1974 Views

နေအိမ်ခန်းကို ပြောင်းလဲသွားစေမည့် အိမ်တွင်းဒီဇိုင်း ပရိယာယ်များ

သင်သည် လျင်မြန်လွယ်ကူသော အိမ်တွင်းဒီဇိုင်းအလှဆင်နည်းများကို ရှာဖွေနေသည်ဆိုပါက ဒီဇိုင်နာတို့ အကြံပြုထားသည့် ကျော်ကြားသော နည်းလမ်းအချို့ရှိပါသည်။
အဆိုပါနည်းလမ်းများမှာ ငွေကုန်ကြေးကျ သက်သာသည့်အပြင် လွယ်ကူစွာ အကောင်အထည်ဖော်နိုင်သည့် နည်းလမ်းများလည်း ဖြစ်၏။

တစ်ခါတစ်ရံတွင် အသေးငယ်ဆုံးသော အရာကလေးများတွင် အကြီးမားဆုံး အကျိုးသက်ရောက်မှုများ ရှိနေတတ်ပါသည်။
မှန်တစ်ချပ်၊ ပန်းချီတစ်ကား၊ မီးအိမ်တစ်လုံး (သို့မဟုတ်) ပန်းပင်တစ်ပင်မျှ ဖြည့်သွင်းလိုက်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။
အောက်တွင် သင်နေအိမ်ဒီဇိုင်းကို အလွယ်တကူပြောင်းလဲနိုင်မည့် နည်းလမ်းများ ဖော်ပြပေးထားပါသည်။

၁။ အခန်းငယ်များကို အရောင်နုများ၊ လင်းလက်သောအရောင်များ ဆေးသုတ်ပေးခြင်းအားဖြင့် အခန်းပိုမိုကျယ်ဝန်းဟန် ခံစားမှုရရှိစေနိုင်သည်။

ပုံတွင်ဖော်ပြထားသည့် ဧည့်ခန်းကို ကြည့်မည်ဆိုပါက ကျဉ်းမြောင်းသောဧည့်ခန်းကို ကျယ်ဝန်းဟန် ထင်မှတ်စေနိုင်သည်ကို တွေ့နိုင်ပါသည်။

ယခုအခန်းအကျယ်အဝန်းမှာ မည်သူမဆို ကျဉ်းမြောင်းသည်ဟု ပြောဆိုကြမည့် အကျယ်အဝန်းသာရှိသည်။သို့ရာတွင် ကြီးမားသည့် ပြတင်းပေါက်များထားရှိခြင်း၊ နံရံများကို လင်းလက်သည့်အရောင် ဆေးသုတ်ပေးထားခြင်းတို့အပြင် ကြည့်မှန် များ များများစားစား ထားရှိပေးခြင်းကလည်း ပြတင်းများ ၊ တံခါးများမှ ဝင်ရောက်လာသည့် သဘာဝအလင်းကို ရောင်ပြန်စေရုံ သာမက မှန်များကြောင့် အခန်းအကျယ်အဝန်းအပေါ် အမြင်အာရုံလှည့်စားမှုဖြစ်စေကာ အမှန်တကယ် အကျယ်အဝန်း ထက် ပိုမိုကျယ်ဝန်းဟန် ခံစားချက် ဖြစ်ပေါ်လာစေပါသည်။

အပြန်အလှန်အားဖြင့်ဆိုရလျှင် အမှောင်အရောင်များကို အသုံးပြုပါက အခန်းတစ်ခန်းကို အမှန်တကယ်အကျယ်အဝန်းအောက် ကျဉ်းမြောင်းသယောင် ခံစားရစေမည် ဖြစ်သည်။

အမှောင်ရောင်များ အသုံးပြုထားသောအခန်းတွင် သဘာဝအလင်းကောင်းမွန်ပြီး မှန်များအသုံးပြုစေသည့်တိုင် အဆိုပါမှန်များကြောင့် အမှောင်မြင်ကွင်းများ ပိုမိုများပြားလာကာ ပိုမို၍ပင် ကျဉ်းမြောင်းသွားသည့်ခံစားချက်သာ
ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

၂။ အလင်းပိုမိုရရှိစေရန်အတွက် အလှဆင်သည့်မှန်မျိုး ထည့်သွင်းပေးပါ။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျဉ်းမြောင်းသည့်နေရာများကို ပိုမိုကြီးမားသည့်ဟန် ခံစားရစေရန်အတွက် မှန်များကို အသုံးပြုနိုင်ပါသည်။

သဘာဝအလင်း အကန့်အသတ်ရှိသော အခန်းများအတွက် ပြတင်းများနှင့် တူရူအရပ်တွင် မှန်များကို တည့်တည့်ထားခြင်းအားဖြင့် တိုက်ရိုက်အလင်းကို ရရှိစေနိုင်မည် ဖြစ်သည်။

