1666 Views

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ လသာဆောင်ကလေးတွေ ဖန်တီးပြင်ဆင်ကြမယ်….

 

[Unicode]

ညနေခင်းဆည်းဆာနေဝင်ချိန်တွေ၊ ညဘက်အလင်းရောင်ပျောက် တဲ့ အချိန်မျိုးတွေဆိုရင် အိမ်ရှေ့ဝရန်တာ၊ လသာဆောင် လေး တွေမှာ ငြိမ်ငြိမ်ကလေးထိုင်ကာ ကောင်းကင်က လရောင်နဲ့ ကြယ် ပွင့်လေး တွေမော့ကြည့်ပြီးတော့အတွေးစိတ်ကူးလေးတွေယဉ်ပြီးတော့ ကြည်နူးရတဲ့အခိုက်အတန့်လေးတွေ ရှိဖူးကြမှာပါ။

ဒီလိုကိုယ့် ရဲ့ကိုယ်ပိုင်စိတ်ကြိုက်အချိန်ကလေးမှာ တကယ့်ကိုပျော်စရာ ကောင်းတဲ့ စိတ်ကူးအတွေးကလေးတွေထဲမှာပဲ စီးမျောရင်း ကုန်ဆုံးရတဲ့အရသာက တကယ့်ကိုခံစားလို့ ကောင်းတဲ့အချိန် ကလေးတစ်ခုပဲ ဖြစ်မှာပါ။

ဒီလိုလသာဆောင်၊ နားနေတဲ့နေရာလေး တည်ဆောက်ဖို့အတွက် စိတ်ကူးကောင်းကောင်းနဲ့ ဆန်းပြားတဲ့ ဒီဇိုင်းအပြင်အဆင်လေးတွေ နဲ့ ချစ်စရာကောင်းအောင်တည်ဆောက်ထားမယ်ဆိုရင် တကယ့်ကိုပဲ သင့်ရဲ့စိတ်ကိုဆွဲဆောင်စေမှာပါ။

လူတစ်ယောက်နှစ်ယောက်စာ နေရာကလေးကနေ ကိုယ့်ရဲ့ချစ်စရာကောင်းတဲ့ ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခု ဖြစ်သွားအောင် ပြင်ဆင်တတ်ဖို့ အပြင်အဆင် နည်းလမ်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ စားပွဲထိုင်ခုံလေးတွေကို နေရာကောင်းကောင်းချတတ်ဖို့လိုပါတယ်။ ကိုယ့်အိမ်ရဲ့လသာဆောင်အဖြစ်ထားရှိထားတဲ့ နေရာလေး နဲ့ လိုက်ဖက်တဲ့ စားပွဲ၊ ဆိုဖာခုံလေးတွေ ထည့်သွင်းပြင်ဆင်ပါ။

ဝရန်တာလည်း ဖြစ်နိုင်သလို၊ အမိုးလွတ်အခန်ငယ်လေးလည်း ဖြစ်နိုင်တာကြောင့် ဒီနေရာမှာ ဘယ်လိုပစ္စည်းလေးတွေ ထားရှိမလဲဆိုတာ ကို ပြင်ဆင်ပြီး စနစ်တကျနဲ့စွဲဆောင်မှုရှိရှိ ပြင်ဆင်ထားရှိပါ။ အေးဆေးတည်ငြိမ်ပြီး စိတ်အေးလက်အေးနားယူလို့ ရနိုင်မယ့် အခန်း၊ လသာဆောင် နေရာအဖြစ်ထားရှိပါ။

၂။ အလှဆင်ပစ္စည်းလေးတွေ ထည့်သွင်းပြင်ဆင်ပါ။ ရောင်စုံပန်း ပင်လေးတွေ၊ စိမ်းစိုနေတဲ့ အပင်လေးတွေ၊ အလှဆင်ပစ္စည်းလေး တွေ၊ ချစ်စရာကောင်းတဲ့ ခေါင်းအုံးလေးတွေ၊ ခုံလေးတွေ၊ စသဖြင့် ပြင်ဆင်ပါ။ ချစ်စရာကောင်းပြီး ရောင်စုံထိုင်ခုံလေးတွေ၊ ကော်ဖီစားပွဲလေးတွေက တကယ့်ကိုထူးခြားပြီး လှပပါတယ်။

