921 Views

အမိုးခန်းအထပ်နေရာလေးတွေကို ချစ်စရာကောင်းအောင် အခန်းဖွဲ့ ပြင်ဆင်ကြရအောင်

 

ကျွန်မတို့နေထိုင်ကြတဲ့ အချို့နေအိမ်တွေမှာဆိုရင် တစ်ထပ်လည်းမ ကျ၊ နှစ်ထပ်လည်း မပီပြင်နဲ့ ထပ်ခိုးပြီးဆောက်လုပ်ထားတဲ့ အိမ်တွေ ရှိပါတယ်။ နောက်ပြီး အိမ်ခေါင်မိုးအစွန်းရဲ့ ထောင့်ချွန်လိုနေရာမျိုး လေးတွေမှာလည်း နေထိုင်တတ်ကြတဲ့သူတွေရှိပါတယ်။

တချို့က လည်း အိမ်ကိုဆောက်ပြီး အဲ့ဒီထပ်ခိုးလိုနေရာ၊ နေရာလွတ်တွေမှာ မနေကျပေမယ့် တချို့အိမ်ပိုင်ရှင်မိသားစုဝင်တွေကျတော့လည်း အဲ့ဒီလွတ်နေတဲ့ နေရာလေးမှာ အခန်းငယ်လေးကန့်ပြီး နေထိုင်ကြတာ ကိုတွေ့ရပါတယ်။

 

ဒီတော့ ဒီလိုမျိုးလွတ်နေတဲ့နေရာလေးအတွက် ဒီအတိုင်းနေရာ လွတ်အတိုင်းပစ်မထားပဲ ချစ်စရာကောင်းပြီးနေထိုင်လို့ အဆင်ပြေမယ့် အမိုးခန်းနေရာလေး ပုံဖော်တည်ဆောက်မှုကို ဖော်ပြပေးချင် ပါတယ်။

 

၁။ ကုတင်တစ်လုံးစာ၊ ဒါမှမဟုတ် ခင်းထိုင်လို့ရမယ့် ကွပ်ပျစ်လို၊ ကုတင်လို အခင်းတွေခင်းထည့်ပြီး အလှဆင်ယင်ပြီး နေထိုင်လို့ရနိုင် အောင် တည်ဆောက်ပါ။

အမိုးခန်းဖြစ်နေတာကြောင့် စိတ်မွန်းကျပ် တာတို့၊ လေပေါက်မရတာတို့အတွက် ဘေးဘက်လေပေါက်ဖြစ်ဖြစ်၊ အမိုးဖွင့်လေပေါက်ဖြစ်ဖြစ်၊ ပြတင်းတပ်ဆင်ပြီး တည်ဆောက်နိုင်ပါ တယ်။

 

 ၂။ အမှောင်ကျလွန်းနိုင်တာကြောင့်လည်း အလင်းရောင်ဘက်သွား တဲ့ ရောင်စုံဆေးသုတ်ခြယ်မှုကို အသုံးပြုပါ။

အလင်းအားကောင်း ကောင်းကို အသုံးပြုပေးရမှာဖြစ်တာကြောင့် မီးအလင်းအားအသုံး ပြုတာတို့၊ သဘာဝအလင်းရောင်ရရှိတာတို့ ဖန်တီးလိုက်ပါ။

 

အခန်း လေး လင်းရှင်းနေမယ်ဆိုရင်တော့ တကယ့်ကိုချစ်စရာကောင်းပြီး နေချင်စဖွယ် အမိုးထပ်အခန်းလေးဖြစ်သွားမှာပါ။

 

 ၃။ တိတ်တဆိတ်သီးခြားနေလို့ရမယ့် အနေအထားမျိုးလေးတည် ဆောက်ပါ။

တစ်ကိုယ်တည်းစာဖတ်တာတို့၊ နားနေတာတို့ ပြုလုပ် လို့ ရအောင် စားပွဲခုံငယ်လေးတွေ၊ စာကြည့်စင်လေးတွေ ပါ ထည့်သွင်းတည်ဆောက်နိုင်ပါတယ်။

 

၎။ တချို့က ဒီနေရာကို အိပ်ခန်းအပြင်၊ အခြားအသုံးပြုလို့ရမယ့် အခန်း၊ တစ်ကိုယ်ရည်အသုံးအဆောင်တွေပါ ထည့်သွင်းပြီး သိမ်း ဆည်းတည်ဆောက်ထားတတ်ကြပါတယ်။

 

 အဝတ်ဘီဒိုမျိုး၊ စာအုပ် စင်လိုမျိုး၊ နောက် အားကစားလုပ်တဲ့ ပစ္စည်း၊ ပစ္စယာတွေထည့် သွင်းတည်ဆောက်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

 

 

Credit: iMyanmarHouse.com

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)