1478 Views

မီးဖိုချောင်သုံးပစ္စည်းများ နှင့် လက်တွေ့အသုံးချနိုင်သော အကြံပေးလေးများ

[Unicode]

တိုးတက်နေတဲ့ခုလိုအချိန်အခါမှာ အားလုံးသော လူတွေဟာ တိုးတက်နေတဲ့ အရာရာတိုင်း နဲ့အတူ အမြဲ ကိုယ့်ကို ကိုယ်လဲ တိုးတက်အောင်လေ့လာ နေကြရတာ အားလပ်မှုဆိုတဲ့အချိန်ဟာအင်မတင် ရှားပါးလာပါတယ်။ အလုပ်လုပ်နေသူကော အိမ်မှာ ပဲနေရသူကော အားလုံး ကိုယ်လုပ်နေတဲ့နေစဉ်လုပ်နေကြအလုပ်ကို အမြဲတစေ လေ့လာနိုင်မှ ကိုယ့်အတွက် နေ့စဉ်အလုပ်မှာအထောက်အကူ ဖြစ်မှာပါ။

အိမ်ရှင်မ တွေအတွက်လဲနည်းလမ်းသစ်လေး တွေ လွယ်ကူတာလေး တွေရှိလာပါပြီ။ အခုဆိုရင် မီးဖိုချောင်အတွက် အလွယ်တကူ အသုံးပြုနိုင်တဲ့ မီးဖိုချောင်ပစ္စည်းတွေလဲဝယ်ယူသုံးစွဲလို့ရတော့ အရင်ကလို ခေါင်းကိုက် စရာမလိုတော့ပါဘူး။ မီးဖိုချောင်အတွက် လက်တွေအသုံးချနိုင်သော နည်းအကြံပြု စာအုပ်လေး ကိုရေးဖြစ်တာကလဲ မစည် ရဲ့ ဘဝမှာတွေ့ ကြုံဆုံခဲ့ရတဲ့ သူတွေရဲ့ မီးဖိုချောင် မှ အခက်အခဲလေးတွေကို အမြဲလိုလို ဝင်ရောက်ဖြေရှင်းပေးရင်းနဲ့ အဆင်ပြေသွား ကြတာတွေကို အားလုံးအတွက် အသုံးဝင်မယ်လို့ထင်တာလေး တွေကိုပြန်လည်မျှဝေလိုက်ပါ။

မီးဖိုချောင်မှာ ရှိသင့် ရှိထိုက်တာလေး များနှင့် အသုံးဝင်ပုံ

Lock & Lock container လေအလုံ ပိတ်လို့ရတဲ့ဘူး – ဘာကြောင့် အသုံးဝင်လဲ ? ဆိုဒ်အစုံနဲ့ လေအလုံပိတ်တဲ့ဘူးလေး တွေပေါ်လာတာ တကယ်ပဲ အိမ်ရှင်မတွေအတွက် ကယ်တင်ရှင်ပါ။ အလုပ်လုပ် တဲ့ အိမ်ရှင်မ တွေ၊ အိမ်မှာလူဦးရေများတဲ့အိမ်ရှင်မတွေအတွက် ဟင်းများများချက်ပြီးထည်ခဲထားလို့ရတဲ့ဒီဘူးလေးတွေ ဟာအင်မတန်အထောက်အကူပြုပါတယ်။ ဟင်းကို များများချက်ပြီး တစ်ခါ စားလောက်လေး တွေ ဘူးထဲထည့်ပြီး (Freezer) ထဲထည့်ခဲ ထားချင်းဖြင့် နေ့တိုင်းဟင်းချက်ရတဲ့ အချိန်လေးတွေပိုလာတော့ မုန့်ဖုတ်တာ တို့ရုပ်ရှင်ကြည့်တာတို့နဲ့အနားယူ လို့ရတာပေါ့ ။