၃။ ပန်းပင်လေးတွေ စိုက်ပျိုးပါ။ ရောင်စုံဖူးပွင့်နေတဲ့ ပန်းပင်ကလေးတွေ၊ ပန်းအိုးကလေးတွေ လသာဆောင်မှာ စိုက်ပျိုးထားပါ။ ပန်းပင် လေးတွေစိုက်ပျိုးခြင်းက အလွယ်ကူဆုံး အိမ်အလှပြင်ဆင်ခြင်းနည်းလမ်းပါပဲ။ ချစ်စရာကောင်းတဲ့ ပန်းအိုး၊ ပန်းဆိုင်းကလေးတွေ၊ ပန်းပွင့်ကလေးတွေက သင့်ကို တကယ်စွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

၄။ ဆေးရောင်လှလှကလေးတွေ၊ ကြမ်းခင်းလှလှကလေးတွေ ခင်းကျင်းပါ။ ကိုယ့်ရဲ့လသာဆောင်ကလေးနဲ့လိုက်ဖက်ညီမှုရှိတဲ့ ဆေးရောင်လှလှကလေးတွေပြင်ဆင်သုတ်ခြယ်ပါ။တည်ငြိမ်ပြီးမျက်စိအေးတဲ့ ဆေးရောင်ကလေးတွေ၊ ဒါမှမဟုတ် နွေးနွေးထွေး ထွေးနဲ့ ချစ်စရာကောင်းတဲ့ ဆေးရောင်စုံကလေးတွေ၊ နောက်စွဲဆောင်မှုရှိတဲ့ အရောင်တောက်တောက်ကလေးတွေ စသဖြင့်နဲ့ ကြည့်ကောင်းပြီးလိုက်ဖက်တဲ့ ဆေးရောင်ကလေးတွေကလည်း လသာဆောင်လေးရဲ့ အလှကိုပံ့ပိုးပေးနိုင်ပါတယ်။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

ခ်စ္စရာေကာင္းၿပီး စြဲေဆာင္မႈရွိတဲ့ လသာေဆာင္ကေလးေတြ ဖန္တီးျပင္ဆင္ၾကမယ္….


ညေနခင္းဆည္းဆာေနဝင္ခ်ိန္ေတြ၊ ညဘက္အလင္းေရာင္ေပ်ာက္ တဲ့ အခ်ိန္မ်ိဳးေတြဆိုရင္ အိမ္ေရွ႕ဝရန္တာ၊ လသာေဆာင္ ေလး ေတြမွာ ၿငိမ္ၿငိမ္ကေလးထိုင္ကာ ေကာင္းကင္က လေရာင္နဲ႔ ၾကယ္ ပြင့္ေလး ေတြေမာ့ၾကည့္ၿပီးေတာ့အေတြးစိတ္ကူးေလးေတြယဥ္ၿပီးေတာ့ ၾကည္ႏူးရတဲ့အခိုက္အတန႔္ေလးေတြ ရွိဖူးၾကမွာပါ။

ဒီလိုကိုယ့္ ရဲ႕ကိုယ္ပိုင္စိတ္ႀကိဳက္အခ်ိန္ကေလးမွာ တကယ့္ကိုေပ်ာ္စရာ ေကာင္းတဲ့ စိတ္ကူးအေတြးကေလးေတြထဲမွာပဲ စီးေမ်ာရင္း ကုန္ဆုံးရတဲ့အရသာက တကယ့္ကိုခံစားလို႔ ေကာင္းတဲ့အခ်ိန္ ကေလးတစ္ခုပဲ ျဖစ္မွာပါ။

ဒီလိုလသာေဆာင္၊ နားေနတဲ့ေနရာေလး တည္ေဆာက္ဖို႔အတြက္ စိတ္ကူးေကာင္းေကာင္းနဲ႔ ဆန္းျပားတဲ့ ဒီဇိုင္းအျပင္အဆင္ေလးေတြ နဲ႔ ခ်စ္စရာေကာင္းေအာင္တည္ေဆာက္ထားမယ္ဆိုရင္ တကယ့္ကိုပဲ သင့္ရဲ႕စိတ္ကိုဆြဲေဆာင္ေစမွာပါ။

