1566 Views

အခန်းတစ်ခန်းကို အချိန် (၁) ရက်အတွင်း ပြောင်းလဲနိုင်သော လွယ်ကူသော အိမ်ပြင်ဆင်နည်းများ

 

၁။ ရွှန်းစိုတောက်ပသော အရောင်တစ်ခုဖြင့် တန်ဆာဆင်ခြင်း

 

အဆိုပါပုံတွင် ဒီဇိုင်းပညာရှင် Gideon Mendelson သည် အပြာနှင့်အဖြူရောင် အတွဲအစပ်များအကြား ထူးခြားမှုရှိစေရန် အ၀ါတောက်တောက် ခြုံလွှာတစ်ထည်နှင့် လန်းဆန်းသော အ၀ါရောင်ပန်းပွင့်လေးများကို အသုံးပြု၍ ပြင်ဆင်ထားသည်။

 

၂။ စားပွဲခင်းဖြင့် ဖန်တီးပြင်ဆင်ခြင်း

 

ဤပုံတွင် စားပွဲခင်းကို မခင်းရသေးမှီ အခန်းအနေအထားသည် အလွန်ရှေးရိုးရာဆန်ပါသည်။ သို့သော် ပုံပါစားပွဲခင်းကို ခင်းပြီးနောက် အပြင်အဆင်မှာ ခေတ်ဆန်ပြီး တောက်ပသော အသွင်ပြောင်းလဲ၍ တမူထူးခြားသော ပုံစံဖြစ်လာသည်။ ပို၍ ထူးခြားစေခြင်းမှာ စားပွဲခင်းအဆင်ဒီဇိုင်းသည် ဘေးကပ်လျှက်တွင်ရှိသော ပရိဘောဂလက်ရာနှင့် အတွဲအစပ်မိနေခြင်းဖြစ်သည်။

၃။ အိပ်ရာခင်းလဲလှယ်ခြင်း

 

အိမ်တစ်အိမ်တွင် အနည်းဆုံး အိပ်ရာခင်း ၂ စုံနှင့် ဂွမ်းကပ်များ ရှိသင့်ပါသည်။ သို့မှသာ ရာသီဥတုအလိုက် ပြောင်းလဲပြင်ဆင်အသုံးပြုနိုင်မည်။

 

ဆောင်းရာသီတွင် နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းသော သားမွှေး အိပ်ရာခင်းမျိုး နှင့် စောင်ခပ်ကြီးကြီး လိုအပ်မည်မှာအမှန်ပင်ဖြစ်သည်။

 

 

၎။ အပြာရောင် ကြမ်းခင်းများ တပ်ဆင်ခြင်း

 

ဤပုံပါအခန်းတွင် အပြာတောက်တောက် ကြမ်းခင်းတစ်ခုရှိမနေလျှင် မည်မျှ ရိုးရှင်းနေမည်ထင်ပါသနည်း။

 

ထိုကဲ့သို့ ရိုးရှင်းသော ပုံစံကို ပြောင်းလဲမှုဖြစ်စေရန် ရေချိုးကန်ကို အလည်သို့ပြောင်းပြီး အပြာရောင်ကြမ်းခင်းကို အသုံးပြုခြင်းဖြင့် ဒီဇိုင်းပညာရှင် Kari McCabe၏ မြန်ဆန်သော ပြောင်းလဲပြင်ဆင်မှုသည် တစ်နေကုန် ရေစိမ်နေချင်စိတ်ပေါက်အောင် ဆွဲဆောင်မှုပေးနိုင်သည်။

 

၅။ စာအုပ်စင်ပေါ်တွင် အနုပညာလက်ရာတစ်ခု ချိတ်ဆွဲထားခြင်း

 

အဆိုပါပုံတွင် ဒီဇိုင်းနာ Alex Hitz သည် ပန်းချီကားချပ်တစ်ချပ်ကို စာအုပ်စင်ပေါ်တွင် ချိတ်ဆွဲကာ အလှဆင်ထားခဲ့သည်။ ထိုကဲ့သို့ ပြင်ဆင်ခြင်းသည် လွယ်ကူမြန်ဆန်သည့် စိတ်ဝင်စားဖွယ်ကောင်းသော ပြင်ဆင်နည်းတစ်မျိုးဖြစ်သည်။

 

၆။ နံရံကပ်စင်များပေါ်တွင် အရောင်ပါသော ပစ္စည်းများထည့်သွင်း ပြင်ဆင်ခြင်း

 

ပုံပါမီးဖိုခန်းတွင် လွယ်ကူလျှင်မြန်သော အိမ်အပြင်အဆင်အပြောင်းလဲပြုလုပ်ရန်အတွက် ဒီဇိုင်းပညာရှင် Kelie Grosso က အရောင်ပါသော မီးဖိုးချောင်သုံးပစ္စည်းများ ထည့်သွင်းအသုံးပြုခဲ့သည်။ အပြာရောင် ဖန်ခွက်လေးများသည် မနုမရင့် နောက်ခံအရောင်နှင့် ကွဲထွက်စွာ တမူထူးခြားစေသည်။

 

Credit: iMyanmarHouse.com

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)