စားခါ နည်းကြမှ မီးဖိုပေါ် ဒါမှမဟုတ် မိုက်ကရိုဝေ့ ထဲ ထုပ်နွေးလို့ ရသလို မနက်စားမယ် ဆိုညထဲက ရေခဲသေတ္တာ အောက်ထပ်ထဲ မှာ အရည်ပျော် အောင်ထားလို့လဲရပါတယ်။ ဟင်းတည့်ရာမှာလဲလိုပါတယ် အခုလို ခဲထားမယ်ဆိုရင် ဟင်းတုံးများ ကို အရမ်းနှုးအိနေအောင် မတည်ပါနဲ့။ ရေအနည်းငယ် ရောပြီး ပြန်နွေးလို့ရအောင် လောက်ထိပဲထားပါ။ ဟင်းချက်လို့ခဲမယ်ဆိုလျှင် ဟင်းကို အေးမှ ဘူးထဲ ထည့်ပါ ပြီးမှ အလုံပိတ်ပြီး ဖရီဇာ(Freezer) ထဲ ထည့်ခဲပါ။ ဘူးလေး တွေမှာ ဘာဟင်းထဲ့ခဲတာတယ်ဆိုတာ နဲ့ ဟင်းချက် တဲ့ရက်ကို အမှတ်အသားလေး နဲ့ ရေးပြီး ထားလျှင်ပိုလို့တောင်လွယ်ကူ ပါတယ်။ ဘာဟင်းပြီး လျှင် ဘာဟင်းစားလို့ရတယ်။ တပတ်လုံး menu ကြိုရေးထားတဲ့သဘောပေ့ါ။

အခုလို ဟင်းကိုကြိုပြီးချက်ခဲထားတာကို တချို့ ကမလတ်ဆက်ဘူးလို့ ယူဆသလို အရသာ ပြောင်းသွားတယ်လို့လဲခံယူထားသူတွေ ရှိပါတယ်။အခုလိုခဲတယ်ဆိုတာ ချက်မယ့်ဟင်း နဲ့ ကိုယ်ခဲ ထားတဲ့အချိန်ပေါ်မှုတည် ပါတယ်။ ဟင်းချက် ပြီး မခဲချင်ဘူးဆိုရင်တော့ ဟင်းချက်ရင် ထောက်အကူပြုနိုင်တဲ့ ကြက်သွန် ဖြူ၊ ကြက်သွန်နီ၊ ချင်း နဲ့ ငရုတ်သီးခြောက်မှုန့် အားလုံးကို ကြိတ်စက်ညှက်တဲ့အထိ ရောကြိတ် တာပဲဖြစ်ဖြစ် (သို့) ထောင်းတာပဲဖြစ်ဖြစ် တပတ်စာ လေလုံ (lock & lock) ဘူးထဲ ထည့်ခဲ ထားလို့ရပါတယ်။ သုံးခါနည်း ၂ နာရီအလို လောက်အပြင် မှာထားလိုက်လျှင် ချက်ချင်းထောင်းထားတဲ့ ကြက်သွန်ဖြူ/နီ အတိုင်းလိုပဲ ရရှိပါတယ်။ ဟင်းချက်ခါနည်း ငရုတ် ကြက်သွန်ထောင်းရတဲ့ အချိန်ကုန်စရာ မလိုတော့ဘူးပေါ့။ ဟင်းအနှစ်ကိုလဲ များများချက်ပြီး ခဲထားလို့ရသလို၊ အသီးအနှံတချို့လည်း လတ်ဆက်တဲ့အရသာ မပျက်ခဲထားလို့ရပါတယ်။

ဥပမာ – အုန်းသီး ဆိုရင် မုန့်အမြဲလုပ်စားတတ် သူတွေအတွက် အမြဲအသုံးဝင်နေတာဆိုတော့လိုတဲ့အချိန် အုန်းသီး ဆိုင်သွားဝယ် နေရတဲ့အချိန်ရယ် အုန်းသီးခြစ်ရတဲ့အချိန်တွေ မကုန်စေရန်။ အုန်းသီး ကို များများလေးဝယ် ပြီး အဖတ်ကြီးကြီးလေးတွေ ခြစ်ထား ပြီး လေလုံဘူးလေးထဲထည့်ခဲထားချင်းဖြင့် လနဲ့ ချီလိုသလို အသုံးချလို့ရပါတယ်။

အခု နောက်ပိုင်းအသစ်ထွက်လာတဲ့ ဖန်ဘူး လေလုံဘူး (Lock & Lock) ကပို လို့တောင်ကောင်းသေးတယ်။ အဖုံးဖွင့်ပြီး တခါတည်း မိုက်ကရိုဝေ့ထဲနွေး ပြီး စားပွဲပေါ်တန်းတင် လို့ရတာကြောင့် အလုပ်မရှုပ်တော့ဘူးပေါ။ ဆေးကြောရတာ လဲလွယ်ကူတာကြောင့် အိမ်မှာ ရှိသင့်သော ပစ္စည်းလေးပါ။

