြန္ကရစ္နံရံ ေတြကို အသုံးျပဳလာပါၿပီ။

ဘယ္အခ်ိန္မွာသုံးမလဲ

ကြန္ကရစ္နံရံ ေတြကို ကြၽမ္းက်င္သူေတြပဲ အသုံးျပဳသင့္ပါတယ္။ ကုန္က်စရိတ္ မ်ားေပမယ့္ ခမ္းနားထည္ဝါတဲ့ ကြန္ကရစ္ နံရံေတြပါ။ ေနအိမ္ေတြမွာ သာမက စက္မႈလုပ္ငန္း ေတြမွာလည္း အသုံးျပဳၿပီးေတာ့ ပိုၿပီးလွခ်င္တယ္ ဆိုရင္ေတာ့ မီးခိုးေရာင္ ေက်ာက္တုံးေတြနဲ႔ တြဲဖက္ အသုံးျပဳလို႔ရပါတယ္။

ဘယ္အခ်ိန္မွာမသုံးဘူးလဲ

သမား႐ိုးက် အိမ္ပုံစံေတြ၊ သစ္သားအိမ္ေတြနဲ႔ မလိုက္ဖက္ပါဘူး။ ဒါေပမယ့္ စတီး၊ မွန္ေတြကို အသုံးျပဳထားတဲ့ ေနအိမ္နဲ႔ ေပါင္းစပ္လိုက္တဲ့အခါ ထူးထူးျခားျခား လွပသြားပါလိမ့္မယ္။

ထည့္စဥ္းစားရမယ့္အခ်က္မ်ား

မီးခိုးေရာင္ ကြန္ကရစ္နံရံကို မီးခိုးေရာင္ ေက်ာက္နံရံလိုပဲ သေဘာထားၿပီး ပန္းပင္ေတြ စိုက္ပ်ိဳး ႏိုင္ပါတယ္။ အေရာင္အားျဖင့္ ပိုၿပီး ထူးျခားခ်င္တယ္ ဆိုရင္ေတာ့ ကန္ထ႐ိုက္တာနဲ႔ ေဆြးေႏြးပါ။


အုတ္နံရံ

အုတ္နံရံ ဆိုတာနဲ႔ ေတာင္ကာ႐ိုလိုင္းနားတို႔၊ ပင္လယ္ေကြ႕ တို႔လိုေနရာေတြကို သြားသတိရမိ ေစပါတယ္။ အရိပ္ေကာင္းတဲ့ ေနရာမွာဆိုရင္ ပုံမွာျပထားသလို အခ်ိန္ ၾကာျမင့္လာတာနဲ႔အမွ် ေရညႇိပင္ေတြ ေပါက္လာတတ္ပါတယ္။ ဗိသုကာလက္ရာ ေျမာက္စြာ ေဆာက္လုပ္ထားတဲ့ ေနအိမ္နဲ႔ လိုက္ဖက္ညီေအာင္ သစ္လြင္ေနခ်င္တယ္ ဆိုရင္ေတာ့ အုတ္ကြက္ေဖာ္ၿပီး ေဆးျပန္သုတ္ေပးပါ။

ဘယ္အခ်ိန္မွာသုံးမလဲ

အုတ္နံရံက အကုန္အက် အမ်ားဆုံး ဆိုေပမယ့္ ေသေသခ်ာခ်ာ ေဆာက္လုပ္ထားမယ္ဆိုရင္ မ်ိဳးဆက္ တစ္ခုၿပီးတစ္ခု ဆက္လက္ အသုံးျပဳသြားႏိုင္မွာပါ။ အလြယ္တကူ သန္႔႐ွင္းေရးလုပ္ႏိုင္၊ ျပဳျပင္မြန္းမံႏိုင္ပါတယ္။ သာမန္ အုတ္နံရံလိုမ်ိဳးလည္း ေဆာက္ႏိုင္သလို ေနရာက်ဥ္းရင္လည္း လိုသလိုပုံေဖာ္ၿပီး ေဆာက္လုပ္ ႏိုင္ပါေသးတယ္။

ဘယ္အခ်ိ္န္မွာမသုံးဘူးလဲ

` အုတ္နံရံေတြက ေက်ာက္တုံးနဲ႔ ေဆာက္လုပ္ ထားတဲ့အိမ္ေတြ၊ ေခတ္မီ ေနအိမ္ေတြနဲ႔ လိုက္ဖက္မႈ မ႐ွိပါဘူး။

