1223 Views

နေအိမ်နဲ့ လိုက်ဖက်တဲ့ ကြမ်းခင်းပြင် အခင်းတွေကို ရွေးချယ်တတ် စေဖို့

[Unicode]

နေအိမ်တစ်လုံးရဲ့ အဓိကအစိတ်အပိုင်း အိမ်အလုံးအထည်၊ အိမ်အမိုးအကာအရံတွေအပြင်အဖြစ် အရေးပါတဲ့နောက်ထပ်အရာ တစ်ခု ကတော့ ကြမ်းခင်းပြင်တွေပါပဲ။ ကြမ်းခင်းပြင်တွေက အိမ်တစ်အိမ် လုံးရဲ့ အများဆုံးနဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေဖြစ်ပါတယ်။ နောက်ပြီး အိမ်ရဲ့အလှအပနဲ့ ခမ်းနားထည်ဝါခြင်းတွေကို အိမ်ရဲ့ ကြမ်းခင်းပြင် အပြင်အဆင်တွေကနေ အလှဆင်ပြင်ဆင်နိုင်ပါတယ်။

ခမ်းနားထည်ဝါတဲ့ ကြမ်းခင်းပြင်တွေ၊ လှပပြီးစွဲဆောင်မှုရှိတဲ့ အခင်း အကျင်းတွေ၊ ဒီဇိုင်းဆန်းဆန်းနဲ့ ခိုင်ခံ့တဲ့ကြမ်းခင်းပြင်တွေကြောင့် အိမ်ရဲ့ပြီးပြည့်စုံပြီး စွဲဆောင်မှုရှိတဲ့ အလှတရားကို ပေါ်လွင်စေတာ ဖြစ်ပါတယ်။


ဒီတော့ အိမ်ရဲ့အရေးကြီးတဲ့ ကြမ်းခင်းပြင်တွေကို ဘယ်လိုမျိုးဆန်း ကြယ်ပြီး ခမ်းနားတဲ့ အခင်းအပြင်အဆင်တွေ ဘယ်လိုပြင်ဆင်ခင်း ကျင်းကြရမယ့် ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကြမ်းခင်းပြင်ကို အိမ်နဲ့လိုက်ဖက်တဲ့ ဆေးရောင်တွေ သုတ်ဖို့ကိုပဲ စဉ်းစားပါ။ အရမ်းကြီးကွဲထွက်ပြီး ဆန့်ကျင်တဲ့အရောင်တွေ မဟုတ် ပဲနဲ့ပေါ့။

ဥပမာ - အိမ်ကအရောင်ဖျော့နဲ့ အနည်းငယ်အလင်းရောင် ဖျော့တဲ့ အရောင်ဘက်ကိုရွေးချယ်ထားတယ်ဆိုရင် ကြမ်းခင်းပြင်ကိုလည်း တအားကြီးအရောင်တောက်မယ့် ကြမ်းခင်းနဲ့ဒီဇိုင်းကို ဆန်း ပြားလို့ မရနိုင်ပါဘူး။ မီးခိုးရောင်၊ အဖြူရောင်၊ အညိုရောင် စသဖြင့် အရောင်တွေနဲ့ အများဆုံးအသုံးပြုခင်းကျင်းကြပါတယ်။

၂။ နောက်တစ်ခုက အခင်းရွေးချယ်တဲ့ ပစ္စည်းကုန်ကြမ်းကို ရွေးချယ်ပါ။ အခင်းကို ကြွေပြားလား၊ ကျွန်းသစ်လား၊ ဒါမှမဟုတ် ခု နောက်ပိုင်းခေတ်စားနေတဲ့ အခင်းပြားပစ္စည်းသစ် တွေမျိုးနဲ့လား ဆိုတာ သေချာရွေးချယ်သင့်ပါတယ်။

 

ရေရှည်လည်းခံရမယ်။ ပစ္စည်း အရည်အသွေးလည်း ကောင်းရမယ်ဆိုတဲ့ အခင်းပြားတွေကို ရွေးချယ်သင့်ပါတယ်။ ရေစိုခံရမယ်။ တာရှည်ခံရမယ်။ ခြေနင်းနူးညံ့ပြီး ခမ်းနားသပ်ရပ်မှုရှိရမယ်။

