1216 Views
မိမိနေအိမ်မှာ အလုပ်လုပ်ဖို့နေရာအဖြစ် ရုံးခန်းအသေးလေး ပြင်ဆင်ရအောင်.......
[Unicode]
ခုဆို Covid 19 ကြောင့် ဝန်ထမ်းအားလုံး Work From Home လုပ်နေရချိန်မှာ မိမိရဲ့အိမ်မှာ မိမိအလုပ်တွေကို အာရုံစူးစိုက်နိုင်ဖို့ အလုပ်ခန်းသီးသန့်နေရာလေးဖန်တီးထားဖို့လိုအပ်ပါတယ်နော်....
Work From Home ကာလကျော်လွန်သွားရင်လည်း မိမိနေအိမ်မှာ ရုံးခန်းသဖွယ်နေရာလေး ဖန်တီးထားတော့ ရုံးမှာ မပြီးပြတ်တဲ့အလုပ်တွေကို အိမ်မှာ စိတ်အေးလက်အေး ပြန်လုပ်ပြီး အမှားတွေကို ပြင်ဆင်နိုင်သလို လိုအပ်တာတွေပါ ထပ်ဖြည့်နိုင်ပါတယ်။
ခုခေတ်မှာ ရုံးဝန်ထမ်းမဟုတ်ဘဲ အိမ်နေရင်း ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့အမျိုးသမီး၊ အမျိုးသားများ များပြားလာတာကြောင့် မဖြစ်မနေ နေအိမ်မှာ ရုံးခန်းလေး ဖန်တီးထားသင့်ပါတယ်။
မိမိနေအိမ်မှာပဲ အလုပ်ခန်းသီးသန့်လေး ဖန်တီးထားတော့ အလုပ်လုပ်ရတဲ့အခါ စိတ်တွေ လန်းဆန်းတတ်ကြွနေမယ်၊ စိတ်တွေလန်းဆန်းနေရင် ဖန်တီးမှုအားတွေကောင်းမယ်။ ဒါကြောင့် မိမိနေအိမ်အတွင်း ရုံးခန်းနေရာလေးဖန်တီးထားဖို့အတွက် နည်လမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁)ရုံးခန်းလေးအတွင်း ထားရှိမယ့် ပစ္စည်းတွေကို စာရင်းပြုစုပါ။
ရုံးခန်းအသေးလေးဆိုပေမယ့် အလုပ်လုပ်တဲ့အခါ လိုအပ်နေတာတွေမရှိရအောင် ရုံးခန်းအတွင်းမှာ ထားရှိမယ့် အရေးအကြီးဆုံးပစ္စည်းတွေကို စာရင်းပြုစုပါ။ စာရင်းမပြုထားတဲ့အခါ အလုပ်လုပ်ရင်း လိုအပ်တာထယူနေရတာနဲ့တင် အလုပ်လုပ်တာ နှောင့်နှေးစေပြီး၊ မလိုအပ်တာတွေပါ ဝယ်မိရင် ကုန်ကျစရိတ် များသွားနိုင်ပါတယ်။
(၂)ကုန်ကျစရိတ်ကို တွက်ချက်ထားပါ။
သင်က ရေရှည်အတွက် ရုံးခန်းလေးဖန်တီးထားမှာဆိုရင်တော့ လိုအပ်တာတွေကို အနည်းငယ်တော့ ဝယ်ထားသင့်ပါတယ်။ ပြီးတော့ ရုံးခန်းအတွက် ဘယ်လောက်ပမာဏသတ်မှတ်ထားတယ်ဆိုရင် မလိုအပ်တဲ့ပစ္စည်းတွေကို မဝယ်မိဖို့ စာရင်းပြုစုဖို့ လိုအပ်ပါတယ်။ အိမ်မှာရှိတဲ့ ပစ္စည်းအဟောင်းတွေကို ပြန်သုံးရင် ပြန်သုံးပါ(ဥပမာ-ထိုင်ခုံ၊ စားပွဲ)
(၃)အလင်းရောင်ရပြီး လေဝင်လေထွက်ကောင်းတဲ့ အခန်းလေးဖြစ်ပါစေ။