ထည့္စဥ္းစားရမယ့္အခ်က္မ်ား

ၾကာ႐ွည္ခံတဲ့ အုတ္နံရံျဖစ္ဖို႔ ေအာက္ေျခ ခိုင္ဖို႔လိုပါတယ္။ ေဆးမသုတ္ထားတဲ့ အုတ္နံရံအတြက္ အုတ္ခဲ အေရာင္အေသြး ႐ွိတဲ့အပင္ ဒါမွမဟုတ္ သမား႐ိုးက် ထက္ပိုတဲ့ အစိမ္းေရာင္ ရင့္ရင့္အပင္ေတြကို စိုက္ပ်ိဳးႏိုင္ပါတယ္။

 

တံခါး႐ြက္နံရံ

ဒီလိုတံခါး႐ြက္ နံရံျခံစည္း႐ိုးမ်ိဳးက စိတ္ႀကိဳက္ စိတ္ကူးဉာဏ္ ကြန္႔ျမဴးလို႔ ရပါတယ္။ တံခါး႐ြက္ကို သစ္သား၊ ပိုလီကာဗြန္နိတ္၊ စတီး၊ ကြန္ကရစ္၊ ဝါးနဲ႔ မိုးမခပင္သား စသည္ျဖင့္ အသုံးျပဳလို႔ ရပါတယ္။ ေဘာင္ကို ကြယ္ဝွက္ထားလို႔ရသလို ဗိသုကာ လက္ရာဆန္ဆန္လည္း အသုံးျပဳလို႔ ရပါတယ္။ တံခါး႐ြက္တစ္ခုနဲ႔ တစ္ခုၾကား အဟကို ကိုယ္စိတ္ႀကိဳက္ စီမံခန္႔ခြဲလို႔ ရပါတယ္။

ဘယ္အခ်ိန္မွာသုံးမလဲ

ကိုယ့္ျခံဝန္းက ဗိသုကာ လက္ရာဆန္တဲ့ ေနအိမ္ပုံစံနဲ႔ လိုက္ဖက္တယ္ဆိုရင္ တံခါး႐ြက္ ျခံစည္း႐ိုးကို အသုံးျပဳပါ။ ဝါး ဒါမွမဟုတ္ ပိုလီကာဗြန္နိတ္သားကို အသုံးျပဳရင္ အႏုပညာလက္ရာေျမာက္တဲ့ ဥယ်ာဥ္တစ္ခုကို ရ႐ွိႏိုင္သလို သံေခ်းတက္လာခဲ့မယ္ ဆိုရင္ေတာင္ စက္မႈလုပ္ငန္းသုံးပုံစံ လွပေနမွာပါ။

ဘယ္အခ်ိန္မွာမသုံးဘူးလဲ

ျခံဝန္းပုံစံက အိမ္ပုံစံနဲ႔ ဆန္႔က်င္ဘက္ျဖစ္ေနရင္ ပိုၿပီးၾကားခံဆန္တဲ့ ျခံစည္း႐ိုးပုံစံကိ္ဳေ႐ြးခ်ယ္ပါ။ ခမ္းခမ္းနားနားေနၿပီး ကိုယ့္အိမ္ထဲကို အကုန္ျမင္ေနရတယ္ ဆိုရင္ေတာ့ အိမ္နီးခ်င္းတခ်ိဳ႕နဲ႔ အဆင္ေျပမွာ မဟုတ္ပါဘူး။

ထည့္စဥ္းစားရမယ့္အခ်က္မ်ား

တံခါး႐ြက္ျခံစည္း႐ိုးအသားအတြက္ ဘာကိုပဲေ႐ြးခ်ယ္ပါေစ ေရ႐ွည္ခံဖို႔နဲ႔ ျပင္ဆင္စရိတ္ေတြကိုပါ ထည့္စဥ္းစားပါ။ ကိုယ္ေ႐ြးခ်ယ္ထားတဲ့ တံခါး႐ြက္ရဲ႕အေရာင္အေသြး၊ ပုံစံေတြနဲ႔ လိုက္ဖက္တဲ့ ပန္းပင္ေတြကို ေ႐ြးခ်ယ္စိုက္ပ်ိဳးလို႔ ရပါတယ္။

 

Credit: mm-homedecor

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)