လူတစ္ေယာက္ႏွစ္ေယာက္စာ ေနရာကေလးကေန ကိုယ့္ရဲ႕ခ်စ္စရာေကာင္းတဲ့ ကိုယ္ပိုင္သီးသန႔္ ကမာၻငယ္ေလးတစ္ခု ျဖစ္သြားေအာင္ ျပင္ဆင္တတ္ဖို႔ အျပင္အဆင္ နည္းလမ္းလမ္းေကာင္းေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ စားပြဲထိုင္ခုံေလးေတြကို ေနရာေကာင္းေကာင္းခ်တတ္ဖို႔လိုပါတယ္။ ကိုယ့္အိမ္ရဲ႕လသာေဆာင္အျဖစ္ထားရွိထားတဲ့ ေနရာေလး နဲ႔ လိုက္ဖက္တဲ့ စားပြဲ၊ ဆိုဖာခုံေလးေတြ ထည့္သြင္းျပင္ဆင္ပါ။

ဝရန္တာလည္း ျဖစ္ႏိုင္သလို၊ အမိုးလြတ္အခန္ငယ္ေလးလည္း ျဖစ္ႏိုင္တာေၾကာင့္ ဒီေနရာမွာ ဘယ္လိုပစၥည္းေလးေတြ ထားရွိမလဲဆိုတာ ကို ျပင္ဆင္ၿပီး စနစ္တက်နဲ႔စြဲေဆာင္မႈရွိရွိ ျပင္ဆင္ထားရွိပါ။ ေအးေဆးတည္ၿငိမ္ၿပီး စိတ္ေအးလက္ေအးနားယူလို႔ ရႏိုင္မယ့္ အခန္း၊ လသာေဆာင္ ေနရာအျဖစ္ထားရွိပါ။

၂။ အလွဆင္ပစၥည္းေလးေတြ ထည့္သြင္းျပင္ဆင္ပါ။ ေရာင္စုံပန္း ပင္ေလးေတြ၊ စိမ္းစိုေနတဲ့ အပင္ေလးေတြ၊ အလွဆင္ပစၥည္းေလး ေတြ၊ ခ်စ္စရာေကာင္းတဲ့ ေခါင္းအုံးေလးေတြ၊ ခုံေလးေတြ၊ စသျဖင့္ ျပင္ဆင္ပါ။ ခ်စ္စရာေကာင္းၿပီး ေရာင္စုံထိုင္ခုံေလးေတြ၊ ေကာ္ဖီစားပြဲေလးေတြက တကယ့္ကိုထူးျခားၿပီး လွပပါတယ္။

၃။ ပန္းပင္ေလးေတြ စိုက္ပ်ိဳးပါ။ ေရာင္စုံဖူးပြင့္ေနတဲ့ ပန္းပင္ကေလးေတြ၊ ပန္းအိုးကေလးေတြ လသာေဆာင္မွာ စိုက္ပ်ိဳးထားပါ။ ပန္းပင္ ေလးေတြစိုက္ပ်ိဳးျခင္းက အလြယ္ကူဆုံး အိမ္အလွျပင္ဆင္ျခင္းနည္းလမ္းပါပဲ။ ခ်စ္စရာေကာင္းတဲ့ ပန္းအိုး၊ ပန္းဆိုင္းကေလးေတြ၊ ပန္းပြင့္ကေလးေတြက သင့္ကို တကယ္စြဲေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

၄။ ေဆးေရာင္လွလွကေလးေတြ၊ ၾကမ္းခင္းလွလွကေလးေတြ ခင္းက်င္းပါ။ ကိုယ့္ရဲ႕လသာေဆာင္ကေလးနဲ႔လိုက္ဖက္ညီမႈရွိတဲ့ ေဆးေရာင္လွလွကေလးေတြျပင္ဆင္သုတ္ျခယ္ပါ။တည္ၿငိမ္ၿပီးမ်က္စိေအးတဲ့ ေဆးေရာင္ကေလးေတြ၊ ဒါမွမဟုတ္ ေႏြးေႏြးေထြး ေထြးနဲ႔ ခ်စ္စရာေကာင္းတဲ့ ေဆးေရာင္စုံကေလးေတြ၊ ေနာက္စြဲေဆာင္မႈရွိတဲ့ အေရာင္ေတာက္ေတာက္ကေလးေတြ စသျဖင့္နဲ႔ ၾကည့္ေကာင္းၿပီးလိုက္ဖက္တဲ့ ေဆးေရာင္ကေလးေတြကလည္း လသာေဆာင္ေလးရဲ႕ အလွကိုပံ့ပိုးေပးႏိုင္ပါတယ္။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)