1220 Views
နေအိမ်ရဲ့အဝင်တံခါးချပ်လေးတွေကို ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့တည် ဆောက်ပုံဖော်တတ်ဖို့…..
[Unicode]
အိမ်တစ်အိမ်ကို ရောက်ပြီဆိုရင် အရင်ဆုံးမြင်တွေ့ရမှာက အိမ် အဝင်တံခါးတွေပါပဲ။ အိမ်ရှေ့နေလှမ်းကြည့်လိုက်တာနဲ့ ခမ်းနားပြီး ဆန်းပြားတဲ့ တံခါးပေါက်တွေကြောင့် ဒီအိမ်ကိုသတိထား မိပြီးတော့ အိမ်ကိုစိတ်ဝင်စား နှစ်သက်ကြတာ ဖြစ်ပါတယ်။
ခမ်းနားတယ်။ ဆန်းပြားတယ်။ ချစ်စရာကောင်းတယ်ဆိုတဲ့ အချက်တွေက အိမ်ရဲ့ တန်ဖိုးတစ်ခုကို အရင်ဆုံးသတ်မှတ်ထားလိုက်လို့ရပါတယ်။
စိတ်ကူးကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ တံခါးရွက်အဝင်အဝ တွေက သင့်မိသားစုကိုရော၊ သင့်အိမ်ကိုလာလည်တဲ့ သူတွေကို ရော အထူးကြိုက်နှစ်သက် သဘောကျမှာဖြစ်ပါတယ်။ ဒီစိတ်ကူး လေးတွေကို ဖန်တီးတတ်ကြဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက် ပါတယ်။
၁။ အိမ်ရဲ့ အုတ်တံတိုင်း နံရံကြီးတွေနဲ့ လိုက်ဖက်ညီတဲ့ ကျွန်းတံ ခါးကြီးကြီးတွေက တကယ့်ကိုခမ်းနားပါတယ်။ အဝင်အဝခပ်ကျယ် ကျယ်မှာ ပြောင်လက်တောက်ပြောင်နေတဲ့ ကျွန်းတံခါးကျယ်ကြီး တွေ၊ ဒီဇိုင်းဆန်းကြယ်တဲ့ ပုံဖော်မှုတွေကြောင့် အိမ်ရဲ့အဖိုးနဲ့တန် ကြေးကို အကဲခတ်လို့ရပါတယ်။ အိမ်တစ်လုံးစာကိုမကြည့်ပဲ တံခါး တစ်ချပ်နဲ့တင် တကယ့်ကိုအဖိုးတန်မယ့် နေအိမ်တစ်လုံးဖြစ်လာမှာ ပါ။
၂။ ဆန်းကြယ်ပြီးထူးခြားတဲ့ ဒီဇိုင်းအဖြစ်နဲ့လည်း နေအိမ်အဝင်အဝ တံခါးကို ဖန်တီးပြင်ဆင်လို့ရပါတယ်။ ခေတ်မီပြီးအသုံးပြုရလွယ်ကူ လာတဲ့ ခေတ်ပေါ်အသုံးအဆောင်တွေကြောင့် ဒီဇိုင်းဆန်းပြားပြီး ဖန် တီးမှုတွေကို ပြုလုပ်နိုင်တာဖြစ်ပါတယ်။
အုတ်နံရံနဲ့ ကျွန်းတံခါးချပ် နှစ်ခုတို့ကို တွဲဖက်ပြီး ကျွန်းတံခါးချပ်မှာ မိမိပုံဖော်လိုတဲ့ ဒီဇိုင်း၊ ဒါမှမ ဟုတ် ပုံမှာပြထားတဲ့ ရုပ်ပုံဒီဇိုင်းတွေအတိုင်းရေးဆွဲနိုင်ပါတယ်။
အဝင်ပေါက် ဖောက်ခြင်းအတွက်ကိုလည်း သာမန်လေးထောင့်တံခါး ချပ်ဖောက်ခြင်းအစား အမိုးအုပ်အုပ်ကလေးနဲ့လိုက်ဖက်အောင် ထူး ထူးခြားခြားလေး ဖောက်နိုင်ပါတယ်။
၃။ အရောင်အတွက် လိုက်ဖက်ညီမှုကိုလည်း ရွေးချယ်ပါ။ မိမိအိမ်ရဲ့ အရောင်နဲ့ အဝင်အဝမှာထားရှိထားတဲ့ အရောင်လေးတွေကို လိုက် ဖက်ညီမှုရှိပါစေ။
သစ်လွင်တောက်ပပြီး လူငယ်ဆန်ချစ်စရာကောင်း တဲ့ အရောင်လေးတွေ၊ ဒါမှမဟုတ် တည်ငြိမ်ပြီးရင့်ကျက်ခမ်းနားတဲ့ အရောင်တွေနဲ့ လိုက်ဖက်ညီနေပါစေ။
အိမ်တံခါးချပ်နဲ့တင်မဟုတ်ပဲ ဘေးဘက်မှာ ရှိနေတဲ့ အုတ်တံတိုင်း၊ ပန်းပင်၊ ပန်းအိုး၊ ခြေနင်းကြွေ ပြားလျှောက်လမ်း အစရှိသဖြင့် ဘေးပတ်ဝန်းကျင်က အရောင်လေး တွေနဲ့ လိုက်ဖက်ညီတဲ့ အိမ်တံခါးချပ်ဆေးသုတ်ရွေးချယ်ခြင်းကို ပြု လုပ်ပါ။
၄။ သာမန်ထက်ထူးခြားပြီးဆွဲဆောင်မှုရှိတဲ့ နောက်ပိုင်း ခေတ်စား လာတဲ့ ဒီဇိုင်းတွေကတော့ သစ်သားတံခါးချပ်တွေ မဟုတ်ပဲ ဖန်တံ ခါးချပ်အရွက်တွေ၊ ဖော်မီကာ၊ အလူမီနီယမ်တံခါးချပ်တွေပဲဖြစ်ပါတယ် ။
အလင်းရောင် ကောင်းကောင်းရပြီးတော့ အပြင်မြင်ကွင်းကို ကြည့်ရှုနိုင်တဲ့ တံခါး တွေကို အခုနောက်ပိုင်းစံအိမ်ပုလေးတွေ၊ လုံး ချင်းအိမ်လေးတွေမှာ အသုံးများလာကြပါတယ်။ အလူမီနီယမ်နဲ့ ဖော်မီကာတံခါးချပ်လေး တွေကလည်း ပေါ့ပါးပြီးသစ်လွင်တောက်ပ တာကြောင့် ကျွန်းတံခါး ချပ်တွေအစား အသုံးများလာကြတာဖြစ်ပါ တယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
Subscribe For Property News
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)