၃။ ဒီဇိုင်းကို ရွေးချယ်ပါ။ ခမ်းနားထည်ဝါတဲ့ ဒီဇိုင်းတွေ၊ စွဲဆောင်မှုရှိ ပြီးတော့ ဆန်းကျယ်တဲ့ဒီဇိုင်းတွေ၊ အိမ်နဲ့လိုက်ဖက်ညီတဲ့ လှပတဲ့ ကြမ်းပြင်အခင်းဒီဇိုင်းတွေက အိမ်ရဲ့ကြည့်ကောင်းခြင်း အလှကိုပြည့်စုံစေနိုင်ပါတယ်။

ထူးထူးခြားခြား ဒီဇိုင်းနဲ့ ခင်းကျင်းထားတဲ့အတွက်ကြောင့်လည်း အမြင်ကိုစွဲဆောင်ပြီး နှစ်သက်စရာကောင်းနေတာ ဖြစ်ပါတယ်။ သာမန်ကြမ်းခင်းပြားတွေနဲ့ အရည်အသွေးကော အခင်းအကျင်းတွေပါ တူသော်လည်းပဲ ခင်းတဲ့စိတ်ကူးချင်း၊ ဒီဇိုင်းပုံ ဖော်တာချင်း မတူတာ ကြောင့် ပိုပြီးထူးခြားနေရတာဖြစ်ပါတယ်။

၄။ အိမ်ရဲ့အခန်းအသီးသီးအလိုက် လိုက်ဖက်မယ့်စိတ်ကူးနဲ့ ဒီဇိုင်း ပုံစံအခင်းအကျင်းတွေကို လိုက်ဖက်ညီစွာရွေးချယ်ပါ။ ဧည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ နားနေခန်း၊ စာကြည့်ခန်းစသဖြင့် အသီးသီးခွဲခြားထားတဲ့ အခန်းတွေမှာကွဲပြားတဲ့ ကြမ်းခင်းပြင်ဒီဇိုင်းလေးကို ရွေးချယ်ခင်းကျင်းပါ။ ဧည့်ခန်းဆိုရင် ခမ်းနာပြီးကျက်သရေရှိလှ တဲ့ဒီဇိုင်း၊ ထည်ထည်ဝါဝါနဲ့တကယ့်ကို ကြီးကျယ်လှပတဲ့ ကြမ်းခင်း ဒီဇိုင်းတွေမျိုးကို ခင်းကျင်းပါ။

၅။ အိပ်ခန်းဆိုရင်လည်း အိပ်ခန်းမှာ နေချင်စရာအခင်းအကျင်း၊ အိပ်ခန်းနဲ့လိုက်ဖက်တဲ့ဒီဇိုင်း၊ အရောင်၊ နံရံတွေနဲ့ လိုက်ဖက်တဲ့ အခင်းအကျင်း မျက်စိအေးချမ်းစေမယ့်အရောင်၊ရေချိုးခန်းအိမ်သာမှာဆိုရင်လည်း အများဆုံးအားဖြင့် ကြွေပြားအခင်းအကျင်း၊ ကျောက်စရစ် အခင်းပြားအခင်းအကျင်းမျိုးကိုရွေးချယ်ပါ။


ထမင်း စားခန်းတွေမှာဆိုရင်လည်း နွေးထွေးတဲ့ အခင်းပြား၊ သန့်ရှင်း တောက်ပြောင်တဲ့ အခင်းပြားတွေကို ရွေးချယ်နိုင်ပါတယ်။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