အိမ်မှာ ရှိသင့် သော ဓားများ – (Knives)

စဖိုးမှုး knife (သို့)French knife လို့လဲခေါ်တဲ့ အရှည် ၂၆၀ မီလီမီတာ (10 inches) knife ကို မီးဖိုချောင်းတိုင်းမှာ အသုံးအများဆုံး နဲ့ အတွေ့ရဆုံး knife ပါ။ ခုတ်တာ၊ ပိုင်းတာ၊ လှီးတာ၊ တုံးတာ စသည်ဖြင့်နေရာတိုင်းလိုလို မှာ အသုံးပြုကြပါတယ်။ knife ရဲ့နောက်နား အထူက ပိုင်းဖို့ ခုတ်ဖို့ပါ၊ ရှေ့ပိုင်း knife ရဲ့အပါး က အနုစိတ်တွေ အတွက် သုံးဖို့ပါ။

အရိုးထွင် knife Boning and Filleting က ထိတ်ချွန် ပြီး ပါးပါတယ်။ အရှည် ကတော့ ၁၆၀ မီလီမီတာ (6 inches) ပါ။ အသားငါး များ အရိုး ထွင်ရာ တွင် အသုံးပြုတာဖြစ်ပါတယ်။ ကြက်အကောင် တကောင်လုံးကို ပုံမပျက် အရိုးထွင်ရာတွင် သိပ်အသုံးဝင် သော knife ပါ။ ငါး ကြောရိုး များထွင်မယ်ဆိုရင် တော့ knife ရဲ့ ထိပ်ဖျားလေးကို အသုံးပြုလျှင် ပိုကောင်းပါတယ်။

အခွန်ခွာ knife Paring knife ထိပ်ချွန်ချွန် လေး နဲ့ အရှည်က တော့ ၅၀ – ၁၀၀ မီလီမီတာ (2 – 4 inches) လောက်ပဲ ရှည်ပါတယ်။ အသီးအရွက်များကို အခွန်ခွာရန် ၊ မလိုတဲ့ နေရာလေးတွေ လှီးထုပ်ရန် လွယ်ကူ ပေါ့ပါး ပြီးသိပ်ကို အသုံးဝင် သော knife ပါ။

လွှသွား လို့ knife Serrated slicer knife ကလဲ slicer knife လို ပဲအရှည် ကော အရွယ်ပါ ဒါပေမယ့်လွှလို အသွားလေးတွေပါတာ ပဲကွဲခြားပါတယ်။သူ့ကို ပေါင်မှုန့် လှီးတာ၊ ကိတ်မှုန့် လှီးတာ စသည်ဖြင့် သုံးကြပါတယ်။

တရုတ်ဓါးမ Cleaver ကို ပုံ မြင်တာ နဲ့ သိနိုင်ပါတယ် ဘာအတွက်လဲဆိုတာ။ အရိုး တွေပါ တခါတည်းခုတ်လို့ရတာ ကြောင့် မီးဖိုချောင် သေးသေး ကြီးကြီး တွေ့နိုင်ပါတယ်။ လူတိုင်းအားရကျေနပ်ရတဲ့ knife ပါ။

ဓားသွေး သံချောင်း–

စဉ့်နီတုံး – (cutting boards) အရွယ်အစား သုံးမျိုးလောက်ရှိသင့်ပါတယ်။စဉ့်နီတုံး ဟာ လှီးမယ်၊ ခုတ်မယ် ၊ ဖြတ်မယ် ၊ တောက်မယ် စသည့်ဖြင့် အရာတွေများပါတယ်။ အဲဒီ အထဲကမှ ကာလာခွဲပြီး cutting boards ကို သူ့ နေရာနှင့် သူ သုံးသင့်ပါတယ်။ ဆိုင်ကြီး တွေ၊ ဟော်တယ် တွေမှာတော့ color code နဲ့ ခွဲသုံး တာကို အတော်များများတွေ့ရပါ တယ်။