အလုပ်လုပ်တဲ့အခါ စိတ်အာရုံလန်းဆန်းနေဖို့လိုပါတယ်။ ဒါမှသာ အတွေးသစ်၊ အမြင်သစ်နဲ့ ဖန်တီးမှုတွေ ကောင်းမွန်နေမှာပါ။ စိတ်အာရုံလန်းဆန်းနေဖို့ဆိုရင် မိမိရွေးချယ်ထားတဲ့ ရုံးခန်းလေးကလည်း အလင်းရောင်ရရှိပြီး လေဝင်လေထွက်ကောင်းမွန်တဲ့အခန်းလေးဖြစ်အောင် ဖန်တီးပါ။
ရုံးခန်းလေးက ပြတင်းပေါက်ပါတဲ့အခန်းလေးဆိုရင် ပိုကောင်းပါတယ်။ ပြတင်းပေါက်မှာ လိုက်ကာအလှလေးတွေ တပ်ဆင်၍ ရသလို နေ့ဘက်မှာ နေ့အလင်းရောင်ကိုပါ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။
(၄)အပင်စိမ်းစိမ်းလေးများ ထည့်သွင်း စိုက်ပျိုးထားပါ။
မိမိရဲ့ အလုပ်ခန်းထဲမှာ အပင်စိမ်းစိမ်းလေးတွေ ထည့်သွင်းစိုက်ပျိုးထားတဲ့အခါ အခန်းလေးက ပိုပြီးလှပသွားသလို မိမိရဲ့စိတ်ကိုလည်း အေးမြလန်းဆန်းစေပါတယ်။ ဒါ့အပြင် အပင်စိမ်းစိမ်းလေးတွေက အခန်းတွင်းက လေကို သန့်စင်ပေးပြီး အညှော်တွေနဲ့ အခန်းတွေ အပူချိန်တွေကိုပါ စုပ်ယူပေးပါတယ်။
(၅)ပစ္စည်းတွေကို နေရာတကျဖြစ်အောင်ထားပါ။
ပစ္စည်းတွေကို ကြုံသလို၊ဖြစ်သလိုမထားပါ။ ဗီရို၊ စာအုပ်စင်၊ အလုပ်လုပ်တဲ့ စားပွဲ စတဲ့နေရာတွေကို သေသေချာချာ သပ်သပ်ရပ်ရပ်ထားပါ။ ပစ္စည်းတွေကို သပ်ရပ်သန့်ရှင်းနေမှ မိမိရဲ့ စိတ်က လန်းဆန်းနေပြီး အလုပ်လုပ်တဲ့အခါ စိတ်ဝင်စားမှု အားကောင်းနေစေမှာပါ။
(၆)မကြာခဏ သန့်ရှင်းရေး ပြုလုပ်ပါ။
မိမိအလုပ်ခန်း ရှုပ်ပွနေတဲ့အခါ အလုပ်လုပ်ချင်စိတ် နည်းပါးပြီး စိတ်အာရုံတွေ မလန်းမဆန်းဖြစ်နေတတ်ပါတယ်။ အခန်းလေးက ဖုန်တွေနဲ့ ညစ်ပတ်နေရင်လည်း စိတ်က အလုပ်ထဲမရောက်ဘဲ ကောင်းမွန်တဲ့ အတွေးသစ်တွေကို မရနိုင်ပါဘူး။ ဒါကြောင့် မိမိအလုပ်ခန်းလေးကို မကြာခဏ သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့။
ခုဆိုရင် မိမိနေအိမ်ရှိ ရုံးခန်းလေးကို ဖန်တီးလို့ရမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပြီဆိုတော့ အလုပ်ထဲမှာ စိတ်ပါလက်ပါနဲ့ အတွေးသစ်၊ အမြင်သစ်တွေရရှိဖို့ သန့်ရှင်းသပ်ရပ်ပြီး လှပတဲ့ ရုံးခန်းလေးကို အခုပဲ စတင်အကောင်အထည်ဖော်ကြည့်ကြရအောင်နော်.............
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
Subscribe For Property News
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)