ေနအိမ္နဲ႔ လိုက္ဖက္တဲ့ ၾကမ္းခင္းျပင္ အခင္းေတြကို ေ႐ြးခ်ယ္တတ္ ေစဖို႔


ေနအိမ္တစ္လုံးရဲ႕ အဓိကအစိတ္အပိုင္း အိမ္အလုံးအထည္၊ အိမ္အမိုးအကာအရံေတြအျပင္အျဖစ္ အေရးပါတဲ့ေနာက္ထပ္အရာ တစ္ခု ကေတာ့ ၾကမ္းခင္းျပင္ေတြပါပဲ။ ၾကမ္းခင္းျပင္ေတြက အိမ္တစ္အိမ္ လုံးရဲ႕ အမ်ားဆုံးနဲ႔ အေရးႀကီးဆုံး အစိတ္အပိုင္းေတြျဖစ္ပါတယ္။ ေနာက္ၿပီး အိမ္ရဲ႕အလွအပနဲ႔ ခမ္းနားထည္ဝါျခင္းေတြကို အိမ္ရဲ႕ ၾကမ္းခင္းျပင္ အျပင္အဆင္ေတြကေန အလွဆင္ျပင္ဆင္ႏိုင္ပါတယ္။

ခမ္းနားထည္ဝါတဲ့ ၾကမ္းခင္းျပင္ေတြ၊ လွပၿပီးစြဲေဆာင္မႈရွိတဲ့ အခင္း အက်င္းေတြ၊ ဒီဇိုင္းဆန္းဆန္းနဲ႔ ခိုင္ခံ့တဲ့ၾကမ္းခင္းျပင္ေတြေၾကာင့္ အိမ္ရဲ႕ၿပီးျပည့္စုံၿပီး စြဲေဆာင္မႈရွိတဲ့ အလွတရားကို ေပၚလြင္ေစတာ ျဖစ္ပါတယ္။
ဒီေတာ့ အိမ္ရဲ႕အေရးႀကီးတဲ့ ၾကမ္းခင္းျပင္ေတြကို ဘယ္လိုမ်ိဳးဆန္း ၾကယ္ၿပီး ခမ္းနားတဲ့ အခင္းအျပင္အဆင္ေတြ ဘယ္လိုျပင္ဆင္ခင္း က်င္းၾကရမယ့္ ဒီဇိုင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ၾကမ္းခင္းျပင္ကို အိမ္နဲ႔လိုက္ဖက္တဲ့ ေဆးေရာင္ေတြ သုတ္ဖို႔ကိုပဲ စဥ္းစားပါ။ အရမ္းႀကီးကြဲထြက္ၿပီး ဆန႔္က်င္တဲ့အေရာင္ေတြ မဟုတ္ ပဲနဲ႔ေပါ့။ ဥပမာ - အိမ္ကအေရာင္ေဖ်ာ့နဲ႔ အနည္းငယ္အလင္းေရာင္ ေဖ်ာ့တဲ့ အေရာင္ဘက္ကိုေ႐ြးခ်ယ္ထားတယ္ဆိုရင္ ၾကမ္းခင္းျပင္ကိုလည္း တအားႀကီးအေရာင္ေတာက္မယ့္ ၾကမ္းခင္းနဲ႔ဒီဇိုင္းကို ဆန္း ျပားလို႔ မရႏိုင္ပါဘူး။ မီးခိုးေရာင္၊ အျဖဴေရာင္၊ အညိဳေရာင္ စသျဖင့္ အေရာင္ေတြနဲ႔ အမ်ားဆုံးအသုံးျပဳခင္းက်င္းၾကပါတယ္။

၂။ ေနာက္တစ္ခုက အခင္းေ႐ြးခ်ယ္တဲ့ ပစၥည္းကုန္ၾကမ္းကို ေ႐ြးခ်ယ္ပါ။ အခင္းကို ေႂကြျပားလား၊ ကြၽန္းသစ္လား၊ ဒါမွမဟုတ္ ခု ေနာက္ပိုင္းေခတ္စားေနတဲ့ အခင္းျပားပစၥည္းသစ္ ေတြမ်ိဳးနဲ႔လား ဆိုတာ ေသခ်ာေ႐ြးခ်ယ္သင့္ပါတယ္။ ေရရွည္လည္းခံရမယ္။ ပစၥည္း အရည္အေသြးလည္း ေကာင္းရမယ္ဆိုတဲ့ အခင္းျပားေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။ ေရစိုခံရမယ္။ တာရွည္ခံရမယ္။ ေျခနင္းႏူးညံ့ၿပီး ခမ္းနားသပ္ရပ္မႈရွိရမယ္။