ဘာကြောင့်လဲ ဆိုတော့အစားအစား နဲ့ ပတ်သက်ပြီးရရှိနိုင်တဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ရောဂါ ပိုး (Cross-Contamination) ဥပမာ- အစာအဆိပ်သင့်ချင်း ဒါမှမဟုတ် တခြား ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ကူးစပ်ပိုးမွှားများ အစားအစား တစ်ခုမှနေ တစ်ခု သုံးစွဲနေသော ပစ္စည်းများမှ တဆင့် ကူးစပ်နိုင်သောကြောင့်သာဖြစ်ပါတယ်။

အစားအစား နှင့် ပတ်သက်ပြီး ကျန်းမားရေးကို ထိခိုက်စေနိုင်တဲ့ရောဂါ တော်တော်များများအများ ဆုံးဖြစ်ပေါ်လာရဆုံး ကတော့ cutting board ကနေ အဖြစ်များတာ ကို တွေ့ရပါတယ် လို့ International Health Organization က ဆိုထားပါတယ်… ဒါကြောင့်မို့လို့ ကာလာ ခွဲ cutting boards များ ကို သုံးသင့်ပါတယ်။ အသားငါးအစိမ်းလှီးလျှင် တစ်ခု သက်သက်ထားသင့်ပါတယ်၊ အသီးအနှံများ အတွက် တစ်ခု နောက်ပြီး ချက်ပြီး အစားအစာ လှီးရန်အတွက် တစ်ခု အားလုံးပေါင်း အိမ်သုံး cutting board သုံးခု လောက်ဆို လုံလောက်ပါတယ်။

ဟင်းအိုး နဲ့ ဒယ်အိုး – အိုး ဝယ်လျှင် ဈေးကြီးတာ ကို ကြည်ပြီး စိတ်မပျက်ပါနဲ့။ အိုး ကောင်းကောင်း နဲ့လေးတာကို ဈေးကြီးပေးဝယ်ရ လို့ ခေါင်းကိုက်မိသလိုဖြစ်ချင် ဖြစ်ပါလိမ့်မယ် ဒါပေမယ့် ဟင်းချက်တဲ့အခါအလွယ်တကူ နဲ့ အိုးမကပ်မတူးပဲချက်နိုင်ရင် အဲဒီခေါင်းကိုက်တာ ပြောက်သွားပါလိမ့်မယ်။

ဟင်းအိုးဒယ်အိုး ဝယ်တဲ့အခါ သစ်သား၊ ပလတ်စတစ် လက်ကိုင်တို့ ကိုမဝယ်သင့်ပါဘူး။ အာဗင်ထဲကို ထည့်ပြီး ကင်တဲ့အခါ အခက်အခဲ ရှိနိုင်သလို သစ်သားကအလွယ် တကူ လောင်ကျွမ်းနိုင်သလို ပလတ်စတစ် လက်ကိုင် ရေရှည်သုံးလျှင် အရည်ပျော်လာနိုင်သော ကြောင့်ပါ။ နာမည်ကြီး သော ဟင်းအိုးဒယ်အိုးများဟာ ဈေးကြီးပေမယ့် တသက်တာ အသုံးခံတာကြောင့်ကိုယ့်အတွက် သင့်တော်သော အရွယ်အစား အိုး နဲ့ဒယ်အိုး များကို ကိုယ့်အတွက် နေ့စဉ်ဟင်းကောင်းတခွက်ရရှိဖို့ အတွက် ရင်းနှီမြုပ်နှံသင့်ပါတယ်။

Credit: Syilwinfoodsgarden

 

 

[Zawgyi]

မီးဖိုေခ်ာင္သုံးပစၥည္းမ်ား ႏွင့္ လက္ေတြ႕အသုံးခ်ႏိုင္ေသာ အႀကံေပးေလးမ်ား

 

တိုးတက္ေနတဲ့ခုလိုအခ်ိန္အခါမွာ အားလုံးေသာ လူေတြဟာ တိုးတက္ေနတဲ့ အရာရာတိုင္း နဲ႔အတူ အၿမဲ ကိုယ့္ကို ကိုယ္လဲ တိုးတက္ေအာင္ေလ့လာ ေနၾကရတာ အားလပ္မႈဆိုတဲ့အခ်ိန္ဟာအင္မတင္ ရွားပါးလာပါတယ္။ အလုပ္လုပ္ေနသူေကာ အိမ္မွာ ပဲေနရသူေကာ အားလုံး ကိုယ္လုပ္ေနတဲ့ေနစဥ္လုပ္ေနၾကအလုပ္ကို အၿမဲတေစ ေလ့လာႏိုင္မွ ကိုယ့္အတြက္ ေန႔စဥ္အလုပ္မွာအေထာက္အကူ ျဖစ္မွာပါ။