ထို့အပြင် နံရံအလွတ်နေရာများကို အလှဆင်သည့်သဘောအားဖြင့်လည်း မှန်များ ထည့်သွင်းပေးနိုင်သည်။

မှန်များသည် ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ အလင်းဖြည့်တင်းပေးနိုင်သည့်အပြင် အခန်းနေရာ၏ အတိုင်းအတာကို ပိုမိုကျယ်ဝန်းလာစေဟန် ပေါ်စေသည်။

၃။ ဖွဲ့စည်းမှုများကို ရောနှောပေးပါ။

အသစ်နှင့်အဟောင်း၊ တန်ဖိုးကြီးနှင့် တန်ဖိုးနည်းတို့ကို ပေါင်းစပ်ပါမိသားစု၏ အမွေအနှစ်ပစ္စည်းများကို ခေတ်မီခုံတန်းလျားနှင့် ယှဉ်တွဲထားခြင်းမှာ မှားယွင်းမှုမရှိပါ။

အိမ်တွင်းအလှဆင်ပညာရှင်အားလုံးက သင့်ကို ပြောမည့်အချက်ကာား နေအိမ်အလှဆင်ခြင်း၏ အရေးအကြီးဆုံး ဝိသေသလက္ခဏာမှာ သင်မည်သူဖြစ်သည်၊ သင်၏ ကိုယ်ရည်ကိုယ်သွေးနှင့် သင်၏ ကိုယ်ပိုင်ဟန်များကို ထုတ်ဖော်ပြသနိုင်ရေးဖြစ်သည်ဟု ပြောကြမည်သာ ဖြစ်သည်။

သင့်အဘိုးအသုံးပြုခဲ့သော ခုံစောင်းမှာ သင့်အတိတ်ကို ပြောပြနေသည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြိး ခေတ်မီခုံတန်းသည်ကား သင်၏ ပစ္စုပ္ပန်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။
အတိတ်နှင့် ပစ္စုပ္ပန်တို့သည် ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်နိုင်ခွင့် မရှိဟူသော အကြောင်းပြချက် မရှိချေ။

ဧည့်ခန်းနံရံတွင် ခေတ်ဟောင်းလက်ရာ ပန်းချီကားတစ်ချပ် ရှိနေနိုင်သလို မော်ဒန်ပန်းချီကားတစ်ချပ်လည်း ရှိနေနိုင်ပါသည်။
အခန်းတစ်ခန်းတည်းတွင် ခေတ်ဟောင်း၊ ခေတ်သစ်ပန်းချီကားများ အတူယှဉ်တွဲ မထားနိုင်စရာ အကြောင်းရင်းများ မရှိပါ။

၎။ ကြိမ်ခြင်းတောင်းများ

ကြိမ်ခြင်းများသည် မည်သည့်အခန်းတွင်မဆို ပစ္စည်းပစ္စယများ ထားသိုရန် လိုအပ်သည့်အရာများဖြစ်ပြီး ကုန်ကျစရိတ်သက်သာသည့်အပြင် အလှဆင်ပစ္စည်းများအဖြစ် အသုံးပြုနိုင်သည့်အရာများ ဖြစ်သည်။

ကြိမ်ခြင်းများကို အိမ်ခြံမြေနှင့် အခြားမဂ္ဂဇင်းများ ထားသိုရန်၊ ကစားစရာများ၊ လက်သုတ်ပုဝါများ ထားသိုရာအဖြစ်လည်း အသုံးပြုနိုင်သည်။

မီးဖိုဆောင် စားပွဲပေါ်တွင် ကြိမ်ခြင်းများထားရှိကာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို လှပစွာ သိမ်းဆည်းထားသိုနိုင်သည်။

၅။ မီးဖိုဆောင်အတွင်း အိုးခွက်များ တွဲလောင်းဆွဲ ချိတ်ဆွဲထားရှိနိုင်မည့် နေရာတစ်ခု ဖန်တီးပါ

မီးဖိုဆောင်အတွင်းတွင် အိုးခွက်များ တွဲလောင်းဆွဲ ထားရှိသည့်နေရာတစ်ခု ထားရှိခြင်းမှာ များစွာဆန်းသစ်သည့် အလှဆင်မှု တစ်မျိုးဖြစ်သည်။

မီးဖိုဆောင်တို့သည် အလိုရှိသည့်ပစ္စည်းကို ချက်ချင်းရရှိသင့်သည့်နေရာတစ်ခုဖြစ်ရာ တွဲလောင်းဆွဲစင်မှာ ထိုရည်ရွယ်ချက်အတွက် များစွာအထောက်အကူဖြစ်မည် ဖြစ်သည်။

မီးဖိုဆောင်၏ အသွင်အပြင်ကို များစွာပြောင်းလဲကာ လှပဆန်းသစ်သွားစေမည့်အပြင် ကြောင်အိမ်နေရာတွင်လည်း အခြားပစ္စည်းများ ထားသိုနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာစေမည် ဖြစ်သည်။


ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)