၃။ ဒီဇိုင္းကို ေ႐ြးခ်ယ္ပါ။ ခမ္းနားထည္ဝါတဲ့ ဒီဇိုင္းေတြ၊ စြဲေဆာင္မႈရွိ ၿပီးေတာ့ ဆန္းက်ယ္တဲ့ဒီဇိုင္းေတြ၊ အိမ္နဲ႔လိုက္ဖက္ညီတဲ့ လွပတဲ့ ၾကမ္းျပင္အခင္းဒီဇိုင္းေတြက အိမ္ရဲ႕ၾကည့္ေကာင္းျခင္း အလွကိုျပည့္စုံေစႏိုင္ပါတယ္။ ထူးထူးျခားျခား ဒီဇိုင္းနဲ႔ ခင္းက်င္းထားတဲ့အတြက္ေၾကာင့္လည္း အျမင္ကိုစြဲေဆာင္ၿပီး ႏွစ္သက္စရာေကာင္းေနတာ ျဖစ္ပါတယ္။ သာမန္ၾကမ္းခင္းျပားေတြနဲ႔ အရည္အေသြးေကာ အခင္းအက်င္းေတြပါ တူေသာ္လည္းပဲ ခင္းတဲ့စိတ္ကူးခ်င္း၊ ဒီဇိုင္းပုံ ေဖာ္တာခ်င္း မတူတာ ေၾကာင့္ ပိုၿပီးထူးျခားေနရတာျဖစ္ပါတယ္။

၄။ အိမ္ရဲ႕အခန္းအသီးသီးအလိုက္ လိုက္ဖက္မယ့္စိတ္ကူးနဲ႔ ဒီဇိုင္း ပုံစံအခင္းအက်င္းေတြကို လိုက္ဖက္ညီစြာေ႐ြးခ်ယ္ပါ။ ဧည့္ခန္း၊ အိပ္ခန္း၊ ထမင္းစားခန္း၊ နားေနခန္း၊ စာၾကည့္ခန္းစသျဖင့္ အသီးသီးခြဲျခားထားတဲ့ အခန္းေတြမွာကြဲျပားတဲ့ ၾကမ္းခင္းျပင္ဒီဇိုင္းေလးကို ေ႐ြးခ်ယ္ခင္းက်င္းပါ။ ဧည့္ခန္းဆိုရင္ ခမ္းနာၿပီးက်က္သေရရွိလွ တဲ့ဒီဇိုင္း၊ ထည္ထည္ဝါဝါနဲ႔တကယ့္ကို ႀကီးက်ယ္လွပတဲ့ ၾကမ္းခင္း ဒီဇိုင္းေတြမ်ိဳးကို ခင္းက်င္းပါ။

၅။ အိပ္ခန္းဆိုရင္လည္း အိပ္ခန္းမွာ ေနခ်င္စရာအခင္းအက်င္း၊ အိပ္ခန္းနဲ႔လိုက္ဖက္တဲ့ဒီဇိုင္း၊ အေရာင္၊ နံရံေတြနဲ႔ လိုက္ဖက္တဲ့ အခင္းအက်င္း မ်က္စိေအးခ်မ္းေစမယ့္အေရာင္၊ေရခ်ိဳးခန္းအိမ္သာမွာဆိုရင္လည္း အမ်ားဆုံးအားျဖင့္ ေႂကြျပားအခင္းအက်င္း၊ ေက်ာက္စရစ္ အခင္းျပားအခင္းအက်င္းမ်ိဳးကိုေ႐ြးခ်ယ္ပါ။
ထမင္း စားခန္းေတြမွာဆိုရင္လည္း ေႏြးေထြးတဲ့ အခင္းျပား၊ သန႔္ရွင္း ေတာက္ေျပာင္တဲ့ အခင္းျပားေတြကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)