အိမ္ရွင္မ ေတြအတြက္လဲနည္းလမ္းသစ္ေလး ေတြ လြယ္ကူတာေလး ေတြရွိလာပါၿပီ။ အခုဆိုရင္ မီးဖိုေခ်ာင္အတြက္ အလြယ္တကူ အသုံးျပဳႏိုင္တဲ့ မီးဖိုေခ်ာင္ပစၥည္းေတြလဲဝယ္ယူသုံးစြဲလို႔ရေတာ့ အရင္ကလို ေခါင္းကိုက္ စရာမလိုေတာ့ပါဘူး။ မီးဖိုေခ်ာင္အတြက္ လက္ေတြအသုံးခ်ႏိုင္ေသာ နည္းအႀကံျပဳ စာအုပ္ေလး ကိုေရးျဖစ္တာကလဲ မစည္ ရဲ႕ ဘဝမွာေတြ႕ ႀကဳံဆုံခဲ့ရတဲ့ သူေတြရဲ႕ မီးဖိုေခ်ာင္ မွ အခက္အခဲေလးေတြကို အၿမဲလိုလို ဝင္ေရာက္ေျဖရွင္းေပးရင္းနဲ႔ အဆင္ေျပသြား ၾကတာေတြကို အားလုံးအတြက္ အသုံးဝင္မယ္လို႔ထင္တာေလး ေတြကိုျပန္လည္မွ်ေဝလိုက္ပါ။

မီးဖိုေခ်ာင္မွာ ရွိသင့္ ရွိထိုက္တာေလး မ်ားႏွင့္ အသုံးဝင္ပုံ

Lock & Lock container ေလအလုံ ပိတ္လို႔ရတဲ့ဘူး – ဘာေၾကာင့္ အသုံးဝင္လဲ ? ဆိုဒ္အစုံနဲ႔ ေလအလုံပိတ္တဲ့ဘူးေလး ေတြေပၚလာတာ တကယ္ပဲ အိမ္ရွင္မေတြအတြက္ ကယ္တင္ရွင္ပါ။ အလုပ္လုပ္ တဲ့ အိမ္ရွင္မ ေတြ၊ အိမ္မွာလူဦးေရမ်ားတဲ့အိမ္ရွင္မေတြအတြက္ ဟင္းမ်ားမ်ားခ်က္ၿပီးထည္ခဲထားလို႔ရတဲ့ဒီဘူးေလးေတြ ဟာအင္မတန္အေထာက္အကူျပဳပါတယ္။ ဟင္းကို မ်ားမ်ားခ်က္ၿပီး တစ္ခါ စားေလာက္ေလး ေတြ ဘူးထဲထည့္ၿပီး (Freezer) ထဲထည့္ခဲ ထားခ်င္းျဖင့္ ေန႔တိုင္းဟင္းခ်က္ရတဲ့ အခ်ိန္ေလးေတြပိုလာေတာ့ မုန႔္ဖုတ္တာ တို႔႐ုပ္ရွင္ၾကည့္တာတို႔နဲ႔အနားယူ လို႔ရတာေပါ့ ။

စားခါ နည္းၾကမွ မီးဖိုေပၚ ဒါမွမဟုတ္ မိုက္က႐ိုေဝ့ ထဲ ထုပ္ေႏြးလို႔ ရသလို မနက္စားမယ္ ဆိုညထဲက ေရခဲေသတၱာ ေအာက္ထပ္ထဲ မွာ အရည္ေပ်ာ္ ေအာင္ထားလို႔လဲရပါတယ္။ ဟင္းတည့္ရာမွာလဲလိုပါတယ္ အခုလို ခဲထားမယ္ဆိုရင္ ဟင္းတုံးမ်ား ကို အရမ္းႏႈးအိေနေအာင္ မတည္ပါနဲ႔။ ေရအနည္းငယ္ ေရာၿပီး ျပန္ေႏြးလို႔ရေအာင္ ေလာက္ထိပဲထားပါ။ ဟင္းခ်က္လို႔ခဲမယ္ဆိုလွ်င္ ဟင္းကို ေအးမွ ဘူးထဲ ထည့္ပါ ၿပီးမွ အလုံပိတ္ျပီး ဖရီဇာ(Freezer) ထဲ ထည့္ခဲပါ။ ဘူးေလး ေတြမွာ ဘာဟင္းထဲ့ခဲတာတယ္ဆိုတာ နဲ႔ ဟင္းခ်က္ တဲ့ရက္ကို အမွတ္အသားေလး နဲ႔ ေရးၿပီး ထားလွ်င္ပိုလို႔ေတာင္လြယ္ကူ ပါတယ္။ ဘာဟင္းၿပီး လွ်င္ ဘာဟင္းစားလို႔ရတယ္။ တပတ္လုံး menu ႀကိဳေရးထားတဲ့သေဘာေပ့ါ။

