နေအိမ်တစ်ခုတွင် ခြံဝန်းအတွင်း ဟင်းလင်းပြင် ၌ Outdoor ရေပန်းများထား ရှိခြင်းမှာ ကြည်နူးနှစ်သက်ဖွယ်တစ်မျိုး ပေးစွမ်းနိုင်၏။
ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် အခြား သက်ကြီးရွယ်အိုများအတွက် နေအိမ်အတွင်း စွတ်စိုထိုင်းမှိုင်း နေမှုများ မဖြစ်စေလိုပါက နေအိမ်ပြင်ပတွင် ရေပန်းထား ရှိခြင်းများ များစွာသင့်လျော်၏။
ဖော်ပြထားသည်များမှာ အကြီးမားဆုံး trend ဖြစ် နေသော outdoor ရေပန်းများကို ဖော်ပြထားပြီး နေအိမ်ပြင်ပတွင် ရေပန်းပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ကျွမ်းကျင်ပညာရှင် တို့၏ အကြံပေးချက်များကိုလည်း ဖော်ပြထားပါသည်။
ပျင်းရိငြီးငွေ့ဖွယ်ရာကောင်းလှသော သင်၏ခြံနောက်ဘက်ကို မြစ်ကျောက်များ၊ outdoor ရေပန်းများဖြင့် အလှဆင်ကာ အပန်းဖြေရာနေရာတစ်ခုဖြစ်လာစေနိုင်သည်
Outdoor ရေပန်းပြုလုပ်ရန် အကြံပေးချက်များ
Outdoor ရေပန်းဟာ ခြံအတွင်းမှာ ရေကူးကန်ရှိ သူတွေနဲ့ ကမ်းစပ်က နေအိမ်ပိုင်ရှင်တွေအတွက် ပြုလုပ်ထား သင့်တဲ့အရာပါ။ ””အရမ်းအေးတဲ့ဒေသတွေဆိုရင်တော့ ရေခဲတာ တွေ မဖြစ်စေဖို့အတွက် ပိုက်လိုင်းတပ်ဆင်ပုံကို ဂရုစိုက်ဖို့လို ပါတယ်””ဟု Jarret Acevedo Plumbing and Heating ၏ ပိုင်ရှင်ဖြစ်သူ ဂျာရက် အေစီဗီဒိုက ပြောကြားသည်။
Outdoor ရေပန်းပြုလုပ်ရန် နေရာရွေးချယ်မှုမှာ အလွန်အရေးပါလှပြီး မြှားတစ်စင်းနှင့် ငှက်နှစ်ကောင်ပစ်နိုင် စေရန် (သို့မဟုတ်) တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်စေရန် စီစဉ်ရမည် ဖြစ်၏။
““ရေချိုးခန်း နံရံကို အပေါက်ဖောက်ပြီး အပြင်ဘက်မှာ သီးခြား Outdoo ရေပန်းလုပ်တာမျိုး ပြုလုပ်နိုင်ပါတယ်”” ဟု ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ဂျိုနသန် ဆက်ဖ်က ပြော ကြားသည်။
သင်၏ ခြံဝန်းအတွင်း ရေကူးကန်မရှိလျှင်သော်မှ Outdoor ရေပန်းတစ်ခုရှိပါက ခြံနောက်ဘက်သည် သင့်အတွက် သီးသန့်အပန်းဖြေရာနေရာတစ်ခုသဖွယ် ဖြစ်လာနိုင်ပါသည်။
ဥကအိသသမ ရေပန်းလုပ်မည်ဆိုပါက အသုံးပြုမည့် ပစ္စည်းများ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးလှသည်။
““ချောမွတ်နေတဲ့ မြစ်ကျောက်တုံးလေးတွေလိုမျိုးကို သုံးမယ်ဆိုရင် Outdoor ရေပန်းဝန်းကျင်က ရွှံ့တွေ၊ သဲတွေကို ဖုံးအုပ်ပြီးသားဖြစ်သွားပြီး ၀န်းကျင်ကို အမြင်သန့်ရှင်းသွားစေ မှာပါ။ ရေချိုးပြီးတိုင်း ပြန်ပြီးသန့်ရှင်းရေးလုပ်နေရစရာ မလို တော့ပါဘူး””ဟု ဂျိုနသန် ဆက်ဖ်က ဆိုသည်။
Outdoor ရေပန်းတစ်ခုပြုလုပ်ရန် များစွာခက်ခဲလှ သည်မဟုတ်သော်လည်း တလွဲတချော်ပြုလုပ်မိရန်မှာ အလွန် လွယ်ကူလှသည်ဟုလည်း ဆက်ဖ်က သတိပေးသည်။
““ရေပန်းကကျလာမယ့်ရေတွေဟာ အိမ်ကနေအဝေး ကို သွားဖို့စီစဉ်ပေးဖို့လိုပါတယ်။ ရေတွေဝပ်နေမယ်ဆိုရင် ခြင်တွေပေါက်ဖွားလာစေနိုင်ပါတယ်””
Outdoor ရေပန်းမှ စီးထွက်သွားမည့် ရေများကြောင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန်လည်း ဂရုပြုရမည်ဖြစ် လေသည်။
အကယ်၍ သင်၏Outdoor ရေပန်းမှ စီးထွက်မည့်ရေ များသည် မြေကြီးပေါ်သို့ တိုက်ရိုက်စီးဆင်းစေမည်ဆိုပါက သဘာဝထွက်ကုန်များမှ ထုတ်လုပ်ထားပြီး ဇီဝပြိုကွဲနိုင်သည့် ပစ္စည်းများသာ ပါဝင်သော ဆပ်ပြာများ၊ ခေါင်းလျှော်ရည်များ သာ အသုံးပြုရန် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ မီလစ်ဆာ ရာပါ ပေါ့ထ် ရှစ်ဖ်မန်းက အကြံပြုသည်။
ထိရောက်သည့် ရေပန်းရွေးချယ်နိုင်ခြင်းမှာလည်း အရေးကြီးလှ၏။
““ရေစီးဆင်းမှုနှုန်း နှေးကွေးတဲ့ရေပန်းများဆိုရင် ကုန်ကျမယ့်ရေပမာဏကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်””ဟု ရှစ်ဖ်မန်းက ပြောကြားသည်။
ပုံမှန်စံနှုန်းရှိ ရေပန်းများမှာ တစ်မိနစ်လျှင် ရေ ၂ ဒသမ ၅ ဂါလံအသုံးပြုပြီး အမေရိကန်အစိုးရ၏ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ (EPA) မှ ထုတ်လုပ်သော WaterSense အမှတ်တံဆိပ် ရေပန်းများဆိုလျှင် တစ်မိနစ်တွင် ရေ ၂ ဂါလံအောက်သာ အသုံးပြုသည်။
ရေချွေတာသည့် ရေပန်းများကို အသုံးပြုခြင်းအပြင် ဆိုလာစနစ်သုံး ရေပူစက်အသုံးပြုခြင်းကလည်း ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ကြောင်း ရှစ်ဖ်မန်းက အကြံပြု၏။
ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com