အခုလို ဟင္းကိုႀကိဳၿပီးခ်က္ခဲထားတာကို တခ်ိဳ႕ ကမလတ္ဆက္ဘူးလို႔ ယူဆသလို အရသာ ေျပာင္းသြားတယ္လို႔လဲခံယူထားသူေတြ ရွိပါတယ္။အခုလိုခဲတယ္ဆိုတာ ခ်က္မယ့္ဟင္း နဲ႔ ကိုယ္ခဲ ထားတဲ့အခ်ိန္ေပၚမႈတည္ ပါတယ္။ ဟင္းခ်က္ ၿပီး မခဲခ်င္ဘူးဆိုရင္ေတာ့ ဟင္းခ်က္ရင္ ေထာက္အကူျပဳႏိုင္တဲ့ ၾကက္သြန္ ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္း နဲ႔ င႐ုတ္သီးေျခာက္မႈန႔္ အားလုံးကို ႀကိတ္စက္ညႇက္တဲ့အထိ ေရာႀကိတ္ တာပဲျဖစ္ျဖစ္ (သို႔) ေထာင္းတာပဲျဖစ္ျဖစ္ တပတ္စာ ေလလုံ (lock & lock) ဘူးထဲ ထည့္ခဲ ထားလို႔ရပါတယ္။ သုံးခါနည္း ၂ နာရီအလို ေလာက္အျပင္ မွာထားလိုက္လွ်င္ ခ်က္ခ်င္းေထာင္းထားတဲ့ ၾကက္သြန္ျဖဴ/နီ အတိုင္းလိုပဲ ရရွိပါတယ္။ ဟင္းခ်က္ခါနည္း င႐ုတ္ ၾကက္သြန္ေထာင္းရတဲ့ အခ်ိန္ကုန္စရာ မလိုေတာ့ဘူးေပါ့။ ဟင္းအႏွစ္ကိုလဲ မ်ားမ်ားခ်က္ၿပီး ခဲထားလို႔ရသလို၊ အသီးအႏွံတခ်ိဳ႕လည္း လတ္ဆက္တဲ့အရသာ မပ်က္ခဲထားလို႔ရပါတယ္။

ဥပမာ – အုန္းသီး ဆိုရင္ မုန႔္အၿမဲလုပ္စားတတ္ သူေတြအတြက္ အၿမဲအသုံးဝင္ေနတာဆိုေတာ့လိုတဲ့အခ်ိန္ အုန္းသီး ဆိုင္သြားဝယ္ ေနရတဲ့အခ်ိန္ရယ္ အုန္းသီးျခစ္ရတဲ့အခ်ိန္ေတြ မကုန္ေစရန္။ အုန္းသီး ကို မ်ားမ်ားေလးဝယ္ ၿပီး အဖတ္ႀကီးႀကီးေလးေတြ ျခစ္ထား ၿပီး ေလလုံဘူးေလးထဲထည့္ခဲထားခ်င္းျဖင့္ လနဲ႔ ခ်ီလိုသလို အသုံးခ်လို႔ရပါတယ္။

အခု ေနာက္ပိုင္းအသစ္ထြက္လာတဲ့ ဖန္ဘူး ေလလုံဘူး (Lock & Lock) ကပို လို႔ေတာင္ေကာင္းေသးတယ္။ အဖုံးဖြင့္ၿပီး တခါတည္း မိုက္က႐ိုေဝ့ထဲေႏြး ၿပီး စားပြဲေပၚတန္းတင္ လို႔ရတာေၾကာင့္ အလုပ္မရႈပ္ေတာ့ဘူးေပါ။ ေဆးေၾကာရတာ လဲလြယ္ကူတာေၾကာင့္ အိမ္မွာ ရွိသင့္ေသာ ပစၥည္းေလးပါ။

အိမ္မွာ ရွိသင့္ ေသာ ဓားမ်ား – (Knives)

စဖိုးမႈး knife (သို႔)French knife လို႔လဲေခၚတဲ့ အရွည္ ၂၆၀ မီလီမီတာ (10 inches) knife ကို မီးဖိုေခ်ာင္းတိုင္းမွာ အသုံးအမ်ားဆုံး နဲ႔ အေတြ႕ရဆုံး knife ပါ။ ခုတ္တာ၊ ပိုင္းတာ၊ လွီးတာ၊ တုံးတာ စသည္ျဖင့္ေနရာတိုင္းလိုလို မွာ အသုံးျပဳၾကပါတယ္။ knife ရဲ႕ေနာက္နား အထူက ပိုင္းဖို႔ ခုတ္ဖို႔ပါ၊ ေရွ႕ပိုင္း knife ရဲ႕အပါး က အႏုစိတ္ေတြ အတြက္ သုံးဖို႔ပါ။

အ႐ိုးထြင္ knife Boning and Filleting က ထိတ္ခြၽန္ ၿပီး ပါးပါတယ္။ အရွည္ ကေတာ့ ၁၆၀ မီလီမီတာ (6 inches) ပါ။ အသားငါး မ်ား အ႐ိုး ထြင္ရာ တြင္ အသုံးျပဳတာျဖစ္ပါတယ္။ ၾကက္အေကာင္ တေကာင္လုံးကို ပုံမပ်က္ အ႐ိုးထြင္ရာတြင္ သိပ္အသုံးဝင္ ေသာ knife ပါ။ ငါး ေၾကာ႐ိုး မ်ားထြင္မယ္ဆိုရင္ ေတာ့ knife ရဲ႕ ထိပ္ဖ်ားေလးကို အသုံးျပဳလွ်င္ ပိုေကာင္းပါတယ္။

အခြန္ခြာ knife Paring knife ထိပ္ခြၽန္ခြၽန္ ေလး နဲ႔ အရွည္က ေတာ့ ၅၀ – ၁၀၀ မီလီမီတာ (2 – 4 inches) ေလာက္ပဲ ရွည္ပါတယ္။ အသီးအ႐ြက္မ်ားကို အခြန္ခြာရန္ ၊ မလိုတဲ့ ေနရာေလးေတြ လွီးထုပ္ရန္ လြယ္ကူ ေပါ့ပါး ၿပီးသိပ္ကို အသုံးဝင္ ေသာ knife ပါ။

လႊသြား လို႔ knife Serrated slicer knife ကလဲ slicer knife လို ပဲအရွည္ ေကာ အ႐ြယ္ပါ ဒါေပမယ့္လႊလို အသြားေလးေတြပါတာ ပဲကြဲျခားပါတယ္။သူ႔ကို ေပါင္မႈန႔္ လွီးတာ၊ ကိတ္မႈန႔္ လွီးတာ စသည္ျဖင့္ သုံးၾကပါတယ္။

တ႐ုတ္ဓါးမ Cleaver ကို ပုံ ျမင္တာ နဲ႔ သိႏိုင္ပါတယ္ ဘာအတြက္လဲဆိုတာ။ အ႐ိုး ေတြပါ တခါတည္းခုတ္လို႔ရတာ ေၾကာင့္ မီးဖိုေခ်ာင္ ေသးေသး ႀကီးႀကီး ေတြ႕ႏိုင္ပါတယ္။ လူတိုင္းအားရေက်နပ္ရတဲ့ knife ပါ။

ဓားေသြး သံေခ်ာင္း–

စဥ့္နီတုံး – (cutting boards) အ႐ြယ္အစား သုံးမ်ိဳးေလာက္ရွိသင့္ပါတယ္။စဥ့္နီတုံး ဟာ လွီးမယ္၊ ခုတ္မယ္ ၊ ျဖတ္မယ္ ၊ ေတာက္မယ္ စသည့္ျဖင့္ အရာေတြမ်ားပါတယ္။ အဲဒီ အထဲကမွ ကာလာခြဲၿပီး cutting boards ကို သူ႔ ေနရာႏွင့္ သူ သုံးသင့္ပါတယ္။ ဆိုင္ႀကီး ေတြ၊ ေဟာ္တယ္ ေတြမွာေတာ့ color code နဲ႔ ခြဲသုံး တာကို အေတာ္မ်ားမ်ားေတြ႕ရပါ တယ္။

ဘာေၾကာင့္လဲ ဆိုေတာ့အစားအစား နဲ႔ ပတ္သက္ၿပီးရရွိႏိုင္တဲ့ က်န္းမာေရးကို ထိခိုက္ႏိုင္တဲ့ေရာဂါ ပိုး (Cross-Contamination) ဥပမာ- အစာအဆိပ္သင့္ခ်င္း ဒါမွမဟုတ္ တျခား က်န္းမာေရးကို ထိခိုက္ႏိုင္တဲ့ကူးစပ္ပိုးမႊားမ်ား အစားအစား တစ္ခုမွေန တစ္ခု သုံးစြဲေနေသာ ပစၥည္းမ်ားမွ တဆင့္ ကူးစပ္ႏိုင္ေသာေၾကာင့္သာျဖစ္ပါတယ္။

အစားအစား ႏွင့္ ပတ္သက္ၿပီး က်န္းမားေရးကို ထိခိုက္ေစႏိုင္တဲ့ေရာဂါ ေတာ္ေတာ္မ်ားမ်ားအမ်ား ဆုံးျဖစ္ေပၚလာရဆုံး ကေတာ့ cutting board ကေန အျဖစ္မ်ားတာ ကို ေတြ႕ရပါတယ္ လို႔ International Health Organization က ဆိုထားပါတယ္… ဒါေၾကာင့္မို႔လို႔ ကာလာ ခြဲ cutting boards မ်ား ကို သုံးသင့္ပါတယ္။ အသားငါးအစိမ္းလွီးလွ်င္ တစ္ခု သက္သက္ထားသင့္ပါတယ္၊ အသီးအႏွံမ်ား အတြက္ တစ္ခု ေနာက္ၿပီး ခ်က္ၿပီး အစားအစာ လွီးရန္အတြက္ တစ္ခု အားလုံးေပါင္း အိမ္သုံး cutting board သုံးခု ေလာက္ဆို လုံေလာက္ပါတယ္။

ဟင္းအိုး နဲ႔ ဒယ္အိုး – အိုး ဝယ္လွ်င္ ေဈးႀကီးတာ ကို ၾကည္ၿပီး စိတ္မပ်က္ပါနဲ႔။ အိုး ေကာင္းေကာင္း နဲ႔ေလးတာကို ေဈးႀကီးေပးဝယ္ရ လို႔ ေခါင္းကိုက္မိသလိုျဖစ္ခ်င္ ျဖစ္ပါလိမ့္မယ္ ဒါေပမယ့္ ဟင္းခ်က္တဲ့အခါအလြယ္တကူ နဲ႔ အိုးမကပ္မတူးပဲခ်က္ႏိုင္ရင္ အဲဒီေခါင္းကိုက္တာ ေျပာက္သြားပါလိမ့္မယ္။

ဟင္းအိုးဒယ္အိုး ဝယ္တဲ့အခါ သစ္သား၊ ပလတ္စတစ္ လက္ကိုင္တို႔ ကိုမဝယ္သင့္ပါဘူး။ အာဗင္ထဲကို ထည့္ၿပီး ကင္တဲ့အခါ အခက္အခဲ ရွိႏိုင္သလို သစ္သားကအလြယ္ တကူ ေလာင္ကြၽမ္းႏိုင္သလို ပလတ္စတစ္ လက္ကိုင္ ေရရွည္သုံးလွ်င္ အရည္ေပ်ာ္လာႏိုင္ေသာ ေၾကာင့္ပါ။ နာမည္ႀကီး ေသာ ဟင္းအိုးဒယ္အိုးမ်ားဟာ ေဈးႀကီးေပမယ့္ တသက္တာ အသုံးခံတာေၾကာင့္ကိုယ့္အတြက္ သင့္ေတာ္ေသာ အ႐ြယ္အစား အိုး နဲ႔ဒယ္အိုး မ်ားကို ကိုယ့္အတြက္ ေန႔စဥ္ဟင္းေကာင္းတခြက္ရရွိဖို႔ အတြက္ ရင္းႏွီျမဳပ္ႏွံသင့္ပါတယ္။

Credit: Syilwinfoodsgarden

 

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)